Loyal Spring Channel

Loyal Spring Channel

แชร์

11/06/2026
08/06/2026

08.06.2026 သတင်းအကျဉ်းများ
နွေဦးသစ္စာ
ဇွန်လ ၈ရက် ၊၂၀၂၆။

-တင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာအပြင် ကျောင်းကြို/ပို့ယာဉ်တွေကိုပါ အကာအကွယ်ယူပြီး စစ်ရေးလှုပ်ရှားနေတာကြောင့် စစ်ရေးအရ အန္တာရယ်ရှိမှာစိုးလို့ ကျောင်းသားမိဘတွေအနေနဲ့ မြို့ပေါ်မှာ ကျောင်းပြောင်းထားဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန၊နည်းဗျူဟာ(၃၃) လက်အောက်ခံ PDF အပါအဝင်ဒေသတွင်း တော်လှန်ရေးတပ်တွေက အသိပေးထုတ်ပြန်ပါတယ်။

- ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်အတွင်းက တောင်မော်ကြီးရေတပ်စခန်းအနီးမှာ စစ်တပ်နဲ့ အာရက္ခတပ်တော်တို့ဟာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွါးနေပါတယ်။ အာရက္ခတပ်တော်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အဲဒီ တောင်မော်ကြီးရေတပ်စခန်းအနီးက ကာကင်းစခန်းတချို့ကိုတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်မှာ ဇွန်လ ၈ရက် ဒီနေ့ အဲဒီရေတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

- မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်က ကုက္ကိုစုပျူရွာနဲ့ ရေပြာရဲစခန်းကို သိမ်းယူပြီးနောက် လက်ရှိစည်းလုံးမှုမျိုးနဲ့ ရှေ့ဆက်စခန်းသိမ်းအစီအစဉ်တွေ ရှိလာဦးမယ်လို့ မကွေးဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ကုက္ကိုစုပျူရွာနဲ့အတူ ပေါက်နယ်၊ ရေပြာရဲစခန်းကိုပါ ဒေသကာကွယ်ရေးအဖွဲ့တွေက အချိန် ၃ ရက်အတွင်း သိမ်းယူထားတာဖြစ်ပြီး စစ်သုံ့ပန်းနဲ့ လက်နက်အများအပြားပါ သိမ်းပိုက်ရပါတယ်။

- ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့မ
ဟာမိတ်တပ်တွေသိမ်းပိုက်ထားတဲ့ခါမ်းပတ်
မြို့ကို အာဏာသိမ်းစစ်တပ်က ကလေးနဲ့ တမူးမြို့တွေကဘက်ကနေတပြိုင်နက်စစ်
ကြောင်းထိုးလာလို့ လမ်းပိုင်းကို ဒေသခံပြည်သူတွေ အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်
ရေးတပ်တွေက သတိပေးထားပါတယ်။ ကလေး-ခါမ်းပတ်- တမူးလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

-ရှမ်းမြောက်ရှိ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံးထိခိုက်နစ်နာရသည့် မိသားစုများကို ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဝမ်းနည်းကြောင်းနှင့် လေးနက်စွာ တောင်းပန်ကြောင်း ယနေ့ ထုတ်ပြန်ထားပါတယ်။ နစ်နာသူတွေအတွက်လည်း လျော်ကြေးငွေနဲ့ ကူညီထောက်ပံ့ငွေတွေလည်း ပေးတယ်လို့လည်း ဖေါ်ပြထားပါတယ်။

- ဇွန်လ ၇ ရက်နေ့တွင် မုံရွာ-မန္တလေး လမ်းမကြီးပေါ်တွင် မုံရွာမြို့ နမခမှ ချောင်ဦးမြို့သို လက်နက်ခဲယမ်း ပို့ဆောင်ရန်သွားသော စစ်သား ၉ ဦးလိုက်ပါလာတဲ့ Alphard ကား ၁ စီးနှင့် Honda fit ကား ၁ စီးကို တော်လှန်ရေးတပ်ဖွဲ့များက တောပုပျူစောထီးကျေးရွာအနီး ကြားဖြတ် တိုက်ခိုက်ခဲ့လို့ အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့ပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိကာ လက်နက်တွေလည်း သိမ်းပိုက်ရရှိပါတယ်။

-ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ထဲမှာ စစ်တပ်နဲ့ ကချင်လွတ်လပ်‌ရေးတပ်(KIA) တပ်တွေကြား ဒီနေ့ ဇွန်လ ၈ ရက် မနက်ပိုင်းကစလို့ အပြန်အလှန်လက်နက်ကြီးနဲ့ ပစ်ခတ်ကြတဲ့အပြင် စစ်ရေးတင်းမာနေတာကြောင့် KIA တပ်မဟာ ၁၁က မြို့ခံလူထုတွေ ရွှေကူမြို့ထဲကနေ တိမ်းရှောင်ကြဖို့ ဒီနေ့ ဇွန်လ ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။

Loyal Spring
June 8,2026.

#
Photo-Social Media

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok