Mon State Federal Council - MSFC
01/05/2026
"လလောင်တြးပရိုင်"
"သတင်းထုတ်ပြန်ချက်"
ဌာနပရေၚ်ထတ်ယုက် ကံၚ်ဇြဳဖေဝ်ဒရေဝ်ဍုၚ်မန် လွဳလွတ်ညးဍုၚ်ကွာန် ပ္ဍဲ ပွိုၚ်ဍုၚ်ရေဝ်
ဂိတုမေ ၁၊ ၂၀၂၆
သၞာံ ၂၀၂၆ ဂိတုဧဗြဴ သတ္တဟလက္ကရဴအိုတ်ဂှ် နူဂကောံအာစာဂဥုဲ ဌာနပရေၚ်ထတ်ယုက် ကံၚ်ဇြဳဖေဝ်ဒရေဝ်ဍုၚ်မန် အာလွဳလွတ်ယဲ ကုညးဍုၚ်ကွာန် ဗီုပြၚ် ထိုၚ်ဗအ် မိုဝ်ဗါၚ် အလန်တတိယ (ပ္ဍဲသၞာံဏံ) ပ္ဍဲဒေသကွာန်တမ္ၜဳရေဝ်ကီု သီုကဵု ဒပ်ပၠန်ဂတးတံ တုဲဒှ်ဗွဲမအံၚ်ဇၞးရ။
အဓိက တၚ်ရန်တၟံ မေတ်ယှေန် (Mission) ဏံဝွံ အာကဵုလညာတ်ဆေၚ်ကဵု ပရေၚ်ထတ်ယုက်၊ လွဳလွတ်ယဲ ကု ညးဍုၚ်ကွာန် ကေုာံ အိန်ထံၚ်ကောန်သ္ဂံၚ် ဒၞာဲရုၚ်ဂဥုဲ ဟွံမွဲတံရ။
ပ္ဍဲကဵုစှေ်ဒေသဏံမ္ဂး လွဳလွတ်လဝ်ကဵုယဲ မပ္တံယဲ မဆေၚ်စပ်ကဵု ဥတုရာသဳ (ရာသီတုပ်ကွေး)၊ ယဲထိုၚ်စၞ၊ ယဲဆေၚ်စပ်ကဵုကြုတ်၊ ယဲ ဆေၚ်စပ်ကဵု ဖျုန်လတေၚ် တံမဒှ်ရ။ တုဲမၞိဟ်ယဲယီုဂြေက် (အက်စမာ) တအ်ဂှ် ပၠံၚ်ဗစိုပ်ကဵု ရုၚ်ဂဥုဲဗွဲမဂတာပ်အခိၚ်တုဲ သွက်ဂွံစဵုဒၞာယဲတအ်ဂှ်လေဝ် သောၚ်ကၠးလဝ်ကဵုလညာတ်ရ။
တုဲပၠန် အာစာဂဥုဲတံ ထပ်ကဵု လွဳဝတ်ကဵု မၞိဟ်အာယုက်ဇၞော် ညးဗျုဗျု မၞိဟ်နွံကဵု ယဲဍာ်ဇမၠိၚ်တံကီုတုဲ စမ္ၜိုတ်လဝ်ကဵု ယဲဆီၜေတ် ကေုာံ ယဲနမ်ဍာတ် တအ်နွံရ။ သွက်မၞိဟ်ယိုက်လဝ်ဂဝ်ဂၞဴတအ်ဂှ် စမ္ၜိုတ်လဝ်ကဵုပရေၚ်ထတ်ယုက်တုဲ ပါ်ပရအ်လဝ် လညာတ် သွက်ဂွံမၚ်မွဲ ဂဝ်ဂၞဴရ။ ပ္ဍဲကဵု Mission ဏံဝွံ လွဳလွတ်မၞိဟ်ယဲဗၞတ် ၁၀၀ တၠရ။
ဌာနပရေၚ်ထတ်ယုက်ဝွံ နွံသၟဝ်တဲ ကမ္မတဳပရေၚ်အုပ်ဓုပ် ကံၚ်ဇြဳဖေဝ်ဒရေဝ်ဍုၚ်မန်တုဲ ရေၚ်တၠုၚ်ကဵုမံၚ် ပရေၚ်ဒတုဲဖဵုပရေၚ်ထတ်ယုက် ဒေသသၟဝ်ကျာ ကေုာံ ဒေသသၠုၚ်ကျာ တွဵုရးဍုၚ်မန်၊ ပွိုၚ်ဍုၚ်ဍာ်ဗု တံ နွံကီုရ။
--------------------- ------------------ -----------
ရေးမြို့နယ်တွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ဆောင်မှု ဆောင်ရွက်
မေလ ၁ ရက်၊ ၂၀၂၆
၂၀၂၆ ခုနှစ် ဧပြီလ နောက်ဆုံးအပတ်တွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ ကျန်းမာရေးဌာနမှ ရေးချောင်း အောက်ပိုင်းတွင် မိုဘိုင်းကျန်းမာရေးဝန်ဆောင်မှု မစ်ရှင် ၃ ကြိမ်မြောက်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့သည်။
မိုဘိုင်းကျန်းမာရေးဝန်ဆောင်မှု၏ အဓိကရည်ရွယ်ချက်မှာ ဆေးခန်း ဆေးရုံ လုံလောက်စွာ မရရှိနိုင်သော ဒေသခံပြည်သူများနှင့် တော်လှန်ရေးရဲဘော်အိမ်ထောင်သည်များအတွက် အခြေခံကျန်းမာရေးဝန်ဆောင်မှုများ၊ ဆေးဘက်ဆိုင်ရာ အကြံပေးမှုများနှင့် ကျန်းမာရေး ပညာပေးမှုများ ပံ့ပိုးပေးရန် ဖြစ်သည်။
ကွင်းဆင်းဆောင်ရွက်မှုတွင် ရာသီတုပ်ကွေး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါများ၊ ကြွက်သားနှင့် အဆစ်ပြဿနာများ၊ အသားအရေရောဂါများ ကုသပေးခဲ့သည်။
ထို့အပြင် အသက်ရှူခက်ခဲခြင်းနှင့် အက်စမားရောဂါရှိသူများအတွက် အရေးပေါ်ဆေးကုသမှုများကို အချိန်မီ ပံ့ပိုးပေးခဲ့ပြီး နောက်ထပ် ပြန်လည်ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန် ကျန်းမာရေးပညာပေးမှုများ ကိုလည်း ဆောင်ရွက်ခဲ့သည်။
နာတာရှည်ရောဂါများအတွက်လည်း အသက်ကြီးသူများကို သွေးဖိအားနှင့် သွေးချိုအဆင့် စစ်ဆေးပေးကာ လိုအပ်သည့်ကုသမှုများ ပံ့ပိုးပေးခဲ့သည်။ မိခင်နှင့် ကလေးကျန်းမာရေးကဏ္ဍတွင် ကိုယ်ဝန်ဆောင်မိခင်များအတွက် အခြေခံကျန်းမာရေး စစ်ဆေးမှုများနှင့် အကြံပေးမှုများ ပြုလုပ်ခဲ့ သည်။ မိုဘိုင်းကျန်းမာရေးဝန်ဆောင်မှုအတွင်း လူနာအယောက် စုစုပေါင်း ၁၀၀ ဦးကို ကျန်းမာရေး ကုသပေးနိုင်ခဲ့သည်။
ကျန်းမာရေးဌာနသည် မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ အုပ်ချုပ်ရေးကော်မီတီအောက်တွင် ရှိပြီး မွန်ပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း၊ ရေဖြူဒေသတို့တွင် ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ် နေပါသည်။
#မွန်ပြည်ဖက်ဒရယ်ကောင်စီ
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok