English with Simon
01/10/2025
01/10/2025
English ရဲ့ အခြေခံအကျဆုံးမှာ Phonics တွေပါတယ်။ ဒါကိုသိရင် အသံထွက်နည်းသိသွားရော။
မြန်မာကျောင်းတွေမှာမသင်လို့ လူကြီးတွေထိ
ဒါတွေမသိဘူး အလွတ်ပဲကျက်ခိုင်းတာ။
ဒီနေ့ဝေမျှချင်တဲ့သင်ခန်းစာလေးက
Long vowel "i" သံရှည်သရ i နဲ့
Short vowel "i" သံတိုသရ i အကြောင်းပါ။
i ကို သံတို သံရှည် နှစ်မျိုးထွက်တယ်။
သံတိုဆိုရင် /ɪ/ (အစ်) ဆိုတဲ့အသံ
သံရှည်ဆိုရင် /aɪ/ (အိုင်) ဆိုတဲ့အသံ ထွက်ပါတယ်။
အစ် နဲ့ အိုင်က မြန်မာသံ အနီးစပ်ဆုံးရေးပြထားတာပါ လုံးဝထပ်တူမကြပေမဲ့ ဆင်ပါတယ်။
အသံထွက်ကို မြန်မာလိုရေးဖို့ခက်ခဲလို့
မှန်ကန်စွာသင်ပြနိုင်တဲ့ဆရာနဲ့သင်တာ
ပိုကောင်းပါတယ်လို့အကြံပြုပါတယ်။
သံတိုသရ i /ɪ/ (အစ်)
bit /bɪt/ (ဘ + အစ် + ထ် = ဘစ်ထ်)
sit /sɪt/ (စ + အစ် + ထ် = စစ်ထ်)
rid /rɪd/ (ရ + အစ် + ဒ် = ရစ်ဒ်)
သံရှည်သရ i /aɪ/ (အိုင်)
bite /baɪt/ (ဘ + အိုင် + ထ် = ဘိုင်ထ် ~ ဘိုက်ထ်)
site /saɪt/ (စ + အိုင် + ထ် = စိုင်ထ် ~ စိုက်ထ်)
ride /saɪd/ (ရ + အိုင် + ဒ် = ရိုင်ဒ် ~ ရိုက်ဒ်)
ရေးပြထာထက်ရှင်းပြတာကပိုနားလည်လွယ်ပါတယ်။ နောက်ပိုင်း Video vlog လေးတွေနဲ့တင်ပေးနိုင်အောင်ကြိုးစားပါမယ်။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ โรงเรียนนี้
เบอร์โทรศัพท์
ที่อยู่
Bangkok