Work For Holidays
23/06/2023
Today is Friday babe 🎶 💃🏻🕺🏻
Holies လေးတို့ရေ TGIF ဘာပလန်ရှိကြလဲ 🤔
ဒီညနေ ဘယ်မှာ ဘာစားရမလဲ စဉ်းစားနေတုန်းဆို မင်မင် JOOD FAIRS က Xin Xin ဆိုတဲ့ တုတ်ထိုး မာလာဟော့ပေါ့ ဆိုင်လေး လက်တို့ပေးမလို့
🫕 ရွေးချယ်စရာ ဟင်းရည် ၅ မျိုး ရှိပါတယ်
ဆိုင်က Mala soup with beef oil နဲ့ pork bone soup ၂မျိုး try ကြည့်ဖို့ recommend လုပ်တယ်
mala soup ကတော့ ရှယ်စပ် အရမ်းအစပ်မစားနိုင်ရင်ရိုးရိုး Mala soup try ကြည့်လို့ရတယ်နော်
လူတော့ နည်းနည်းစောင့်ရတယ် အသေးစိတ် ကိုပုံလေးတွေမှာကြည့်ပေးနော် Menu လေးလဲထည့်ထားပေးတယ် video ကြည့်ချင်ရင်တော့ comment ကိုကြည့်ပါရှင်
Happy TGIF ပါရှင့်
25/05/2023
Calendar ကြည့်ပြီးဘယ်နေ့ ပိတ်ရက်ရှိလဲ ဘယ်ကိုသွားရင်ကောင်းမလဲ စဉ်းစားနေတယ်ဟုတ် 🤔
Holi လေးတို့က Beach Person 👙ဒါမှမဟုတ် Mountain Person 🧗🏻လား တခါတလေ ခရီးထွက်ဖို့ လူစုရင် 🏖 or 🏔 ဆိုပြီး ပျက်သွားတဲ့ခရီးတွေက အကြိမ်ကြိမ်ရယ် အဲ့လိုမဖြစ်ရအောင်မင်မင်က 🏔 တွေ ကာရံထားတဲ့ အလယ်က Private Beach လေးရှိတဲ့ Resort လေးအကြောင်း ပြောပြမယ်နော် Private Beach လို့ညွှန်းရတာက အရမ်း အေးဆေး ငြိမ်သက်တိတ်ဆိတ်ပြီး Relax & Chill လုပ်ဖို့ အရမ်းအဆင်ပြေတဲ့နေရာလေးဖြစ်နေလို့ပါ 🤗
🗺 La Isla Pranburi Beach Resort
BKK ကနေ ၃ နာရီခရီး ကားလေးစီးပြီး ပတ်ဝန်းကျင် တခွင် ဟိုငေးဒီငေးနဲ့ သွားရတဲ့ နေရာလေးပါ ရောက်သွားရင် Wow! Nice Atmosphere ဆိုပြီး ဖြစ်စေမယ့်နေရာလေးပေါ့
⛺️ အခန်း တွေက ကျယ်ကျယ် ဝန်းဝန်းနဲ့ သူငယ်ချင်းတွေ စုပြီး ဝိုင်းဖွဲ့ စားသောက် သီချင်းတွေဆို ပျော်ခဲ့းတာအရမ်း 👍🏻 အခန်း အပြင်ထွက်လိုက်တာနဲ့ ရေကူးကန်ရယ် တောင်တွေရယ် ကမ်းခြေကိုဖြတ်တိုက်လာတဲ့လေအေးအေးရယ် 🫠 ပြန်မူးချင်နေပါပြီနော် 😜
🏊♀️ Swimming pool ကတော့ ကိုယ်အကြိုက်ဆုံးနေရာလေး ပေါ့ pool ကအရှည်ကြီးဘဲ အလယ်မှာ တံတားလေးတစင်းရှိတာလေးက ချစ်စရာလေး 📸ဓာတ်ပုံရိုက်လို့သိပ််ကိုလှ Pool Float လေးတွေသယ်ဖို့ မမေ့နဲ့နော် 🦄 🍩 🍉 🐬
🥂ရေကူးလို့မောပြီဆို ဘေးက ခုံလေးတွေမှာ ထိုင် Champagne အေးအေးလေးရယ် ဘေးက စိမ်းစိမ်းစိုစိုတောင်တန်းတွေရယ် Stress တွေ အားလုံးမေ့ 🤩 အစားအသောက်တွေကလည်း စျေးမကြီးဘဲလတ်ဆတ်နေရောဘဲ 🦀🦑🦐
🏝 မင်မင်တော့ ညဘက် ကမ်းခြေဘက်ဆင်းပြီး
လေညှင်းခံ လမ်းလျှောက် ပြောချင်တာတွေ ပြောပြီး ရင်ဖွင့်ခဲ့ရလို့ Energy အပြည့်နဲ့ ပြန်လာခဲ့တာပေါ့
🥰 Holi လေးတို့ အလုပ်ပိတ်ရက် နေရာကောင်းလေးမှာ Stress တွေအားလုံးမေ့ပြီး အနာယူအပန်းဖြေ ပျော်ရွှင်နိုင်ပါစေနော်
ချစ်တဲ့မင်မင်
Resort Location:
https://goo.gl/maps/QaPm6tiXM6PWNWg56?coh=178572&entry=tt
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เว็บไซต์
ที่อยู่
Bangkok
10100