All about my Rigel
22/10/2025
Quotes of the day 💚
10/10/2025
knowledge sharing လုပ်ရတာဝါသနာပါတာမို့ page ဖွင့်ခဲ့ပေမယ့် ဒီတစ်နှစ်တာလုံးမှာလဲ admin ကိုယ်တိုင် mental grief တွေ စိတ်ပင်ပန်းမှုတွေကြောင့် content လေးတွေတောင်မရေးနိုင်တော့လောက်အောင်ဖြစ်ခဲ့ရ page ကိုပစ်ထားမိတယ်ပေါ့နော် public sharing မလုပ်နိုင်တော့ပေမယ့် နီးစပ်ရာခင်မင်သူတွေကျောင်းလျှောက်ရာမှာ ကူညီပေးနိုင်ခဲ့ပြီး ကျောင်းဝင်ခွင့်တွေရကြတာတွေမြင်ရတဲ့အချိန်ရဲ့ ပျော်ရွှင်မှုခွန်အားတွေကနေ ကိုယ်တိုင်အတွက်လဲ healing ဖြစ်ခဲ့ပြီး အလုပ်တွေပုံမှန်ပြန်လုပ်ပြီး public contribution event တွေပြန်ပါဝင်ဖြစ်လာပြီပေါ့နော်
တစ်နှစ်ကျော်ပစ်ထားတဲ့ page လေးကို World Mental Health Day နေ့မှာပြန်ဝင်ဖြစ်ပါပြီ ဒီနှစ်ပိုင်းတွေမှာ လူတွေပိုပြီးသတိထားမိလာတဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးဟာ ရုပ်ပိုင်းဆိုင်ရာလိုအကောင်အထည်ဖော်ပြလို့မရပေမယ့် နေ့စဉ်လူနေမှုဘဝအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါ admin ရဲ့ master ဘွဲ့ thesis ကလဲ depression နဲ့ပတ်သက်တဲ့အကြောင်းအရာဖြစ်သလို child psychology diploma အတန်းတစ်ခုတက်ဖြစ်ထားတာမို့ နောက်ရက်တွေမှာ စိတ်ကျန်းမာရေးဆိုင်ရာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်
အားလုံးလဲ စိတ်ကျန်းမာခြင်း စိတ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေနော်
Photo credit to original owner
25/08/2024
Approaching the Mpox & past infection or vaccination with Global case series 🍀
လတ်တလော trend ဖြစ်နေတဲ့ emerging disease တစ်ခုဖြစ်တဲ့ Mpox နဲ့ပတ်သတ်ပြီး ရောဂါလက္ခဏာတွေ ကာကွယ်ကုသပုံတွေရေးနေကြပြီဆိုတော့ အဲ့အပိုင်းတွေမရေးတော့ဘဲ နာမည်ကျော်ဆေးပညာ journal တစ်ခုဖြစ်တဲ့ Lancet journal Jan 2024 မှာဖော်ပြခဲ့တဲ့ global case series တစ်ခုကို မှီငြမ်းပြီး ယခင် Mpox ကူးစက်ခံရပြီး reinfection ပြန်ဖြစ်ကြသူ (သို့) pox အနွယ်ဝင် smallpox vaccine ထိုးထားဖူးသူများ Mpox ကူးစက်ခံရပါက လက်ရှိ Mpox အပေါ် immune ကိုယ်ခံအားသက်ရောက်မှုဘယ်လိုရှိိနိုင်လဲလေ့လာထားတဲ့ paper ကို စိမ့်ကsharing လုပ်ပေးမှာပါ။ တကယ်တော့ Mpox နဲ့ပတ်သက်ပြီး global case series အများကြီးရှိပေမယ့် ဒီတစ်ခုကိုရွေးရခြင်းအကြောင်းက Master တန်းအတွက် presentation တစ်ခုမှာ ဒီ paper ကို ဖတ်ခဲ့ရလို့ဖြစ်ပါတယ်။ Citation ကိုလဲ post အောက်ဆုံးမှာထည့်ပေးထားပါတယ်။
အခု global case series ကတော့ 2022 Mpox outbreak ဖြစ်ချိန်မှာ လုပ်ခဲ့တဲ့ study တစ်ခုဖြစ်ပါတယ်။ May 2022 - June 2023 ကြား နိုင်ငံ ၉နိုင်ငံမှ report လုပ်လာတဲ့ PCR နဲ့ confirm လုပ်ထားတဲ့ cases တွေကို study လုပ်ထားတာဖြစ်ပါတယ်။ case series ဖြစ်တာမို့ epidemiological study types အရ observational descriptive အမျိုးအစားဖြစ်ပါတယ်။ အဲ့ဒါကြောင့် အဖြေတွေက descriptive ပုံစံ distribution (time, place, person) နဲ့သာ ပြပေးထားပါတယ်။ case series ဖြစ်တာကြောင့် research question တို့ hypothesis တို့တိကျစွာမပါဝင်ဘဲ အခု study ကနေ သိရတဲ့အဖြေပေါ်မူတည်ပြီးမှ တိကျတဲ့ research hypothesis တွေ questions တွေ ပေါက်ဖွားလာနိုင်ပြီး analytical studies များဆက်လုပ်သွားလို့ရပါတယ်။ (ဒါလေးကတော့ study types တွေအကြောင်းလမ်းကြုံလေးပါ 😁)
အခု study မှာတော့ case definition အရ ဘယ်လို case တွေကိုယူမလဲဆို Mpox ပထမအကြိမ်ဖြစ်သူ၊ ယခင် Mpox ဖြစ်ဖူးပြီး reinfection ပြန်ဖြစ်သူနဲ့ childhood smallpox vaccine ထိုးထားဖူးပြီး Mpox ဖြစ်သူတွေကို study case အနေနဲ့ယူမှာဖြစ်ပြီး 1st infection ရသူများရဲ့ ရောဂါလက္ခဏာများကို တခြားနှစ်ဖွဲ့နဲ့ယှဉ်ပြီးလေ့လာမှာပါ။ Study resultများအရ reinfection or vaccine ထိုးဖူးသူများက ရောဂါလက္ခဏာခံစားရမှုနည်းတာ၊ အနာသက်သာစေရန်ဆေးဝါးလိုအပ်မှုပိုနည်းတာနဲ့ ဆေးရုံတက်ရသည်အထိလက္ခဏာပြင်းထန်မှုမရှိတာတွေကို တွေ့ရပါတယ်။ ဒီ study ကိုကြည့်ခြင်းအားဖြင့် Mpox ရဲ့ဆိုးကျိုးများကိုလျှော့ချဖို့ immunity မြှင့်ဖို့နဲ့ vaccine ထိုးထားခြင်းကအထောက်အကူဖြစ်ကြောင်း evidence တစ်ခုရခဲ့ပါတယ်။ limitations တွေအနေနဲ့လဲ study case number နည်းတာ၊ လွတ်သွားတဲ့ case တွေရှိနိုင်တာ၊ reinfection နဲ့ relapse ခွဲဖို့ virological findings တွေမလုပ်နိုင်တာစသဖြင့်ရှိပါသေးတယ်။ Limitation တွေရှိနေပေမယ့် အပေါ်မှာပြောထားသလိုပဲ case series result ကနေ ရလာတဲ့အဖြေက immune response နဲ့ MPox, vaccination နဲ့ Mpox ကို သုတေသနတွေအများကြီးထပ်လုပ်သင့်ကြောင်း ကောက်ချက်ချလို့ရပါတယ်။
စိမ့်သိသလောက် sharing လုပ်ပေးတာမို့ လိုအပ်ချက်တွေရှိနေရင်လဲ ထောက်ပြပေး၊ ဝင်ရောက်ဆွေးနွေးလို့ရပါတယ်။
Paper အပြည့်အစုံဖတ်ချင်သူများက အောက်က citation အတိုင်းရှာကြည့်လို့ရပါတယ်။
Reference: Hazra A, Zucker J, Bell E, Flores J, Gordon L, Mitjà O, Suñer C, Lemaignen A, Jamard S, Nozza S, Nori AV. Mpox in people with past infection or a complete vaccination course: a global case series. The Lancet Infectious Diseases. 2024 Jan 1;24(1):57-64.
ကိုယ့် page လေးကဝါသနာအရရေးတာ followers လဲများမနေပေမယ့် Research Proposal နဲ့ပတ်သက်တဲ့စာကို idea & outline တစ်ပုံစံထဲကူးပြီး sentence structure နည်းနည်းပြောင်းရေး သူများစာခိုးမှန်းမသိသာအောင် ခေတ်မီခိုးချသူတွေလဲရှိပ
တခြား idea တွေလာကူးဖို့ page ကိုဝင်ကြည့်မိရင်လဲ ကူးနေမှန်း တို့ကသိပါကြောင်းပြောချင်လို့ ပို့စ်လေးတင်ထားလိုက်ပါတယ်နော် ကျေးဇူး 🙏😌
18/03/2024
ထိုင်းမှာ student visa အတွက်ကျောင်းရွေးကြသောအခါ
အခုအချိန်မှာ နိုင်ငံရပ်ခြားကိုရွှေ့ပြောင်းဖို့စီစဉ်ကြတာများလာကြတာမို့ ကိုယ့်ဆီမှာလာမေးကြတဲ့ထဲကအမေးများကြတာလေးတွေအတွက် ရေးပေးချင်လို့ပါ
နိုင်ငံရွှေ့ဖို့ရွေးကြတဲ့အခါ ကိုယ့်အခြေအနေတွေပေါ်မူတည်ပြီး နိုင်ငံလဲအမျိုးမျိုး visa type လဲအမျိုးမျိုးရွေးချယ်နေကြတာပါပဲ။ အများဆုံးကတော့ အနီးဆုံးကပ်ရပ်က ထိုင်းကို ရွှေ့ကြတယ်ပေါ့နော်။ ထိုင်းမှာလဲ visa type အမျိုးမျိုးရှိပေမယ့် လူငယ်အများစုက ကျောင်းသား visa ကိုစိတ်ဝင်စားကြပါတယ်။ visa အမျိုးအစားက Non-immigrant ED visa (education visa) ဖြစ်ပြီးတော့ မြန်မာပြည်ကနေပဲလျှောက်လျှောက် ထိုင်းမှာ visa တစ်ခုခုကနေပဲ student visa ပြောင်းပြောင်း စစချင်းလျှောက်ရင် ၃လ visa အရင်ရပါမယ်၊ ပြီးရင် တစ်ခါတိုးရင် visa သက်တမ်း ၁နှစ်စီတိုးသွားလို့ရပြီး ဘယ်အချိန်ထိတိုးလို့ရလဲဆို ကျောင်းမပြီးမချင်းတိုးလို့ရပါတယ်။
ခေတ်စားတာကတော့ language visa လို့ခေါ်ကြတဲ့ ထိုင်းစာ or English စာ သင်တန်းကျောင်းတစ်ခုခုမှာ ကျောင်းအပ်ပြီး student visa လျှောက်ကြတာပါ။ သင်တန်းကတော့ online ကနေတက်လို့ရတာမျိုးရှိပြီး တချို့ကျောင်းတွေကလဲ on-site class ပါ။ သူ့ရဲ့အားသာချက်ကတော့ ကျောင်းလခအရမ်းမများဘဲ ရွေးချယ်စရာကျောင်းတွေများတာပါ။ အားနည်းချက်ကတော့ language school program မို့ အများစုက study program 1 year ပါ နောက်နှစ်တွေကြ visa ထပ်တိုးဖို့အတွက် နည်းလမ်းထပ်ရှာပေါ့နော်။ language school အပ်ကြသူတွေက ကျောင်းအတည်တက်ဖို့ထက် နေထိုင်ခွင့် visa အတွက်ပိုဦးတည်ချက်ထားတာမို့ အများစုက freelance job လုပ်ကြတာ၊ တခြားနိုင်ငံထပ်ကူးဖို့ပြင်ဆင်နေတာ၊ အလုပ်လျှောက်ထားနေဆဲ မရသေးခင်ကြား နေထိုင်ခွင့်အတွက် ဒီနည်းလမ်းကိုရွေးကြတာများပါတယ်။
University visa
Non-immigrant ED visa ပါပဲ။ သူကတော့ ရွေးစရာက private university or public university ဆိုပြီးနှစ်မျိုးရှိပါတယ်။ အဲ့ဒါအပြင် ဘယ် major ယူမှာလဲထပ်ရွေးစရာတွေအများကြီးရှိပါသေးတယ်။ ကျောင်းက on-site ကိုအချိန်ပြည့်တက်ရတာများပါတယ်။ visa ကတော့ ကျောင်းဖက်ကထောက်ခံစာရတာနဲ့လျှောက်ရအရမ်းလွယ်ပါတယ်။ ဒါပေမယ့် တက္ကသိုလ်ပညာရေးဖြစ်တာကြောင့် ကျောင်းက လက်ခံဖို့အတွက်ကို တက္ကသိုလ်ရယ် အဲ့တက္ကသိုလ်အောက်မှာပဲ ကိုယ်လျှောက်မယ့် program ပေါ်မူတည်ပြီး အရင်ကဘာကျောင်းပြီးခဲ့ရမယ် GPA or score ဘယ်လောက်ရှိရမယ် English level ဘယ်လောက်ရှိရမယ် သတ်မှတ်ချက်ကတစ်ခုနဲ့တစ်ခုမတူနိုင်ပါဘူး။ ကုန်ကျစရိတ်လဲမတူနိုင်ပါဘူး။ university တွေရဲ့ official website တွေမှာကြည့်နိုင်သလို official line channel ကနေ ကိုယ်သိချင်တာအသေးစိတ်မေးတာပိုသေချာပါတယ်။ ထိုင်းမှာက line application တအားသုံးပါတယ်။ line ကဆက်သွယ်ရင် ပိုမြန်ပါတယ်နော်။
scholarship အစီအစဉ်တွေလဲ အများကြီးရှိပါတယ်။ အဲ့ဒါကလဲ တစ်နှစ်နဲ့တစ်နှစ်မတူနိုင်သလို programs ပေါ်မူတည်ပြီးလဲ မတူနိုင်ပါဘူး။ university ရော major ရော တစ်ထပ်တည်းတူရင်တော့ alumni အသိတွေရှိပါက ခန့်မှန်းချေမေးကြည့်လို့တော့ရနိုင်ပါတယ်။
Visa ကတော့ ကျောင်းမပြီးမချင်းတိုးလို့ရပါတယ်။ partner or ကလေးအငယ်ရှိရင် dependent visa ထပ်လျှောက်ပေးလို့ရပါတယ်။
ကုန်ကျစရိတ်က ကျောင်းစရိတ်ရယ် နေစရိတ်ရယ် စားစရိတ်ရယ် အထွေထွေကုန်ကျစရိတ် e.g transportation fees ဆိုပြီး ၃မျိုးခွဲပြီးတွက်ပါနော်။
ဥပမာ ကိုယ့် campus က မြို့ထဲမှာမို့ နီးတဲ့နားနေရင် သွားစရိတ်ရော အချိန်ရောသက်သာမယ် အခန်းဌားခစျေးကြီးပါမယ်။ စရိတ်သက်သာတဲ့နား မြို့ထဲနဲ့ဝေးတဲ့နားဌားရင် transport fees ရယ် traffic ကြောင့် အချိန်ကုန်မှာထည့်တွက်ပါနော်။ ထိုင်းမှာက public transport က fully well-established and cheap ဖြစ်မနေသေးပါဘူး။ ကုန်ကျစရိတ်လို့မေးရင် တစ်ယောက်ချင်းစီရဲ့ needs & demand ပေါ်မူတည်ပြီးကွာနိုင်လို့ မတွက်ပေးတတ်ပါဘူးနော်။ ကိုယ့် experience ပဲပြောပြပေးတတ်ပါတယ်။
ကျောင်းတွေရဲ့ program အများစုက August မှာစဖွင့်တတ်ပြီး semester 2 (January) မှာဖွင့်တဲ့အတန်းအနည်းငယ်ရှိတတ်ပါတယ်။ 2024 August semester အတွက်ဆို application process က နှစ်အစ 2024 Jan-March လောက်ဆို စ နေပြီမို့ ကျောင်းလျှောက်ဖို့ idea ရှိရင် ၆လ-၁နှစ်လောက် ကြိုရှာ ကြိုပြင်မှမီမှာပါ။ scholarship application တွေက အဲ့ထက်ပိုစောခေါ်တတ်ပါတယ်။
International program တွေလျှောက်ရင် ထိုင်းစကားတတ်ဖို့မလိုပါဘူး။ English လိုပဲသင်တာပါ။
ကျောင်းပြီးရင် အလုပ်ရဖို့လွယ်လားဆိုတာမျိုးလဲ မေးကြတာအတွက်က ဘွဲ့ရဖို့အတွက်တောင် ဘွဲ့ရဖို့လိုတဲ့ creditတွေပြည့်မှရမှာပါ။ paper or thesis တစ်စောင်၊ နှစ်စောင်ပြီးရမယ်ဆိုလဲ အဲ့ဒါပါပြီးမှ ဘွဲ့ရမှာပါ။ ဘွဲ့လဲ အချိန်တန်auto မရပါဘူး။ အလုပ်ရဖို့လွယ်လားကလဲ အဲ့လိုပါပဲ။ job requirements နဲ့ကိုက်ရင်ရပါလိမ့်မယ်။
ထိုင်းမှာ ကျောင်းသား visa က official အလုပ်လုပ်လို့မရပါဘူး။ freelance job လုပ်ကြသူရှိသလို part-time job လုပ်ကြတာရှိပေမယ့် pay rate နည်းနိုင်ပြီး official မဟုတ်ပါဘူး။
คลิกที่นี่เพื่อเป็นสมาชิก?
เว็บไซต์
ที่อยู่
Bangkok