Creator Mate

Creator Mate

แชร์

04/06/2026

အခန်း (၁၃) ဖြူစင်သော ချစ်ခြင်း

လမ်းခရီးတလျှောက် မမောပန်းနိုင်။ နေရောင်ထိလိုက်တိုင်း လေတိုက်လေတိုင်း အသွေးအသားထဲက မိခင်ရင်ခွင်ကို တွေးမိတိုင်း ကက္တိရရဲ့ လျှင်မြန်နှုန်းထက် ကျမရဲ့ စိတ်တို့က ပိုမြန်နေမိသည်။

ကက္တိရ နှင့် အကိုတော့် ကျားတော်လည်း သနားဖို့ကောင်းပါသည်။ ကျမစိတ်ကို နားလည်နေသည့်ဟန် နေ့ရောညပါ မရပ်မနား အပြေးသွားပေးရှာသည်။ ၅ ရက်တာ သွားရမည့် ခရီးမဟုတ်ပါလား။

လမ်းခရီးတလျှောက် မရပ်မနားသွားနိုင်သည်ကလည်း မောင်တော် အရံသင့် ပြင်ဆင်ပေးလိုက်တဲ့ စားဖွယ်နဲ့ သောက်ဖွယ်များ၊ အမူးမောပြေစေမယ့် ဂျင်း စပါးလင်း ရနံ့ဆီတို့ကြောင့်သာဖြစ်သည်။

ညတွင်းချင်း ထွက်မည်ဆိုသည်နှင့် သူကိုယ်တိုင် ဂရုတစိုက် သေချာပြင်ဆင်ပေးခြင်းကြောင့်သာပို၍ခရီးတွင်စေသည်။

မောင်တော့်စရိုက်သည် ထိုသို့ပင်။ လိုအပ်တာ မှန်သမျှ ပြုလုပ်ပေးသော်လည်း စချင်နောက်ချင် အသိဉာဏ်မသုံးခြင်းကြောင့် အထင်အမြင်လွဲခံရသည်က ခပ်များများ။

မရပ်မနား ပြေးနေရင်းနဲ့ ၃ ရက်မြောက် နေဝင်ချိန်မှာတော့ စကားပန်းတို့ ပွင့်ရာ တောင်ခြေသို့ ရောက်လေပြီ။ ဒီလိုဆိုရင်တော့ မနက်အာရုဏ်ချိန် နန်းမြို့ထဲရောက်ပြီ။ စိတ်ကို ဒုံးဒုံးချလျက် ခြေပစ်လက်ပစ် အနားယူမိသည်။

ကျားတော်များလည်း သူတို့အနားယူဖို့ အနားက ထွက်သွားကြလေပြီ။ အကိုတော်ကတော့ မီးမွှေးပြီးလှဲဖို့နေရာလေး ပြင်ဆင်ပေးသည်။

ကိုယ့်နယ်မြေ ကိုယ့်မြို့ ကိုယ့်ဌာနီဆိုတဲ့အစွဲ တော်တော်ကြီးပါသည်။ လေနံ့လေးကအစ ကောင်းကင်ကြီးကအစ မြေမှုန်လေးကအစ အားလုံး စိတ်ချဖွယ်ရာ ကြည်နူးဖွယ်ရာ အေးချမ်းဖွယ်ရာအတိ။

အိပ်ရေးမဝခဲ့သော နေ့ပေါင်းများစွာ ညပေါင်းများစွာ။

ကျောဆန့်ဆန့် ခြေပစ်လက်ပစ် မအိပ်ရဲ၊ ဓါးကို လက်မှာ တင်းတင်းဆုပ် အိပ်ခဲ့ရသော ညပေါင်းများစွာ။

ချပ်ဝတ်တန်ဆာများကို အလေးခံပြီး မချွတ်ရဲ သတိအမြဲရှိခဲ့ရသော ညပေါင်းများစွာ။

ကျေးငှက်သံလေး တေးသံသာလိုက်တာ......

နေပါဦး။ ဘယ်ကကျေးငှ​က်က ညဘက်ကြီး အစာရှာထွက်တာပါလိမ့်။ အို......စကားပန်းအနံ့လေးတွေက ကြိုင်သင်းနေလိုက်တာ။

မျက်လုံးဖွင့်ကြည့်လေတော့ စကားပန်းခင်းမွေ့ယာပေါ် ဆံထုံးတို့ပြေလျက် ချပ်ဝတ်တန်ဆာ ကင်းမဲ့လျက် ဓါးတော်လည်း အဝေးရောက်လျက် ခြေပစ်လက်ပစ် အိပ်မိနေသော ကျမ။

ထထိုင်မိလေတော့ အကိုတော် ရယ်လျက် မနက်စာ ပြင်ပေးနေသည်ကို တွေ့သည်။

"အကိုတော် မအိပ်ပါလား။ ဒီပန်းခင်းက အကိုတော် လုပ်ထားပေးတာလား။"

"နှမတော်လေးကိုပြောပါရောလား။ အကိုတော် ပေးမယ်လို့။"
"ခဏမှိန်းလိုက်ဦးလေ။ နားခွင့်ရတုန်းလေး။ အကိုတော် နှမ အကြိုက်ဆုံး​ဆပ်သွားဖူးတွေရလာလို့ အသုပ် စားဖွယ်လေးပြင်နေတာ ပြီးရင် နှိုးမယ်ကွယ်။"

ကလေးသဖွယ် ပြုံးဖြီးလျက် အကိုတော့်ကို ပြေးဖက်မိသည်။

"အကိုတော် သိလား။ နှမတော်တို့ နန်းကိုပြန်ရပြီဆိုတာနဲ့ နှမတော်ပထမဆုံးလုပ်မှာဘာဘဲသိလား"
....

"ယောက်ျား ၃ ယောက်နဲ့ လက်ဆက်မှာတော့။"

"ဘယ်လို ဘာရယ် နှမငယ်...." မျက်မှောင်ကြုံလျက်မေးသော အမေးကို ကျမ ပြုံးမိသည်။

"အော် အကိုတော်ကလည်း တစိမ်းပုရိသမဟုတ်ဘူးလေ။ အကိုတော်ရယ် ငယ်ပေါင်းရယ် ပြီးတော့ မောင်တော်ရယ်ပေါ့"

"ဟာ! အဲ့လိုမရဘူးလေ နှမရဲ့။ နောက်ပြီး မင်းတရားတွေ ဆောင်တော်ကူးတာပဲရှိတာလေ ငါ့နှမငယ်"

"အိုး... အကိုတော်ကတော့ လုပ်ပီ။ ဆောင်တော်ကူးစရာမလိုဘူးလေ။ အခုဆို တိုက်ပွဲကြီးရင် ကြီးသလို နှမတော်တို့ တယောက်နဲ့ တယောက် မတွေ့ရ စိတ်ပူရနဲ့ မဟုတ်ဘူးလား။ လက်ဆက်လိုက်တော့ အဆောင်နန်းမှာ ၄ ယောက်လုံး ည မနက် တစုတစည်း ဆုံရတာပေါ့။"
"စဉ်းစားမနေနဲ့ အဲ့အကြံက နှမတော်တို့ မောင်နှမတွေအတွက် အကောင်းဆုံး စုစည်းမှုပဲ။ နှမ သေချာ စဉ်းစားထားတာ။"

"ကဲ....ဟုတ်ပြီလေ။ ဒါနဲ့ နန်းမွေပေးဖို့ကျတော့ရော နှမငယ်။"

"ဟော.....ခက်ပြီ။ မလိုဘူးလေအကိုတော်ရဲ့။ နှမတို့အကုန်လုံးက ဆရာတော်ဘုရားအမိန့်တိုင်း လိုက်ကြမှာဆို ကလေးဘယ်လိုမွေးမလဲ။ ပျိုးထောင်ချိန် မရှိဘူးလေ။ ပြီးတော့ စစ်ထွက်ထားတော့ ဆော့ကစားချိန်မရှိဘူးလေ။ အဲ့ဒါတွေကို ပြန်လုပ်ရဦးမယ်လေဘုရား"

စကားလည်းဆုံး အကိုတော်လည်း အားပါးတရရယ်လေတော့ ကျမ နားမလည်ပါ။ လေးလေးနက်နက်စကားတွေမှာ ဘာများရယ်စရာပါသွားမိပါလိမ့်။

အကိုတော် ရုတ်တရက် လုက်လက်စများချပြီး ကျမကို ပွေ့ချီလျက် အိစက်ညက်ညော မွှေးကြိုင်နေတဲ့ ပန်းမွှေ့ယာပေါ်သို့ ပို့ပေးသည်။

"နှမတော့်ကို ညီတော် ဘာလို့တောင်းလဲသိလား။ ဟောဒီက နှမတော် အခုလို ကလေးစိတ်မကုန်သေးတာမို့ အရွယ်ရောက်လာတဲ့အခါ နှမတော် စိတ်ဆန္ဒမပါဘဲ လက်ဆက်လိုက်ရမှာကို စိုးထိတ်လို့ အကိုတော်က ညီတော်ကို တောင်းဖို့ ခိုင်းလိုက်တာ"

"ဟင်....ထင်တော့ထင်သားပဲ။ မောင်တော့်စိတ်နဲ့ဆို တုခားအရာတွေတောင်းမှာပါလို့။ ဒါနဲ့ အကိုတော်ကျတော့ ဘာလို့ နှမကို မတောင်းတာလဲ"

"အကိုတော်က အရွယ်ရောက်နေပြီလေ။ နောက်ပြီး နှမတော်အရွယ်မရောက်သေးလည်း အကိုတော် တောင်းတဲ့အခါ မင်းမြတ်က ပေးမယ်ဆိုတာ သေချာနေလို့ပေါ့။
"ညီတော်နဲ့ တိမ္နက္ကတို့ကျတော့ ငယ်သေးတယ်လေ။ နှမတော် အရွယ်အရင်ရောက်မှာဆိုတော့ ငြင်းချင်လည်း ငြင်းနိုင်အောင်၊ လက်ခံချင်လည်း လက်ခံချင်အောင်။ နှမငယ် သဘောစိတ်ကြိုက်ဖြစ်အောင်ပေါ့။"
"နှမတော်က ညီတော့်ကို သဘောကျတယ်ဆိုလည်း အကိုတော်က တားဖို့မရှိဘူးလေ။ အကယ်၍များ တိမ္နက္ကကိုမှ သဘောကျသွားရင်တော့ နှမတော် ရွေးချယ်လို့မရလေအောင် ညီတော့်ကို တောင်းခိုင်းထားလိုက်တာ"
"ဒါပေသိ ၃ ယောက်ကတော့ မဟုတ်သေးပါဘူး ကလေးငယ်ရာ"

ရယ်လျက် ထွက်သွားသော အကိုတော်ကို ယုံအောင် ဘယ်လိုပြောရမလဲ ကျမမသိပါ။

ကျမအနား ဒီ ၃ ဦးသာ ရှိနေစေချင်သည်မှာ အမှန်ပါ။

လူ့စည်းစိမ် နတ်စည်းစိမ် ဘယ်လိုပဲများပါစေလေ အခုလို အကိုတော် မောင်တော် ငယ်ပေါင်းတို့ရဲ့ အချစ်ခံရတဲ့ ဘဝနဲ့တော့ မလဲနိုင်ပါ။

နေမွန်းတည့်ချိန်ရောက်ခါနီးတော့ အကိုတော်နှင့် မောင်တော်တို့ ဘကြီးတော် ဘထွေးတော်တို့နှင့် ဆုံရမည့်နေရာရောက်လေသည်။

ဘကြီးတော်တို့ပေးသော အရပ်သူအဝတ်အစားများဝတ်လျက် နန်းတွင်းအရေးများ၊ သာသနာအရေးများနှင့် ငယ်ပေါင်းတို့လှုပ်ရှားမှုများကို နားထောင်မိသည်။

ငယ်ပေါင်းတို့နှင့် ပက်သက်ပြီး စိတ်ထဲတော့ မတင်မကျအရာများနေသည်မို့ ရွာရိုးတလျှောက်ပတ်ကြည့်မှ အဆင်ပြေမည်ဟုတွေးမိသည်။

ခမည်းတော်ကတော့ အကိုတော်ကြီးရဲ့ အကြံပေးမှုနှင့်
နန်းမြို့တော်နှင့် အနီးတဝိုက် တာတမံဆည်ရေစီမံကိန်းများနှင့် အလုပ်များလျက်ရှိပြီး မယ်တော်ကတော့ ဘဘုန်းမိန့်သည်များအတိုင်း ခမည်းတော်အမည်နာမဖြင့် စေတီပုတီးများတည်နေလေသည်။

အကိုတော်ကြီးသာသနာ့ဘောင်ဝင်မယ်လို့ သတင်းကြားမိလေတော့ တခေါက်တခါ အခစားဝင်ဖို့တွေးမိသည်။

နေမွန်းလွဲလေတော့ စုံစမ်းစရာများအသာထားပြီး ထီးတင်ပွဲအခမ်းအနားဆီသို့ လျှောက်လာခဲ့သည်။

အရင်ကတော့ နန်းတွင်းမှ တဆင့်သွားရ​လေတော့ ပြည်သူပြည်သားများကို အပေါ်ကနေသာစီးကြည့်ခဲ့ဖူးသူ။
ပွဲကြိုက်ခင်တယောက်ဖြစ်လေတော့ အခမ်းအနားများဆို ရှေ့ဆုံးရောက်နေသူ။
ကိုယ်တိုင် ပွဲကခွင့်မရှိလေတော့ ပွဲကသူများ ပွဲတီးသူများကို လက်ဝတ်တန်ဆာများ စွန့်ကြဲ၊ ငွေအသပြာ နှင့် စပါးထုပ်များ ကျဲ၍ ပျော်နေသူ။

အခုတော့ ပြည်သူများနှင့်မခြား လူအုပ်ကြီးထဲ တိုးဝှေ့ရလေတော့ မွန်းကျပ်လာသည်။
ဒီလူအုပ်နှင့်ဆို ခမည်းတော်တို့ကို မြင်ရဖို့အသာထား ထီးတော်ကိုဖူးရဖို့တောင် မဖြစ်နိုင်။
အကိုတော် အနောက်မှ နေပြီး မြဲမြံအောင် ဖက်ထားပေးလို့သာ ယိုင်မကျသည်။
လေမတိုး နေပူထဲ ကျပ်ပိတ်နေပြီး ခြေထောက်ပင် မြေမထိအောင် တိုးဝှေ့နေသော လူအုပ်ကြား ပြန်လှည့်လိုက်ချင်မိတော့သည်။

စစ်ပွဲအလီလီ တိုက်လာသောကျမ.....
ချပ်ဝတ်တန်ဆာ ဘယ်လောက်ကာနေပါစေ ခေါင်းဖြတ်နိုင်သောကျမ.....
အခုတော့ မိန်းမငယ်လေးသဖွယ် ဘာမှမလုပ်နိုင်၊ တိုးဝှေ့နေသော လူများအကြား ကြောက်နေသော သမင်ငယ်ပမာ.....

အကိုတော် တွန်းထိုးလို့သာ ကခုန်ပွဲဘက်သို့ရောက်လာသည်။ မဟုတ်လျှင်မလွယ်လှ။ ကခုန်တီးဝိုင်းများကြားရောက်လေတော့ လူက မနေနိုင်တော့။ နရီစည်းချက်များအတိုင်း လက်တို့ ခြေတို့က အလိုလျောက် ကခုန်မိလေသည်။

ပွဲခင်းထဲမှ လူများကလည်း ကျမကို လက်ခုပ်ဩဘာ အားပေးကြလျက် ပွဲလယ်သို့ပို့ကြလေတော့ အကိုတော်မှ ကျမလက်ကိုဆွဲကာ တားသည်။

လူပုံအလယ် လူမြင်ကွင်းကို မဝင်စေချင်သည့်ဟန်.....

သို့သော် ယခုနရီစည်းချက်များသည် ရွှေကိန္နရီ ရွှေကိန္နရာ မောင်နှံ နတ်ဘုံနန်းမှ ဆင်းသက်ပြီး ဘုရားကို ဦးခိုက်သည့် တေးသွားများဖြစ်တာမို့ ကျမလက်ကို ဆွဲ၍ စည်းဝိုင်းမှထွက်မည် ကြံနေသော အကိုတော်ကို လူအများအားဖြင့် စည်းဝိုင်းအလယ် တွန်းပို့လေတော့ ကျမရယ်မိသည်။

စိုးရိမ်တတ်ပြီး အိန္ဒြေကြီးလွန်းသောအကိုတော် လူအများကြား က ရလေပြီပေါ့။

ရွှေကိန္နရီ ရွှေကိန္နရာအကမှာ အဆင့်အတန်းမြင့်မားပြီး မေတ္တာ၊သစ္စာ၊သဟဇာတဖြစ်မှု နှင့်သဘာဝအလှတရားတို့ဖော်ကျူးရသည့် အကဖြစ်သည်။

ကကွက်များအတိုင်း ကျမတို့ တစ်ယောက်ကိုတစ်ယောက် ကြင်နာသော နူးညံ့သိမ်မွေ့သော မျက်ဝန်းများဖြင့် အပြန်အလှန်ကြည့်လျက် တဦးကို တဦးက စတင် ရှာဖွေတွေ့ဆုံခြင်း
ချစ်ခင်ကြင်နာစွာ ကျောအတူ ကပ်လျက် လောကဓံကို အတူပျံဝဲခြင်း
တရားရှာဖွေတွေ့ရှိလေတော့ အတူမောင်နှံ တရားထုတ်ခြင်း
အိုနာသေခြင်းကြောင့် ခွဲခွာခြင်းကို ဖော်ကျူးလျက်
သစ္စာမှန်လို့ ပြန်လည်ဆုံစည်းရပုံကို ကခုန်ကြသည်။

တလောကလုံး အသံတိတ်သွားသကဲ့သို့ ကျမတို့ နှစ်ယောက် ကကွက်များတွင်စီးမျောလျက် ပျော်မိသည်။

ကကွက်အဆုံးသတ်လေတော့ ကျမကို ဖမ်းယူပွေ့ချီလိုက်သော အကိုတော်ရဲ့ ကိုယ်ဟန်အနေအထား၊ လည်ပင်းကို ညင်သာစွာ ကွေးညွှတ်လိုက်ချိန်၊ လက်ချောင်းများကို ကော့ညွှတ်ထားပြီး ကြီးမားကျယ်ပြန့်သော ရင်ဖွင့်ပြီး ခန္ဓာကိုယ်ဖြင့် သပ်ရပ်စွာ ဖက်လိုက်ချိန်မှာတော့ လုံမပျိုတို့ လက်ခုပ်သဘြာသံက ဆူညံနေလျက် ကျမတို့ ပြိုင်တူရယ်မိသည်။

ထိုစဉ် လက်ခုက်ဩဘာသံများအကြား စူးရှသော မျက်ဝန်းတစုံကို တွေ့လိုက်သည်။

တချိန်က ကျမကို အရမ်းချစ်သော
တချိန်က ကျမကို အရမ်းတွယ်တာသော
အခုတော့ တစိမ်းထက်ပင် သွေးအေးသော အကြည့်များနှင့် ကြိုလင့်သူ......

ကျမ သွေးခဲသလို အေးစက် တောင့်တင်းသွားသည်။

ကျမ လူတွေရဲ့ တဖက်သတ် ဆုံးဖြတ်ခြင်းကို အသားမကျနိုင်သေးပါ......
ကျမ လူတွေကို ကြောက်သည်....
#အခန်းဆက်ဝတ #ထီးတင်ပွဲ

#

04/06/2026

ရှင်အရဟံမထေရ်မြတ်၏ လမ်းညွှန်မှုနှင့် ကျန်စစ်သားမင်းကြီး၏ ကျောထောက်နောက်ခံပြု သာသနာပြုမှုတို့ကြောင့် ပုဂံပြည်ကြီးသည် တန္တရဗုဒ္ဓဘာသာနှင့် အရည်းကြီးတို့၏ အယူဝါဒများ လွှမ်းမိုးရာ အရပ်မှသည် သန့်ရှင်းစင်ကြယ်သော ထေရဝါဒဗုဒ္ဓဘာသာ နေပြည်တော်ကြီး အဖြစ်သို့ ရောက်ရှိကာ ယနေ့တိုင် မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့စေမည့် အခြေခံအုတ်မြစ်ကို ခိုင်မာစွာ ချမှတ်ပေးနိုင်ခဲ့ပါသည်။

04/06/2026

ရှင်အရဟံမထေရ်မြတ်သည် သထုံပြည်မှ ပုဂံပြည်သို့ ကြွရောက်လာပြီးနောက် အနော်ရထာမင်းစောကို ဗုဒ္ဓဘာသာသို့ သက်ဝင်ယုံကြည်လာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထို့နောက် အနော်ရထာမင်းကြီးကို ဆက်ခံသည့် **ကျန်စစ်သားမင်းကြီး (ထီးလှိုင်ရှင်)** လက်ထက်တွင်လည်း သာသနာပြုလုပ်ငန်းများကို ဟန်ချက်ညီညီ ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။
ကျန်စစ်သားမင်းကြီးနှင့် ရှင်အရဟံမထေရ်မြတ်တို့ ပူးပေါင်း၍ ပုဂံပြည်ကြီးတွင် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်ခဲ့ပုံ သမိုင်းကြောင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ရှင်အရဟံနှင့် ကျန်စစ်သားမင်းကြီးတို့၏ သာသနာပြုသမိုင်း
၁။ သာသနာပြုအကြံပေးနှင့် ကိုးကွယ်ရာအဖြစ် ဆက်ဆံရေး
ကျန်စစ်သားမင်းကြီးသည် အနော်ရထာမင်းကြီးနည်းတူ **ရှင်အရဟံမထေရ်မြတ်ကို မင်းဆရာ (သာသနာပိုင်)** အဖြစ် ကြည်ညိုကိုးကွယ်ခဲ့သည်။ မင်းကြီးသည် နိုင်ငံရေး၊ အုပ်ချုပ်ရေးကိစ္စရပ်များအပြင် သာသနာရေးဆိုင်ရာ ဆုံးဖြတ်ချက်မှန်သမျှကို ရှင်အရဟံမထေရ်၏ လမ်းညွှန်ချက်၊ အကြံဉာဏ်များကို ခံယူ၍ ဆောင်ရွက်ခဲ့သည်။

၂။ ပိဋကတ်တော်များ ကူးယူပြန့်ပွားစေခြင်း
ပုံတွင် ဖော်ပြထားသည့်အတိုင်း ရှင်အရဟံမထေရ်မြတ်သည် သထုံပြည်မှ ပင့်ဆောင်လာသော သုံးလူ့ရှင်ပင်၏ စစ်မှန်သော ဗုဒ္ဓဓမ္မ ကျမ်းဂန်များကို ကျန်စစ်သားမင်းကြီးထံ လွှဲအပ်သင်ကြားပေးခဲ့သည်။ မင်းကြီးသည် ထိုပိဋကတ်တော်များကို အများပြည်သူနှင့် သံဃာတော်များ လေ့လာဆည်းပူးနိုင်ရန် ကူးယူခြင်း၊ ထိန်းသိမ်းခြင်းတို့ကို စနစ်တကျ ပြုလုပ်ခဲ့ပြီး ပုဂံတစ်ပြည်လုံးတွင် သာသနာ့အလင်းရောင် ရောက်ရှိအောင် အားထုတ်ခဲ့သည်။

၃။ ထင်ရှားသော စေတီပုထိုးများနှင့် အာနန္ဒာလိုဏ်ဂူဘုရား တည်ထားခြင်း
ကျန်စစ်သားမင်းကြီးလက်ထက်တွင် အထင်ရှားဆုံး သာသနာ့ဗိသုကာလက်ရာမှာ **အာနန္ဒာဘုရား** ဖြစ်သည်။ ရှင်အရဟံမထေရ်မြတ်၏ လမ်းညွှန်မှု၊ စိတ်ကူးစိတ်သန်းများနှင့်အတူ ဂန္ဓမာဒနတောင်ကမ္ဘာမှ ရဟန္တာအရှင်မြတ်များ၏ နန္ဒမူလိုဏ်ဂူတော်အတိုင်း ပုံတူထုဆစ်ကာ ဉာဏ်တော်အလွန်မြင့်မား၍ လက်ရာမြောက်လှသော အာနန္ဒာလိုဏ်ဂူတော်ကြီးကို တည်ထားကိုးကွယ်ခဲ့သည်။ ၎င်းသည် ပုဂံခေတ် ဗုဒ္ဓဘာသာ ထွန်းကားမှု၏ ပြယုဂ်တစ်ခု ဖြစ်လာခဲ့သည်။

၄။ ရဟန်းသံဃာတော်များနှင့် ပြည်သူတို့၏ ကြည်ညိုသဒ္ဓါတရား
ပုံ၏နောက်ခံတွင် တွေ့ရသည့်အတိုင်း ပုဂံခေတ်ပြည်သူပြည်သားများသည် မင်းနှင့်ရဟန်းတို့၏ စံပြဦးဆောင်မှုအောက်တွင် သာသနာရေး၌ အလွန်ရိုသေကိုင်းညွတ်လာကြသည်။ ပြည်သူများက သံဃာတော်များကို ဆွမ်းခဲဖွယ်ဘောဇဉ်များ လှူဒါန်းခြင်း၊ တရားနာယူခြင်းနှင့် သားသမီးများကို သာသနာ့ဘောင်သို့ သွတ်သွင်းခြင်းတို့ဖြင့် စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာသည် ပုဂံပြည်သူတို့၏ ရင်ထဲတွင် အမြစ်တွယ်စွဲထင်သွားခဲ့သည်။

**အနှစ်ချုပ်အားဖြင့်**
ရှင်အရဟံမထေရ်မြတ်၏ လမ်းညွှန်မှုနှင့် ကျန်စစ်သားမင်းကြီး၏ ကျောထောက်နောက်ခံပြု သာသနာပြုမှုတို့ကြောင့် ပုဂံပြည်ကြီးသည် တန္တရဗုဒ္ဓဘာသာနှင့် အရည်းကြီးတို့၏ အယူဝါဒများ လွှမ်းမိုးရာ အရပ်မှသည် သန့်ရှင်းစင်ကြယ်သော **ထေရဝါဒဗုဒ္ဓဘာသာ နေပြည်တော်ကြီး** အဖြစ်သို့ ရောက်ရှိကာ ယနေ့တိုင် မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့စေမည့် အခြေခံအုတ်မြစ်ကို ခိုင်မာစွာ ချမှတ်ပေးနိုင်ခဲ့ပါသည်
>

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok