Han Phyo

Han Phyo

แชร์

14/07/2026

ငါ့ဘက်ကို ဝမ်းနည်းရိပ်တွေ ချန်ရစ်ခဲ့ပြီး
မင်းဆီကိုတော့ အေးချမ်းမှုတွေပဲ စီးဆင်းစေချင်တယ်။

ကိုယ်တိုင်သွားပြီး မစောင့်ရှောက်နိုင်တဲ့ ဝေးကွာခြင်းမှာ
"မင်း ကောင်းကောင်းမွန်မွန် ရှိပါစေ" ဆိုတဲ့
ဆုတောင်းကပဲ ငါ့ရင်ခွင်ကို နွေးထွေးစေတယ်။

အေးချမ်းပါစေ။ ပျော်ရပါစေ။
ချစ်ရသူနဲ့လည်း အဆင်ပြေပါစေ။

ငါ့ရဲ့ လွမ်းဆွတ်မှုတွေကိုတော့
မင်းအတွက် အေးချမ်းမှုတွေပဲ ဖြစ်စေချင်တယ်။

မင်း ပျော်ရပါ‌စေ။
ပြီးတော့ အေးချမ်းပါစေ။

12/07/2026

မင်းကို ချစ်ရတာဟာ
ခပ်တိုးတိုး စီးဆင်းနေတဲ့ မြစ်တစ်စင်းလိုပါပဲ။

အသံတော့ မမြည်ဘူး။
ဒါပေမဲ့ ဘယ်တော့မှ စီးဆင်းတာ မရပ်တန့်သွားဘူး။

မင်းကို လွမ်းရတာကလည်း
နေဝင်ချိန်မှာ ကျန်ရစ်ခဲ့တဲ့ အရိပ်တစ်ခုလိုပါပဲ။

မှောင်သွားရင် ပျောက်ကွယ်သွားမယ်မှန်း သိရက်နဲ့ နေဝင်ချိန်အထိ တွယ်ကပ်နေတာမျိုးပေါ့။

တစ်ခါတလေ အချစ်ဆိုတာ
ပိုင်ဆိုင်ရခြင်းလည်း မဟုတ်ဘူး။
စွန့်လွှတ်လိုက်ခြင်းလည်း မဟုတ်ပြန်ဘူး။

သူ့ရဲ့ ပျော်ရွှင်မှုတွေထဲမှာ
ကိုယ် မပါခဲ့ရင်တောင်
သူပျော်နေတာလေးကိုပဲ အဝေးက ငေးမောရင်း
မြတ်နိုးနေတာမျိုးပါပဲ။

11/07/2026

ငြင်းလို့မရတဲ့ အမှန်တရားတစ်ခုက
မင်းမရှိတဲ့နောက်ပိုင်း ကိုယ် သိပ်ပြီး
ဆွေးတတ်လာတယ်။

အကြောင်းပြချက် မရှိဘဲ စိတ်တွေ လေးလံနေတာမျိုး၊
လူကြားထဲ ရောက်နေရင်တောင်
တစ်ကိုယ်တော် အထီးကျန်နေသလိုမျိုး ခံစားရတယ်။

မင်းရဲ့ ဂရုစိုက်မှုကို လိုအပ်ပေမယ့်
လက်လှမ်းမမီနိုင်တော့
အလွမ်းတွေနဲ့ပဲ အဖော်ပြုနေမိတယ်။

လွမ်းတယ်။
သတိရတယ်လို့ ပြောရင် မင်းယုံမလား။

10/07/2026

ချစ်ခြင်းမေတ္တာလို့ ပြောလိုက်ရုံနဲ့တင်
မင်းမျက်နှာလေးကိုပဲ ပြေးမြင်မိတယ်။

ပြီးတော့ အတူရယ်မောခဲ့တဲ့ အချိန်တွေ
အတူရှိခဲ့တဲ့ အချိန်တွေကို ပြန်လွမ်းမိတယ်။

စစ်မှန်တဲ့ မေတ္တာကလည်း မပြောင်းလဲခဲ့သလို
အချစ်စစ်ပုံပြင်တွေဟာလည်း မပျောက်ပျယ်ခဲ့ပါဘူး။

အသက်ရှင်သမျှ ကာလပတ်လုံးတော့
မင်းက ရင်ထဲ တည်ရှိနေမှာပါ။

သိပ်ချစ်တယ်။
ဒါ့ကြောင့်လည်း အချစ်နဲ့ ပတ်သက်ရင်
နင့်နင့်နဲနဲ ခံစားနေရတုန်းပဲ။

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok
10200