TeleHealth Consult

TeleHealth Consult

แชร์

08/05/2026

HantaVirus သတိပေးချက်-ခရီးသွားရာမှတစ်ဆင့် ကူးစက်မှုများ တွေ့ရှိ ☢️

🚢 ၂၀၂၆ ခုနှစ်၊ မေလဆန်းပိုင်းမှာ ပင်လယ်ကူးအပန်းဖြေသင်္ဘောတစ်စီးပေါ်က ခရီးသည်တွေမှာ Hantavirus ကူးစက်မှုတွေ စတင်တွေ့ရှိခဲ့ပါတယ်။

📊 လက်ရှိအချိန်ထိ စုစုပေါင်း လူနာ (၇) ဦး တွေ့ရှိထားပြီး (၃) ဦး သေဆုံးခဲ့ပါတယ်။ လူနာတစ်ဦးမှာ တောင်အာဖရိကနိုင်ငံတွင် အထူးကြပ်မတ်ကုသဆောင် (ICU) ထဲမှာ ရှိနေပါတယ်။

🐀 Hanta Virus ဆိုတာဘာလဲ?
* ကြွက်တွေကတစ်ဆင့် ကူးစက်တတ်တဲ့ ပြင်းထန်အဆုတ်ရောဂါ (Hantavirus Pulmonary Syndrome) တစ်မျိုး ဖြစ်ပါတယ်။

🦠 ဘယ်လိုကူးစက်သလဲ?
• ကြွက်ရဲ့ အညစ်အကြေး (ကျင်ငယ်ရေ၊ မစင်၊ တံတွေး) တွေကနေတစ်ဆင့် ကူးစက်ပါတယ်။
• ကြွက်ချေးတွေရှိတဲ့ နေရာကို လှည်းကျင်းရာကနေ ထွက်လာတဲ့ ဖုန်မှုန့် (Aerosolized particles) တွေကို ရှူမိရာကနေ အဓိက ကူးစက်တတ်ပါတယ်။
• ကြွက်ကိုင်မိခြင်း ဒါမှမဟုတ် ကြွက်ကိုက်ခံရခြင်းကြောင့်လည်း ကူးစက်နိုင်ပါတယ်။

🤒 ဘယ်လိုလက္ခဏာတွေ ပြသလဲ?
စတင်ကူးစက်ပြီး ၁ ပတ်ကနေ ၈ ပတ်အတွင်း လက္ခဏာပြတတ်ပါတယ်။
1. အစောပိုင်းလက္ခဏာ: ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း (အထူးသဖြင့် ပေါင်၊ ခါးနှင့် ပခုံး)၊ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ဝမ်းလျှောခြင်း။
2. ပြင်းထန်နောက်ဆက်တွဲလက္ခဏာများ : အသက်ရှူရ ခက်ခဲလာခြင်း၊ အဆုတ်ထဲ ရေဝင်ခြင်းနှင့် ချောင်းဆိုးခြင်း။ (ဒီအဆင့်ရောက်ရင် အလွန်အန္တရာယ်များပါတယ်။)

🚫 ကာကွယ်ဆေး၊ကုသဆေး သီးသန့်မရှိတာမို့ ရောဂါမကူးစက်အောင် ကြိုတင်ကာကွယ်တာအကောင်းဆုံးပါ။

🛡️ ဘယ်လိုကာကွယ်မလဲ?
• အိမ်တွင်း ကြွက်မခိုအောင် ရှင်းလင်းပါ: အစားအစာများကို လုံခြုံစွာ သိမ်းဆည်းပါ။
• သန့်ရှင်းရေးလုပ်တဲ့အခါ သတိထားပါ: ကြွက်ချေးရှိနိုင်တဲ့ နေရာတွေကို ဖုန်ထအောင် မလှည်းပါနဲ့။ ပိုးသတ်ဆေးဖျန်းပြီးမှ စိုစွတ်တဲ့နည်းနဲ့ သန့်ရှင်းရေးလုပ်ပါ။
• လက်ကို စင်ကြယ်အောင်ဆေးပါ: ကြွက်ရှိနိုင်တဲ့ နေရာတွေကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ။ နှာခေါင်းစည်း (Mask) တပ်ပါ:

🚨 Hanta Virus က လူတစ်ယောက်နဲ့တစ်ယောက် ကူးစက်ဖို့ ခဲယဉ်းပေမယ့် ကြွက်နဲ့ အညစ်အကြေးတွေကိုတော့ အထူးသတိထား ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။
လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝန်း ကူးစက်ပြန့်ပွားနိုင်ခြေကတော့ "အလွန်နည်းပါး" တယ်လို့ WHO က သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

21/04/2026

စိတ်ပညာရှင်တွေနဲ့ ကုထုံးပညာရှင်တွေ လက်တွေ့အသုံးချနေတဲ့ (Auto-suggestion လိုပဲ) ရိုးရှင်း၊ထိရောက်ပြီး လူတိုင်းသုံးနိုင်တဲ့ နည်းလမ်းတွေရှိပါသေးသဗျ။

Cognitive Reframing လို့ခေါ်တဲ့ အတွေးပုံစံ ပြောင်းလဲတာ (ကိုယ်တွေးနေကျ Negative အတွေးတခုကို အချက်အလက်အသစ်တွေနဲ့ အပြု သဘောဘက် ကနေ ပြန်တွေးကြည့်တာ)၊ The "5-Second Rule" (၅ စက္ကန့် နည်းဥပဒေ) လို့ခေါ်တဲ့ တခုခုလုပ်ဖို့ ပျင်းနေ၊ ကြောက်နေတဲ့အခါမျိုးမှာ စိတ်ထဲကနေ ၅ - ၄ - ၃ - ၂ - ၁ လို့ ပြောင်းပြန်ရေတွက်ပြီးတာနဲ့ ချက်ချင်းထလုပ်လိုက်တာ၊စသဖြင့် များစွာရှိတဲ့အထဲကမှ ပိုပြီးထိရောက်မယ်လို့ ယူဆတဲ့ Box Breathing (စတုရန်း ပုံစံ အသက်ရှူနည်း)ဆိုတာလေး ပြောပြချင်ပါတယ်။

ဒါက အမေရိကန် Navy SEALs တွေနဲ့ စိတ်ပညာရှင်တွေ အသုံးများတဲ့ စိတ် တည်ငြိမ်အောင် လုပ်တဲ့နည်းလမ်းတခုလို့လည်းဆိုပါတယ်။
ကြာချိန် (၁၆) စက္ကန့် ပါပဲ။
1. ၄ စက္ကန့်ကြာအောင် အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းပါ။
2. ၄ စက္ကန့်ကြာအောင် အသက်ကို အောင့်ထားပါ။
3. ၄ စက္ကန့်ကြာအောင် ပါးစပ်ကနေ လေပြန်ထုတ်ပါ။
4. ၄ စက္ကန့်ကြာအောင် အသက်မရှူဘဲ ခေတ္တရပ်ထားပါ။

ဒါကိုမှ များတယ် ထင်သေးရင် ၃-၃-၃-၃ စက္ကန့်လုပ်ပါ။ စကွဲယားလို ညီနေဖို့တော့ လိုတာပေါ့။ အကျိုးရလဒ်ကတော့ အာရုံကြောစနစ်ကိုချက်ချင်း အေးချမ်း သွားစေလို့ ဒေါသထွက်နေချိန် ၊ စိုးရိမ်ပူပန်နေချိန်တွေမှာ အလွန်ထိရောက်တယ် ဆိုပါတယ်။

ပိုပြီးထိရောက်ချင်ရင် ဒီနည်းလမ်းကို Visualization (ပုံဖော်ခြင်း) နဲ့ ပေါင်းစပ် လိုက်ပါလို့ ဆိုပါတယ်။ အသက်ရှူနေတုံးမှာ စတုရန်းပုံစံ အကွက် တခုရဲ့ အနားလေးဖက်ကို စိတ်-မျက်လုံးထဲမှာ တခုခြင်း ဆွဲကြည့်ရမှာဖြစ်ပါတယ်။ အနားတစ်ဖက်ချင်းစီအတွက် ၄ စက္ကန့်စီ သတ်မှတ်ပြီး ပတ်ချာလည် အသက် ရှူသွားတာမျိုးပေါ့။

လေကိုပြန်ထုတ်တဲ့အခါမှာ ပါးစပ်ကနေ မျှဉ်းမျှဉ်းလေးနဲ့ မှုတ်ထုတ်သလိုမျိုး ခပ်ဖြည်းဖြည်းချင်း ထုတ်ပေးရင် ခန္ဓာကိုယ်ရဲ့ အနားယူစနစ် Vagus Nerve ကို ချက်ချင်း Activation ဖြစ်စေတယ်လို့ဆိုပါတယ်။

ဒီနည်းကို နေ့စဉ်ပုံမှန်အချိန်တွေမှာပါ ပျိုးထောင်ထားရင် ပိုထိရောက်မယ်လို့ ဆိုတယ်။ ဥပမာ-မနက်ခင်း အလုပ်မစခင် စိတ်အာရုံ စုစည်းဖို့အတွက် ၃ ကြိမ် ခန့် လုပ်တာ။ အလုပ်တခုပြီးလို့ နောက်အလုပ်တခု မစခင် စိတ်ကို Reset ချတဲ့အနေနဲ့ သုံးတာမျိုးပါ။ ညအိပ်ရာဝင်ချိန်ဦးနှောက် ထဲက အတွေးတွေကို ရပ်တန့်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် စေဖို့လည်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

တခု သတိပြုဖို့ ရှိတာက အသက်ရှူသွင်းတဲ့အခါ ရင်ဘတ်နဲ့တင် မဟုတ် ဘဲ ဝမ်းဗိုက် အတွင်း စည်းခြားပေးထားတဲ့ ဒိုင်ယာဖရမ် (Diaphragm) ကြွက်သား ကိုပါ သုံးပြီး ရှူသွင်းကြည့်ဖို့ပါ။ ဒါက အာရုံကြောစနစ်ကို ပိုမိုမြန်ဆန်တဲ့နူန်းနဲ့ တည်ငြိမ်မှုရစေတယ်လို့ဆိုပါတယ်။

စမ်းသပ်ပြီးလို့ လက်တွေ့ ထူးခြားတာ (ဥပမာ-စိတ်ငြိမ်သက်သွားတာမျိုး)ကို သတိပြုမိရင် ပြန်ပြောပြကြဦး ☺️😊

ဆြာကြီးဦးကျော်ဆန်း

21/03/2026



𝙀𝙞𝙙 𝙈𝙪𝙗𝙖𝙧𝙖𝙠

ယနေ့ကျရောက်သော အီးဒ်နေ့ အခါသမယမှ သည် အစ္စလာမ်ဘာသာဝင်များနှင့်တကွ မြန်မာပြည်သူ/သားအပေါင်း ဘေးဘယာများကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၊ သောကဟူသမျှ ကင်းဝေးကြပါစေ... ငြိမ်းချမ်းသာယာမှု အပေါင်း ခညောင်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

TeleHealth Consult

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านเสริมสวย ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok