ReadMe

ReadMe

แชร์

05/06/2026

Tata River Resort 🏡🏖️🛶💦🏊🏻

ဖစ်ဘူရီ၊ ကန်ကကျန်အမျိုးသားဥယျာဉ်ထဲက အပန်းဖြေရေကစားလို့ရတဲ့ resort ဖြစ်ပါတယ်။ မြစ်ချောင်းတလျောက်အလားတူ ရေကစားလို့ရတဲ့ resort တွေ အများကြီးရှိပါတယ်။

သူ့ဆီမှာ ညအိပ်ညနေ မတည်းဘဲလည်း ရေဝင်ကစားလို့ရတယ်။ Tata Reiver Resort မှာ ရေပဲဝင်ကစားမယ်ဆိုရင်

🎟️
လူကြီး - ၇၀ (သက်ကယ်အင်္ကျီအခမဲ့)
ကလေး - ၅၀ (သက်ကယ်အင်္ကျီအခမဲ့)
ခွေး - ၅၀ ☺️ (သက်ကယ်အင်္ကျီ မိမိဘာသာ ဝယ်လာပါရန်)
ရာဘာလှေစီးခ ၁ဦး ၁၂၀ (၁၀ ဦး အများဆုံးရ)

ရေချိုးခန်း၊ အိမ်သာ အစုံရှိတယ်၊ ဒရုန်းလည်းမောင်းလို့ရတယ်။ အထဲမှာရှိတဲ့ ကစားစရာအစုံ စိတ်ကြိုက်ကစားလို့ရတယ်။

🏡🛶🏖️🌿

26/05/2026

ဇွန်လ ၁ ရက်နေ့ကစပြီး MRT နဲ့ MRT Plus ကဒ်ဟောင်းတွေ ပိတ်ပါတော့မယ်။

Bangkok Expressway and Metro Public Company Limited (BEM) မှ MRT Blue Line နှင့် Purple Line ကို စီးနှင်းကြတဲ့ ခရီးသည်များကို တနင်္လာနေ့ (၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့) ကစပြီး MRT လက်မှတ်ကတ်ဟောင်းများနဲ့ MRT Plus ကတ်များကို ခရီးသွားလာရာမှာ အသုံးပြုလို့ရတော့မဟုတ်ကြောင်း သတိပေးထားတယ်လို့ The Nation သတင်းမှာ ရေသားထားပါတယ်။

ဝန်ဆောင်မှုများကို EMV Contactless ငွေပေးချေမှုသို့ အပြည့်အဝ ရွှေ့ပြောင်းသွားမှာဖြစ်တဲ့အတွက် ခရီးသည်များအနေနဲ့ Visa သို့မဟုတ် Mastercard ခရက်ဒစ်နှင့် ကြိုတင်ငွေဖြည့်ကတ်များ၊ UnionPay ခရက်ဒစ်ကတ်များ၊ ဒက်ဘစ်ကတ်များနှင့် Mangmoom EMV ကတ်များကို ပြောင်းလဲအသုံးပြုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ကတ်အမျိုးအစားများကို BEM Bangkok Expressway and Metro Facebook စာမျက်နှာမှာ စစ်ဆေးနိုင်ပြီး ခရီးသည်များဟာ လက်ရှိအသုံးပြုနေတဲ့ လက်မှတ်ကတ်နှင့် ID ကတ်ကို MRT Blue Line သို့မဟုတ် Purple Line ဘူတာရုံတခုခုသို့ ယူဆောင်ပြီး ကတ်အသစ်အစားထိုးဖို့ အခမဲ့တောင်းဆိုနိုင်တယ်လို့ သိရပါတယ်။

တခြားသိရှိလိုတာများရှိရင် သတင်းအချက်အလက်စင်တာ( ဖုန်း-0-2624-5200 ) သို့ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

Photos from ReadMe's post 25/05/2026

🌷🌼🪻🌸🌹💐ပန်းတွေက အရမ်းလှ၊ ဝင်ကြေးကမရှိ ခက်တာက တနင်္ဂနွေနဲ့ အများပြည်သူအလုပ်ပိတ်ရက်ဆို သူကလည်း ပိတ်တယ်။

Miracle of Natural | Indoor Flower Garden

ထိုင်းနိုင်ငံ လယောင်မြို့မှာရှိတဲ့ indoor ပန်းခင်းကြီးဖြစ်ပါတယ်။ အရင်က ကျူးလစ်ပန်းနဲ့ နှင်းဆီပန်းတွေ ရောင်စုံစိုက်ပျိုးထားပေမဲ့ အခုချိန်မှာတော့ Hydrangea ပန်း (ခြောက်လခံပန်း) နဲ့ ကျူးလစ်ပန်းတွေ ရောင်စုံစိုက်ပျိုး ပြသထားပါတယ်။

တနင်္ဂနွေနဲ့ အများပြည်သူအလုပ်ပိတ်ရက်မှအပ ကျန်တဲ့နေ့တိုင်းဖွင့်ပါတယ်။ စနေနေ့နဲ့ ကြားရက်မှာ အားလပ်ကြတဲ့ ပန်းချစ်သူများ သွားရောက်နိုင်ကြပါပြီ။

ဖွင့်ချိန်
မနက် ၉:၃၀ မှာ ညနေ ၄:၀၀ နာရီအထိ

🌷🪻🌼🌸🌹

Photos from ReadMe's post 25/05/2026

𝗟𝘂𝗺𝗽𝗵𝗶𝗻𝗶 𝗣𝗮𝗿𝗸 မှာ Beach Vibes ရယူပါ 🏖️

'Chair For Sharing' အစီအစဉ်ကို ဘန်ကောက်မြို့တော် အာဏာပိုင်အဖွဲ့ Bangkok Metropolitan Authority (BMA) က Benjakitti ပန်းခြံမှာ အစပြုခဲ့ပြီး ယခုအခါ Lumphini ပန်းခြံမှာ တရားဝင်ထားရှိလိုက်ပြီဖြစ်ပါတယ်။

ပန်းခြံထဲမှာရှိတဲ့ တရုတ်နာရီစင်နားက ရေကန်တဝိုက်မှာ ပန်းရောင်နဲ့ အဝါရောင် Bean Bag တွေအပြင် ခေါက်သိမ်းနိုင်တဲ့ ကမ်းခြေထိုင်ခုံတွေ ထားပေးထားတာဖြစ်ပါတယ်။

အခမဲ့ထိုင်နိုင်ပါတယ်။ ဒါမဲ့ လူတိုင်းအလှည့်ကျအသုံးပြုနိုင်အောင် တဦးကို မိနစ် ၃၀ ပဲ အချိန်ရနိုင်ပါမယ်။ (ဓာတ်ပုံရိုက်ဖို့တော့ အချိန်လောက်ပါတယ်။) ထိုင်ခုံတွေကို သတ်မှတ်ထားတဲ့နေရာမှာပဲ ထားပေးဖို့၊ သန့်သန့်ရှင်းရှင်းထိုင်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် ရေကန်ထဲမှာ သူဌေးဝါဒကောင်တွေရှိတာမို့ သူတို့ကိုတွေ့ရင် အနားမကပ်ဖို့နဲ့ ထိတွေ့ဖို့ မကြိုးစားဖို့ အကြံပေးထားပါတယ်။

🏖️

Wisuttipong Rodpai

Photos from ReadMe's post 23/05/2026

🍀 ခေါင်ရိုင်က ဘန်ထာ့ချမ်းစိမ့်စမ်း ၂ နှစ်ကြာ ပိတ်မည်။

💦 ထိုင်းနိုင်ငံ ခေါင်ရိုင်မြို့မှာ ရှိတဲ့ သဘာ၀အပန်းဖြေစခန်းတခုဖြစ်တဲ့ Ban Tha Chang Spring ကို ခရီးသွားလည်ပတ်နေရာတွေရဲ့ စံချိန်နဲ့အညီ ပြင်ဆင်တော့မှာ ဖြစ်လို့ လာမယ့် ဇွန်လ ၈ ရက်နေ့ကနေစပြီး ၂ နှစ်ကြာ ယာယီပိတ်ထားတော့မှာ ဖြစ်ပါတယ်။

🌳 သဘာ၀အတိုင်းတည်ရှိနေတဲ့ အပန်းဖြေစခန်းတစ်ခုဖြစ်ပြီး မြရောင်သန်းနေတဲ့စမ်းချောင်းရေဟာ ကြည်လင်အေးမြလို့နေပါတယ်။ စိမ်းလန်းစိုပြေနေတဲ့ သစ်ပင်ပန်းမံနဲ့ ညို့မောင်းမောင်းတောတောင်တွေက ၀န်းရံထားလို့ စိတ်အစဥ်ကို ရွှင်လန်းစေပါတယ်။

🛶 အေးမြကြည်လင်လှတဲ့ စမ်းချောင်းရေပြင်မှာ Kayaking လုပ်ဖို့ ရောင်စုံလှေလေးတွေလည်းရှိလို့ မိသားစုပဲဖြစ်ဖြစ် မိတ်ဆွေသူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ပျော်ရွှင်ဖွယ်ရာ အမှတ်တရတွေကို ဖန်တီးနိုင်တဲ့ နေရာတခုဖြစ်ပါတယ်။

⛱️ ဒီလို အေးချမ်းတဲ့နေရာကို ပိုပြီးသာယာလှပဖို့အတွက် ထိုင်းနိုင်ငံခရီးသွားအာဏာပိုင်အဖွဲ့ကနေ အကြီးစားပြုပြင်မွမ်းမံမှုများ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ပြင်ဆင်ပြီးတဲ့အခါမှာ လက်ရှိထပ်ပိုသာယာသွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

🍀
ဖွင့်ချိန် -
နေ့စဥ် မနက် ၀၈း၃၀ နာရီမှ ညနေ ၀၄း၃၀ နာရီ အထိ

🛶
လှေငှားခ -
တစ်ဦး ၁၇၀ ဘတ်

🍀
🚗🚙🚐🚌🚎🛻🚚🚛 🍀
#ထိုင်းနိုင်ငံအတွင်း #အလည်အပတ်ခရီးသွားကားဝန်ဆောင်မှု၊ #လေဆိပ်အကြိုအပို့၀န်‌ေဆာင်မှု၊ #အခန်းပြောင်း-ပစ္စည်းသယ်ဝန်ဆောင်မှုများကို ခရီးသည်သွားလိုတဲ့အချိန် သွားလိုတဲ့နေရာကို
#အစီးလုံးငှါးဝန်ဆောင်မှုပေးဖို့အတွက်
🍀ကားဆရာနှင့်တကွ - အစီးလုံးငှားယူသွားနိုင်သော ကားအမျိုးအစားများ
🚗 Sedans (2-3 ယောက်စီး)
🚙 SUV (5-6 ယောက်စီး)
🚐 VIP Van (10 ယောက်စီး)
🚎 VIP Air-Con Bus (20-30-40 ယောက်စီး)
🚌 DJ Fan Bus (45 ယောက်စီး)
🚍 Double Decker Air-Con Bus (50 ယောက်စီး)
ခရီးစဥ် အားလုံးအတွက် အခန်းရှေ့အရောက် အကြိုအပို့ဖြစ်ပြီး
✅Private Day Tour-သီးသန့်နေ့ချင်းပြန်ခရီးစဥ်
✅Overnight Tour -ညအိပ်ညနေခရီးစဥ်များ
✅Hotel Reservation
✅Flight/Bus Ticketing ဝန်ဆောင်မှုများလည်း စီစဥ်ပေးပါတယ်။
⚠️
🍀 ကြိုရမည့်နေရာ [၂ နေရာအထိကြိုပို့ပေးပါတယ်။ ကြိုခရှိပါမယ်။]👌
🍀 သွားမည့်လူဦးရေ [အတိအကျ(သို့မဟုတ်)ခန့်မှန်းခြေ]ပြောပေးပြီး စျေးနှုန်း သိရှိနိုင်ပါသည်။]
🙏
အသေးစိတ် ဆက်သွယ်ရန်
☎️ Phone: 062-008-0297
📝 Messenger:
✅ LINE : (+66) 620080297
✳️ WhatsApp : (+66) 802199420
🟪 Viber : (+66) 802199420
🙏 ဖုန်းမကိုင်ဖြစ်ခဲ့ပါက - ပြန်ခေါ်ပေးနိုင်ရန် - Chat Box တွင် ဖုန်းနံပါတ် ချန်ခဲ့နိုင်ပါသည်။ 🙏

❤️
🍀

to สีสันโคราช

Photos from ReadMe's post 22/05/2026

၃၉ မီတာမြင့်တဲ့ ဒီရုပ်တုကြီးဖြစ်လာဖို့ အစိတ်အပိုင်းပေါင်း ၈၅၄ ခု ပေါင်းစပ်ပြီး တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

The Khlong Khuean Shri Ganesh International Park

တောင်းဆုမှန်သမျှပြည့်၀စေတဲ့ Ganesh အရှင်သခင်ရဲ့ အမြင့်ဟာ ၃၀ မီတာရှိပြီး အောက်ခံခုံက ၉ မီတာမြင့်ပါတယ်။ ဒီရုပ်တုကြီးဟာ ထိုင်းနိုင်ငံ ချာချင်စောင်ခရိုင် The Khlong Khuean Shri Ganesh International Park အတွင်းမှာ တည်ရှိပါတယ်။

အောင်မြင်ခြင်းကို ကိုယ်စားပြုတဲ့ မတ်တပ်ရပ်ဟန် အရှင် Ganesh ကြေးရုပ်တုကြီးကို ရဲမင်းကြီးဖြစ်တဲ့ Somchai Vanichseneeက ဦးစီးပြီး တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၀၈ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ပါတယ်။

ရုပ်တုကြီးရဲ့ ဟန်ပန်အမူအရာ အနေနဲ့ ရုပ်တုကြီးမှာ လက်တော်လေးဖက်ပါရှိပြီး ဘယ်ဘက်လက်တော်နှစ်ခုမှာ ကြံပင် နဲ့ သရက်သီးကို ကိုင်ဆောင်ထားပါတယ်။ ညာဘက်လက်တော်နှစ်ခုမှာ ပိန္နဲသီးနဲ့ ငှက်ပျောသီးကို ကိုင်ဆောင်ထားပါတယ်။ ဉာဏ်ပညာကို ကိုယ်စားပြုတဲ့အနေနဲ့ ကြာပန်းများကို လက်ကောက်နဲ့ ခြေကျင်းများအဖြစ် ဆင်မြန်းထားပါတယ်။ ချမ်းသားကြွယ်၀မှုကို ကိုယ်စားပြုတဲ့အနေနဲ့ ခြေတလှမ်းရှေ့သို့လှမ်းဟန် တည်ဆောက်ထားပါတယ်။​

🍀
🚗🚙🚐🚌🚎🛻🚚🚛 🍀
#ထိုင်းနိုင်ငံအတွင်း #အလည်အပတ်ခရီးသွားကားဝန်ဆောင်မှု၊ #လေဆိပ်အကြိုအပို့၀န်‌ေဆာင်မှု၊ #အခန်းပြောင်း-ပစ္စည်းသယ်ဝန်ဆောင်မှုများကို ခရီးသည်သွားလိုတဲ့အချိန် သွားလိုတဲ့နေရာကို
#အစီးလုံးငှါးဝန်ဆောင်မှုပေးဖို့အတွက်

🍀ကားဆရာနှင့်တကွ - အစီးလုံးငှားယူသွားနိုင်သော ကားအမျိုးအစားများ
🚗 Sedans (2-3 ယောက်စီး)
🚙 SUV (5-6 ယောက်စီး)
🚐 VIP Van (10 ယောက်စီး)
🚎 VIP Air-Con Bus (20-30-40 ယောက်စီး)
🚌 DJ Fan Bus (45 ယောက်စီး)
🚍 Double Decker Air-Con Bus (50 ယောက်စီး)
ခရီးစဥ် အားလုံးအတွက် အခန်းရှေ့အရောက် အကြိုအပို့ဖြစ်ပြီး
✅Private Day Tour-သီးသန့်နေ့ချင်းပြန်ခရီးစဥ်
✅Overnight Tour -ညအိပ်ညနေခရီးစဥ်များ
✅Hotel Reservation
✅Flight/Bus Ticketing ဝန်ဆောင်မှုများလည်း စီစဥ်ပေးပါတယ်။

⚠️
🍀 ကြိုရမည့်နေရာ [၂ နေရာအထိကြိုပို့ပေးပါတယ်။ ကြိုခရှိပါမယ်။]👌
🍀 သွားမည့်လူဦးရေ [အတိအကျ(သို့မဟုတ်)ခန့်မှန်းခြေ]ပြောပေးပြီး စျေးနှုန်း သိရှိနိုင်ပါသည်။]

🙏
အသေးစိတ် ဆက်သွယ်ရန်
☎️ Phone: 062-008-0297
📝 Messenger:
✅ LINE : (+66) 620080297
✳️ WhatsApp : (+66) 802199420
🟪 Viber : (+66) 802199420
🙏 ဖုန်းမကိုင်ဖြစ်ခဲ့ပါက - ပြန်ခေါ်ပေးနိုင်ရန် - Chat Box တွင် ဖုန်းနံပါတ် ချန်ခဲ့နိုင်ပါသည်။ 🙏

❤️
🍀

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok
10150