Trend MM

Trend MM

แชร์

11/01/2022

အကြမ်းဖက်စစ်တပ်က ဂီယာချိန်းနေပုံပဲ
ကယားမှာရော ကလေး ပုလဲ စစ်ကိုင်းနဲ့
မင်းတပ် မတူပီ ချင်းနဲ့ မကွေး မြိုင်မှာလဲ
စစ်တပ်က တပြိုင်တည်း စစ်မျက်နှာဖွင့်နေတယ်

ဒီလိုပဲ တောင်ပိုင်း မြဝတီ ကော့ကရိတ်နဲ့
ထားဝယ် မြိတ် တနင်္သာရီတိုင်းထဲမှာလဲ
စစ်တပ်က စစ်ရေးတွေ တိုးမြှင့်နေဆဲဖြစ်တယ်
မန္တလေးတိုင်း မတ္တရာဖက်မှာလဲ မွှေနေတယ်
ရှမ်းမြောက်ပိုင်းမှာလဲ အင်အားတွေ တိုးချနေတယ်

နမခ စစ်တိုင်းမှူးဖြိုးသန့်ကို နေရာချိန်းတာက
ကြမ်းနိုင်ရင်ကြမ်း မကြမ်းနိုင်ရင် အကုန်ထွက်ရမယ်လို့
စစ်တပ်ထဲက အရာရှိတွေကို ရာဇသံပေးတာပဲ
လေချုပ်ကို အနားပေးပြီး အပြောင်းအလဲလုပ်တာ
တပ်ပိုင်းဆိုင်ရာ ထိပ်ပိုင်းထဲမှာကို အကြီးအကျယ်
လှုပ်ခတ်မူ ဖြစ်နေတယ်ဆိုတာ မြင်သာလွန်းတယ်

အဲဒီကနေတဆင့် မြင်သာကတော့ မအလ က
ဒီထက် ရက်စက်အကြမ်းဖက်တော့မယ်လို့မြင်မိတယ်
စစ်ဆင်ရေးတွေကို အကြမ်းဆုံး လုပ်နိုင်ရင်လုပ်
မလုပ်နိုင်ရင် အနားပေးမယ် အမိန့်နာခံမူနဲ့ပတ်သက်
နည်းနည်းလေး သံသယဖြစ်တာနဲ့ အစားထိုးမယ်
အရေးကြီးနေရာတွေမှာ ေ-သဆိုေ-သ ရှင်ဆိုရှင်
ပိုပြီးစိတ်ချရတဲ့သူမျိုးတွေကိုသာ ခန့်သွားတော့မယ့်ပုံပဲ

ကောင်းတာတချက်ကတော့ တပ်တွင်းမတည်ငြိမ်မူ
ပိုမြင်သာစေသလို ကျန်ထိပ်သီးခေါင်းဆောင်တွေ
ငါ့အလှည့်ရော ဘယ်တော့လဲဆိုပြီး စိုးရိမ်စိတ်မြှင့်လာမယ်
ဆိုးတာကတော့ မအလ အကြိုက် ပိုပြီအကြမ်းဖက်မယ်

ဒီတိုင်းဆို တော်လှန်ရေးသမားတွေ အခြေအနေတခုကို
စောင့်နေရတာကို စစ်တပ်က ကောင်းကောင်းသိနေပုံ
ဒီအတွက်ကို အချိန်မပေးတော့ပဲ လက်ဦးမူယူပြီးကြမ်းမယ့်ပုံ
ပြည်သူတွေအတွက် စစ်ဘေးသင့်မူတွေ ပိုလာပေမယ့်
အောင်ပွဲက ပိုနီးလာတော့မယ် အကြမ်းဖက်စစ်တပ် လက်ရှိ
သွားနေတဲ့ပုံစံက အလှမ်းကြီးပြီး အလည်လပ်တော့မယ်
စစ်တအားကျွံနေပြီဆိုတာ စစ်ရေးနားလည်သူတွေ ပိုသိပါတယ်

ကိုယ့်ဖက်က စစ်တပ်ရဲ့ ဒီတခါ ထိုးဆင်ကို ကောင်းကောင်း
ခုခံလိုက်နိုင်မယ်ဆိုရင်တော့ စစ်တပ် အထိနာကြီးလိမ့်မယ်
လေတပ်ပါသုံးပြီး တိုက်တာတောင် မနိုင်တော့ရင် ဒီစစ်တပ်မှာ
လုပ်စရာဆိုလို့ နုကလီ-ယားကျဲချဖို့သာ ရှိတော့တယ်လေ
ဒါကြောင့် ဒီတခါ ခုခံစစ် တောင့်ခံနိုင်ရင် တော်တော်မိုက်ပါပီ

@@

08/01/2022

ဒီနေ့ လွိုင်ကော်ရဲ့ အခြေအနေပါ

လွိုင်ကော်ဆိုတာ ပြည်နယ်ရဲ့မြို့တော်တခု
မြို့ပေါ်ကလူတွေတောင် ကိုယ့်အိမ့်မှာ မနေရဲဘဲ ရှောင်နေကြရပြီ။ တိုင်းရင်းသား ညီအကိုများ ဘေးကင်းကြပါစေ

Photo credit

တရုတ် နှင့် အမေရိကန် အပါအဝင် သဝဏ်လွှာ ပို့နေကြ နိုင်ငံကြီးများက မင်းအောင်လှိုင် ထံ ယခုနှစ 05/01/2022

တရုတ် နှင့် အမေရိကန် အပါအဝင် သဝဏ်လွှာ ပို့နေကြ နိုင်ငံကြီးများက မင်းအောင်လှိုင် ထံ ယခုနှစ် လွတ်လပ်ရေးနေ့ သဝဏ်လွှာ မပို့ကြဘဲ ပြည်သူများအတွက်ပဲဆုတောင်းပေးခဲ့

တရုတ် နှင့် အမေရိကန် အပါအဝင် သဝဏ်လွှာ ပို့နေကြ နိုင်ငံကြီးများက မင်းအောင်လှိုင် ထံ ယခုနှစ Major countries including China and the United States have not sent Min Aung Hlaing this year's Independence Day message.

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok
10110