SWAT - E

SWAT - E

แชร์

10/02/2026

ရိုးရာအားကစားကို မပျောက်ကွယ်အောင် ဘယ်လို ထိန်းသိမ်းနေကြလဲ... (Part-1)

05/01/2026

နိုင်ငံတကာမှာ ရေပန်းစားနေတဲ့ 1 v 1 Challenge Cup ပြိုင်ပွဲကို မြန်မာနိုင်ငံက ဘောလုံးဝါသနာရှင်တွေလည်း ယှဉ်ပြိုင်ဖူးတဲ့ အတွေ့အကြုံရအောင်လို့ ကျွန်တော်တို့ 1 v 1 Challenge Cup ပြိုင်ပွဲလေးတစ်ခု လုပ်ဖို့ရှိပါတယ်။ ပြိုင်ပွဲပုံစံကတော့ တစ်ယောက်စီကို Attack တစ်လှည့် Defence တစ်လှည့်စီ လုပ်ပြီး ဂိုးအရေအတွက်နဲ့ အနိုင်/အရှုံး ဆုံးဖြတ်မှာပါ။

အချိန် ငါးမိနစ်အတွင်းမှာ တိုက်စစ် သုံးကြိမ်၊ ခံစစ် သုံးကြိမ် လုပ်ခွင့်ရှိပါမယ်။ သရေကျနေမယ်ဆိုရင် တစ်ကြိမ်စီ ထပ်လုပ်ပါမယ်။ အဲ့ဒါကိုမှ သရေထပ်ကျနေဦးမယ် ဆိုရင်တော့ ပင်နယ်တီ သုံးလုံးစီ ကန်ပြီး အနိုင်/အရှုံးဆုံးဖြတ်ပါမယ်။

SWAT-E 1 v 1 Challenge Cup ပြိုင်ပွဲကို ရှုံးထွက် ပုံစံလုပ်ပါမယ်။ ပြိုင်ပွဲ ၆၄ယောက်အထိ လက်ခံပေးသွားမှာပါ။ စာရင်းသွင်းဖို့အတွက်ကတော့ ဦးရာလူ စနစ်ပါ။ ၆၄ယောက် ပြည့်ရင် စာရင်းပိတ်ပါမယ်။ ၆၄ယောက်ကို ရှုံးထွက် ပုံစံနဲ့ တောက်လျှောက်ကစားပြီး နောက်ဆုံး Final အထိ သွားမှာပါ။

အသက် မကန့်သတ်ထားပါဘူး။ စာရင်းသွင်းမယ့်သူတွေအနေနဲ့ အမည်၊ အသက်၊ ဖုန်းနံပါတ်ကို အောက်ပါ ဖုန်းနံပါတ်ရဲ့ Viber မှာ ပို့ထားပေးရပါမယ်။ ပြီးရင် ရွေးချယ်ခံရတဲ့ ကစားသမား ၆၄ယောက်ကို Viber Group ဖွဲ့ပြီး ပြိုင်ပွဲ information တွေ ပေးသွားပါမယ်။ ပြိုင်ပွဲရဲ့ information တွေကို Viber Group မှာပဲ အဓိက share ပေးမှာ ဖြစ်လို့ active ဖြစ်နေဖိုတော့ လိုပါမယ်။

ပြိုင်ပွဲဝင်လိုသူတွေအနေနဲ့ Viber နံပါတ် 09 761 224060 (Viber) ကို စာရင်းပေးသွင်းနိုင်ပါတယ်။ ဒီ video မြင်ပြီးတာနဲ့ စာရင်းစသွင်းလိုရပါပြီ။ ဖုန်းဆက် စုံစမ်းမယ်ဆိုရင်တော့ ရုံးချိန်အတွင်း မနက် ၉နာရီခွဲကနေ ညနေ ၅နာရီခွဲအထိ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ ရုံးချိန်ကျော်သွားတဲ့ ဖုန်းနံပါတ်တွေကိုတော့ လက်ခံဖြေကြားမှာ မဟုတ်ပါဘူး ခင်ဗျာ။

ကဲ..ဒီတော့ ဆုငွေ ဆယ်သိန်းရမယ့် SWAT-E 1 v 1 Challenge Cup ပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရဖို့ အခုပဲ စာရင်းပေးလိုက်ကြတော့နော်…

ပြိုင်ပွဲကျင်းပမယ့်နေ့ - ၁၂.၁.၂၀၂၆
ပြိုင်ပွဲကျင်းပမယ့်နေရာ - အလုံမြက်ခင်းတုကွင်း
ပြိုင်ပွဲ ကျင်းပမယ့် အချိန် - မနက် ၁၀နာရီ - ညနေ ၄နာရီ

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ห้องออกกำลังกายและกีฬา ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เว็บไซต์

ที่อยู่


Soi Chok Chai Ruam Mit
Bangkok
10900