Solo Myanmar Traveller

Solo Myanmar Traveller

แชร์

Photos from Solo Myanmar Traveller's post 22/04/2026

ပြည်ပခရီးတွေ မသွားးရတာ ကြာပြီဆိုတော့
Solo ရန်ကုန်နဲ့ နီးနီးနားနား ငွေဆောင်ကမ်းခြေကို
မေလလောက်ကို ၄ညအိပ်/၅ရက်လောက် အပန်းဖြေ
ခရီးထွက်ဖို့ mood တွေရနေပါပြီ။

ဒီတစ်ခေါက် ငွေဆောင်ကမ်းခြေရောက်ရင်
Yatch Club Resort မှာတည်းပြီး
Surfing ပြန်လုပ်ပါမယ်။

Solo က ငွေဆောင်ကမ်းခြေရဲ့ ပထမဆုံအကြိမ်ဖွင့်လှစ်တဲ့
Surfing သင်တန်းမှာ တက်ရောက်ခဲ့တာမို့
အခြေခံသင်တန်းတော့ ထပ်တက်စရာမလို့တော့ပါဘူး။

🏖️I Love Ngwe Saung Beach🏝️❤️

Photos from Solo Myanmar Traveller's post 22/04/2026

ဘန်ကောက်မှာ ဟိုနား ဒီနားဆို ရထားမစီးတော့ဘူး
ဟိုတယ်ကနေ Grab လေးခေါ်လိုက်တာ

ကားတွေကလည်း EV Model အမြင့်လေးတွေ
Grab မောင်းတဲ့ ကားဆရာကလည်း မင်းသားလားအောက်မေ့ရတာ

စတိုင်ကိုကျနေရော😅

ရန်ကုန်မှာလည်း အိမ်စီးကားလေးတွေ ထိုင်း တို့ မလေးရှားတို့လို့ Join လို့ရရင် သိပ်ကောင်းမယ်❤️

07/04/2026

Are you ready for 2026 Thingyan💦💦💦

Photos from Solo Myanmar Traveller's post 05/11/2024

ဒီနှစ်ဖူးခက်ကမ်းခြေက အရင်နှစ်တွေကထပ်
ပိုပြီး ခရီးသွားဦးရေပိုများလာပါတယ်

မနှစ်ကဆို ကြိုက်တဲ့ ဟိုတယ် ၂ပတ်လောက်ကြိုပြီး
အခန်းဘိုကင်တင်ပြီး စီစဉ်လို့ရပေမဲ့

၂၀၂၄ နှစ်မှာ ကမ္ဘာလှည့်ခရီးသွားဦးရေဝင်​လည်ပတ်မူ ပိုများလာပြီး
ဒီဇင်ဘာ နဲ့ ဇန်နဝါရီလတွေဆိုရင် ဟိုတယ်တော်တော်များများ Rooms တွေ Fully Booked ဖြစ်နေပါပြီ။

ဖူးခက်ကမ်းခြေမှာ ဇန်နဝါရီပထမပတ်မှာကျင်းပမဲ့
International Music Festival ပွဲတောင်ကြီးလည်း
အကြီးအကျယ်ကျင်းပဖို့ ရှိနေတာမို့
Flight တွေ Hotels တွေ Sold out လည်းမြန်ပါတယ်။

ကိုယ်ကအားလပ်ရပ်အတွက် ခရီးသွားရက်ကို
Flexible ဖြစ်ရင်တော့ Christmas & New Years
Festival ရက်တွေကို ရှောင်နိုင်ရင်တော့
အကောင်းဆုံးပါ။

ဖူးခက်ကမ်းခြေခရီးစဉ်အတွက် Singapore,USA,Japan,Korea ကနေပြီး ဝယ်ယူအားပေးပြီး လည်ပတ်ကျတဲ့ ခရီးသွားများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ရန်ကုန်ကနေလည်ပတ်ချင်တဲ့ ခရီးသွားများအတွက်
အချိနကုန်သက်သာအောင် တိုက်ရိုက်လေယာဉ်
နဲ့ စီစဉ်ပေးထားပါတယ်။

သီးသန့်ခရီးစဉ်ဖြစ်တာမို့ ဘယ်နိုင်ငံကနေပဲလည်လည် ၂ဦးရှိတာနဲ့ ကိုယ်ကြိုက်နှစ်သက်ရာရက်ကို
ရွေးချယ်ပြီး လည်ပတ်နိုင်ပါတယ်။

ခရီးစဉ်အသေးစိတ်နဲ့ ကြိုတင်ဘိုကင်ပြုလုပ်ရန်
Million Holiday Official page
မက်စင်ဂျာမှ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။

🎒Solo Myanmar Travellers 🌏
#ဖူးခက်

Photos from Solo Myanmar Traveller's post 31/07/2024

အလုပ်ကိစ္စအတွက်ရော အလည်အပတ်တွက်ရောတစ်ဦးတည်းခရီးသွားရတာများတဲ့သူမို့
ဒီPage လေးကိုတောင် Solo ဆိုတဲ့ နာမည်လေး ထည့်ထားလိုက်တယ်။

ဘာလီကို၂၀၂၄ဇွန်လကလည်ပတ်ခဲ့တာ ဒုတိယအကြိမ်ပေါ့။ Solo တော့မဟုတ်ဘူး။
ခရီးသွားဖော်တစ်ယောက်တော့ပါသေးတယ်။

ဒီပုံလေးကတော့ ကိုယ်ဘာသာ Tripod နဲ့ရိုက်ခဲ့တာ
ဘာလီလေဆိပ်မသွားခင်လေး။

ဘဝမှအမှတ်တရတစ်ဦးတည်း Solo ခရီး ထွက်ရတဲ့
ခရီးစဉ်လေးတစ်ခုပြောပါဆို
ကိုဗစ်မဖြစ်ခင်က ငပလီကမ်းခြေကို လေယာဉ်နဲ့
တစ်ဦးတည်း သွားပြီး Hostel မှာ တည်းပြီး
လည်ပတ်ခဲ့ဖူးကတည်းက
Solo ခရီးသွားတာကို ဒီနေ့ထိနှစ်သက်ခဲ့တာပေါ့။

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bang Rak?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bang Rak