Myanmar & National Daily New
11/01/2020
အီရန်အနေဖြင့် ပစ်ချလိုက်သော လေယာဥ်အတွက် လျော်ကြေးပေးတောင်းပန်ရန် ယူကရိန်းတောင်းဆို
ဇန်နဝါရီ-၁၁ ယူကရိန်းသမ္မတ ဇီလင်စကီးသည် ယူကရိန်းလေယာဥ်ပစ်ချမှုအတွက် အီရန်တာဝန်ရှိသူများကို လျော်ကြေးပေးရန်နှင့် တောင်းပန်ရန် ဇန်နဝါရီ ၁၁ ရက် စနေနေ့တွင်တောင်းဆိုလိုက်သည်။ အီရန်တာဝန်ရှိသူများအနေဖြင့်လည်း အပြစ်ရှိသူများကိုလည်း တရားရုံးသို့ ပို့ဆောင်မည်ဟု မျှော်လင့်ပါကြောင်းပြောဆိုခဲ့သည်။
ယူကရိန်းအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(UIA) ပိုင်ဘိုးရင်း ၇၅၂ သည် ဇန်နဝါရီ ၈ ရက် ဗုဒ္ဓဟူးနေ့တွင် တီဟီရန်လေဆိပ်မှ ထွက်ခွားပီး မကြာမီတွင် ပစ်ချခြင်းခံလိုက်ရသဖြင့် လေယာဥ်ပေါ်လိုက်ပါလာသူ ၁၇၆ ဦး သေဆုံးခဲ့သည်။ အီရန်နိုင်ငံအနေဖြင့် လေယာဥ်ပျက်ကျ စုံစမ်းစစ်ဆေးမှုကို အတားအဆီးနှောင့်နှေးမှုမရှိဘဲ လုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ယူကရိန်းသမ္မတ ဇီလင်စကီးက ပြောကြားလိုက်သည်။
အီရန်သမ္မတ ရိုဟာနီကလည်း စနေနေ့အစောပိုင်းတွင် "ဤဆိုးဝါးသော အမှားအတွက် နက်နက်ရှိုင်းရှိုင်းတောင်ပန်ကြောင်း" ပြောကြားခဲ့သည်။ UIA အကြီးအကဲ Yevhenil Dykhne က Facebook ပေါ်တွင် ဒီလိုကြောက်မက်ဖွယ်ဘေးဆိုးကြီးကြောင့် တုန်လှုပ်ခဲ့ရပါသည်ဟု ပြောခဲ့သည်။ သောကြာနေ့တွင် အီရန်ိုင်ငံသို့ စေလွှတ်လိုက်သော ယူကရိန်းကျွမ်းကျင်ပညာရှင်များသည် လေယာဥ်မှူးနှင့် လေယာဥ်မျှော်စင်အကြားစကားပြောဆိုမှု မှတ်တမ်းများ လေယာဥ်အရှေ့ခန်းရှိ back boxes နှင့် လေယာဥ်ပျက်သောနေရာများသို့ သွားရောက်ခဲ့ကြောင်းသိရသည်။
တီဟီရန်သည် အမေရိကန် ယူကရိန်း ကနေဒါနှင့် အခြားသူများကို စုံစမ်းစစ်ဆေးမှုတွင်ပါဝင်ရန် ဖိတ်ကြားခဲ့သည်။ တီဟီရန်မှ ကိယက်ဗ်သို့ ပျံသန်းသော ဘိုရင်း ၇၅၂ လေယာဥ်တွင် ခရီးသည်အများစုမှာ အီရန် ကနေဒါ ယူကရိန်း ဗြိတိန် ဆွိဒင်နှင့် အာဖဂန်နိုင်ငံသားအများစုဖြစ်သည်။
ကိုးကား-AFP ဘာသာပြန်-AK
21/08/2018
အကြမ်းဖက်ခံရသည့် သြဂုတ်၂၅ နှစ်ပတ်လည်နေ့အခမ်းအနား စစ်တွေတွင်ကျင်းပမည်
နိရဉ္စရာ၊ သြဂုတ် ၂၁
ရခိုင်အမျိုးသားပါတီ ( ANP) မှ သြဂုတ် ၂၅ ရက်နေ့တွင် ကျရောက်သည့် မောင်တော အကြမ်းဖက်ခံရမှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို စစ်တွေမြို့တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။
ရခိုင်အမျိုးသားပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က “ ကျွန်တော်တို့ ဒီအခမ်းအနားကို စစ်တွေမြို့ အတုလ မာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးမှာ ကျင်းပ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ မနေ့က စပြီး ဖိတ်စာတွေ ဝေနေပါပြီ” ဟု ပြောကြားသည်။
အခမ်းအနားတွင် သြဂုတ် ၂၅ အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း သေဆုံးသွားခဲ့ကြသည့် ရခိုင်၊ မြို၊ ဒိုင်းနက်၊ ဟိန္ဒူလူမျိုးများနှင့် နိုင်ငံဝန်ထမ်းများအတွက် ဆရာတော်များကို ပင့်ဖိတ်ပြီး ဆုတောင်း အမျှအတန်း ပေးဝေမှုများ ပြုလုပ်သွားမည့်အပြင် ဟောပြောပွဲကိုလည်း ထည့်သွင်း ကျင်းပ ပြုလုပ်သွားမည်ဟု သိရသည်။
“ အဓိက ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောခရိုင် ဒေသမှာ အပြစ်မဲ့ ကျွန်တော်တို့ ရခိုင်၊ ရခိုင်မျိုးနွယ်စုတွေ ဖြစ်ကြတဲ့ မြို၊ ဒိုင်းနဲ့ ဟိန္ဒူဘာသာဝင် လူ ၁၀၀ ကျော်၊ နိုင်ငံဝန်ထမ်းတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက် ဘင်္ဂလီတွေရဲ့ ရက်ရက်စက်စက် တိုက်ခိုက် သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ ဒီလို အဖြစ်ဆိုးတွေကို နောက်နောင် မဖြစ်ဖို့ အတွက် အမျိုးသား လုံခြုံရေးကို အထူးသတိထားပြီးဆောင်ရွက်ကြရမယ် ဆိုတာကို မမေ့မလျော့ ဖို့နဲ့ သေဆုံးသွားတဲ့ သူတွေကို ကြေကွဲ ၀မ်းနည်းတဲ့ အနေနဲ့ အမျှအတန်း ပေးဝေဖို့ လုပ်ဆောင်ရတာ ဖြစ်ပါတယ်”ဟု ပါတီ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောကြားသည်။
၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်နေ့က ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ် အနောက်ခြမ်းတွင် တည်ရှိသည့် လုံခြုံရေး နယ်ခြားစောင့်ရဲစခန်း ၃၀ ကျော်နှင့် စစ်တပ် တပ်ရင်း တစ်ခုတို့ကို ARSA အကြမ်းဖက်အဖွဲ့မှ ၀င်ရောက်တိုက်ခိုက်ခဲ့သည်။
၎င်းအကြမ်းဖက်ခံရသည့်နေ့ မတိုင်မီနှင့် ၎င်းနေ့အတွင်း အကြမ်းဖက်လက်နက်ကိုင် ARSA ၏ လက်ချက်ဖြင့် လူအများအပြား သေဆုံးခဲ့ကြရသည်။
သြဂုတ် ၂၅ ရက်နေ့ နှစ်ပတ်လည်နေ့တွင် သေဆုံးခဲ့ကြသူများ အတွက် ဆီးမီးများ ထွန်းညှိပြီး ဆုတောင်းခြင်းများနှင့် တစ်ခြား ၀မ်းနည်းကြောင်းကို ဖော်ပြသည့် အစီအစဉ် တစ်ချို့ကိုလည်း ထည့်သွင်း ပြုလုပ်သွားမည်ဟု သိရှိရသည်။
(ဓာတ်ပုံ- အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ကျဆုံးခဲ့ကြရသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ မြိုတိုင်းရင်းသားများ၏ အသုဘနှင့် မိဘများ သေဆုံးသွား၍ ငိုကြွေးနေကြသည့် မြိုကလေးငယ်များကိုတွေ့ရစဉ်)
copy- Narinjara
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Bang Kapi