Ri Ki

Ri Ki

แชร์

18/02/2024

မဖြစ်မနေ လက်နက်ကိုင်ဖို့ လိုအပ်လို့ တော်လှန်ရေးအဖွဲ့တွေဆီ လာကြရင်လေ

- ခံယူချက်မရှိဘဲ လုံးဝ (လုံးဝ) မလာပါနဲ့။

- လိုင်းပေါ်နာမည်ကြီးတိုင်းလည်း အဲ့အဖွဲ့ကို တစ်ထစ်ချ မယုံနဲ့။ မြေပြင်မှာ ပြည်သူကို ဖျင်ချနေတာတွေ အများကြီးရှိတယ်။ (အဲ့ ဒေသက မတူညီတဲ့ အဖွဲ့တွေ လူတွေဆီကနေ သေချာစုံစမ်း မေးမြန်းပါ)

- လက်နက်ရှိတိုင်းလည်း မသွားနဲ့။ ဟန်ပြပဲ တိုက်ပြီး လုပ်စားနေတဲ့ အဖွဲ့တွေရှိတယ်။ ဝင်ပြီးရင် စတေးခံ၊ အသုံးချခံ၊ မြေစာပင် ဖြစ်သွားမယ်။ တော်လှန်ရေးဆိုတာ ဂျိုနဲ့လားတွေ ဖြစ်ကုန်မယ်။

- စစ်သင်တန်းတွေ ကွန်မန်ဒိုတွေ တက်ပြီး ကာစီနိုရုံနဲ့ ဖဲဝိုင်းကို လုံခြုံရေးစောင့်ရတဲ့ ဒရဝမ် ‌ကောင်တွေကို နမူနာယူပြီး အဲ့အဖွဲ့တွေကိုလည်း ဝေးဝေးရှောင်။

- နာမည်ကြီးတဲ့ ခေါင်းဆောင်ဆိုသူတွေဆို ပိုပြီး သတိထား။ တော်လှန်ရေးထက် နာမည် ကို တည်ဆောက်နေရင် ပိုသတိထား။ (ရှောင်သာရှောင်)
အဲ့လူတွေ မဟုတ်တာလုပ်ရင် ဘယ်သူမှ အသံမထွက်ရဲဘူး။

- လူ နဲ့ မူ ကို ရွေးရမယ်ဆို၊ မူ ကိုသာရွေး။ လူဆိုတာ ပြောင်းလဲတတ်တယ်။ ပြောင်းလဲသွားကြတာမှ အများကြီး။ (ကိုယ်တွေ့)
အဲ့ဒါကြောင့် မောင်သူရလေးက မူ နောက်ပဲ လိုက်တယ်။ နာမည်ကြီးတွေ၊ ဆယ်လီတွေကို ရှောင်။ ဘာလို့လဲ မေးရင် လိုအပ်လို့ကို ပြောတာကွာ။

- နာမည်ကြီးတွေ နဲ့ ဓာတ်ပုံ တွဲရိုက်ပြီး မကြာခဏ ပိုစ့်တင်နေတဲ့ကောင်တွေကို ရှောင်။ ဟို့လူ့ မာန်လိုက် ဒီလူ့ မာန်လိုက်နဲ့ နေရာတကာ ပါတဲ့ ကောင်တွေဆို ရှောင်။ တော်လှန်ရေးသမား ဖုန်းအားမပြည့်ဘူး။ ဖုန်းအားပြည့်လည်း အဲ့လောက် မအားဘူးကွာ။ ဘယ်အရပ်‌ ဒေသက ရဲဘော်ကျကျ ၊ ဒရမ်မာ ဇာတ်လမ်းအရင်ထွင်ပြီး သူနဲ့အကုန် ပတ်သက်နေတယ်ဆိုရင်လည်း ရှောင်။ အဲ့ကောင် လုပ်စားကောင်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ตัวแทน / บริการด้านอสังหาริมทรัพย์ ใน Bang Kapi?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bang Kapi