Social is Evil. MMP's R

Social is Evil. MMP's R

แชร์

07/09/2022

DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီးနေအိမ် ဒရုန်းနဲ့ဗုံးကြဲခံရ
~~~~~
■ ကရင်ပြည်နယ် မြဝတီခရိုင် ဆုံဆည်းမြိုင် စခန်းဝန်းအတွင်းမှာရှိတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီးနေအိမ် စက်တင်ဘာလ ၆ ရက် မနေ့ည ၁၂ နာရီ ဝန်းကျင်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီနေရာဟာ DKBA ဗဟိုဌာနချုပ်ရှိတဲ့ နေရာဖြစ်ပြီး ဒရုန်းနဲ့ နှစ်ကြိမ် ဗုံးကြဲခံရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူ့အိမ်ကို ပစ်တဲ့အချိန်မှာက သူမရှိဘူး။ သူ့အတွင်းရေးမှူးတော့ ထိသွားတယ်။ သူက စစ်ကောင်စီတပ်တွေကို သွင်းတယ်။ သူတို့အထဲမှာ စခန်းချခွင့်ပေးတယ်။ သူ့အိမ်ကလည်း ထိုင်းမှာရှိတယ်။ ပထမတစ်ကြိမ် သွားပစ်တာက စစ်ကောင်စီစခန်းကို။ နောက်တစ်ကြိမ်သွားပစ်တာက သူ့အိမ်ပေါ်ကိုပစ်တာ။ နှစ်ကြိမ် အပစ်ခံလိုက်ရတာ”

အိမ်သွပ်မိုးပျက်စီးသွားသလို DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီးရဲ့ အတွင်းရေးမှူးလည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တာလဲဆိုတာ သတင်းထုတ်ပြန်တာမျိုး မရှိသေးသလို ဒဏ်ရာရရှိတာနဲ့ ပတ်သက်လို့လည်း RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်ကလည်း မြဝတီ- ဝေါလေ လမ်းပိုင်းက သုံးထပ်ကွေ့နဲ့ ဥကရိထစခန်းတွေမှာ အင်အား ထပ်ဖြည့်ထားသလို စုံဆည်းမြိုင်စခန်းမှာလည်း အင်အားတိုးချဲ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- Unicode
---------------

- Zawgyi
---------------

Photo: DKBA

(DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီးအား တွေ့ရစဉ်)

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Ban Ko?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่

Ban Ko