Phyo Han

Phyo Han

แชร์

27/01/2023

ကျွန်တော်တို့တွေ ဘဝမှာနေပျော်ချင်ကြတဲ့လူတွေကြီးပဲ။

ကျတော်တို့ ဘဝမှာနေပျော်ဖို့ ပျော်ရွှင်ခြင်း မှတ်စုတွေထဲက တစ်ခုဖြစ်တဲ့ ဂုဏ်ယူစရာရှိတယ် ဆိုတာကလဲ ပျော်ရွှင်ခြင်း အကြောင်းတစ်ခုပါပဲ။

အဲ့ဂုဏ်ယူစရာတွေကို ကိုယ်တိုင်'ဖန်တီးကြတဲ့အခါ ကျတော်တို့ဟာ လူတွေကြားထဲမှာနေတာ ဖြစ်တဲ့အတွက် လူတွေသတ်မှတ်ထားတဲ့ စံနှုန်းတစ်ခုခုကို အောင်မြင်ကြတဲ့ခါ ဂုဏ်ယူစရာရတတ်ကြပါတယ်။

ဒါပေမယ့် လူတွေဟာ တစ်ယောက်နဲ့တစ်ယောက်မတူကြတဲ့အတွက် ဒီနေရာမှာ အရေးကြီးတာက လူတွေသတ်မှတ်ထားတဲ့စံနှုန်းတွေဆိုတာထက်၊ ကိုယ့်စံနှုန်းတွေကဘာလဲ ကိုယ်ကဘယ်လိုလူမျိုးလဲ၊ ကိုယ်ဖြစ်တဲ့အရာ စတာတွေ ကို သဲသဲကွဲကွဲ သိဖို့လိုပါတယ်။

ကိုယ်ကဘယ်လိုလူလဲ၊ ကိုယ်စံနှုန်းတွေ ကိုယ်ဖြစ်ချင်တာတွေကို ကျတော်တို့ ကွဲကွဲပြားပြား သိမှ ကျတော်တို့ဘဝရဲ့ best version ကိုတည်ဆောက်လို့ရမှာပါ။

ကိုယ်သေချာသွားချင်တဲ့ လမ်းကြောင်းတစ်ခုအပေါ်ရောက်တဲ့အခါ ကိုယ်အရမ်းအားစိုက်ထုတ်ပြီး လုပ်စရာတစ်ခုကိုလုပ်နေတဲ့ခါ ကိုယ့်ကိုယ်ကိုယ် လေးစားမှုတွေရလာပြီး ကျတော်တို့လို့ချင်တဲ့ စစ်မှန်တဲ့ပျော်ရွှင်မှုကို ထိုက်တန်တဲ့လူတွေဖြစ်လာမှာပါ။

24/01/2023

ဘဝမှာ ကိုယ်ဘာဖြစ်ဖြစ်
အရှိကိုအရှိတိုင်း လက်ခံတဲ့သူတွေနဲ့ တွေ့ဆုံရတာ
ဘဝရဲ ကောင်းချီးတစ်ခုပါပဲ။

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Amphoe Tha Muang?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


KMC
Amphoe Tha Muang