Learn Learn Rat-race

Learn Learn Rat-race

Share

17/11/2021

Hello !
ဒီနေ့တော့ "𝐖𝐞𝐚𝐥 𝐚𝐧𝐝 𝐰𝐨𝐞 "ဆိုတာလေးကို လေ့လာသွားမှာပါရှင့်၊ အဓိပ္ပာယ်ကတော့
အကောင်းအဆိုးဒွန်တွဲခြင်းပါ။

We're brothers sharing 𝐰𝐞𝐚𝐥 𝐚𝐧𝐝 𝐰𝐨𝐞.
ငါတို့က အကောင်းအဆိုးမျှဝေဖြေရှင်းမဲ့ညီအကိုတွေပါ။

Kyaw Kyaw and Wai Wai are a couple who share 𝐰𝐞𝐚𝐥 𝐚𝐧𝐝 𝐰𝐨𝐞.
ကျော်ကျော်နဲ့ ဝေဝေဟာ အကောင်းအဆိုးမျှဝေယူတဲ့ စုံတွဲလေးပါ။

Love is sharing 𝐰𝐞𝐚𝐥 𝐚𝐧𝐝 𝐰𝐨𝐞.
အချစ်ဆိုတာ အကောင်းအဆိုးတွေ မျှဝေယူခြင်းပေါ့။

We treat each other with all sincerity, and share 𝐰𝐞𝐚𝐥 𝐚𝐧𝐝 𝐰𝐨𝐞.
ငါတို့တစ်ယောက်ကိုတစ်ယောက် အရိုးသားဆုံးဆက်ဆံတယ်၊ ပြီးတော့ အကောင်းအဆိုးတွေဝေမျှတယ်။

They're ordinary laborers, sharing 𝐰𝐞𝐚𝐥 𝐚𝐧𝐝 𝐰𝐨𝐞 with people here.
သူတို့က ဒီကလူတွေနဲ့ အကောင်းအဆိုး တူတူရင်ဆိုင်ကြတဲ့ သာမာန်အလုပ်သမားလေးတွေပါ။

ဟုတ်ကဲ့ ဒီလောက်ဆို အားလုံးသိပီထင်ပါတယ်ရှင့်
တာ့တာပါ🤩💘

10/11/2021

တော်လှန်ရေးကာလမှာ ငွေကြေးအရှုပ်တော်ပုံတွေနဲ့ နာမည်ကြီးအလှူရှင်တွေ တွဲတွဲပီး မြင်ရတာ ကောင်းတဲ့အရာတော့မဟုတ်ပါဘူး။
ဒီကနေ့တော့ အာ့လို သူတော်ကောင်းအယောင်ပြ twistလုပ်နိုင်တဲ့သူတွေကို သုံးနှုန်းနိုင်မဲ့ စကားလုံး‌တွေလေ့လာပါမယ်ရှင့်။

Be + 𝐁𝐞𝐠𝐮𝐢𝐥𝐞 into doing sth (လှည့်ဖြားခံရသည်)
𝐁𝐞𝐠𝐮𝐢𝐥𝐢𝐧𝐠
(အပြောအပြကောင်းကောင်းနဲ့ နားယောင်စေသော)
𝐜𝐡𝐞𝐚𝐭/ 𝐝𝐞𝐜𝐞𝐢𝐯𝐞/𝐬𝐰𝐢𝐧𝐝𝐥𝐞 (‌လိမ်/လှည့်ဖြား/ဖောက်ပြန်)

ဟုတ်ကဲ့ sentenceလေးတွေ ကြည့်လိုက်ရအောင်။

👽We were 𝐛𝐞𝐠𝐮𝐢𝐥𝐞𝐝 𝐢𝐧𝐭𝐨 𝐭𝐡𝐢𝐧𝐤𝐢𝐧𝐠 we'd heard the whole history. Bu****it!
ငါတို့ကို အကုန်သိထားပီးသားလို့ ထင်အောင် လှည့်စားထားတာပဲ၊ စောက်တလွဲတွေ။

👽We were beguiled into donating her large sums of money.
ငါတို့အလှူငွေတွေအများကြီးတော့ သူမဆီ ပါသွားပီ။

👽𝐁𝐞𝐠𝐮𝐢𝐥𝐢𝐧𝐠 salesman acted like a real friend, but only for the sale.
ကလိမ်ကကျစ် အရောင်းသမားကတော့ သူငယ်ချင်းလိုလို ဟန်ဆောင်သေး၊ တကယ်တမ်းက သူ့ဟာ
ရောင်းထွက်ဖို့ဆို ဘာမဆိုလုပ်မဲ့သူ။

တစ်ခုမှတ်ရမှာက အပေါ်ကpatternနဲ့မဟုတ်ရင် beguileက attractiveဖြစ်၊ charmingဖြစ် အကောင်းဘက်ကနေလည်း ယူဆလို့ရပါတယ်‌နော်။be alert!🙆

👽Count out the money and don't 𝐜𝐡𝐞𝐚𝐭 like the last time.
ငွေရေကြည့်လိုက် ၊ အရင်တစ်ခေါက်လိုတော့ ညစ်ပတ်မယ်မကြံနဲ့နော်။

👽I see that some teens feel they are unable to pass a test unless they 𝐜𝐡𝐞𝐚𝐭.
လူငယ်အချို့များ စာမေးပွဲကို ခိုးမှမချရရင် မအောင်နိုင်မဲ့ပုံမျိုးတွေ မြင်နေရတယ်။

👽People who talk like that either seriously don't know what they're talking about or deliberately 𝐝𝐞𝐜𝐞𝐢𝐯𝐞 themselves?
အာ့လိုပြောနေတဲ့လူတွေကလေ သူတို့ဘာပြောနေတာမှန်း သူတို့တကယ်မသိတာလား မဟုတ်ရင် သူတို့ကိုယ်သူတို့ သက်သက်လိမ်နေတာလား။

👽It was a complete 𝐬𝐰𝐢𝐧𝐝𝐥𝐞, not at all like the conduct of a great man.
လုံး၀အလိမ်ဆင်ကြီးပါလား ဒါလူကြီးလူကောင်း
တစ်ယောက် လုပ်ရမဲ့အရာမဟုတ်ဘူး။

အားလုံး ရပီထင်ပါတယ်ရှင့်
💘မင်မင်လည်း သိသလောက်ထဲက
translationလုပ်တာဖြစ်လို့ အလွဲတွေပါရင်ထောက်ပြနိုင်ပါတယ်ရှင့်။

Bye!

06/11/2021

ဒီနေ့တော့ "stretch" စကားလုံးလေးကို တူတူလေ့လာရအောင်ရှင့်။
Stretchဟာ သူ့ဟာသူ့ အဓိပ္ပာယ် ဆိုရင် ဆွဲဆန့်တာ၊ အားကုန်ကြိုးစားတာပါ။
တစ်ခုတည်းရိုးရိုးလေးရေးနိုင်သလို လိုအပ်ခဲ့ရင်တော့ of,out,toစတဲ့ ဝိဘက်တွေ ကပ်သုံးပေးရပါတယ်။

Wati stretched and yawned.
ဝတီက ပျင်းကြောဆန့်ရင်း သန်းခဲ့တယ်။

We can't take on any more work, we're fully stretched already.
ငါတို့ ဘာအလုပ်ကိုမှ ဆက်မလုပ်နိုင်တော့ဘူးလေကွာ၊ ငါတို့ ရေကုန်ရေခမ်း ကြိုးစားပီးနေပီ။

The dark sky stretched far overhead, no sign of morning yet visible.
အမှောင်ထုက ကောင်းကင်တခွင် ပြန့်ကျဲနေတုန်း၊ မိုးလင်းဖို့ လမ်းမမြင်သေးဘူး။

The little girl stretched out her legs in front of him. I think she's mean.
ကောင်မလေးက သူ့ရှေ့ ခြေထောက်ဆန့်ခဲ့တာ၊
ရိုင်းတယ်လို့တော့ငါကထင်တယ်။

Then he lifted his head, stretched hic neck as if he intended to say something, but immediately, with affected indiferrence, began to hum to himself, producing a q***r sound which immediately broke off.
သူက ခေါင်းကိုမော့ ရင်ကိုကော့ပီး တတစ်ခုခုကို‌
ပြောတော့မဲ့ပုံကြီး ဒါပေမဲ့လည်းဟယ် ဘယ်သူမှမှသူ့အဖက်မလုပ်တာ၊ မအီမသာအသံနဲ့ သူ့ဟာသူသီချင်း ညည်းသလိုနဲ့ စကားစပြတ်သွားပါလေရော။

Reducing your expenses is typically the easiest way to go, but finding a way to generate a source of supplemental income is preferable if you feel like your budget is already stretched to the limit.
အပိုသုံးတာတွေ လျှော့တာကတော့ အကောင်းဆုံးပါပဲ၊ သို့ပေမဲ့ နင့်ဘက်ဂျက်က နောက်ဆုံးအဆင့်ထိရောက်နေပီဆိုရင်တော့ ၀င်ငွေ ပုံမှန်ရမဲ့ နည်းလမ်းရှာဖို့ အားပေးတယ်ဟေ့။

ကဲ အခြားsentenceတွေလည်း googleမှာ ရှိသေးတာမို့ ကိုယ့်ဟာကိုယ်လေ့လာလို့ရပါသေးတယ်နော်
ဘာသာပြန်အမှားအယွင်းရှိရင်လည်း ထောက်ပြလို့ရပါတယ်ရှင့်။

Bye!

Want your school to be the top-listed School/college in Ang Mo Kio?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Ang Mo Kio Avenue 6
Ang Mo Kio
561700