Knowledge Box
01/08/2025
မြန်မာနိုင်ငံသားတွေလညပတ်ခွင့်မရှိတဲ့
လျှို့ဝှက် မြေအောက်ခန်း ရှိသော
ချင်းချောင်း နန်းတော်
ကျွန်တော် ငယ်စဉ်က တောင်ဥက္ကလာကနေ ၇(အဝါ) ၊ စစ်အစိုးရခေတ် ၃၇၊ ယခု မသိတော့၊ ဘတ်ကားစီးပြီး
မြို့ထဲ သွားတဲ့အခါ ကုက္ကိုင်း မီးပွိုင့် လွန်သွားရင် ညာဖက်အခြမ်းမှာ ကြီးကျယ်ခန့်ညားတဲ့ တရုတ် လက်ရာ အဆောက်အအုံ တခုကို မြင်တွေ့ခဲ့ရပါတယ်။ အဲ့ဒီအဆောက်အအုံကို ချင်းချောင်းနန်းတော် လို့ အများက ခေါ်ကြတယ်။
ကမ္ဘောဇ နန်းတော်လို့လည်း အချို့က အမည်ပေးတယ်။
အဆောက်အအုံဝင်းကို ပုံနရိတ်အပင် သံစကာ များနဲ့ ကာရံထားတယ်။ ခြံစီးရိုးမှာ တရုတ်လက်ရာ မုဒ်ဦး ၂ခု တွေ့ရတယ်။ ညာဖက် မုဒ်ဦးက ချင်းချောင်းနန်းတော်သို့ သွားတဲ့ လမ်း ဖြစ်ပြီး ဘယ်ဖက် မုဒ်ဦးကတော့ အဲ့ဒီခေတ်က သမ္မတ ဦးစန်းယု အိမ်သို့ သွားတဲ့ လမ်း ဖြစ်တယ်။ အဲ့ဒီလမ်းကနေ ချင်းချောင်းနန်းတော်ကို ဆက်သွားလို့ ရ/မရ ကတော့ မရောက်ဘူး၍ မသိခဲ့ပါ။
နန်းတော် ရဲ့ အရှေ့မှာ ချောက်ကြီး ရှိတယ်။ နန်းတော် ရဲ့ ဘေးဖက် (အင်းယားကန်ဖက်အခြမ်း) မှာ ဘုန်းကြီးကျောင်း ရှိတယ်၊ စေတီ တဆူလည်း ရှိတယ်။
ကျွန်တော်သည် အဲ့ဒီအချိန်က
ချင်းချောင်း နန်းတော် ရဲ့ အကြောင်း စိတ်ဝင်စားခဲ့ပါသော်လည်း လေ့လာဖတ်ရှုစရာ စာအုပ်စာတန်းများ မရှိခဲ့တဲ့အတွက် မလေ့လာ နိုင်ခဲ့ပါ။
ယနေ့အချိန်အခါမှသာ Google မှတဆင့် ဒီနန်းတော်ရဲ့ အကြောင်း လေ့လာဖတ်ရှုရပြီး အနည်းငယ် သိရှိလာခဲ့ပါတယ်။
Ching Tsong Palace ရဲ့
စိတ်ဝင်စားစရာတွေကတော့--
တရုတ် နဲ့ ဥရောပ လက်ရာ ပေါင်းစပ်မှု၊
နံရံဆေး ပန်းချီ၊
ဘုံမြင့်ဆောင်။
ဂျပန်ခေတ် အသံလွှင့်ရုံ၊
ကဇတ်ရုံ၊
မြေအောက်ခန်း၊
ငွေစက္ကူထုတ်စက်၊
နန်းတော်ကြီး နဲ့ အင်းယားကန် ဆက်သွယ်မှု၊
Anglo Vernacular ကျောင်းများ၊
လင်ချင်းချောင်း ကိုယ်ပိုင်ကျောင်း၊
သားသမီး၈ယောက်ရဲ့ မျိုးဆက်များ၊
CIA သူလျှို၊
ဒီနန်းတော်ကြီးသို့ ကိုယ်တိုင် မရောက်ဖူးသော်လည်း ဝင်ရောက်လေ့လာခဲ့ဖူးသော သူတို့၏ ရေးသားချက်များကို ဖတ်ကြည့်တဲ့အခါ အသေပိတ်ထားတဲ့ မြေအောက်ခန်းဟာ ပဟေဠိ တခုလို ဖြစ်နေပြီး မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
——————————————-
Myanmar live news မှာ ရေးထားတာ👇
ရန်ကုန်မြို့ အင်းလျားကန်တောင်ဘက် ကမ္ဘာအေးဘုရားလမ်းမနားမှာ တည်ရှိတဲ့ ခမ်းနားလှပတဲ့ အိမ်ကြီးတစ်လုံးရှိပါတယ်။
လက်ရှိမှာတော့ အနုပညာကျောင်းအဖြစ်ဖွင့်လှစ်ထားတဲ့ အဆောက်အဦး
လည်းဖြစ်ပါတယ်။ ဒီအဆောက်အဦးကိုတော့ ရန်ကုန်မြို့ခံတွေကြားမှာ ချင်းချောင်းနန်းတော်လို့ လူသိများပါတယ်။ ချင်းချောင်းနန်းတော်ကို မူလပိုင်ဆိုင်တဲ့သူကတော့ လင်ချင်းချောင်းဆိုတဲ့ တရုတ်အမျိုးသား စီးပွားရေးလုပ်ငန်းရှင်ဖြစ်ပါတယ်။
ချင်းချောင်းနန်းတော်ကို လင်ချင်းချောင်းက ချမ်းသာကြွယ်ဝစဉ်အခါတုန်းက
ငွေကြေးအများအပြားအကုန်ကျခံ တည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။
ချင်းချောင်နန်းတော်ကို ၁၉၁၅ မှာ စတင်တည်ဆောက်ခဲ့ပြီးတော့ ၁၉၁၉ ခုနှစ်မှာ ပြီးစီးခဲ့တယ်။
ချင်းချောင်းနန်းတော်မှာ လက်ရာကောင်းမွန်တဲ့ ပန်းချီ ပန်းပုတွေ အများအပြား
ရှိပြီးတော့ ထူးခြားတဲ့ဗိသုကာလက်ရာကလည်း တစ်ခေတ်တစ်ခါက ခမ်းနားခဲ့တယ်ဆိုတာကို ညွှန်ပြနေပါတယ်။
ချင်းချောင်းနန်းတော်ကို တရုတ်သူဌေးတစ်ဦးဖြစ်တဲ့ Lim Chin Tsong က ရူပီးငွေ ၂ သန်း အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။
အနောက်တိုင်း ဥပရောပဗိသုကာလက်ရာနဲ့ တရုတ်မင်းဆက်တွေရဲ့ စံအိမ်
ဗိသုကာလက်ရာတွေ ပေါင်းစပ်ပြီးဆောက်လုပ်ခဲ့တဲ့ ချင်းချောင်းနန်းတော်ဟာ သူ့ခေတ်အခါက ခမ်းနားလှတဲ့ အဆောက်အဦးတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။
ဒီစံအိမ်ကြီးကို ပိုင်ဆိုင်တဲ့တရုတ်
သူဌေးကြီးဖြစ်တဲ့ လင်ချင်းချောင်းဟာ မြန်မာပြည်မှာ ဆန်တင်ပို့ခြင်း ရာဘာစိုက်ပျိုးထုတ်လုပ်ခြင်း သတ္တုတူးဖေါ်ခြင်းလုပ်ငန်း ပင်လယ်ကူးသင်္ဘော လုပ်ငန်းတွေလုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူအရမ်းကြွယ်ဝလာတာကတော့ ဘီအိုစီ ရေနံကုမ္ပဏီရဲ့ မြန်မာပြည်တစ်ဦးတည်း ရောင်းချခွင့်ကိုယ်စားလှယ်ဖြစ်ပြီးတော့ အလွန်အမင်းကြွယ်ဝလာခဲ့တာဖြစ်ပါတယ်။
သူဌေးကြီးလင်ချင်းချောင်းက သူ့ရဲ့ချင်းချောင်းနန်းတော်အတွက် လိုအပ်တဲ့ဆောက်လုပ်ရေးပစ္စည်းတွေကို တရုတ် အင်္ဂလန်နဲ့ အီတလီကနေ မှာယူတင်သွင်းပြီး နန်းတော်တမျှခမ်းနားတဲ့ ချင်းချောင်းနန်းတော် လို့ အမည်ပေးထားတဲ့အိမ်ကြီးကို ဆောက်လုပ်နေထိုင်ခဲ့တယ်။
ဒါပေမယ့် လောကဓံရဲ့ အထုအထောင်းတွေအောက်မှာ သူဌေးကြီးလင်ချင်းချောင်းဟာ ဆင်းရဲမွဲတေသွားခဲ့ပြီး သူဆောက်လုပ်ခဲ့တဲ့ ဒီအိမ်ကြီးပြီးဆုံးပြီး
၃ နှစ်အကြာမှာပဲ သေဆုံးခဲ့ပါတယ်။
တချို့ကတော့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တယ်လို့ ပြောကြတယ်။
ချင်းချောင်းနန်းတော်ဟာ မြန်မာ့နိုင်ငံရေး အနိမ့်အမြင့်အတက်ကျတွေကို အသုံးတော်ခံခဲ့တဲ့ အဆောက်အဦးတစ်ခုလည်း ဖြစ်ပါတယ်။ ချင်းချောင်းနန်းတော်ကို ၁၉၄၁ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အတွင်း မြန်မာနိုင်ငံကို ဂျပန်တို့အုပ်ချုပ်တုန်းကတော့ ရေဒီယို အသံလွှင့်ဌာနအဖြစ်
အသုံးပြုခဲ့တယ်။
လွတ်လပ်ရေးရပြီး ၁၉၅၀ ခုနှစ်မှာ ရှမ်းပြည်နယ်အစိုးရကဝယ်ယူပြီး ကမ္ဘောဇရိပ်သာအမည်နဲ့ နိုင်ငံတော်ဧည့်ဂေဟာ
အဖြစ် ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
ဒီနေ့ခေတ်မှာတော့ အနုပညာဦးစီးဌာနက ချင်းချောင်းနန်းတော်ကို ရုံးတခုနဲ့ အနုပညာသင်တန်းကျောင်းတခု ဖွင့်လှစ်ထားပါတယ်။
ဒီအဆောက်အဦးမှာ တန်ဖိုးကြီးမားတဲ့ ယဉ်ကျေးမှုလက်ရာတွေ အများအပြားတည်ရှိသလို ဗိသုကာလက်ရာကလည်း အံ့မခန်းဖြစ်တဲ့အတွက် လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသွားတွေနဲ့ ပြည်တွင်းခရီးသွားတွေရှိပါတယ်။
ကမ္ဘောဇရိပ်သာလို့ခေါ်တဲ့ ချင်းချောင်းနန်းတော်ဟာ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ကိုက်ညီမှုရှိပြီး ကိုလိုနီခေတ်ရဲ့ ရှားပါးလက်ရာတစ်ခုဖြစ်တဲ့အတွက် ယဉ်ကျေးမှုအမွေအနှစ်ဒေသ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံတည်ရှိရာ ဇုန်အဖြစ် ၂ဝ၁၅ ခုနှစ် ဇူလိုင် ၇ ရက် မှာ ယဉ်ကျေးမှုဝန်ကြီးဌာနက သတ်မှတ်
ထိန်းသိမ်း စောင့်ရှောက်ခဲ့ပါတယ်။
-----------------------------------
ဂျာရတ် ဒေါင်းနင်း ရေးထားတာက 👇
၁၉၂၀ ခုနှစ်တွင် ပြင်သစ်သံတမန် ဂျော့ဘင်ဂျမင် ကလီမင်ဆော (Georges Benjamin Clemenceau) သည် တရုတ် စီးပွားရေးလုပ်ငန်းရှင် လင်ချင်းချောင်း၏ ထူးခြားဆန်းပြားသော အိမ်ဂေဟာကြီးသို့ လာရောက်လည်ပတ်ခဲ့သည်။
သူဋ္ဌေးကြီး ချင်းချောင်းနှင့် ဂျင်အရက်သောက်ရင်း ရယ်ရယ်မောမော စကားစမြည်ပြောရန် ဖြစ်ကောင်းဖြစ်ခဲ့လိမ့်မည်။
ဤချင်းချောင်းနန်းတော်ဟောင်းသို့ ယခုအချိန်တွင် ကလီမင်ဆော နောက်တစ်ခေါက် အလည်အပတ် ရောက်ခဲ့ပါက ယခင်အဆောင်အယောင်များအား တစ်ခုမှ တွေ့ရတော့မည် မဟုတ်ဘဲ၊ အိမ်၏ ဧည့်ခန်းဖြစ်ခဲ့ဖူးသည့် နေရာတွင် ဖွင့်လှစ်ထားသော ပန်းချီပြခန်းလေး၌ ပျင်းရိငြီးငွေ့ဖွယ် ထိုင်နေကြသည့် ပြခန်းဝန်ထမ်း သုံးလေးယောက်ကိုသာ တွေ့ရတော့မည်ဖြစ်သည်။
အင်းလျားကန်၏ တောင်ဘက်၊ ရွှေတောင်ကြားရပ်ကွက်၏ သစ်ပင်ထိပ်ဖျားများပေါ်မှ ငွားငွားစွံ့စွံ့ ထိုးထွက်နေသော အဖြူနှင့် အစိမ်းရောင် ငါးထပ်မျှော်စင် အဆောက်အဦးကြီး၏ အခြားအခန်းများတွင် မည်သည့်အရာမှ မရှိတော့ပေ။
တစ်ချိန်က ရှိခဲ့မည့် Roll Royce ကားကြီးများ၊ ပါရှန်း ကော်ဇောကြီးများ၊ ကြွေပန်းအိုးများနှင့် ကျွန်းပရိဘောဂများ စသည်တို့ တစ်ခုမှ မရှိတော့ပေ။ ရေကန်လေးတစ်ခုနှင့် သစ်သားတံတားတစ်ခုမှလွဲ၍ လှပခမ်းနားသော ဥယျာဉ်ကြီးလည်း မရှိတော့ပေ။
မြန်မာနှင့် အင်္ဂလိပ် ပန်းချီ အနုပညာရှင်များ၏ ခမ်းနားလှသော နံရံဆေးရေးပန်းချီများနှင့် ရုပ်ကြွလက်ရာများကိုမူ လင်ချင်းချောင်း၏ မြီရှင်များက ခွာယူ မသွားနိုင်ခဲ့ကြချေ။ ထို့ကြောင့် ထိုလက်ရာများကို အပေါ်ထပ်ခိုး နံရံနှင့် ခန်းမအဝင် အခန်းငယ်တို့တွင် ဖုံအလိမ်းလိမ်းကပ်လျက်၊ တချို့မှာ ကွာကျလျက် မြင်တွေ့နေရသည်။
ထိုနန်းတော်မှာ အများပြည်သူနှင့် နီးနီးကပ်ကပ်မရှိဘဲ ဆင်ဝင်မုတ်ဦးကလည်း ကမ္ဘာအေးဘုရားလမ်း ကုန်းကျော်တံတားအောက်တွင် ပျောက်ကွယ်နေသည်။ သို့သော် ရန်ကုန်မြို့လယ် ကောင်းကင်ယံတွင် ထူးထူးခြားခြား တရုတ်ပုံစံ ချင်းချောင်းနန်းတော်ကို ရန်ကုန်သူ၊ ရန်ကုန်သားများ မြင်တွေ့နေရလေသည်။
သူ ထားရစ်ခဲ့သော အမွေမှာ သူဋ္ဌေးကြီး လင်ချင်းချောင်း မျှော်မှန်းသလို ဖြစ်မလာခဲ့ပေ။ ဗြိတိသျှကိုလိုနီ မြန်မာနိုင်ငံမှ ဆီ၊ ဆန် နှင့် ရာဘာတို့ကို နိုင်ငံခြားသို့ တင်ပို့ရင်း ကြွယ်ဝချမ်းသာသွားသော သူ၏ အောင်မြင်မှု သရဖူအဖြစ် ချင်းချောင်းမျှော်စင်ကြီးကို ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ပထမကမ္ဘာစစ်တွင် ဗြိတိသျှတို့အတွက် ရံပုံငွေ ကူညီ စုဆောင်းပေးသည့်အတွက် ဗြိတိသျှကိုလိုနီအစိုးရက လင်ချင်းချောင်းကို Order of the British Empire (OBE) ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် အပ်နှင်းခဲ့သည်ဟု သမိုင်းပညာရှင် AJH Latham ၏ မှတ်တမ်းတွင် တွေ့ရှိရသည်။
ယခုအခါ Myanmar Art Centre ၏ အနုပညာပြခန်း ဖြစ်နေပြီဖြစ်သော ချင်းချောင်းနန်းတော်သို့ Frontier ရောက်သွားသောအခါ ပြခန်းမန်နေဂျာက လင်ချင်းချောင်း ၏ ပုံပြင်များကို ပြန်ပြောင်း ပြောပြခဲ့သည်။
"သူက မြေအောက်ခန်းထဲမှာ ငွေစက္ကူပုံနှိပ်စက်တွေ ထားတယ်တဲ့။ မြေအောက်လိုဏ်ဂူ တူးထားပြီး အဲဒီလိုဏ်ဂူက အင်းလျားကန်အထိ ပေါက်တယ်။ လူသေအလောင်းတွေကို မြေအောက်ကနေတဆင့် အင်းလျားကန်ထဲ စွန့်ပစ်တယ်လို့ ပြောကြတယ်” ဟု မန်နေဂျာက ပြောပြလေသည်။
သူဋ္ဌေးကြီး လင်ချင်းချောင်းသည် မျှော်စင်ကြီးထိပ်ဆုံးပေါ်တက်ကာ ရန်ကုန်မြို့ကို မျှော်ငေးကြည့်ပြီး လိုချင်တပ်မက်စိတ်တွေ ဖြစ်ပေါ်နေလေ့ရှိသည်ဟူလည်း သူက ပြောလေသည်။
သို့သော် သူဋ္ဌေးကြီး ချင်းချောင်းသည် သူ၏ဇနီး (အမေရိကန်သူလျှို) ၏ လက်ထဲတွင် ရုတ်တရက် ကျဆုံးခန်းရောက်ခဲ့ရသည်။ သူကွယ်လွန်သွားသောအခါ သူ့အလောင်းထည့်ထားသော ခေါင်းတလားဘေးတွင် သူ၏ကြွေးရှင်များက ကြွေစာရင်းများကို ကိုင်ကာ တန်းစီနေတော့သည်။
သူကွယ်လွန်ပုံမှာ မြန်ဆန်လွန်းလှသည်။ သို့သော် လျှို့ဝှက်ကြံစည်မှုကြောင့် ဖြစ်ပုံမရပဲ စီးပွားကျသွားသောကြောင့်သာ ဖြစ်ပုံရသည်။ လင်ချင်းချောင်းက ဆန်များ ဝယ်လှောင်ကာ ဆန်ဈေးကွက်ကို လက်ဝါးကြီးအုပ်ရန် အရဲစွန့် ကြိုးစားခဲ့သည်။
သို့သော် ဗြိတိသျှအစိုးရက ဆန်ကို အိန္ဒိယနိုင်ငံမှလွဲ၍ ကျန်အခြားနိုင်ငံများသို့ တင်ပို့ခွင့်ကို ပိတ်ပင်လိုက်သည်။ ၁၉၂၃ ခုနှစ်တွင် ချုံးချုံးကျ စီးပွားပျက်သူတစ်ယောက်အဖြစ် လင်ချင်းချောင်း ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် သူ့နန်းတော်ကြီး တည်ဆောက်ပြီးစီးသည်မှာ ငါးနှစ်သာ ရှိသေးသည်။
သူဋ္ဌေးကြီး လင်ချင်းချောင်းသည် ဘဝနိဂုံး အဆုံးသတ်ကောင်းခဲ့ပုံမရချေ။ သို့သော် လင်ချင်းချောင်းဖလား ပိုလို ကစားပွဲကိုမူ ၁၉၂၇ ခုနှစ်အထိ ဆက်လက် ယှဉ်ပြိုင်နေခဲ့ကြကြောင်း သိရသည်မှာ ကြည်နူးဖွယ်ကောင်းလှသည်ဟု သမိုင်းရေးဆရာ Latham က ရေးသား မှတ်တမ်းပြုစုခဲ့သည်။
လင်ချင်းချောင်း၏ မျှော်စင်ကြီးကမူ အချိုးမကျ ဂွတီးဂွကျနှင့်ပင် ၂၀ ရာစုကို ဖြတ်ကျော်လာခဲ့ပြီး အမွေဆက်ခံရသော စစ်အာဏာရှင် အဆက်ဆက်ကလည်း မျှော်စင်ကြီးကို ဖြိုလည်း မဖြိုချလိုသလို ဘာလုပ်ရမည်ကိုလည်း မသိခဲ့ကြ၍ ယနေ့ထက်တိုင် ထူးထူးခြားခြား မြေစိုက် အမှတ်အသားတစ်ခုအဖြစ် ကျန်ရှိနေခဲ့သည်။
ဂျပန်ခေတ်ကမူ ထိုမျှော်စင်ကို အသံလွှင့်ရုံအဖြစ် အသုံးပြုခဲ့သည်။ ၁၉၅၀ ပြည့်လွန်နှစ်များတွင်မူ ကမ္ဘောဇရိပ်သာ အမည်ဖြင့် နိုင်ငံတော်ဧည့်ဂေဟာအဖြစ် အသုံးပြုခဲ့သည်။ ၁၉၆၀ ပြည့်လွန်နှစ်များတွင် စီးပွားရေးတက္ကသိုလ်နှင့် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များမှ ကျောင်းသူများအတွက် ဘော်ဒါဆောင် ဖြစ်ခဲ့ရပြန်သည်။
ယခုအခါ မြန်မာ့အနုပညာဗဟိုဋ္ဌာန (Myanmar Art Centre) အပြင် ရန်ကုန်မြို့၊ အစိုးရ အနုပညာကျောင်း (Yangon State School of Fine Arts) က အောက်ပိုင်းအထပ်များကို ပြခန်းအဖြစ် အသုံးပြုနေပါသည်။
-----------------------------------
မိုးဇွန် ရေးထားသည်မှာ 👇
ချင်းချောင်းနန်းတော် အောက်ထပ်ဆောင်မကြီးကို ကိုလိုနီခေတ်လက်ရာတိုက်အိမ်ပုံစံ တည်ဆောက်ထားပြီး အပေါ်တွင် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ရှိ Yihe Yuan နွေရာသီနန်းတော် မှ Fu Xiang ပွဲကြည့်ဆောင်ကို မှီငြမ်းထားသည်။
အောက်ပိုင်းကို အင်္ဂလိပ် အိမ်ကြီးရခိုင်ပုံစံယူထားပြီး အပေါ်ပိုင်းကို တရုတ် ဘုရားကျောင်းပုံစံကို ယူကာ အထက်သို့ ချွန်လျက် တည်ဆောက်ထားခြင်းဖြစ်သည်။ ၁၉၁၅ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တရုတ်ရိုးရာဆန်ဆန် အနီရောင်အုတ်များ၊ အုတ်ကြွပ်များဖြင့် ၂ နှစ်ကျော်ကြာ လက်ရာမြောက်စွာ တည်ဆောက်ခဲ့ရသည်။
အဆိုပါအဆောက်အအုံကို တည်ဆောက်စဉ်က ကုန်ကျစရိတ် ရူပီး ၂ သန်းကျော်အကုန်ကျခံတည်ဆောက်ခဲ့ပြီး ချင်းချောင်း နန်းတော်ကို ကောင်းကင် အမြင့်မှကြည့်လျှင် ကြယ်ပွင့် ပုံသဏ္ဍာန် မြင်ရရန် ဒီဇိုင်းထုတ်တည်ဆောက်ခဲ့ကြသည်ဟု အဆိုရှိသည်။
စာအုပ်စာတမ်းများတွင် ဖော်ပြထားချက်များအရ တရုတ်လူမျိုး သူဌေးကြီး လင်ချင်းချောင်း (Mr. Lim Chin Tsong) ကို တရုတ်ပြည် ဖူကျန့် (Fujian) ပြည်နယ်မှ မြန်မာပြည်သို့ ခြေချလာခဲ့သည့် မိသားစုမှ ၁၈၆၇ ခုနှစ် အောက်တိုဘာလ ၂၈ တွင် ဖွားမြင်သည်။
၎င်းမိသားသည် ရော်ဘာစိုက်ပျိုးရေးလုပ်ငန်း၊ အထည်အလိပ် လုပ်ငန်း၊ ဆီလုပ်ငန်း၊ ဆန်ကုန်သွယ်ရေး၊ သတ္တုတူးဖော်ခြင်းနှင့် ဘဏ်လုပ်ငန်းများဖြင့် မြန်မာ့စီးပွားရေးနယ်ပယ်တွင် အောင်မြင်မှုသရဖူ ဆောင်းနိုင်ခဲ့သူဖြစ်သည်။
လင်ချင်းချောင်းသည် ရန်ကုန်မြို့ရှိ စိန့်ပေါလ် ကျောင်း(ယခု ဗိုလ်တထောင် အထက ၆ ) နှင့် ရန်ကုန် ကောလိပ် တို့တွင် အင်္ဂလိပ်စာ ကောင်းစွာ တတ် မြောက်စေရန် ပညာသင်ယူခဲ့သူဖြစ်သည်။
၁၈၈၅ ခုနှစ်တွင် ဖခင်ဖြစ်သူ လင်ဆူဟင်းကွယ်လွန်သွားသည့်အခါ အသက် ၁၈ နှစ်သာရှိသေးသည့် လင်ချင်ချောင်းသည် ဖခင်၏ စီးပွားရေးလုပ်ငန်းများ ကို ဆက်ခံ လုပ်ကိုင်ခဲ့ သည်။
ထိုနှစ်မှာပင် သီပေါမင်းနှင့် မိဖုရားတို့ ပါတော်မူကာ မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှတို့ လက်အောက်သို့ ကျရောက်ခဲ့သည်။ ထို့ကြောင့် လင်ချင်းချောင်းသည် အင်္ဂလိပ်များနှင့် စီးပွားရေးယှဉ်ပြိုင် လုပ်ကိုင်ခဲ့ ရသည်။
ငယ်ရွယ်တက်ကြွသော လင်ချင်းချောင်း သည် ပင်လယ်ကူး သင်္ဘောများ ဝယ်ယူကာ သူ၏ စီးပွားရေးလုပ်ငန်းကို စင်္ကာပူ၊ ပီနန်၊ ဟောင်ကောင်၊ ကွမ်တုံ နှင့် အမွိုင် တို့အထိ တိုးချဲ့လုပ်ဆောင်ခဲ့သည်။
လန်ဒန်တွင် အခြေစိုက်သည့် ရေနံကုမ္ပဏီကြီး ဖြစ် သော ဘားမားရေနံ ကော်ပိုရေးရှင်း (BOC) က လင်ချင်းချောင်းအား ၁၈၉၁ ခုနှစ်တွင် ဒေသတွင်း တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ်ခန့်အပ်ခဲ့သည်။ ထို့ကြောင့် လင်ချင်းချောင်းသည်မြန်မာနိုင်ငံအတွင်းရေနံဖြန့်ဖြူးရေးကိုလုပ်ကိုင်ခဲ့ရုံသာမက ပီနန်၊ စင်္ကာပူ၊ ဟောင်ကောင် နှင့် အမွိုင် ဒေသများအထိ ရေနံဖြန့်ဖြူးရောင်းချနိုင်ခဲ့သည်။
ရေနံလုပ်ငန်းကြောင့် လင်ချင်းချောင်းသည် အလွန် ကြွယ်ဝလာခဲ့ကာ ရေနံ တင်သင်္ဘောများကို ပိုင်ဆိုင်ခဲ့သည်။ ရော်ဘာ၊ ဂွမ်း၊ ဆီစက်၊ ဓာတ်သတ္ထုတူးဖော်ရေးလုပ်ငန်းများကို တိုးချဲ့ လုပ်ကိုင်ခဲ့သည်။ ပင်လယ် ရပ်ခြားတွင် အခြေစိုက်သည့် တရုတ်လူမျိုးများထဲတွင် အချမ်းသာဆုံး တရုတ် လုပ်ငန်းရှင်တစ်ဦးဖြစ်လာခဲ့သည်။
လင်ချင်း ချောင်းသည် မြန်မာအမည် ပိုးဥ ခေါ် Tan Guat Tean နှင့် လက်ထပ် ခဲ့ ကာ သားသမီးရှစ်ဦးထွန်းကားခဲ့သည်။
လင်ချင်းချောင်းသည် ထည်ထည်ဝါဝါ နေထိုင်သူတစ်ယောက်ဖြစ်သကဲ့သို့ပရဟိတလုပ်ငန်းများတွင်လည်း သဒ္ဓါတရား ထက်သန်စွာ လှူဒါန်းသူ တစ်ယောက် ဖြစ်သည်။
ရန်ကုန်မြို့တွင် အင်္ဂလိပ်စာသင်ကြားရေးကျောင်းများ နှင့် အမျိုး သမီးဆေးရံတစ်ရုံ ဆောက်လုပ်ရန် ငွေများလှူဒါန်းခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် သူနှင့် သူ၏စီးပွားဖက်များက ရန်ကုန် မြို့တွင် အင်္ဂလိပ်နှင့် တရုတ်ကပြား ယောက်ျားလေးများနှင့် မိန်းကလေးများအတွက် Anglo Vernacular ကျောင်းများတည် ထောင် ခဲ့သည်။
၁၉၀၇ ခုနှစ်တွင် လင်ချင်းချောင်းကျောင်းဟု ထင်ရှားသည့် ကိုယ်ပိုင်ကျောင်းကို တည်ထောင် ခဲ့ သည်။ အဆိုပါကျောင်းမှ အင်္ဂလိပ် ဘာသာဖြင့် လေ့ကျင့်သင်ကြားပေးထားသည့် ပညာတတ် အမြောက်အမြား ပေါ်ထွက်ခဲ့ပြီး ရန်ကုန်မြို့ တွင် လာရောက်ပညာ သင်ယူကြသည့် ဟောင်ကောင်နှင့် မကာအိုမှ ကျောင်းသားများလည်း ပါဝင်သည်ဟု ဆိုပေသည်။
လင်ချင်းချောင်းသည် မြန်မာနိုင်ငံ ဥပဒေပြု ကောင်စီ၏အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ၁၉၁၉ ခုနှစ်တွင် ပထမကမ္ဘာစစ်အတွင်းက အစိုးရကို ငွေကြေးထောက်ပံ့မှုများပေးခဲ့သဖြင့် ဗြိတိသျှ အင်ပါယာ ဂုဏ်ထူး ဆောင်ဘွဲ့ (OBE) ချီးမြှင့်ခြင်းခဲ့ရသည်။
၁၉၂၁ ခုနှစ် တွင် ဗြိတိသျှ အစိုးရက အိန္ဒိယနိုင်ငံမှအပ အခြားနိုင်ငံများသို့ ဆန်တင်ပို့ ရောင်းချခြင်းကို ပိတ်ပင်လိုက်သည့်အခါ မြန်မာနိုင်ငံ၏ ဆန်ဈေး ကွက် ပျက်ခဲ့ရကာ လင်ချင်းချောင်း၏ စီးပွားရေးလုပ်ငန်းများ ရပ်တံ့ခဲ့သည်။ လင်ချင်းချောင်း၏ဆန် ရောင်းဝယ်မှုလုပ်ငန်း ပျက်စီးသွားခဲ့ သည်။
ရုတ်ခြည်း စီးပွားကျခဲ့ကာ သူ၏ ရိုးရွိုက်စ်ကားများ အပါအဝင် ပိုင်ဆိုင်မှုများကို ရောင်းချခဲ့ရပြီး မိတ်ဆွေ များထံ မှ ငွေ ချေး ငှားရသည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည်။ထိုအချိန်မှာပင် ပင်လယ်ကူးမီးသင်္ဘောနစ်မြုပ်မှုများနှင့် ထပ်မံရင်ဆိုင် ရပြန်သည်။ လင်ချင်းချောင်းသည် မိမိနှင့် ပူးပေါင်းလုပ်ကိုင်ခဲ့သူတို့၏ လိမ်လည်မှုများ၊မှားယွင်းစွာချုပ်ဆိုမိခဲ့သောစာချုပ်များကြောင့် သူ၏ကုမ္ပဏီသည် အကြွေးများဖြင့် ပတ်လည်ဝိုင်းခဲ့သည်။
တစ်ချိန်က အလွန် ချမ်းသာကြွယ်ဝ ခဲ့ သော တရုတ်သူဌေးကြီး လင်ချင်းချောင်း၏ နောက်ဆုံးနေ့ ရက်များသည် ဆင်းရဲ သား လူမွဲတစ်ယောက် အဖြစ် ဘဝနိဂုံးချုပ်ခဲ့ရသည်။
လင်ချင်းချောင်းသည် ချင်းချောင်းနန်း တော် ကြီး ဖွင့်လှစ်ပြီး သုံး နှစ်အကြာ ၁၉၂၃ ခု နှစ်၊ နိုဝင်ဘာလ ၅ ရက်တွင် နှလုံးရောဂါဖြင့် အိပ်ပျော်နေစဉ် ကွယ်လွန်ခဲ့သည်။ ၁၉၂၄ ခုနှစ် ဇွန်လ ၁၀ ရက်တွင် ချင်းချောင်း နန်းတော် ကို ဒေဝါလီခံ ကြွေးသိမ်းပစ္စည်းအဖြစ်ကြေညာခဲ့သည်။
ချင်းချောင်းနန်းတော်သည် ဂျပန် လူမျိုး ကြွေးရှင်တစ်ယောက်၏လက်သို့ ပထမဆုံး ရောက်ရှိသွားပြီး ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ် အတွင်း မြန်မာနိုင်ငံကို ဂျပန်တို့ အုပ်စိုးထားစဉ် ရေဒီယို အသံလွှင့်ဌာနအဖြစ် အသုံးပြုခဲ့သည်။
နောက်ပိုင်းတွင် အိန္ဒိယ လူမျိုး စီးပွားရေးသမားများ လက်အောက်သို့ ရောက်ရှိသွားပြီး ၁၉၅၁ ခုနှစ်တွင် နိုင်ငံတော်ပိုင် ကမ္ဘောဇရိပ်သာ ဖြစ်လာခဲ့ကာ ၁၉၈၈ ခုနှစ် အထိ လမ်းစဉ်လူငယ် စည်းရုံးရေး ဗဟိုကော်မတီ ဌာနချုပ် အဖြစ် ဖွင့်လှစ်ခဲ့သည်။ ယင်းနောက်တွင် ယဉ်ကျေးမှု ဝန်ကြီး ဌာနက ထိန်းသိမ်းထားခဲ့သည်။
-----------------------------------
Shwe Mandalay Express မှာ ရေးထားတာ 👇
ချင်းချောင်နန်းတော်ကို ၁၉၁၇ က စတင်တည်ဆောက်ခဲ့သည်။ ၁၉၁၉ ခုနှစ်တွင် တည်ဆောက်မှု ပြီးစီးခဲ့သည်။
ချင်းချောင်းနန်းတော်ကို Lim Chin Tsong က ရူပီးငွေ ၂ သန်း အကုန်အကျခံ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
လင်း မိသားစုသည် ၁၈၆၁ တွင်တရုပ်ပြည် ဖူကျင့်ပြည်နယ် မှယူနန်ပြည်နယ်ကိုဖြတ်ကျော်ကာ မြန်မာပြည်တွင် အခြေချ နေထိုင်ခဲ့ကြသည်။
မြန်မာပြည်ကို အင်္ဂလိပ် က အန္ဒိယ လက်အောက်ခံပြည်နယ် အဖြစ်သာသတ်မှတ်၍ စီးပွားရေးလုပ်ငန်းသုံး ဘာသာစကားမှာ ဟင်ဒီ နှင့် အင်္ဂလိပ် ဖြစ်သဖြင့် လင်း ဖခင်သည် လင်းကို ရန်ကုန် စိန်ပေါ ကျောင်းတွင်ထားခဲ့သည်။ စိန်ပေါကျောင်းတွင် ထူးချွန်သောသူဖြစ်ပြီး ရန်ကုန်ကောလိပ် တွင် ဆက်လက် ပညာသင်ယူခဲ့သည်။ လင်း ဖခင်ကွယ်လွန်ပြီးနောက် မိသားစုလုပ်ငန်းကို
ဦးဆောင်လုပ်ကိုင်ခဲ့သည်။
ဆန်ရောင်းဝယ်ရေး နှင့် ပြည်ပတင်ပို့ခြင်း ၊ ရာဘာစိုက်ပျိုး ထုတ်လုပ်ခြင်း ၊ သတ္တုတူးဖေါ်ခြင်း လုပ်ငန်းများ အပြင် ရေနွေးငွေ့ သုံး ပင်လယ်ကူး သင်္ဘောများ တည်ထောင်ကာ နိုင်ငံတာကာ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ခြင်း လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။
ထိုနောက် ဘီအိုစီ ရေနံကုမ္ပဏီ ၏ မြန်မာပြည် တစ်ဦးတည်း ရောင်းချခွင့်ကိုယ်စားလှယ်နှင့် အထက်မြန်မာပြည် ရေနံချောင်း ၊ချောက် ရေနံထုတ်လုပ်ရာမှ ကော်မရှင်ရ သဖြင့် သူကြွယ်တိုက်ကွန်း အဖြစ် ကြွယ်၀ ချမ်းသာလာသည်။
ချင်းချောင်းနန်းတော်အတွက် လိုအပ်သော ဆောက်လုပ်ရေးပစ္စည်းများကို တရုပ်၊ အင်္ဂလန်၊ အီတလီ မှတင်သွင်း တည်ဆောက်ခဲ့သည်။ တရုပ်မင်းဆက်တို့၏ အဆောက်အဦး ပုံစံ နှင့် ဥရောပ ဗိသုကာ လက်ရာတို့ ပေါင်းစပ် တည်ဆောက်ခဲ့သည်။
အဆောက်အဦး ပြီးစီးသောအခါ အဆောက်အဦးတွင် လူကုံထံ များသာပါဝင်သော ပါတီပွဲများသာ လက်ခံ ကျင်းပ ခဲ့သည်။
အင်္ဂလိပ် တို့၏ ဦးနာအောက် ကဲ့သို့ တိုင်းရင်းသား လုပ်ငန်းရှင်များ ကြီးထွားမှုကို မလိုလားခြင်းဖြင့်သော်၎င်း ၊ လင်း၏ လောင်းကစား နှင့် အသုံးဖြုန်းကြီးမှုကြောင်၎င်း၊ အင်္ဂလိပ်က ဆန်တင်ပို့မှုကို မြန်မာပြည်မှ တင်ပို့ခွင် ပိတ်သိမ်းလိုက်သည်။
ထိုနောက် ဘီအိုစီ ကုမ္ပဏီမှ ကိုယ်စားလှယ် ရုပ်သိမ်းလိုက်သည်။ လင်း စီးပွားပျက်သွားပြီး ချင်းချောင်းနန်းတော်ကို အင်္ဂလိပ်တို့ကသိမ်းယူလိုက်ကာ အဖိုးတန် ရှေးဟောင်း ပန်းချီ ၊ ပစ္စည်းများကို အကြွေးရှင်များက သိမ်းယူသွားခဲ့သည်။
အချို့က ချင်းချောင်း နန်းတော် အောက်တွင် အင်းယားကန် အထိ လျို့ဝှက် လှိုင်ဂူ ဖောက်ထားရာ လင်း၏ ချစ်သူ အမေရိကန် စုံထောက် အမျိုးသမီးက ငွေအတုလုပ်သည်ဟု ဖေါ်ထုတ်ခဲ့သည်။ တရုပ်နွယ်ဖွား အသိုင်းအဝိုင်းက လင်းသည် ယခုအဆောက် အဦးဆောက်လုပ်ပြီး အနေအထိုင် မဆင်ခြင်မှု၊ မာနထောင်လွားမှု ကြောင့် ကျဆုံးရခြင်းဖြစ်သည်ဟုဆိုသည်။
အဆောက်အဦး တည်ဆောက်ပြီး
၁၉၂၃ တွင် လင်း သေဆုံးသွားခဲ့သည်။ ကိုယ်ကိုကိုယ် အဆုံးစီရင် သွားခဲ့သည်ဟု လည်းဆိုသည် ။
ဂျပန်ခေတ် တွင် ချင်းချောင်းနန်းတော်ကို အသံလွင့်ရုံ All Burma Broadcasting Station အဖြစ် အသုံးပြုခဲ့သည်။
လွတ်လပ်ရေး ရပြီးနောက် အစိုးရက ကမ္ဘောဇ ရိပ်သာ ဟော်တယ် အဖြစ် ဖွင့်ခဲ့သည်။
၁၉၆၀ လွန်နှစ်များတွင် စီးပွားရေး တက္ကသိုလ် အမျိုးသမီး အဆောင် အဖြစ် အသုံးပြုခဲ့သည်။
ယနေ့ခေတ်တွင် အနုပညာ ကျောင်းအဖြစ် ဖွင့်လှစ် ထားသည်။
———————————————
မောင်သာ (ရှေးဟောင်းသုတေသန) ရေးထားသည်မှာ 👇
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ၊ ကမ္ဘာအေးစေတီလမ်း အမှတ်(၁၃၁)တွင် တည်ရှိသည့် ကမ္ဘောဇရိပ်သာ ဟု ထင်ရှားသောချင်းချောင်းနန်းတော်သည် သက်တမ်း နှစ် တစ်ရာပြည့်ခဲ့ပြီဖြစ်သည်။
ချင်းချောင်းနန်းတော်ကို မြန်မာနိုင်ငံတွင် အခြေချနေထိုင်ခဲ့သည့် တရုတ်လူမျိုး မစ္စတာ လင်ချင်းချောင်း(Mr. Lim Chin Tsong)က ၁၉၁၅ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။
အနီရောင်အုတ်များ၊ အစိမ်းရောင်အုတ်ကြွပ်များဖြင့် တည်ဆောက် ထားသည့် အထပ် ငါး ထပ်ပါဝင်သော ပေ ၁၂၀ မြင့်သည့် ချင်းချောင်း နန်းတော် အဆောက်အအုံ သည် တရုတ်နိုင်ငံ၊ဘေဂျင်းမြို့ရှိ Yihe Yuan နွေရာသီနန်းတော် မှ Fu Xiang ပွဲကြည့်ဆောင် နှင့် ပုံသဏ္ဍာန် ဆင်တူသည်။
ချင်းချောင်းနန်းတော်သည် အရှေ့တိုင်း နှင့် အနောက်တိုင်း ဗိသုကာ ဒီဇိုင်းများ ကို ပေါင်းစပ်တည်ဆောက်ထားသည့် ကိုလိုနီခေတ် လက်ရာအဆောက်အအုံ ဖြစ်သည်။ ကောင်းကင် အမြင့်မှကြည့်လျှင် ကြယ်ပွင့် ပုံ သဏ္ဍာန် မြင်ရ သည့် ချင်းချောင်းနန်းတော်ကို နှစ် နှစ် ကျော်ကြာ တည်ဆောက်ခဲ့ရပြီး ရူပီးငွေ နှစ် ဒသမ နှစ်သန်း ကျော် ကုန်ကျခဲ့ ကာ ၁၉၁၈ ခုနှစ်တွင်ပြီးစီးခဲ့သည်။
ချင်းချောင်းနန်းတော်သည် အောက်ပိုင်းကို အင်္ဂလိပ် အိမ်ကြီးရခိုင်ပုံစံယူထားပြီး အပေါ်ပိုင်းကို တရုတ် ဘုရားကျောင်းပုံစံ ယူကာ အထက်သို့ ချွန်လျက် တည်ဆောက်ထားသည်။
အဆောက်အအုံ တစ်ခုမှာပင်အနောက်တိုင်း နှင့် အရှေ့တိုင်းပုံစံ နှစ်မျိုးကို ထူးထူး ခြားခြား ယှဉ်တွဲ ထားသည့် ပုံစံဖြစ်သည်။နန်းတော် အထက်တွင် အင်္ဂလိပ်ပုံစံ ရာသီဥတု နှင့် လေတိုက်နှုန်း ညွှန်းတံ ဇာမဏီ ငှက်ရုပ်လေး တစ်ခုတပ်ဆင်ထားကာ အဆောက်အအုံတွင် ပြူတင်းပေါက်အများအပြားထည့်သွင်းထားသည်။(၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းကြောင့် ယခုအခါတွင် ထို ငှက်ရုပ်ကလေးမရှိတော့ပါ)။
နန်းတော် ရှေ့ ပန်းဥယျာဉ်အား သန့်ရှင်းသပ်ရပ်သော အင်္ဂလိပ်ပုံစံ ပန်းခြံ အဖြစ်ဖန်တီးထားသည်။ ဒုတိယထပ်တွင် ဥယျာဉ်တစ်ခုလုံးကို ပတ်ပတ်လည် မြင်နိုင်သည့် လသာဆောင်ကို ထည့်သွင်း တည် ဆောက်ထားသည်။
မစ္စတာ လင်ချင်းချောင်းသည် နန်းတော် ဟု တင်စားခေါ်ဆိုသည့် သူ၏နေအိမ်ကြီးကို တရုတ် နှင့် အီတလီနိုင်ငံမှ မှာယူခဲ့ သော ပစ္စည်းများဖြင့် အလှဆင်ခဲ့သည်။ အဆောက်အုံ အတွင်းပိုင်းဒီဇိုင်းများ ပြုလုပ်ရန် အင်္ဂလန်နိုင်ငံမှ ထင်ရှားသည့် အင်္ဂလိပ် လူမျိုး ပန်းချီဆရာ Ernest Procter နှင့် ဇနီးဖြစ်သူ ပန်းချီဆရာမ Dod Procter တို့ ကို ဖိတ်ခေါ်ခဲ့သည်။ အဆောက်အအုံ အတွင်း ပိုင်း နံရံပန်းချီများကို ယင်းအင်္ဂလိပ် ပန်းချီ ဆရာ မောင်နှံ က ရေးဆွဲခဲ့သည်။
လင်ချင်းချောင်းသည် သူ၏ ချင်းချောင်းနန်းတော်တွင် ဧည့်ခံပွဲများစွာ ကျင်းပပြုလုပ်ခဲ့ရာ၁၉၂၀ ပြည့်နှစ်တွင် အရှေ့တောင် အာရှသို့ ခရီးထွက်လာသော ပြင်သစ်ဝန်ကြီးချုပ် Georges Clemenceau မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့စဉ် လင်ချင်းချောင်းက ပြင်သစ် ဝန်ကြီးချုပ်အား ချင်းချောင်းနန်းတော်သို့ ဖိတ်ခေါ်ဧည့်ခံခဲ့သည်။ ကမ္ဘာကျော် စာရေးဆရာ မောလင်ကောလစ်သည် လင်ချင်းချောင်း ကွယ်လွန် ပြီးနောက် ချင်းချောင်းနန်းတော်သို့ လာရောက်လည်ပတ်ခဲ့ဖူးသည်။
မောရစ်ကောလစ်က ချင်းချောင်းနန်းတော်၌ တရုတ် ကြွေထည်များ၊ ပါရှန်း ကောဇောများ၊ ကြေးသွန်း စည်ကြီးများ၊ ပြောင်လက်နေသောကြမ်းခင်းများ၊ အဖြူရောင်အမွှေးပွ ခွေးလေး တစ်ကောင် တို့နှင့် အတူ့် မြန်မာပန်းချီဆရာကြီး ဦးဘဉာဏ် ၏ လက်ရာပန်းချီကား ကို တွေ့ရှိခဲ့ရကြောင်း သူ၏ “နေဝင် ဘုရင်များ” စာအုပ် တွင် ရေးသားခဲ့ သည်။
လင်ချင်းချောင်းသည် တရုတ်လူမျိုး စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်ပြီး ရော်ဘာစိုက်ပျိုးရေးလုပ်ငန်း၊အထည်အလိပ် လုပ်ငန်း၊ ဆီလုပ်ငန်း၊ ဆန်ကုန်သွယ်ရေး၊ သတ္တုတူးဖော်ခြင်းနှင့် ဘဏ်လုပ်ငန်း များကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ လင် ချင်းချောင်းအား တရုတ်နိုင်ငံ ဖူကျန့် (Fujian) ပြည်နယ်မှ မြန်မာနိုင်ငံသို့ ၁၈၆၁ ခုနှစ်တွင် ပြောင်းရွှေ့ အခြေ ချခဲ့ သည့် တရုတ် လူမျိုး လင်ဆူဟင်း (Lim Soo Hean) က ၁၈၆၇ ခုနှစ် အောက်တိုဘာလ ၂၈ ရက်တွင်မွေးဖွားခဲ့သည်။ လင်ချင်းချောင်း၏ ဖခင် သည် ရန်ကုန်မြို့သို့ ရောက်ရှိ လာပြီးနောက် ဆန်နှင့် စိုက်ပျိုးရေး ထွက်ကုန် များ အရောင်းအဝယ်လုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။
ယင်းအချိန်သည် ဗြိတိသျှတို့က အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် အထက် မြန်မာနိုင်ငံကို ဆက်လက် သိမ်းပိုက် ရန် ကြံစည်နေချိန်ဖြစ်သည်။ လင်ဆူဟင်းသည် အင်္ဂလိပ်များနှင့် စီးပွားရေးယှဉ်ပြိုင် လုပ်ကိုင်ခဲ့ရာတွင် အဓိက ရင်ဆိုင်ခဲ့ရသည့် အခက် အခဲတစ်ခုဖြစ်သည့် ပညာရေး အားနည်းမှုကို ကောင်းစွာ သဘောပေါက် သိရှိခဲ့သဖြင့် မိမိ၏ သားဖြစ်သူ လင်ချင်းချောင်းကို ရန်ကုန်မြို့ရှိ စိန့်ပေါလ် ကျောင်း(ယခု ဗိုလ်တထောင် အထက ၆ ) နှင့် ရန်ကုန် ကောလိပ် တို့တွင် အင်္ဂလိပ်စာ ကောင်းစွာ တတ် မြောက်စေရန် ပညာသင်ယူစေခဲ့သည်။
၁၈၈၅ ခုနှစ်တွင် လင်ဆူဟင်းကွယ်လွန်သွားသည့်အခါ အသက် ၁၈ နှစ်သာရှိသေးသည့် လင်ချင်ချောင်းသည် ဖခင်၏ စီးပွားရေးလုပ်ငန်းများ ကို ဆက်ခံ လုပ်ကိုင်ခဲ့ သည်။ ထိုနှစ်မှာပင် သီပေါမင်းနှင့် မိဖုရားတို့ ပါတော်မူကာ မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှတို့ လက်အောက်သို့ ကျရောက်ခဲ့သည်။
ထို့ကြောင့် လင်ချင်းချောင်းသည် အဂံလိပ်များနှင့် စီးပွားရေးယှဉ်ပြိုင် လုပ်ကိုင်ခဲ့ ရသည်။ ငယ်ရွယ်တက်ကြွသော လင်ချင်းချောင်း သည် ပင်လယ်ကူး သင်္ဘောများ ဝယ်ယူကာ သူ၏ စီးပွားရေးလုပ်ငန်းကို စင်္ကာပူ၊ ပီနန်၊ ဟောင်ကောင်၊ ကွမ်တုံ နှင့် အမွိုင် တို့အထိ တိုးချဲ့လုပ်ဆောင်ခဲ့သည်။လန်ဒန်တွင် အခြေစိုက်သည့် ရေနံကုမ္ပဏီကြီး ဖြစ် သော ဘားမားရေနံ ကော်ပိုရေးရှင်း (BOC) က လင်ချင်းချောင်းအား ၁၈၉၁ ခုနှစ်တွင် ဒေသတွင်း တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ်ခန့်အပ်ခဲ့သည်။
ထို့ကြောင့် လင်ချင်းချောင်းသည်မြန်မာနိုင်ငံအတွင်းရေနံဖြန့်ဖြူးရေးကိုလုပ်ကိုင်ခဲ့ရုံသာမက ပီနန်၊စင်္ကာပူ၊ ဟောင်ကောင် နှင့် အမွိုင် ဒေသများအထိ ရေနံဖြန့်ဖြူးရောင်းချနိုင်ခဲ့သည်။
ရေနံလုပ်ငန်းကြောင့် လင်ချင်းချောင်းသည် အလွန် ကြွယ်ဝလာခဲ့ကာ ရေနံ တင်သင်္ဘောများကို ပိုင်ဆိုင်ခဲ့သည်။ ရော်ဘာ၊ ဂွမ်း၊ဆီစက်၊ ဓာတ်သတ္ထုတူးဖော်ရေးလုပ်ငန်းများကို တိုးချဲ့ လုပ်ကိုင်ခဲ့သည်။ပင်လယ် ရပ်ခြားတွင် အခြေစိုက်သည့် အချမ်းသာဆုံး တရုတ်လူမျိုး လုပ်ငန်းရှင်တစ်ဦးဖြစ်လာခဲ့သည်။
လင်ချင်း ချောင်းသည် မြန်မာအမည် ပိုးဥခေါ် Tan Guat Tean နှင့် လက်ထပ် ခဲ့ ကာ သားသမီးရှစ်ဦးထွန်းကားခဲ့သည်။
လင်ချင်းချောင်းသည် ထည်ထည်ဝါဝါ နေထိုင်သူတစ်ယောက်ဖြစ်သကဲ့သို့ပရဟိတလုပ်ငန်းများတွင် လည်းသဒ္ဓါတရား ထက်သန်စွာ လှူဒါန်းသူ တစ်ယောက် ဖြစ်သည်။
ရန်ကုန်မြို့တွင် အင်္ဂလိပ်စာသင်ကြားရေးကျောင်းများ နှင့် အမျိုး သမီးဆေးရံတစ်ရုံ ဆောက်လုပ်ရန် ငွေများလှူဒါန်းခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် သူနှင့် သူ၏စီးပွားဖက်များက ရန်ကုန် မြို့တွင် အင်္ဂလိပ်နှင့် တရုတ်ကပြား ယောက်ျားလေးများနှင့် မိန်းကလေးများအတွက် Anglo Vernacular ကျောင်းများတည် ထောင် ခဲ့သည်။
၁၉၀၇ ခုနှစ်တွင် လင်ချင်းချောင်းကျောင်းဟု ထင်ရှားသည့် ကိုယ်ပိုင်ကျောင်းကို တည်ထောင် ခဲ့ သည်။ အဆိုပါကျောင်းမှ အင်္ဂလိပ် ဘာသာဖြင့် လေ့ကျင့်သင်ကြားပေးထားသည့် ပညာတတ် အမြောက်အမြား ပေါ်ထွက်ခဲ့ပြီး ရန်ကုန်မြို့ တွင် လာရောက်ပညာ သင်ယူကြသည့် ဟောင်ကောင်နှင့် မကာအိုမှ ကျောင်းသားများလည်း ပါဝင်သည်ဟု ဆိုပေသည်။
လင်ချင်းချောင်းသည် မြန်မာနိုင်ငံ
ဥပဒေပြု ကောင်စီ၏အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ၁၉၁၉ ခုနှစ်တွင် ပထမကမ္ဘာစစ်အတွင်းက အစိုးရကို ငွေကြေးထောက်ပံ့မှုများပေးခဲ့သဖြင့် ဗြိတိသျှ အင်ပါယာ ဂုဏ်ထူး ဆောင်ဘွဲ့ (OBE) ချီးမြှင့်ခြင်းခဲ့ရသည်။
၁၉၂၁ ခုနှစ် တွင် ဗြိတိသျှ အစိုးရက အိန္ဒိယနိုင်ငံမှအပ အခြားနိုင်ငံများသို့ ဆန်တင်ပို့ ရောင်းချခြင်းကို ပိတ်ပင်လိုက်သည့်အခါ မြန်မာနိုင်ငံ၏ ဆန်ဈေး ကွက် ပျက်ခဲ့ရကာ လင်ချင်းချောင်း၏ စီးပွားရေးလုပ်ငန်းများ ရပ်တံ့ခဲ့သည်။ လင်ချင်းချောင်း၏ဆန် ရောင်းဝယ်မှုလုပ်ငန်း ပျက်စီးသွားခဲ့ သည်။
ရုတ်ခြည်း စီးပွားကျခဲ့ကာ သူ၏
ရိုးရွိုက်စ်ကားများ အပါအဝင် ပိုင်ဆိုင်မှုများကို ရောင်းချခဲ့ရပြီး မိတ်ဆွေ များထံ မှ ငွေ ချေး ငှားရသည့် အနေအထားသို့ ရောက်ရှိသွားခဲ့သည်။ထိုအချိန်မှာပင် ပင်လယ်ကူးမီးသင်္ဘောနစ်မြုပ်မှုများနှင့် ထပ်မံရင်ဆိုင် ရပြန်သည်။ လင်ချင်းချောင်းသည် မိမိနှင့် ပူးပေါင်းလုပ်ကိုင်ခဲ့သူတို့၏ လိမ်လည်မှုမျ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Macros Drive, Villa Lourdes Subdivision
Lipa City
4217
Opening Hours
| Monday | 11am - 10pm |
| Tuesday | 11am - 10pm |
| Wednesday | 11am - 10pm |
| Thursday | 11am - 10pm |
| Friday | 11am - 10pm |
| Saturday | 11am - 10pm |
| Sunday | 11am - 10pm |