Merit
18/06/2020
Merit ရဲ့ပထမဆုံးပိုစ့်လေးမှကြ်ုဆိုပါတယ်.ဒီပိုစ်လေးမှာ Admin ဘယ်သူဆိုတာရယ် ဒီပေ့ချ့်လေးကိုတည်ထောင်ရတဲ့ရည်ရွယ်ချက်ရယ် Merit က သင်တို့ကိုဘယ်လိုကူညီပေးနိုင်တယ်ဆိုတာလေးတွေကိုတင်ပြပေးချင်ပါတယ်.
Merit ရဲ့ Admin ကခုလောလောဆယ် နယ်သာလန်နိုင်ငံမှာနေထိုင်နေပြီး ငါးနှစ်တာ ပညာဆည်းပူးခဲ့သူဖြစ်ပါတယ်. နယ်သာလန် နိုင်ငံရဲ့ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် ၁၀၀ အဆင့်ဝင် University of Groningen ကနေ ဥပဒေပညာရပ် ဘွဲ့ကြိုနဲ့ဘွဲ့လွန်ဘွဲ့ များကိုရရှိထားပါတယ်.
Admin ကျောင်းလျှောက်ခဲ့စဉ်က ကိုယ့်ဘာသာကိုယ် ကျောင်းရှာ သင့်တော်တဲ့ဘာသာရပ်ရှာ motivation letter ရေး ဗီဇာလျှောက် စသည်စသည်ဖြင့်အင်မတန်ကိုမှ စိတ်ရှုပ်ခဲ့ရပါတယ်. အားလုံးအဆင်ပြေချောမွေ့ခဲ့ပေမယ့်လည်း တိုင်ပင်ဆွေးနွေးပြီးကူညီပေးနိုင်တဲ့သူရှိရင်ပိုအဆင်ပြေမှာဘဲလို့တွေးမိပါတယ်. အဲ့တာကြောင့်နိုင်ငံခြားကျောင်းလျှောက်ချင်တာဘဲဖြစ်ဖြစ် ပြည်တွင်းအလုပ်လျှောက်ချင်သူဘဲဖြစ်ဖြစ် စကော်လာလျှောက်ချင်သူ ဖြစ်ဖြစ် မောင်လေးညီမလေးတို့ရဲ့ရည်ရွယ်ချက်များအဆင်ပြေချောမွေ့စေရန် ရည်ရွယ်ချက်နဲ့ဒီပေ့ချ်လေးကိုထောင်ဖြစ်ပါတယ်.
Merit ကကူညီပေးနိုင်တဲ့အရာတွေကတော့ CV နဲ့ Cover Letter စစ်ပေးခြင်း, ကိုယ်တိုင်ရေးဖို့ဘာသာစကားအခက်အခဲဖြစ်နေသူများအတွက် လျှောက်ထားလိုတဲ့တက္ကသိုလ်, ဘာသာရပ် သို့ အလုပ်နဲ့ ကိုက်ညီမည့် CV နဲ့ Cover Letter ရရှိနိုင်ရန်ကူညီပေးခြင်း, အင်တာဗျူးဖြေဆိုနိုင်ရန် (အောလိုင်းမှ) ပြင်ဆင်ပေးခြင်းတို့ဖြစ်ပါတယ်. ဒါ့အပြင်နယ်သာလန်နိုင်ငံမှာကျောင်းတက်ချင်တဲ့သူတွေအတွက် ကျောင်းရွေး ကျောင်းလျှောက်မှအစ ဗီဇာနဲ့နေအိမ်အဆုံးကူညီပေးနိုင်ပါသေးတယ်.
မိမိ အလိုရှိတဲ့ဝန်ဆောင်မူ့ကိုသာ မက်ဆေ့ချ်ပို့လိုက်ပါနော်. မောင်ညီမလေးတို့ စိတ်ကျေနပ်စေရမဲ့ ဝန်ဆောင်မှုမျိုးကို စျေးနှုန်းသက်သာစွာရရှိနိုင်ဖို့ Merit ကတာဝန်ယူပါတယ်.
သိချင်တာရှိရင် မက်ဆေ့ချ်ပို့ပြီးလှမ်းမေးလိုက်နော်.
အောင်မြင်ကြပါစေ.
Admin, Merit.
Klik hier om uitgelicht te worden.
Contact de scholen
Website
Adres
Westerhavenstraat 1E
Groningen
9718AJ