JOR RED
အဆင်းရဲဆုံးနိုင်ငံဖြစ်သွားလို့အားမငယ်ကြပါနဲ့...အတူငတ်ကြတာပေါ့😒
23/07/2022
ငါတို့အတွက်မေးစရာမလိုပါဘူး သားရီးရာ..မင်းတို့အဆင်ပြေရင်ကြေနပ်ပါတယ်😊
မြိုင်...
တန်ခိုးကြီးပါတယ်ဆိုတဲ့ နာမည်ကြီးဘုရားတွေ
အများကြီးရှိတဲ့ဒေသဟာ....
အင်အားကြီးမားပါတယ်ဆိုတဲ့ စခတပ္ကို
ရတဲ့လက်နက်နဲ့ခုခံတော်လှန်ရင်း...
ဗိုလ်လက်ယာ ဗိုလ်လက်ဝဲ
မြိုင်ရာဇာ တြတ္ပီ တို့လို့
ခေါင်းဆောင်ကောင်းတွေနဲ့
နာမည်ကြီးသူရဲကောင်းတပ်ရင်းတပ်ဖွဲ့တွေ
အများကြီး ရှိလာခဲ့မြိုင် -
ဈေးကြီးတာကို ဈေးတန်တယ်လို့
ပြောလေ့ရှိတဲ့ အညာသားတွေဟာ..
သိန်း20လောက်သာ ဈေးရှိခဲ့တဲ့
သေနက်တလက်ကို ...
သိန်းတစ်ရာကျော်ပေးပြီး
ဝယ်ကိုင်ရတာတောင်...
မအလနဲ့စခတွေကို ပစ်ပြီး ငရဲပို့ခွင့်ရတာမို့
တန်တယ် တန်တယ်ပြောတာ မြိုင် -
မုန္လာဥနီကို ခါကြက်ဥလို့ ခေါ်ခဲ့တဲ့
အညာဒေသဟာ...
ကျည်ဆံကို နှုတ်ခမ်းနီဆိုပြီး ခေါ်တတ်ခဲ့ပြီ။
ငှက်သိုက် မုန့်ကို အာတာပူစီလို့ခေါ်ပြီး
ငှက်သိုက် မုန့် လို့ပြောလိုက်တာနဲ့
ပြင်ဦးလွင်ကလုပ်တဲ့ စံဂျူးမုန့်ကိုသာ
ပြေးပြီး မြင်တတ်ခဲ့တဲ့ အညာသားတွေဟာ...
မေအလိုးလို့ ပြောလိုက်တာနဲ့
မအလကို ပြေးမြင်ကြသလို...
စစ်ခွေးလို့ အသံကြားတာနဲ့ မအလတပ်ကိုပြေးမြင်တဲ့အထိ အမွန္ကို အမှန်မြင်တဲ မြိုင်။
လက္ဖက်သုပ္ကို ရန်ကုန်သုပ်လို့ခေါ်ပြီး
မစားတဲ့သူရှားသလို...
မေတ္တာသုတ်ကိုလည်း မရတဲ့သူရှားပေမဲ့
ဒီအရေးမှာတော့....
စစ်ခွေးကို မေတ္တာသုတ်ရှုတ်ပြလို့
မရမှန်းသိလို့...
ရှိတာနဲ့ တိုက်ထုပ်ခဲ့တာ မြိုင် -
မုန့်ဟင်းခါးသောက်ရင် အရည်များများနဲ့
သောက်တတ်တဲ့ အညာသားတွေဟာ...
မအလအတွက် မုန့်ဟင်းခါးပွဲတွေ
နေ့စဉ်နဲ့အမျှ
အများကြီး ချက်ပြနေတဲ့ တိုင်း။
ဓါတ်မီးကို ဒုတ်မီးလို့ခေါ်တဲ့ ဒေသဟာ
အဟုတ် တီးပြီးဆိုတဲ့အချိန်ကစလို့....
ယနေ့အထိ
အရေးတော်ပုံအောင်ရေးကို ဦးဆောင်ပြီး..
ဒီလိုတော်လှန်ရင် ဒီလိုအောင်မြင်ကြောင်း
မီးမောင်းထိုးပြနေတာ မြိုင် ..
ဘာ ပြောတာလဲကို
ဘာပုလဲ လို့ ပြောတတ်တဲ့ ဒေသမှာ...
ငါ့ဟာငါလွတ်မြောက်ဖို့အတွက်...
ငါ့ ဘာသူငါ လွတ်မြောက်ဖို့လို့ပြောပြီး
အပြောထက် အလုပ်နဲ့သက်သေပြတာ မြိုင်-
အရင်းနှီးဆုံး မိဆွေတွေဆိုရင်
ဗိုလ်ချုပ်ပြောသလို
ခင်ဗျား ၊ခများကြီးလို့ပြောတတ်တဲ့ အညာသားတွေဟာ...
သူတို့ကိုယ် သူတို့တော့
ကျွန်တော် ကျွန်တော်နဲ့ ပြောကြပြီး...
လုပ်နိုင်တာကိုပဲ ပြောသလို
ပြောပြီးရင်လည်း ဖြစ်အောင်လုပ်တက်ခဲ့တာ မြိုင် -
ဖုန်ထူပေမဲ့ ကြုံသလိုကူတဲ့ ဒေသဟာ
သနပ်ခါးတွေစိုက်သလို သနပ်ခါးကိုလည်း အရမ်းကြိုက်ခဲ့တယ်။
ခုတော့....
သေနက်သမားတွေကို တိုက်နေကြပြီ။
ဧည့်သည်လာရင် ပျော်တတ်တဲ့အညာဟာ
ဒေသခံတွေတောင် နေစရာမဲ့နေပြီ ဖြစ်ပေမဲ့
တမာပန်းရနံ့နဲ့ လွှမ်းခြုံထားတဲ့ဒေသဟာ
သမိုင်းကောင်းကိုပိုင်ထားခဲ့သလို...
သမိုင်းစာမျက်နှာအသစ်တခု ထုဆစ်နေတာမို့
အဖု အထစ်တွေ ရှင်းလင်းသွားတဲ့အခါ
အညာဒေသဟာ....
တမာတွေနဲ့လှပြီး တမာရံနံ့တွေနဲ့မွှေးနေမယ်ဆိုတာ....
မကြာတော့တဲ့ကာလမှာ....
ရွာပြင်ရေတွင်းမှာ တန်းစီးပြီး ရေခပ်မဲ့ အညာသူတွေ....
လယ်/ ယာ နွားသွင်း နေညိုချိန်မှာ
သနက်ခါးဘဲကြားနဲ့ ကာလသားမ်ား
ဆိုင်ကယ်ပတ်စီးပြီး ရှိုးပြ
အထှာမကျတဲ့ကောင်ဆို...
ဝိုင်းအုံပြီး ဆွမ်းကြီးလောင်းတတ်တဲ့
အညာဒေသရဲ့....သဘာဝနဲ့
ရိုးဂုဏ်တွေအပြည့်ရှိတဲ့
အညာသူအညာသားတွေရဲ့
ဂုဏ်ယူစရာကောင်းမဲ့ နေ့ရက်ဟာ....
သိပ်ပြီးမကြာခင်မှာ ရောက်လာတော့မှာမို့..
အရေးတော်ပုံ အောင်မြင်တဲ့အခါ...
ခများတို့နဲ့အတူ မြိုင်နယ်မှာဆုံရင်း တော်လှန်ရေးအတွေ့အကြုံ
တွေ ပြောကြမယ် -
ခုတော့....
ဒီနိုင်ငံရဲ့ အေသးဆုံး မြို့နယ်လေးက အများဆုံးတိုက်ခဲ့ပြီး
အာဏာရှင်စနစ် ပြီးဆုံးဖို့အတွက်...
အသက်တွေ ဘဝေတြ သွေးတွေ
နေအိမ်တွေ ပေးပီး
ကြိုးစားပေးလျက်..
မကြာသော ရောင်ခြည်ဦးကို
ခူးဆွတ်ပြမယ်ဆိုတာ
မြိုင်- ဆိုတဲ့ တစ်လုံးထဲသောမြို့
ကဗည်း တင်ပြလိမ်မယ် -
- Copy. နှင့် Tp.
Click here to claim your Sponsored Listing.
Category
Website
Address
Shah Alam
40100