Knowledge Bank

Knowledge Bank

Share

17/09/2023

သိပ်ကောင်းတဲ့ ဥပမာ
----------------------------------------------------

မတန်ဘူးထင်ရင်မပြိုင်နဲ့..

ကျားကြီးတစ်ကောင်ဟာ ခွေးရူးကိုတွေ့ တာနဲ့ ချက်ချင်းရှောင်ပုန်းလိုက်ပါတယ်။
ကျားငယ်က မေးပါတယ်။
" အဖေက ခြင်္သေ့ကိုလည်းတိုက်ရဲတယ်။
ကျားသစ်ကိုလည်း နိုင်ရဲတယ်။ ဘာမှမဟုတ်တဲ့ ခွေးရူးကျတော့ ရှောင်ပုန်းတယ်။
သိက္ခာမကျဘူးလား အဖေ " တဲ့ ၊
ကျားကြီးက သူ့သားကိုပြန်မေးလိုက်ပါတယ်။
" ခွေးရူးကိုနိုင်တော့ ဂုဏ်ယူစရာ ကောင်းသလား သား? " ၊
ကျားငယ်ခေါင်းခါပါတယ်!
" ခွေးရူးတစ်ချက် အကိုက်ခံရရင် ကော တန်သလား? "
ကျားငယ်က ခေါင်းခါပြန်တယ်!
" ဒါဆိုရင် ငါတို့ဘာလို့ ခွေးရူးကို ပြိုင်ကိုက်ရမှာလဲ၊ ခွေးရူးဆိုတာ စိတ်ဖောက်နေတဲ့အကောင်၊ တွေ့ကရာလျှောက်ကိုက် နေတဲ့အကောင်၊ အကောင်တိုင်းဟာ
ငါတို့ကို ယှဉ်ပြိုင်ဖို့ တန်တာမဟုတ်ပါဘူး၊ အဲဒါ သား မြဲမြဲမှတ်ထား။
သင်ခန်းစာ
တစ်စုံတစ်ယောက်၏ စော်ကားမော်ကား
အပြုမူ အပြောအဆိုတွေကြောင့် ဒေါသထွက်တုန့်ပြန်ချင်စိတ်ပြင်းပြနေသော သင့်အား
ဒီ ပုံပြင်လေးက နှစ်သိမ့်နိုင်ပါစေ။

အရမ်းကြိုက်တဲ့ ဥပမာလေးပါ။

Author unknown
#ထပ်ဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

23/08/2023

သူသူ တစ်ပါးတွေရဲ့
တန်ဖိုးကို အလေး ထားပါ
**********************

ရနံ့ မရှိတဲ့ ပန်းလည်း
ပန်းတွေ ထဲက ပန်းတစ်ပွင့်မို့ မင်း မနမ်းချင်ရင်
မနမ်းဘဲ နေလို့ ရပါတယ် ။

ဒါပေမယ့်....
ခြေမွ ဖျက်ဆီးဖို့တော့ဘယ်တော့မှ
မကြိုးစားမိစေနဲ့ ။

လမ်းဘေးက ကလေးလည်း
လူတွေထဲက လူ တစ်ယောက်မို့ မင်း အထင်မကြီးချင်ရင် အထင်မကြီးဘဲ နေလို့ ရပါတယ် ။

ဒါပေမယ့်....
အထင် သေး အမြင် သေးလုပ်ဖို့တော့
မကြိုးစားမိစေနဲ့ ။

ဆင်းရဲတဲ့ လူလည်း
လူတွေထဲက လူ တစ်ယောက်မို့ မင်း မလေးစားချင်ရင်မလေးစားဘဲ နေလို့ ရပါတယ် ။

ဒါပေမယ့်
နှိမ့်ချပြီး ဆက်ဆံဖို့တော့ဘယ်တော့မှ
မကြိုးစားမိစေနဲ့ ။

အရာရာတိုင်းမှာသူ့ တန်ဖိုးနဲ့ သူ ရှိပြီးသားပဲ။
အဲ့ဒီ တန်ဖိုးကို မထေမဲ့မြင် လုပ်မိရင် အဲ့ဒီ တန်ဖိုးက တစ်နေ့ကျရင်သင့် ဘဝကို ဖျက်ဆီးလိမ့်မယ် ။

ဒါ့ကြောင့် ကိုယ့် အတွက် အသုံး မဝင်ဘူး ဆိုပြီး....
ဘယ်အရာကိုမှ မဖျက်ဆီး မိပါစေနဲ့ ။

ကိုယ့်အတွက် အသုံးမဝင်ရင်တောင်
သူ တစ်ပါးတွေရဲ့ တန်ဖိုးကိုတော့ လေးစားပါ ။

16/08/2023

အလကားလူ မဖြစ်စေနဲ့

ကိုယ့်မှာ အားနည်းချက်ရှိရင်
သူတစ်ပါး ပျော့ကွက်ကို
ချမနင်းဘဲ နေတတ်ရမယ်။
ကိုယ့်မှာခံနိုင်ရည် မရှိရင်
သူတစ်ပါး နစ်နာစရာ စကားကို
ဆင်ခြင် ပြောဆိုတတ်ရမယ်။
ကိုယ့်မှာ ဒုက္ခဆိုတာရှိရင်
သူတစ်ပါးဘဝ ပျက်စီးကြောင်းကို
ရှောင်ရှားတတ်ရမယ်....။
ကိုယ့်မှာ အရှက်ရှိရင်
သူတစ်ပါး ဂုဏ်သိက္ခာကို
ငဲ့ညှာတတ်ရမယ်။
ကိုယ့်အပေါ်မပြုစေချင်တဲ့ အရာရှိရင်
သူတစ်ပါး မနှစ်သက်တာကို
မလုပ်မိအောင် စာနာတတ်ရမယ်။
ကိုယ့်မှာ အပြစ်နဲ့မကင်းရင်
သူတစ်ပါး အမှားကို
လက်ညှိုးမထိုးမိအောင် နေတတ်ရမယ်။
ကိုယ့်မှာ ဝေဒနာရှိရင်
သူတစ်ပါး နာကျင်မှုကို
ခံစားပေးတတ်ရမယ်။
ကိုယ့်ကို ကဲ့ရဲ့တာ မကြိုက်ရင်
သူတစ်ပါး မကောင်းကြောင်းကို
မပုတ်ခတ်မိအောင် သတိထားရမယ်.....။
ကိုယ့်မှာ အမာရွတ်ရှိရင်
သူတစ်ပါး ဒဏ်ရာကို
နားလည်ပေးနိုင်ရမယ်။
ဒါဟာ ကိုယ်ချင်းစာတရားပဲ။
ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ
ဘယ်လောက်ပဲ တော်တော်
ဘယ်လောက်ပဲ တတ်တတ်
ကိုယ်ချင်းစာတရားမရှိရင် အလကားပဲ....။

လေးစားစွာဖြင့်....ပြန်လည်မျှဝေပါသည်။
Lae Wai
#ကမ္ဘာ့ရွှေလေ့လာသုံးသပ်သူ
#09887343514

22/05/2023

"ကိုယ်ကိုယ်ကိုဆုံးမခြင်း''

အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။

Be Strong !!!

ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်နေရာဖြစ်ဖြစ် မင်းရှေ့ မှာ လူတစ်ယောက်
အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် မင်းအနားမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။

Stay like Independent person !!!

ဘယ်သူကမှ မင်းအတွက် အချိန်ပြည့် ရှိနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ကူညီနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှမင်းကို အချိန်ပြည့် ဂရုစိုက်နေပေးနိုင်မှာမဟုတ်ဘူး။

Be Active !!!

ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲရှိတယ်။
ဘယ်သူ့မှမစောင့်နဲ့။
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။

Believe Yourself.!!!

ကိုယ့်ကိုယ်ကိုယ်ယုံ။
အပြောင်းအလဲတွေအတွက် စိတ်ဓာတ်မကျနဲ့။
ကမ္ဘာပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမှမင်းကို အယုံအကြည်မရှိဘူး။
မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကိုသူတို့ယုံကြည်လာလိမ့်မယ်။ ဂရုမစိုက်နဲ့။ ကိုယ်လုပ်စရာတာ ကိုယ်ဆက်လုပ်ပါ။

Forget !!!

မေ့ပါ။ အတိတ်ကအရာတွေကိုမေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့) အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ်မူတည်ခဲ့တဲ့ ပျော်ရွှင်မှုကို မေ့ပစ်ပါ။
အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသွားအပြန်ဆိုတဲ့စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲတဲ့ အရာတွေကို အကုန် မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသာဟာ မင်းအတွက်ပဲ ဖြစ်ပါစေ။

Stop !!!

မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကို ရပ်ပါ။
အခြားတစ်ယောက်အကြောင်း စပ်စုတာကို ရပ်ပါ။
အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။
နေရာလုနေတာကို ရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ်ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။

Have Resistance !!!

လောကရဲ့အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
ဘဝရဲ့ မပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှမရှိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။

Accept !!!

မင်းကိုယ်မင်းလက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။
မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကိုလက်ခံပါ

.... #လေးစားလျှက်

14/05/2023

'မျက်ရည်ခိုင်မှဖတ်ပါ'😓😓

ဒီနေ့လစာထုတ်ရက်…
ကိုသောင်း တက်တက်ကြွကြွနှင့်အိမ်ပြန်လာခဲ့သည်။ မိန်းမဖို့ကဘယ်၍ သားဖို့ကဘယ်လောက်
သမီးဖို့က ဘာလေးး စိတ်ထဲမှာ ခွဲတမ်းလေးချလို့
ပီတိစိတ်လေးနဲ့အိမ်ပေါ်ကိုလှမ်းတက်ရုံရှိသေး

"ထွီ"

သလိပ်တွေ အခဲလိုက်နဲ့စီးထွေးခံလိုက်ရတော့
ကိုသောင်း အပျော်စိတ်တွေ ဘယ်ရောက်ကုန်မှန်း
မသိတော့ချေ…ပုဆိုးကို ဖြည်ဝတ် ခါချရင်းက…

"အမေကတော့ လုပ်ချလိုက်ပြန်ပြီ
အိမ်ပေါက်ဝလေးဘာလေး ကြည့်ပါအုန်းဗျ…
ကျွန်တော့ပုဆိုးတွေပေကုန်ပြီ…
ညစ်ပတ်လိုက်တာ…တကယ်ပဲ"

အမေအိုက မျက်ကလူးဆန်ပျာနဲ့…

"အမေမမြင်မိလို့ပါသားရယ်…
ချောင်းတွေ တအားဆိုးနေတာ
သလိပ်ဟက်လို့ရတုန်းလေးမို့
အမြန်ထွေးချလိုက်မိတာ…
အမေပြန်သုတ်ပေးပါ့မယ်
လူလေး လာ လာ အပေါ်တက်ခဲ့"

"နေပါအမေရာ…ကိုယ်ဘာသာကိုယ်.
မိန်းမ ရေ … မောတယ်ကွာ
ရေခပ်ခဲ့အုန်း"

ကိုသောင်း အမေ့လက်တွေကို ဖယ်လိုက်ပြီး အိမ်ပေါ်က
ပက်လက်ကုလားထိုင်ပေါ်လှဲချလိုက်ရင်း…သူ့မိန်းမနဲ့
ကလေးတွေ တန်းစီခေါ်နေတော့၏။ရလာတဲ့လစာနှင့်
တကွ ဝယ်ခြမ်းလာသည်များကို ခွဲတမ်းချနေတုန်း
ကိုသောင်း အမေ့ဆီတစ်ချက် လှမ်းကြည့်လိုက်မိ၏။
အမေက ဘုရားစင်ရှေ့မှာဘုရားရှိခိုးရင်းက
ချောင်းတဟွတ်ဟွတ် ဆိုးနေလေသည်။

"မိန်းမ အမေ ချောင်းတွေ တအားဆိုးနေပါ့လား
ဆေးလေးဘာလေး ဝယ်မတိုက်ဘူးလား"

"ရှင့်အမေ က ဒီဆေးလည်းမကြိုက်
ဟိုဆေးဆိုလည်းဘာဖြစ်နဲ့ နေပါစေ
ဒီလောက်အဆိုးကြီးလည်းမဟုတ်ပါဘူး
မနက်ကျမှ အဆုတ်ပုံလေး ဘာလေး
ဝယ်တိုက်လိုက်မယ်"

ကိုသောင်း ဘာမှမပြောတော့ သူ့မိန်းမပြောတာလဲ
ဟုတ်မှာပါလေ ရှေးရိုးဆန်တဲ့သူ့အမေအကြောင်း
သူသာအသိဆုံးမို့လား…သူတို့မိသားစုဘဝက
ကုမ္ပဏီ လခစားသူ့ဝင်ငွေနှင့်အကျပ်တည်းကြီး
မဟုတ်ပေမယ့် သိပ်အချောင်လည်ကြီးလည်းမဟုတ်…

အဖေမရှိကတည်းက သားအမိနှစ်ယောက်တည်း ရုန်း
ကန်လာရင်း သူအိမ်ထောင်ပြုတော့ အမေ့ကိုအပါခေါ်ရ
သည်ပေါ့။ အိမ်ငှါးဘဝနှင့် သူတို့သားအမိကို အိမ်ပေါ်
တက်နေခွင့်ပြုခဲ့တဲ့ သူ့မိန်းမကိုပ ဲကျေးဇူးတင်နေမိရ
သည်။ယောက္ခထီး ယောက္ခမကမရှိကြတော့ သူ့အမေ
ကိုမိန်းမက အမေလိုသဘောထားမှာမလွဲနိုင်ပါပေ။
နေ့စဉ်နှင့်အမျှသူက အိမ်မှာမရှိပေမယ့် သူပြန်လာ
တိုင်း အမြဲပြုံးရွှင်နေတတ်တဲ့အမေ…
့မျက်နှာကို ကြည့်တာနှင့်သူသိနိုင်သည်ပဲ။အမေ့ဆီက
တစ်ခါမှ တိုင်သံတောသံကြားရဖို့ဝေးလို့အမေ
ပျော်နေတဲ့ အကြောင်းကိုသာ အမြဲကြားရတတ်သည်
လေ။

သူ့ရုံးပိတ်ရက်ရောက်လို့မိသားစု တစ်နေရာရာကို
အလည်အပတ်သွားတိုင်း အမေဘယ်တော့မှ လိုက်လေ့
မရှိ။သားတစ်ယောက်အနေနဲ့ ခေါ်ရမည့်တာဝန်က
ရှိပေမယ့် ခေါ်တိုင်းငြင်းဆန်လေ့ရှိတဲ့ အမေ့ကြောင့်
သူမခေါ်ဖြစ်ခဲ့တာ ကြာပါပြီကော။
ခုတစ်လောလေး သူအနည်းငယ်သတိထားမိခဲ့သည်မှာ
အမေ့ကြည့်ရတာ အတော်လေး ပိန်သွားပုံရ၏။
ချောင်းဆိုးသံ မကြားရတော့ပြီမို့ နေကောင်းသွားပြီ
ဟုယူဆပြီး ဒီအတိုင်း နေမိခဲ့လေသည်။

* * * * * * *

ဒီနေ့သူအလုပ်ကပြန်လာတော့…
မရောက်တာ ကြာပြီဖြစ်တဲ့ အမေ့အခန်းလေးထဲ
သူဝင်သွားခဲ့ပါ၏။အမေကလက်ထဲမှာ အဝတ်တစ်ခု
ကို သည်းကြီးမည်းကြီး ချုပ်နေ၏။နှစ်ပေမီးချောင်းလေး
က သိပ်အထင်းလင်းကြီးမဟုတ်တော့ အမေမျက်စိ
ပျက်တော့မှာပဲ ဟူသောစိတ်ဖြင့် စိတ်ထဲအနည်းငယ်
တိုသွားမိရင်း…

"အမေ ညကြီးမင်းကြီး ဘာတွေ ဒီလောက်ချုပ်
နေတာလဲ ကိုယ့်အသက်လဲကိုယ်ကြည့်အုန်း
မမြင်မစမ်းနဲ့အမေရာ ချထား ချထား အခု"

သူ့အသံက စိတ်ထဲကစိုးရိမ်မိပေမယ့်ပြောနေကျ
အတိုင်း လေသံကခပ်မာမာ ဖြစ်သွားမိ၏။
ရုတ်တရက်မို့အမေလည်းလန့်သွားပုံရသည်။

"ဘာမှမဟုတ်ပါဘူးသားရယ်…
အမေအင်္ကျီအပြဲလေး ဘာလေးချုပ်နေတာပါ"

"ဒါအမေ့အင်္ကျီမဟုတ်ပါဘူး…
ကျွန်တော့်မိန်းမအင်္ကျီလည်းမဟုတ်ဘူး"

သူဆတ်ခနဲ အမေ့လက်ထဲက ဆွဲယူကြည့်လိုက်တော့
အမျိုးသမီးရင်ဖုံးအဖြူလေးကို နှိပ်စေ့လေးတွေ တပ်
နေခြင်း ဖြစ်နေသည်။

"အမေ ဒါဘာလုပ်တာလဲသူများအင်္ကျီတွေဘာလို့
ကြယ်သီးယူတပ်နေတာတုန်း
အမေ့မှာဘာသုံးစရာရှိလို့တုန်းဘယ်လောက်များ
ရလို့လဲအမေရာ မချုပ်နဲ့ ကိုယ့်အသက်လည်း
ကြည့်အုန်း…၇၀ကျော်နေပြီ သူများတွေမြင်ရင်
ကျွန်တော်နွားဖြစ်အောင်လို့လား အမေက "

ပြောရင်းသားနှင့်လေသံတွေ မာသွားမိတော့ အမေက
မျက်ရည်လည်သော မျက်ဝန်းတွေနှင့် သူ့ကိုငေးကြည့်
နေရှာ၏။

"အေးပါ သားရယ် မလုပ်နဲ့ဆိုလည်း အမေမလုပ်
တော့ပါဘူး အမေ့ကြောင့်ငါ့သားဂုဏ်မပျက်စေရ
ပါဘူးကွယ် အမေ ကတိပေးတယ်နော်သား
သွား သွား သားပင်ပန်းလာတယ် နားချည်တော့"

"အင်းး ဒါဆိုလဲပြီးရော နောက်တစ်ခါထပ်မမြင်ရ
စေနဲ့နော် အမေ ဒါပဲ"

သူ အမေ့အခန်းထဲက ထွက်လာတော့ ချောင်းတစ်ချက်
ဟန့်သံကြားလိုက်သလိုမို့.…

"မိန်းမ မင်းမပြောဘူးလား ငါ့အမေမမြင်မစမ်းနဲ့
ဘယ်တုန်းကတည်းက ယူယူချုပ်နေမှန်းမသိ
ငါလဲမသိရပါလားး"

"အဲ့ဒါပြောတာပေါ့ ကျွန်မပြောလည်း
ရှင့်အမေကပြောရမှာမို့လို့လား ကျွန်မလည်း ကိုယ့်အိမ်အလုပ်နဲ့ကိုယ် မအားရတဲ့ကြားထဲ
နေရာတကာတော့ ဘယ်လိုက်ကြည့်နေနိုင်မလဲ ရှင့်သားသမီးတွေက………………………"

သူ့မိန်းမရဲ့ ညည်းချင်းတွေကို ဆက်နားမထောင်တော့
ပဲ သူအိပ်ပစ်လိုက်တော့သည်။
အဲ့အမေတစ်ယောက်ကလေ ဘာတွေလုပ်နေမှန်း
ကိုမသိဘုး အေးဆေးနေလို့ရရဲ့သားနဲ့မနေနိုင်ဘူး
ဟူးးးး
သက်ပြင်းမှုတ်ထုတ်လိုက်ရင်း သူအိပ်ပျော်သွားခဲ့
တော့သည်။
* * * * * * *

ဒီနေ့ကိုသောင်းအိမ်ပြန်လာတော့သူ့မိန်းမက စီးပြော
ပါ၏။

"ကိုသောင်းရေ…ကျွန်မအမျိုးတွေနဲ့
ဘုရားဖူးထွက်မလို့ ကလေးနှစ်ယောက်
ခေါ်သွားမယ်…စားရေးသောက်ရေးအတွက်
ကျွန်မတူမလေး ခေါ်ထားပေးခဲ့ရမလား"

"ဘယ်တော့လဲကွ မင်းဟာက ဗြုန်းစားကြီး
ငါကတော့လိုက်မရပါဘူး မင်းတို့သားအမိ
တွေပဲလား …အမေရော…"

သူ့စကားမဆုံးခင် အမေက ဝင်ပြော၏။

"ချွေးမက ခေါ်ပါတယ်သားရယ် …
အမေမလိုက်နိုင်တာပါ… ခရီးပမ်းတဲ့ဒဏ်
မခံနိုင်ဘူးလေ…"

သူ့မိန်းမကတော့ ဘာတစ်ခွန်းမှ ဝင်မပြော ဘောက်
်ဆတ်ဆတ်နဲ့သူ့လက်ထဲကအိတ်ကိုဆွဲယူပြီးအခန်းထဲ
ဲဝင်သွားတော့၏။အမေကထုံးစံအတိုင်း ဘုရားဆက်
်ရှိခိုးလို့ပေါ့…ပြေးလွှားဆော့နေတဲ့ သူ့သားနဲ့သမီးက
ဖွားအေကိုပတ်ပြေးနေ၏။

အမေက ဘုရားဝတ်ပြုပြီး…သူ့အနားသို့လျှောက်
လာရင်း…

"သားလဲ လိုက်ချင်လိုက်သွားပါလား…
မိသားစုပျော်ပျော်ပါးပါး ခရီးရှည်သွားရခဲတယ်…
အမေ့အတွက် ဘာမှမပူနဲ့ တူမလေးလာမယ်
ပြောထားတယ်…သား အလုပ်ရှင်ကိုခွင့်တောင်း
ကြည့်ပါလား…"

"နေပါစေအမေရာ…မလိုက်တော့ပါဘူး
သူ့အမ်ျိုးတွေနဲ့သူတို့ဘာသာသွားပါစေ
နောက်ကြုံမှမိသားစု သက်သက်သွားမယ်"

အမေက ဘာမှထပ်မပြောရှာတော့…အဲ့ဒိညက
အမေ့အခန်းလေးဆီက ချောင်းသံတွေ အဆက်မပြတ်
ကြားရလေသည်။သူ ကြားပေမယ့် တနေကုန်ပင်ပန်း
လာသောကြောင့် မျက်လုံးတွေက မဖွင့်နိုင်တော့…
မိန်းမကတော့ ခရီးသွားဖို့ ညလုံးပေါက်ပြင်ဆင်ချက်
်ပြုတ်နေပေတော့သည်။တရေးနိုးတော့ အမေ့ချောင်းသံ
မကြားရတော့ချေ။ အမေသက်သာပြီထင်ပါသည်
ခေါင်းအုံးပေါ် ခေါင်းပြန်ချလိုက်တော့ သူပြန်၍အိပ်ပျော်
သွားပါတော့သည်။

* * * * *

နောက်တစ်နေ့မနက် မိန်းမနှင့်ကလေးတွေ ခရီးထွက်
်သွားကြတော့ အမေကသူ့အတွက်ထမင်းချိုင့် ပြင်ဆင်
်ပေးနေလေသည်။

"အမေ ညကချောင်းသံကြားတယ် နေမကောင်း
ရင် ဆေးခန်းလေးဘာလေး သွားထားပါလား
ဘေးအိမ်က မကြူသမီးလေး အဖော်ခေါ်သွားလေ
ဒါမှမဟုတ် ကျွန်တော် ပြန်လာခဲ့ရမလား.…"

"သက်သာနေပါပြီ သားရယ်…
အမေ့အတွက်မပူနဲ့…ကဲ သွား သွား…"

သူလည်း အမေပြင်ဆင်ပေးသည့် ထမင်းချိုင့်ဆွဲ၍ အလုပ်ကို ထွက်လာခဲ့ပါတော့၏။တစ်နေ့လုံး အလုပ်
ထဲမှာ စိတ်နစ်နေတာနှင့် အမေ့ကိုသတိမရနိုင်တော့…။
ညနေ အလုပ်ပြီးလို့ပြန်ခါနီး ကားမှတ်တိုင်တွင်
ကားစောင့်နေစဉ်မှာပဲ…

"ဗျို့ ကိုသောင်း ခင်ဗျားမိန်းမ မရှိတော့
လွတ်လပ်ရေးရနေတာပေါ့လေ ဟုတ်လား
ဟားးဟားး"

"ဟားးဟား မဟုတ်ရပါဘူးဗျာ ခင်ဗျားကတော့
ပြောတော့မယ်… ဒါနဲ့ခင်ဗျားလက်ထဲက
ကော်ဖီမစ် အထုတ်ကြီးတွေ နှစ်ထုတ်သုံးထုတ်နဲ့
များလှချည်လားဗျ …ဒီလောက်အများ
ကြီး ဘာလုပ်ဖို့တုန်း… ဧကန္တ အိမ်ကမိန်းမကို မျက်နှာလုပ်ဖို့ထင်တယ်…"

"အဟားး မိန်းမဖို့ မဟုတ်ပါဘူး အိမ်က
အမေအတွက်ပါဗျာ…မနက်ဖြန်တန်း
ဆွမ်းလေးလောင်းချင်တယ်ဆိုလို့ …
မိန်းမကိုပြောမနေတော့ပါဘူးဗျာ…
ကိုယ့်အမေတွက် ကိုယ်ပဲဝယ်ပေးရမှာပေါ့…
မဟုတ်ဘူးလား..…"

ကိုသောင်းစိတ်ထဲ ဘာရယ်မဟုတ် အမေ့ကို ပြေးမြင်မိ
သွား၏။ကိုဝင်းမြင့်နှင့်သူသည် လခစားဘဝတူချင်း
ဖြစ်သည့်အပြင် ကိုယ့်ထက်ပင် သားသမီးဦးရေ
များပြား၍ သူ့ထက် အနည်းငယ် ကျပ်တည်းရှာသူ…

"သွားအုန်းမယ် ကိုသောင်းရေ…
ခင်ဗျားအမေရော နေကောင်းလား
မတွေ့တာကြာပြီ ကျွန်တော်မေးတဲ့
အကြောင်း ပြောလိုက်ပါအုန်း…"

သူ ခေါင်းငိုက်စိုက်နှင့် လိုင်းကားပေါ်အရောက်တွင် အတွေးတွေ ခေါင်းထဲမှာ အလုအယက် တိုးဝင်နေတော့
၏။အမေ…အမေသည် သူအိမ်ထောင်ကျပြီးသည့်
နောက်ပိုင်းတစ်ခါမျှ ဤသို့မမှာဖူးသလို ဘာလိုချင်
်သည် ညာလိုချင်သည် မပူဆာခဲ့ဖူးပါ။
သူကလည်း မမေးမိခဲ့…မိန်းမလက်ထဲ ပိုက်ဆံထိုးအပ်
်လိုက်လျှင် သင့်သလို စီမံပေးလိမ့်မည်ဟု သူမှတ်ယူ
ခဲ့သည် မဟုတ်လားး…နောက်ပြီး အိမ်ပေါ်တွင်
မပူမပင် မကြောင့်မကျ နေနေရတော့ အမေ့လို
သက်ကြီးရွယ်အို အတွက် ဘာမှ လိုအပ်မည်ဟု သူမထင်မိခဲ့ပါ…။
အမေ့အပေါ်တွင် တာဝန်မကျေသလို ခံစားမှုတွေက
ရင်ထဲကိုတင်းကျပ်လာစေသလို ရှက်စိတ်တွေတရိပ်ရိပ်
ထိုးတက်လာမိတော့၏။
့့
လမ်းတလျှောက် စျေးဆိုင်တန်းတွေ ငေးကြည့်ရင်း
သစ်သီးတန်းတွေကို မြင်တော့ နီးရာမှတ်တိုင်မှာ
ဆင်း၍ပန်းသီးအလုံးလှလှ ၅လုံးခန့် ဆင်းဝယ်
ခဲ့တော့သည်။ဒီနေ့အမေ့နားမှာ သူအချိန်ကုန်မည် ပန်းသီးတွေကိုကိုယ်တိုင်စိပ်၍ကျွေးမည်။အမေအိပ်ခါနီး အမေ့ကိုနင်းနှိပ်ပေးရင်း မပြောဖြစ်တာကြာပြီဖြစ်သော
သူငယ်စဉ်ကအကြောင်းတွေ ပြောရင်းအမေ့ကို ပျော်
ရွှင်စေမည်။အတွေးနဲ့တင် သူ့ရင်ထဲကတင်းကျပ်မှု
တွေ ချက်ချင်းလွင့်ပါးသွားသလို အိမ်အပြန်ခြေလှမ်း
တွေက ပေါ့ပါးသွက်လက်နေတော့သည်။
အမေရယ်… သားအမေ့ကို ပစ်ထားခဲ့မိတဲ့ အချိန်တွေ အတော်ကြာနေပြီပဲ …သားအမေ့ကို မချစ်လို့ မဟုတ်တာတော့ သေချာပါတယ်အမေ…ဒီနေ့ကစ
သားနဲ့အမေ အရင်လို နွေးနွေးထွေးထွေးနေကြမယ်…
ကိုသောင်း၏ မျက်နှာပြင်ဝယ် လန်းဆန်းရွှင်မြူးရိပ်တွေ
အထင်းသားနှင့်အိမ်ပေါ်လှမ်းအတက်မှာတော့…

"ကိုသောင်း ခင်ဗျားအမေ သွေးတွေအန်လို့
ဆေးရုံကိုခုပဲသွားပို့ခဲ့ရတယ်…
ခင်ဗျားဆီ ဆက်သွယ်လို့မရတာနဲ့
ကျွန်တော်လည်း ခုရောက်ရောက်ချင်း
ခင်ဗျားကိုလာပြောတာ…"

"ဗျာ.."

ကိုသောင်းရင်ဝကို ဆီးအကန်ခံလိုက်ရတာမျှ သက်သာ
အုန်းမည် ထင်ပါသည်။လေးညှို့က ပစ်လိုက်သည့် မြားတစ်စင်းနှယ်…သူချက်ချင်းတဟုန်ထိုး ဆေးရုံသို့
လိုက်သွားတော့၏။

"ကိုသောင်း လာပြီဟေ့ …ဖယ်ပေးလိုက်
ဖယ်ပေးလိုက်..…"

အိမ်နီးချင်းတွေက မျက်နှာမကောင်းစွာဖြင့် သူ့ကို
လမ်းဖယ်ပေးကြ၏။အမေ့ကို သူမြင်လိုက်ရတဲ့ အချိန်တွင်အမေ့အင်္ကျီရင်ဘတ် တစ်ခုလုံး သွေးစ
သွေးနတွေ ပျံ့ကျဲလျက် …

"အမေ…ဘယ်လိုဖြစ်တာလဲအမေရယ်
ဒီလောက်ဖြစ်နေတာ သားမသိခဲ့ရပါလား…
သားကိုဘာလို့မပြောတာလဲ အမေရယ်…
လုပ်ကြပါအုန်းဗျာ ဒေါက်တာ ဒေါက်တာတွေ
ဘယ်မှာလဲ ကျွန်တော့အမေ ဘာဖြစ်တာလဲ
ဘယ်သူမှ လာမကြည့်ကြဘူးလားဗျ…"

စကားတွေဗလုံးဗထွေးနှင့် ဆို့နင့်အက်ကွဲနေသည့် သူ၏အသံကို နားထောင်ရင်း အိမ်နီးချင်းအမျိုးသမီး
တွေဆီကရှိုက်သံတွေ ထွက်လာတော့သည်။
အမေ၏ ဖြူဖျော့နေသော မျက်နှာထက်မှ မျက်ရည်ပြည့်
့်နေသည့်မျက်ဝန်းအစုံသည် သူ့ကို စိတ်မချသလို
ငေးစိုက်ကြည့်နေရှာလေသည်။
သွေးစွန်းနေသော အမေ့နှုတ်ခမ်းများသည် မဟတစ်ဟ
နှင့် တစ်ခုခုပြောရန် အားယူနေသည့့်နှယ်…

"ကိုသောင်း ခင်ဗျားအမေ ခင်ဗျားမလာ
ခင်လေးတင် အသက်ထွက်
သွားရှာတယ်ဗျာ…ကျွန်တော်တို့ဆေးရုံ
ကိုအပို့နောက်ကျသွားတယ် ခင်ဗျား
အိမ်မှာ ဘယ်အချိန်ထဲက ဖြစ်နေတယ်
မသိဘူး ဆန်ခံသီလရှင်လေးတွေက
ဒကာမကြီး ထွက်လောင်းနေကျ မလောင်းလို့
စိတ်ပူပြီး အိမ်ထဲဝင်ကြည့်မှ ကျွန်တော်တို့တွေ သိရတာ…ဆေးရုံကိုရောက်တဲ့အထိတော့
အသက်ပါလာသေးတယ် ခုနလေးကမှ.…"

စကားသံတွေ သူ့နားထဲတွင်မကြားတစ်ချက် ကြားတစ်
်ချက်…အမေ့ရင်ခွင်ထဲကို ခေါင်းထိုးရင်း အံကိုကြိတ်ခဲ၍
မျက်ရည်တွေတွေကျနေမိတော့၏။
သူ့နှလုံးသားလဲ တစ်စစီ ကြွေကျသကဲ့သို့ ဆို့နင့်မှုကို
နှိုင်းပြစရာ ရှာမတွေ့တော့ပြီ…

"အမေရယ် သားမိုက်ကိုခွင့်မလွှတ်ပါနဲ့
အမေ သားကြောင့်ခုလိုဖြစ်ရတာ…
သူများကတောင် ကိုယ့်အမေကိုဂရုစိုက်မေးဖော်
ရခဲ့ပေမယ့် သားမေးဖို့သတိမရခဲ့ဘူး…
သားပြန်လာတဲ့အထိလေးများ ခဏဖြစ်ဖြစ်စောင့်ပါအုန်းတော့လား
အမေရယ်…အမေ့သလိပ်တွေ ဆီးတွေ
ဝမ်းတွေ သားမရွံတော့ပါဘူး…
သားမိုက်ရဲ့မျက်နှာတည့်တည့်ကို ထွေးပစ်လိုက်စမ်းပါအမေရယ်…"်

နဘေးက ကြည့်နေသူများလဲ မျက်ရည် မဆည်နိုင်
တော့ပြီ…

"ကိုသောင်းရေ လုပ်စရာရှိတာလေးတွေ
ဆက်လုပ်ရအောင်ပါ…ဖြစ်ပြီးမှတော့
ဘာမှမတတ်နိုင်တော့ဘူးလေ
ဖြေသိမ့်နိုင်အောင်သာ ကြိုးစားပါတော့ဗျာ…"

အမေ့အပေါ် တာဝန်ကျေဖို့ သူဆုံးဖြတ်မိခဲ့သည့်နေ့
တွင်မှအမေသည်…သူ့ကိုစွန့်ခွါသွားခဲ့လေပြီ
အမေ့ကို ကျစ်ကျစ်ပါအောင် ဖက်ထားသော သူ့အား
အိမ်နီးချင်းများက အတင်းဆွဲခွါကြတော့…အမေ့လက်
ကလေးက ခုတင်အောက်သို့ တွဲလောင်းလေး ထွက်ကျလာပါ၏။

"ကိုသောင်း ရှင့်အမေလက်မှာ ချိတ်ထားတဲ့ အိတ်ထုတ်လေးက ဘာလဲမသိဘူး ဖြည်ကြည့်ပါအုန်းလားး…"

သူသည် အမေ့နားမှာ ဒူးထောက် ထိုင်ချလိုက်ရင်း အမေ့လက်ကောက်ဝတ်မှာ ချိတ်ရက်သားအိတ်ထုတ်
လေးကို ကြေကွဲစွာဖြင့်ဖြည်ကြည့်မိပါတော့သည်။

အားလုံးကလည်း ဘာလေးဖြစ်မည်ကို သိချင်ကြသဖြင့်
ကိုသောင်းကို အာရုံစိုက်ငေးနေကြစဉ်…

"အ…မေ.…ရယ်…"

" #0ုန်း…"

ဟူသော အသံတို့နှင့်အတူ ကိုသောင်း၏ခန္ဓာကိုယ်ကြီး
သည်ဆေးရုံကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ် နောက်
ပြန် ပစ်လဲကျသွားပါတော့၏။

"ဟာ ဟဲ့ ဟဲ့ ဘာဖြစ်တာလဲ
ကိုသောင်း ကိုသောင်း သတိထားလေ"

ကိုသောင်းကို ပြေးပွေ့သူက ပွေ့လိုက်ကြပြီး သူ၏
အမေလက်ထဲက အိတ်ထုတ်လေးကို သိချင်စိတ်ဖြင့် ဖြန့်ကြည့်ကြသောအခါ…

"သားကြီး၃၂နှစ်ပြည့်မွေးနေ့လှူဖို့အမေ့ချွေးနဲစာလေး"
ဟူသော စာတန်းပါ စာအိတ်လေးတစ်အိတ် သွေးစွန်း
နေသော အပ်ချည်လုံးနှင့် အပ်ကလေးတစ်ခု စိပ်ပုတီး
လေးတစ်ကုံးနှင့်အတူ စာအိတ်ကိုဖွင့်ကြည့်လိုက်တော့ တစ်ထောင်တန်ခပ်နွမ်းနွမ်းလေးငါးရွက်က
ထပ်ရက်သား…

အားလုံး၏ မျက်ဝန်းအိမ်တို့သည် မတိုင်ပင်ရပါဘဲနှင့်
မျက်ရည်မိုးတို့သည်းထန်စွာ ရွာသွန်းမိကြလေတော့
သည်တကား…။

[ပြီးပါပြီ]

မနှောင်းစေချင်
***************
မိဘရှိစဉ် မြူတစ်မျှင်မျှ
ငြိုငြင်ကြနှင့် ။

ကြွေးဟောင်းမဟူ မေတ္တာတူမျှ
ကြည်ဖြူကြသင့် ချိန်မလင့်စေ
မိုက်တွေဝေသော် ရင်ကြွေနောင်တ
မျက်ရည်ကျမြဲ တ လည်းမထနိုင်တော့ပြီ။

မိဘတွေသက်ရှိထင်ရှားရှိနေတဲ့အချိန်လေးမှာ လုပ်ကျွေးနိုင်တဲ့သား/သမီးကောင်းများဖြစ်နိုင်ကြပါစေလို့ ဆုတောင်းပေးလျက်............

crd,,

15/04/2023

ထိတယ်ဗျာ🥺အိုး!!!!

Want your school to be the top-listed School/college in Malacca City?
Click here to claim your Sponsored Listing.

Category

Address


Malacca City