TSY
11/10/2025
ကိုယ့်ကို တန်ဖိုးမထားတတ်
တဲ့သူတွေ မလေးမစားဆက်ဆံ
လာသူတွေနဲ့ကြုံလာတဲ့အခါ စကား
လုံးတွေနဲ့ အနိုင်ယူဖို့ မကြိုးစားပါနဲ့။
စိတ်ခံစားချက်ကိုရှေ့တန်းတင်ပြီး
ပြန်လည်တုံ့ပြန်ဖို့ မကြိုးစားပါနဲ့။
အဲ့ဒီလိုတုံ့ပြန်လေလေ၊ သူတို့ဖန်တီး
တဲ့ အဆင့်မရှိတဲ့ပြဇာတ်ထဲမှာ
ကိုယ်ဟာ ဇာတ်လိုက်တစ်ယောက်
အဖြစ် ပါဝင်မိလေလေပါပဲ။
တကယ်တန်ဖိုးရှိတဲ့ တုံ့ပြန်မှုက
ပိုပြီးငြိမ်သက်တယ်။
ပိုပြီးလေးနက်တယ်။
အဲ့ဒါကတော့ အဝေးကိုထွက်ခွာခြင်းပါပဲ။
ဘာစကားတစ်ခွန်းမှ ပြန်မပြောဘဲ၊
ဘာအငြင်းအခုံမှ ဆက်မလုပ်တော့ဘဲ
သူတို့ရဲ့ဘဝထဲကနေ ကိုယ့်ရဲ့တည်ရှိမှု
ကို တိတ်တဆိတ် ရုပ်သိမ်းလိုက်ပါ။
ဒါဟာ အရှုံးပေးခြင်းမဟုတ်ပါဘူး။
သူနဲ့ကို စကားတွေအများကြီးပြောပြီး
အငြင်းပွားဖို့တောင် မတန်ဘူးလို့
အသံတိတ် သက်သေပြလိုက်ခြင်းပါ။
ကိုယ့်ရဲ့ တိတ်ဆိတ်ခြင်းက
ကိုယ်ဘယ်လောက် နာကျင်သွား
တယ်ဆိုတာထက်၊ ကိုယ့်ကိုယ်ကို
ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ
ကို ပိုပြီးလေးနက်စွာ သက်သေပြသွားမှာပါ။
ဒါကြောင့် ကိုယ့်ရဲ့ တည်ရှိနေခြင်းဟာ
အဖိုးတန်လက်ဆောင်တစ်ခုပါ။
အဲ့ဒီလက်ဆောင်ကို မတန်တဲ့သူ
တွေရဲ့ရှေ့မှာ ဆက်ပြီး ချမပြထား
ပါနဲ့တော့။ ရုပ်သိမ်းလိုက်ပါ။
#ဘဝစာပေ #လူငယ်
09/10/2025
💬 ကွဲပြားစွာ တွေးခေါ်ဖို့လိုတယ်။
ကိစ္စတိုင်းမှာ ဟာကွက်တစ်ခုရှိတယ်။
လူအများစုဟာ 10 တန်းမအောင်ရင်
လူမဖြစ်တော့ဘူးလို့ ထင်နေကြတယ်။
ဘွဲ့မရရင် "ထမင်းငတ်တော့မယ်"
ဆိုပြီးကြောက်နေကြတယ်။
အလုပ်ဖြုတ်ခံရတိုင်း
ဘ၀ပျက်ပါပြီဆိုပြီး
စိတ်ညစ်နေကြတယ်။
တကယ်တော့ 10 တန်းအောင်တိုင်း
လူမဖြစ်သလို…
ဘွဲ့ရတိုင်းလည်း ထမင်းမ၀ဘူး။
အလုပ်ဖြုတ် မခံရတိုင်းလည်း
ဘ၀ကောင်းမနေပါဘူး။
အောင်မြင်ချင်စိတ်ဟာ
ရှုံးမှာကြောက်တဲ့စိတ်ထက်
မြင့်မားနေမှတကယ်အောင်မြင်မှာ 💪
လောကကြီးဟာ တစ်လမ်းသွားမဟုတ်ဘူး။
အောင်မြင်မဲ့နည်းလမ်းကလည်း
တစ်နည်းထဲရှိတာမဟုတ်ဘူး။
ရှာတတ်ဖို့ပဲလိုတယ်။
မိတ်ဆွေဟာ
လမ်းပျောက်သလိုခံစားနေရတယ်…
အနာဂတ်ကလည်းမရေရာနေဘူး…
ကျွမ်းကျင်ရာကလည်း ဘာမှမရှိဘူးဆိုရင်
အခုပဲထပြီး ကိုယ်လုပ်နိုင်မယ့်အရာတွေကို
စပြီးလုပ်ဆောင်ကြည့်လိုက်စမ်းပါ
ဇွဲရှိရှိသာဆက်လုပ်ရင်
မိတ်ဆွေအောင်မြင်မှာသေချာတယ် 🏆
—————————
Click here to claim your Sponsored Listing.
Category
Website
Address
Kuala Lumpur