T.Z.K

T.Z.K

Share

တာချီလိတ်မြို့နယ်အတွင်းမှ CDM ပညာရေးဝန်ထမ်း ဆရာ၊ဆရာမ (၄၉)ဦး ထပ်မံ ထုတ်ပယ်ခံရ 16/10/2021

တာချီလိတ်မြိုနယ်အတွင်းမှ ပညာရေးဝန်ထမ်း ဆရာ၊ဆရာမ (၄၉)ဦး ထပ်မံ ထုတ်ပယ်ခံရ
https://www.tachileik.net/mm/news/28095
*********

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြိုနယ်အတွင်းရှိ ပညာရေးဌာနများမှ CDM လုပ်ဆောင်ထား၍ ဆရာ၊ဆရာမ(၄၉)ဦးကို ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)ကျိုင်းတုံမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ညိုညိုက ထပ်မံထုတ်ပယ်လိုက်ကြောင်း သိရသည်။

ထပ်တိုးထုတ်ပယ်ခံရသည့် (၄၉)ဦးတွင် အထက်တန်းပြ (၂)ဦး၊ အလယ်တန်းပြ (၇)ဦး၊ မှုလတန်းကျောင်းအုပ် (၅)ဦး၊ ဒုတိယအလယ်တန်းပြ (၅)ဦး၊ ဒုတိယမူလတန်းပြ (၃)ဦး၊ လက်ထောက် မူလတန်းပြ (၂၆)ဦး နှင့် အထွေထွေလုပ်သား (၁)ဦး တို ပါဝင်ခြင်း ဖြစ်သည်။

"အခု (၄၉)ယောက်ကတော့ အရင်က ထုတ်ထားတဲ့ ယာယီရပ်ဆိုင်းခံရတဲ့အထဲမှာ မပါဘူး။ သူတိုက ရုံးနဲ့အဆက်အသွယ်မရှိဘူး။ ရုံးကိုလည်း အဆက်အသွယ်မလုပ်ဘူး။ ဘာမှ အဆက်အသွယ်မရလို ထုတ်ပယ်တာ။ ဒီထဲမှာ တခါတုန်းက အလုပ်ဝင်မလား မဝင်ဘူးလားလို စာရင်းကောက်တုန်းက ဝင်မယ်လို ပြောပြီး မဝင်တဲ့သူတွေလည်း ပါတယ်"ဟု ပညာရေးဝန်ထမ်း တစ်ဦးက Tachileik News Agency သို ပြောသည်။

ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)ကျိုင်းတုံမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ညိုညိုက တာချီလိတ်မြိုနယ်အတွင်းမှ CDM လုပ်ဆောင်ထား

တာချီလိတ်မြို့နယ်အတွင်းမှ CDM ပညာရေးဝန်ထမ်း ဆရာ၊ဆရာမ (၄၉)ဦး ထပ်မံ ထုတ်ပယ်ခံရ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့နယ်အတွင်းရှိ ပညာရေးဌာနများမှ CDM လုပ်ဆောင်ထား၍ ဆရာ၊ဆရာမ(၄၉)ဦးကို ....

T.Z.K 16/10/2021

KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော် ကွယ်လွန်
October 16, 2021

ကချင်အမျိုးသားအစည်းအရုံး KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော် (Duwa Bawmwang La Raw) သည် ယနေ့ ညနေပိုင်းက ယူကေ နိုင်ငံမှာ ကွယ်လွန်သွားပြီလို့ သိရပါတယ်။

ထိုင်းနိုင်ငံကနေ ယူကေကို ပြန်ရောက်ပြီးနောက် ပြင်းထန်စွာ ဖျားလာတဲ့အတွက် ICU မှာ ဆေးကုသနေစဉ်မှာပဲ ဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ကချင်အမျိုးသားရေးလုပ်ငန်းမှာ အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့တာကြောင့် သူ့ရဲ့ ဆုံးပါးမှုကို ဝမ်းနည်းကြောင်း ကချင်လူထုအချို့ကလည်း Facebook ပေါ်မှာ ရေးသားနေတာတွေ့ရပါတယ်။
KNG

T.Z.K Video games shop

16/10/2021

ပဲခူးတိုင်း ဥသျှစ်ပင်မှ လူသုံးဦး ဖမ်းခံရ

⛔️ Z Fighter October 16 ⛔️

ပဲခူးတိုင်းဒေသကြီး၊ ဥသျှစ်ပင်မြိုက လူမှုကူညီရေး လုပ်ကိုင်နေသူ ၃ ဦး ကို အောက်တိုဘာ ၁၄ ရက်နေ့၊ ည ၉နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲဝင်များက ဖမ်းဆီးသွားသည်။

အဖမ်းခံရသူသုံးဦးမှာ အသက် ၄၀ အရွယ် ကိုစိုးမင်းထိုက်၊ အသက်၂၀ အရွယ် မောင်ဟိန်းကိုနှင့် ကျန်းမာရေးမှူး ဦးရဲနိုင် တို ဖြစ်ကြသည်။ [ MZM ] [ Z-F ]

Source - Mizzima Burmese


👇

T.Z.K 16/10/2021

နယ်ကျော်သတင်း > သုဝဏ္ဏ

ကျိုက္ကဆံလမ်းပေါ်ကနေ စခကားကြီးတစ်စီး အရှေ့မှာစခ၃ကောင် အနောက်မှာရခ၁၀ကောင်ဝန်းကျင် ကျိုက္ကဆံကွင်းဘက်မှ ကုန်းတံတားပေါ်သို့တက်သွားပါတယ်

1:05 PM

သတင်းပေးရန် -

T.Z.K Video games shop

Want your business to be the top-listed Computer & Electronics Service in Batang Kali?
Click here to claim your Sponsored Listing.

Website

Address


Batang Kali
44200