YPDF North
17/01/2026
“လလောင်တြး ပရိုင်ပေဲါဗ္တိုက်”
"တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်"
#မြတ်မာဘာသာသတင်းအောက်တွင်ဖတ်ပါ၊
တွဵုရးဍုၚ်မန် ၊ ပွိုင်ဍုင်ရေဝ်သ္ကုတ်သၟဝ်ကျာ ဗဒဲါကွာန် အောင်သပြေ နူကံင်ဇြဳပၞာန်ဗၟာတံ ထပက်ကၠုၚ် ကရောၚ်ပၞာန် ဂှ် ဒပ်မၞုံသၟဝ်တဲ ပၠတရဴ ပရေၚ်ဍုၚ်ကွာန် ကံၚ်ဇြဳဖေဝ်ဒရေဝ်ဍုၚ်မန်(MSFC)တံ လဝေင်ဏာပၞာန်ဒမၠုက်တုဲက္တဵုဒှ်ပေဲါဗ္တိုက်
ဂိတု ဂျာန်နဝါရဳ ၁၇၊ သၞာံ၂၀၂၆။
အပ္ဍဲတွဵုရးဍုၚ်မန်၊ ပွိုင်ဍုင်ရေဝ်သ္ကုတ်သၟဝ်ကျာ ဗဒဲါ ကွာန်အောင်သပြေ ဂှ် နူကံၚ်ဇြဳပၞာန်ဗၟာတံ ထပက်ကၠုၚ်ကရောၚ် ပၞာန် နကဵုဇြဟတ် လၟိဟ် (၂၀၀) ပြၚ်ဂှ် ဒပ်မၞုံသၟဝ်ကောတ်ကာဲဌာနပရေၚ်စဵုဒၞာ ကံင်ဇြဳဖေဝ်ဒရေဝ်ဍုၚ်မန်(MSFC)၊ ဒပ်ပၠန်ဂတးဍုင်မန်(MSRF) ကေုာံ ဒပ်စဵုဒၞာညးဍုၚ်ကွာန်ရေဝ် (YPDF)တံလဝေင်ဏာလဝ်ပၞာန်ဒမၠုက်တုဲက္တဵုဒှ်လဝ်ပေဲါဗ္တိုက်ပန်ပှော်ရ။
ပေဲါဗ္တိုက်ဝွံ ဂိတု ဂျာန်နဝါရဳ(၁၅) အခိၚ်နူဂယး (၁၀)နာဍဳပြၚ်ဂှ် လဝေၚ်ကၠုၚ်လဝ်ပၞာန်ဒမၠုက်ရ။ အပ္ဍဲ ပေဲါဗ္တိုက်ဝွံ လ္ပာ်သၞကံၚ်ဇြဳပၞာန်ဗၟာတံ ချိုတ်အာ (၃)တၠ ဒးဝပ် (၆) တၠ ဂှ် သ္ပဒတန်ကေတ်နကဵုမတ်မာန်တုဲ ဗွဲမဂၠိုၚ်ဂၠေၚ်ဒးအာဝပ်နွံရ။ တင်နင်သၞတံ ဒးဝပ်ပြဟ်လလုဲအာ ချိုတ်ချိုတ်ပၠိုတ်ပၠိုတ်ဂှ် သ္ပဒတန် ဟွံမာန်ဏီတုဲ ဆက်သ္ၚဳဂၠိတ် ဂၠိုက်ဂၠာဲမံၚ်ဖိုဟ်ရ။
လ္ပာ် ဒပ်ပၠန်ဂတးဍုၚ်မန်ဝွံ သ္ဂံၚ် ဒးအာဝပ် (က္ဆံၚ်ဟွံဒးဂွိၚ်) (၁)တၠနွံရ။
------------------------------------
"တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်"
မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသော ရန်သူ့စစ်ကောင်စီစစ်ကြောင်းကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန တပ်များမှ ပျောက်ကြားတိုက်ခိုက်
ဇန်နဝါရီလ ၁၇၊ ၂၀၂၆ ခုနှစ်။
မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာအနီးသို့ စစ်ကြောင်းထိုးလာသော အင်အား (၂၀၀) ခန့်ပါ ရန်သူစစ်ကောင်စီ စစ်ကြောင်းကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန ကွပ်ကဲမှု အောက်ရှိတပ်များဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) မှ ပျောက်ကြား တိုက်ခိုက်ခဲ့သည်။
ဇန်နဝါရီလ (၁၅) ရက်နေ့ နံနက် (၁၀) နာရီခန့်တွင် အဆိုပါ ရန်သူစစ်ကောင်စီ စစ်ကြောင်း နှင့် ထိတွေ့မှု ဖြစ်ပွားခဲ့သည်။ ၎င်းထိတွေ့မှု အတွင်း ရန်သူစစ်ကောင်စီဘက်မှ တပ်သား (၃) ဦး သေဆုံးကာ (၆) ဦး ဒဏ်ရာရ ခဲ့သည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ ပျောက်ကြား တိုက်ခိုက်မှု အတွင်း ရန်သူစစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
မိမိတို့ မွန်ပြည်တော်လှန်ရေးတပ် မှ တပ်ဖွဲ့ဝင် (၁) ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
#ဒပ်ပၠန်ဂတးဍုၚ်မန် #မွန်ပြည်တော်လှန်ရေးတပ် #လလောင်တြးပရိုင်ပေဲါဗ္တိုက်
#တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
07/10/2025
ကျေးဇူးအထူးတင်ရှိပါသည်။
15/09/2025
လလောင်တြးပရိုင်ပေဲါဗ္တိုက်
တိုက်ပွဲသတင်းထုတ်ပြန်ချက်
#ဗမာဘာသာဖြင့် အောက်တွင်ဖတ်ရှုနိုင််သည်။
တွဵုရးဍုၚ်မန် ၊ ပွိုင်ဍုင်ရေဝ်၊ ဗဒါဲဍာန်ဇီု ကွာန်သၞေဟ်ခြေၚ် ဒၞါဲကံၚ်ဇြဳပၞာန်ဗၟာတအ် ကေတ်လဝ်ကၚ်ဒမၠုက် ကေုာံ သၞေဟ်ကၚ်ကအ်ကျာ် ဗဒါဲကွာန်တၟံကၞေၚ် ဂှ် ဒပ်မၞုံသၟဝ်တဲ ပၠတရဴပရေၚ်ဍုၚ်ကွာန် ဌာနပရေၚ်စဵုဒၞါ ကံၚ်ဇြဳဖေဝ်ဒရေဝ်ဍုၚ်မန်(MSFC) ၊ ဒပ်ပၠန်ဂတးဍုၚ်မန်(MSRF)၊ဒပ်စဵုဒၞါညးဍုၚ်ကွာန်ရေဝ်(YPDF) ကေုာံ ဒပ်ပၠန်ဂတးပံၚ်တောဲမဟာမိတ်ဂမၠိုၚ် သုင်စောဲ Drone တုဲ ထောံပၠံၚ်လဝ်မခတိုဟ် လဝေၚ်ဏာပၞာန်ရ။
ဂိတု သေတ်တေမ်ဘာ ၁၅၊ သၞာံ ၂၀၂၅
တွဵုရးဍုၚ်မန်၊ ပွိုင်ဍုင်ရေဝ် ဗဒါဲဍာန်ကွဳစက်ပၟတ် မၞုံဍာန်ဇီု ကွာန်သၞေဟ်ခြေၚ် ဒၞါဲကံၚ်ဇြဳပၞာန်ဗၟာတအ်ကေတ်လဝ် ကၚ်ဒမၠုက် ဂှ် ဒပ်မၞုံသၟဝ်တဲပၠတရဴပရေၚ်ဍုၚ်ကွာန်ဌာနာပရေၚ်စဵုဒၞါကံၚ်ဇြဳဖေဝ်ဒရေဝ်ဍုၚ်
မန်(MSFC) မဒှ် ဒပ်ပၠန်ဂတးဍုၚ်မန်(MSRF)၊ ဒပ်စဵုဒၞါညးဍုၚ်ကွာန်ရေဝ်(YPDF) ကေုာံ ဒပ်ပၠန်ဂတးပံၚ်တောဲမဟာမိတ်ဂမၠိုၚ်တအ် သုၚ်စောဲ Drone တုဲ ဖျေံထောံလဝ်မခတိုဟ်ရ။
ဂိတုသေတ်တေမ်ဘာ (၁၃)၊ အခိင်သဝ်တ္ၚဲ(၄:၂၀) နာဍဳဂှ်လေဝ် ဖျေံထောံလဝ်မခတိုဟ်(၂)မ က္တဵုဒှ်လဝ်ပေဲါဗ္တိုက်တုဲ လ္ပာ်ဒပ်ပၠန်ဂတးပံၚ်တောဲမဟာမိတ်တအ်ကလေၚ်နုက်တိတ်ကၠုၚ်ပၞာန် ဗွဲမအံၚ်ဇၞးရ။
အပ္ဍဲပေဲါဗ္တိုက်ဝွံ လ္ပာ်ကံင်ဇြဳပၞာန်ဗၟာတအ် ဒးဝပ်ပြဟ်လလုဲအာနွံတုဲ တၚ်နၚ်ချိုတ်ချိုတ်ပၠိုတ်ပၠိုတ်ဂှ် သ္ပဒတန်ဟွံမာန်ဏီရ။
ဂိတုသေတ်တေမ်ဘာ ၊ စၟတ်တ္ၚဲ(၇) ပွိုၚ်
ဍုၚ်ရေဝ်၊ သၞေဟ်ကၚ်ကံၚ်ဇြဳပၞာန်ဗၟာကအ်ကျာ် မၞုံဗဒါဲကွာန်တၟံကၞေၚ် ဂှ် ဂကောံဒပ်ပၠန်ဂတးမဟာမိတ်ဂမၠိုၚ် သုၚ်စောဲ Droneတုဲ ထောံပၠံၚ်ဏာလဝ်မခတိုဟ်ရ။
အပ္ဍဲဒပ်ပံၚ်တောဲမဟာမိတ်ဂမၠိုၚ်ဂှ် ဒပ်ပၠန်ဂတးဍုၚ်မန်(MSRF)၊ ဒပ်စဵုဒၞာညးဍုၚ်ကွာန်ရေဝ်(YPDF)၊ တံဒပ်-၂၇(KNLA)ဒပ်ပါ်(၁) ကေုာံ ဒပ်တဗျူဟာ ၃၃ (ဒပ်ပါ်မုက်ပၞာန်ဒဝ်န - တပေန်သျှိုဲထဳ) တအ် ပံၚ်တောဲလုပ်လဝ်ပေဲါဗ္တိုက်ရ။
—————————————————
#တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်"
မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်လမ်းဆုံအနီးရှိ ရန်သူစစ်ကောင်စီကင်းပုန်းဝပ် နှင့် မော့ကနင်ရွာအနီးရှိ ကွမ်ကျိုက်ဂိတ်စခန်း အား မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန မှတပ်များဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) နှင့် တော်လှန်ရေးမဟာမိတ် တပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊
၁၅ ၊ စက်တင်ဘာလ၊၂၀၂၅
မွန်ပြည်နယ် ရေးမြို့နယ် နှစ်ကရင်ရွာလမ်းဆုံအနီးရှိရထားလမ်းဘေးတွင် ကင်းပုန်းဝပ်နေသော ရန်သူ့စစ်ကောင်စီကင်းပုန်းကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာနမှ တပ်များဖြစ်သော မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) နှင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သည်။
စက်တင်ဘာလ (၁၃) ရက်နေ့ ညနေ (၄)နာရီ (၂၀) မိနစ် တွင် ဗုံးသီး(၂) လုံးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး မိမိတို့တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဝင်များမှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ခွာစစ် ဆင်နိုင်ခဲ့သည်။
အဆိုပါ ဗုံးကျဲ တိုက်ခိုက်မှုတွင် ရန်သူစစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုရှိပြီးအသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စက်တင်ဘာလ (၇)ရက်နေ့ တွင်လည်း ရေးမြို့နယ် မော့ကနင်ကျေးရွာအနီးရှိ ရန်သူ့စစ်ကောင်စီ၏ ကွမ်ကျိုက်ဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။
တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များတွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF)၊ KNLA တပ်ရင်း(၂၇) တပ်ခွဲ (၁) နှင့် ဗျူဟာ ၃၃ ဒေါနချေမှုန်းရေးတပ်ခွဲ- တပင်ရွှေထီးတပ် တို့ပူးပေါင်းပါဝင်ခဲ့ကြသည်။
23/07/2025
လလောၚ်တြးပရိုၚ်ပေဲါဗ္တိုက်
ဒပ်ပၠန်ဂတးဍုၚ်မန်(MSRF)၊ဒပ်စဵုဒၞာညးဍုၚ်ကွာန်ရေဝ်(YPDF) ကေုာံ ဒပ်မဟာမိတ် KNLA တံဒပ်လၟိဟ်(၂၇)၊ ဒပ်ပါ် (၁) တအ်လုပ်ပန်ပှော် ဒၞာဲကံၚ်ဇြဳပၞာန်တအ်ကေတ်လဝ်ကၚ်ဒမၠုက်၊ မၞုံဇရေၚ်ရုင်ဗၠာဲသၟိၚ် ကွာန်ပြဳ၊ အပ္ဍဲတွဵုရးဍုၚ်မန် ၊ပွိုၚ်ဍုၚ်ဇြပ်ဗုရ။
ဂိတုဂျူလာင်၂၃၊ သၞာံ ၂၀၂၅
ပ္ဍဲတွဵုရးဍုၚ်မန်၊ ပွိုင်ဍုင်ဇြပ်ဗု၊ မဒှ်ဒၞဲါကံင်ဇြဳပၞာန်တအ်ကေတ်လဝ်ကၚ်ဒမၠုက် မၞုံဇရေၚ်ရုၚ်ဗၠာဲသၟိၚ်ကွာန်ပြဳ ဗ္ၜတ်အကြာ ဂိုက် ၂၀၀ ဝွံ ဒးဒုၚ်ပန်ကၠုၚ်လဝ်ကဵု ဒပ်ပၞာန်မၞုံသၟဝ် ပၠတရဴပရေၚ်ဍုၚ်ကွာန် ကံၚ်ဇြဳဖေဝ်ဒရေဝ်ဍုၚ်မန် မဒှ်ဒပ်ပၠန်ဂတးဍုၚ်မန်(MSRF)၊ ဒပ်စဵုဒၞာညးဍုၚ်ကွာန်ရေဝ်(YPDF) ကေုာံ
ဒပ်မဟာမိတ် KNLA တံဒပ်လၟိဟ်(၂၇)၊ဒပ်ပါ် (၁)တအ်ရ။
ပ္ဍဲစၟတ်တ္ၚဲ ဂိတုဂျူလာၚ် ၂၂ သၞာံ ၂၀၂၅ အခိၚ်နူဂယး (၁၁:၂၀) နာဍဳဂှ်စလုပ်ပန်ပှော်ကၠုၚ်တုဲ အခိၚ်နူဂယး(၁၁:၃၀)နာဍဳဂှ် နူကဵု ဒပ်ပံင်တောဲမဟာမိတ်တအ် က္လေၚ်နုက်တိတ်ကၠုၚ်ပၞာန်ဗွဲမအံၚ်ဇၞး ဂီုကၠီုဟေၚ်ရ။
အပ္ဍဲပရေၚ်ပန်ပှော်ဂှ်ဝွံ လပါ်သၞတအ် ဗၠာဲသၟိၚ်(၂)တၠ၊ ကောန်ပၞာန်(၃)တၠ ချိုတ်တုဲ ဟွံအောန်နူ(၃)တၠဒးအာဝပ်ဗွဲမသ္ကာတ်မြဟ်နွံရ။
အပ္ဍဲဒပ်ပံင်တောဲမဟာမိတ်ဂမၠိုၚ်ဂှ် ဒပ်ပၠန်ဂတးဍုၚ်မန်(MSRF)၊ ဒပ်စဵုဒၞာညးဍုၚ်ကွာန်ရေဝ်(YPDF) ကေုာံ KNLA တံဒပ်လၟိဟ်(၂၇)၊ ဒပ်ပါ်(၁) တအ်ပါလုပ်အိုတ်ရ။
------------------
တိုက်ပွဲ သတင်းထုတ်ပြန်ချက် ကြေညာချက်
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ထင်းရှူးရဲစခန်း ရှေ့ရှိ စစ်ကောင်စီတပ် ကင်းပုန်းနေရာကို မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)၊ KNLAတပ်ရင်း(၂၇) တပ်ခွဲ(၁) တို့မှ ဝင်ရောက်ပစ်ခတ်
၂၃၊ ဇူလိုင်၊ ၂၀၂၅
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ စစ်ကောင်စီလက် အောက်ခံ ထင်းရှူးရဲစခန်းအနီး ကိုက်(၂၀၀)အကွာရှိ ကင်းပုန်းနေရာကို မွန်
ပြည်ဖက်ဒရယ်ကောင်စီ(MSFC) ကာကွယ်ရေးဌာနအောက်ရှိ တပ်များဖြစ်သော မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တို့နှင့် စစ်ရေးမဟာမိတ်ဖြစ်သော KNLA တပ်ရင်း(၂၇) တပ်ခွဲ(၁)တို့မှ ဇူလိုင်လ၂၂ ရက်နေ့ နံနက်ပ်ိုင်းတွင် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။
အဆိုပါရဲစခန်းအနီးရှိ ကင်းပုန်းနေရာကို ဇူလိုင်လ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်မှ
စတင်ဝင်ရောက်ပစ်ခတ်ရာ
နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မိမိတို့တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ တစုံတရာ ထိခိုက်မှူမရှိဘဲ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့သည်။
အဆိုပါတိုက်ပွဲတွင် ရန်သူ့စစ်ကောင်စီဘက်မှ ရဲ(၂)ဦး၊ စစ်ကောင်စီတပ်သား(၃)ဦး သေဆုံးခဲ့ပြီး (၃)ဦးထက်မနည်းပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။
တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များတွင်
မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ်(YPDF)၊ KNLA တပ်ရင်း (၂၇) တပ်ခွဲ(၁)တို့ ပူးပေါင်းပါဝင်ခဲ့ကြပါသည်။
#ကံင်ဇြဳဖေဝ်ဒရေဝ်ဍုင်မန်
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
ဗိုလ်ချုပ်လမ်း
Ye
12101