AyuZen
13/04/2026
💸 ငွေကြေးတွေ သင့်ဆီ တန်းတန်းမတ်မတ် လာနေပြီဆိုတဲ့ နိမိတ် (၈) ချက်
၁။ သင် ဒီစာကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရတယ်။
၂။ ဒီစာကို ဖတ်ရင်း သင့်မျက်နှာမှာ အပြုံးလေးတစ်ခု ပေါ်လာတယ်။
၃။ တစ်နေ့လုံး သင့်စိတ်ထဲမှာ ငွေကြေးနဲ့ ပတ်သက်တဲ့ အရာတွေပဲ လှည့်ပတ်နေခဲ့တယ်။
၄။ သင့်ရင်ထဲမှာ စိုးရိမ်စိတ်မဟုတ်တဲ့၊ တည်ငြိမ်တဲ့ ရင်ခုန်မှုတစ်ခုကို ခံစားနေရတယ်။
၅။ သင် ဒီနေရာမှာပဲ ရှိနေပြီး စာကို ဆက်ဖတ်နေဆဲပဲ။
၆။ သင့်ဘဝရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းတော့မယ်ဆိုတဲ့ အရိပ်အယောင်တွေကို သင် သတိထားမိလာပြီ။
၇။ ဒီသတင်းစကားဟာ သင့်အတွက်ပဲ ရည်ရွယ်တယ်ဆိုတာ သင် အလိုလိုသိနေတယ်။
၈။ သင် အဆင်သင့်ဖြစ်နေပြီ၊ အောင်မြင်မှုကို လက်ခံဖို့ အသင့်ပြင်ထားပြီ။
888 လို့ ရေးသားပြီး ဒီ Abundance energy တွေနဲ့ခုဘဲချိတ်ဆက်လိုက်ပါ။ 🔥
21/03/2026
လူချစ်လူခင်ပေါပြီး စကားပြောအောင်မြင်သူတစ်ယောက် ဖြစ်လာဖို့ လျှို့ဝှက်ချက် (၅) ချက် ✨
"စကားပြောကောင်းရုံနဲ့ မလုံလောက်ပါဘူး"
ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာရော၊ လုပ်ငန်းခွင်မှာပါ လူမှုဆက်ဆံရေး အဆင်ပြေချောမွေ့ဖို့က အရေးကြီးဆုံး Skill တစ်ခုပါ။ Ayuzen ရဲ့ ချစ်ရတဲ့ မိတ်ဆွေ တို့ အတွက် ကမ္ဘာကျော် Dale Carnegie ရဲ့ သင်ခန်းစာတွေထဲက အထိရောက်ဆုံး (၅) ချက်ကို အနှစ်ချုပ် မျှဝေပေးလိုက်ပါတယ်။
၁။ ဝေဖန်ခြင်းထက် "နားလည်ပေးခြင်း" ကို ရှေ့တန်းတင်ပါ 🛡️
လူတိုင်းမှာ ကိုယ်စီ အမှားနဲ့ အကြောင်းပြချက် ရှိတတ်ပါတယ်။ အပြစ်တင်လိုက်ရင် တစ်ဖက်လူက ခံစားသွားတတ်ပါတယ်။ အမှားကို ထောက်ပြမယ့်အစား "ဘာကြောင့် ဒီလိုဖြစ်ရတာလဲ" ဆိုတဲ့ အကြောင်းအရင်း ကို နားလည်ပေးဖို့ ကြိုးစားကြည့်ပါ။
၂။ တဖက်လူ"နာမည်" ကို တန်ဖိုးထားပြီး ခေါ်ဆိုပါ 🗣️
လူတစ်ယောက်အတွက် သူ့ရဲ့နာမည်ဟာ ကမ္ဘာပေါ်မှာ အချိုသာဆုံး အသံပါပဲ။ စကားပြောတဲ့အခါ တစ်ဖက်လူရဲ့ နာမည်ကို ထည့်သွင်းခေါ်ဆိုပေးတာဟာ "ကျွန်တော်/ကျွန်မ သင့်ကို အသိအမှတ်ပြုပါတယ်" လို့ လေးစားမှုပေးလိုက်တာနဲ့ အတူတူပါပဲ။
၃။ နားထောင်ကောင်းသူ (Good Listener) ဖြစ်ပါစေ 👂
စကားအများကြီး ပြောတတ်သူထက် တစ်ဖက်လူပြောတာကို စိတ်ပါလက်ပါ နားထောင်ပေးသူကို လူတွေက ပိုသဘောကျကြပါတယ်။ သူတို့ရဲ့ ခံစားချက်နဲ့ အကြောင်းအရာတွေကို အာရုံစိုက်ပေးခြင်းက အကောင်းဆုံး ကုသမှု (Healing) တစ်ခုပါပဲ။
၄။ "အပြုံး" တစ်ခုရဲ့ စွမ်းအားကို အသုံးချပါ 😊
အပြုံးဟာ ငွေကုန်ကြေးကျမရှိဘဲ တစ်ဖက်လူကို နွေးထွေးမှုပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်ပါ။ စစ်မှန်တဲ့ အပြုံးတစ်ခုက လူမှုဆက်ဆံရေးရဲ့ တံခါးချပ်တွေကို အလိုအလျောက် ပွင့်သွားစေပါတယ်။
၅။ တစ်ဖက်လူရဲ့ စိတ်ဝင်စားမှုကို အလေးထားပါ ❤️
ကိုယ်ပြောချင်တာကိုပဲ ဇောက်ချပြောမယ့်အစား "သူ ဘာကို စိတ်ဝင်စားသလဲ" ဆိုတာကို အရင်မေးမြန်းကြည့်ပါ။ သူဝါသနာပါတဲ့ အကြောင်းအရာကို ဆွေးနွေးခြင်းက သင့်အပေါ် ယုံကြည်မှုနဲ့ ခင်မင်မှုကို မြန်မြန်ဆန်ဆန် တိုးတက်စေပါတယ်။
🌟 Reflection Question for Today:
ဒီနေ့မှာ သင်တွေ့ဆုံရမယ့်သူ တစ်ယောက်ယောက်ကို စစ်မှန်တဲ့ "ချီးမွမ်းစကား" တစ်ခွန်း ပြောပေးဖို့ အစီအစဉ်ရှိပါသလား? ကွန်မန့်မှာ မျှဝေခဲ့ပေးပါဦးနော်။ 👇
17/03/2026
ဆားဖြင့် အညစ်အကြေးဆေးကြောပြီး ကံပွင့်စေမည့် နည်းလမ်းကောင်း (Energy Cleansing)
အခုတလော စိတ်ထဲမှာ တစ်ခုခုက ဖိစီးနှိပ်စက်ထားသလို လေးလံထိုင်းမှိုင်းနေပါသလား? ဘာလုပ်လုပ် အဆင်မပြေဘဲ လမ်းပျောက်နေသလို ခံစားနေရရင် ဒါဟာ သင့်ပတ်ဝန်းကျင်နဲ့ သင့်စိတ်ထဲမှာ မကောင်းတဲ့စွမ်းအင် (Negative Energy) တွေ ပိတ်ဆို့နေတာကြောင့် ဖြစ်နိုင်ပါတယ်။
ရှေးလူကြီးတွေ လက်ဆင့်ကမ်းခဲ့တဲ့ "ဆား" ရဲ့ အစွမ်းနဲ့ စိတ်ရောကိုယ်ပါ သန့်စင်လန်းဆန်းစေမည့် နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။ ဒါဟာ အယူသီးမှုထက် မိမိရဲ့ Life Energy (ဇီဝစွမ်းအင်) ကို ပြန်လည်နိုးထစေတဲ့ သဘာဝကုထုံးတစ်ခုပဲ ဖြစ်ပါတယ်။
✨ ဘာကြောင့် "ဆား" ကို အသုံးပြုတာလဲ?
သဘာဝတရားမှာ ဆားဟာ သန့်စင်ခြင်းရဲ့ ပြယုဂ်ဖြစ်ပြီး ပတ်ဝန်းကျင်က မကောင်းတဲ့ ဓာတ်သဘောဆောင်တဲ့ စွမ်းအင်တွေကို စုပ်ယူဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ်။ မိမိကိုယ်ပေါ်က အညှီအဟောက်တွေကို ဆေးကြောပြီး ကံဇာတာသစ်ကို လမ်းဖွင့်ပေးဖို့ အကောင်းဆုံး အထောက်အကူပြုပါတယ်။
📦 ပြင်ဆင်ရမည့် နည်းလမ်းများ
ဆားသန့်သန့် တစ်ဆုပ်စာ (ပင်လယ်ဆား သို့မဟုတ် ဆားခါးဆိုလျှင် ပိုကောင်းပါတယ်)
ရေတစ်ဇလုံ
တည်ငြိမ်အေးချမ်းသော စိတ်အာရုံ
🌊 အဆင့်ဆင့် ပြုလုပ်ပုံ (Energy Cleansing Guide)
အာရုံပြုခြင်း:
နမောတဿ (၃) ကြိမ် ရွတ်ဆိုပြီး မိမိရဲ့ အမည်၊ မျိုးရိုး၊ မွေးသက္ကရာဇ်ကို စိတ်ထဲက တိုင်တည်ပါ။ "ယနေ့မှစ၍ ကျွန်ုပ်၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်၌ ကပ်ငြိနေသော မကောင်းသော အညစ်အကြေးများကို ဆေးကြောသန့်စင်ပါမည်" ဟု အာရုံပြုပါ။
ဆားကို ဖျော်စပ်ခြင်း:
ဆားကို ရေထဲထည့်ပြီး ဖြည်းညှင်းစွာ မွှေပါ။ ထိုသို့မွှေနေစဉ် "ကျွန်ုပ်၏ ဘဝထဲမှ မကောင်းသော အနှောင့်အယှက်၊ အညှီအဟောက်အားလုံး ဤဆားရေနှင့်အတူ ပျော်ဝင်ထွက်သွားပါစေ" ဟု ခိုင်မာစွာ ဆုတောင်းပါ။
စနစ်တကျ လောင်းချခြင်း:
ထိုဆားရေကို ဘယ်ဘက်ပုခုံး မှ စတင်လောင်းပါ။ ထို့နောက် ညာဘက်ပုခုံး ကို လောင်းပါ။ ဤသည်မှာ ပုခုံးပေါ်ရှိ ဝန်ထုပ်ဝန်ပိုးများနှင့် ကံကြမ္မာအဆိုးများကို ဆေးကြောချလိုက်ခြင်း ဖြစ်သည်။
ကံပွင့်ဆုတောင်း:
"ငါ့အပေါ်ရှိ ဘေးဘယာ၊ ဒုက္ခနှင့် မကောင်းသော စွမ်းအင်အားလုံး လွင့်စင်ပျောက်ကွယ်ပါစေ။ ငါ့ဘဝသည် ပိုမိုပေါ့ပါး ကြည်လင်ပြီး ကောင်းမွန်သော အခွင့်အလမ်းသစ်များ ဝင်ရောက်လာပါစေ" ဟု စိတ်ထဲမှ ရွတ်ဆိုပါ။
စွန့်ပစ်ခြင်း:
အညစ်အကြေးများ စုပ်ယူထားသော ရေဖြစ်သည့်အတွက် အကြာကြီးမထားဘဲ ချက်ချင်း သွန်ပစ်လိုက်ပါ။
🌟 (၃) ရက် ဆက်တိုက် ပြုလုပ်ပါက ရရှိမည့် အကျိုးကျေးဇူးများ
စိတ်ပေါ့ပါးလန်းဆန်းခြင်း: ရင်ထဲက အပူအပင်တွေ သိသိသာသာ လျော့ကျသွားမယ်။
အခက်အခဲများ ပြေလည်ခြင်း: ပိတ်ဆို့နေတဲ့ ပြဿနာတွေအတွက် လမ်းစအသစ်တွေ မြင်လာမယ်။
ကံကောင်းခြင်းများ ဝင်လာခြင်း: စိတ်ကြည်လင်လာတဲ့အတွက် ပတ်ဝန်းကျင်က ကောင်းမွန်တဲ့ အခွင့်အလမ်းတွေကို ဆွဲဆောင်နိုင်လာမယ်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်း: စိတ်ဖိစီးမှုတွေ ကင်းစင်သွားတဲ့အတွက် အနားယူရတာ ပိုမိုပြည့်စုံလာမယ်။
မိမိကိုယ်ကို ပြန်လည်ဂရုစိုက်ပြီး စွမ်းအင်သစ်တွေ ဖြည့်တင်းဖို့ ဒီနေ့ပဲ စတင်လိုက်ပါ။ စိတ်ကြည်လင်ရင် ကံပွင့်ဖို့ လမ်းစပဲ ဖြစ်ပါတယ်။
Ayuzen Healing and Coaching
Click here to claim your Sponsored Listing.
Category
Telephone
Address
Yangon