ChittoKoko

ChittoKoko

Share

20/01/2025

" သစ်သီးခူး " (၁ )

ကျွန်တော်---
ဘယ်တော့မှပြန်မလာနိုင်တော့ဘူးဆိုတာ
သူ့ကိုမပြောပြကြပါနဲ့

မျက်ရည်အဝဲသားနဲ့
သူမေးလာခဲ့လျှင်သာ

အဝေးတစ်နေရာမှာ
ရွှေဝါရောင်သစ်သီးတွေ
သွားခူးနေတယ်လို့ပြောပေးပါ

ကန္တာရသီးပင်တွေ
ရင့်မည့်တဲ့ရာသီချိန်ရောက်လျှင်
သူရယ်
ကျွန်တော်ရယ်
ပျော်ရွှင်စွာ ရိတ်သိမ်းဘို့ ပြန်လာပါ့မယ် လို့

ချစ်သူရေ----
နွေးထွေးသော ကမ်းလက်များနှင့်အတူ
အေးချမ်းစွာကျန်ရစ်ပါ

ဝေးကွာခြင်းဆိုတဲ့ ကာလတစ်ခုဟာ
အကန့်အသတ် ရှိချင်မှရှိမယ်
ဒါပေမဲ့------
အဆုံးမရှိတာမှမဟုတ်ပဲကွယ်

စိတ်တူ ကိုယ်မျှ
ပြုဖူးခဲ့တဲ့ရေစက်ပေါင်းများစွာ
နောင် သံသရာမှာ
မိုးဖြိုင်ဖြိုင်ရွာပြီဆိုမှဖြင့်

သူရယ်
ကျွန်တော်ရယ်

" ပျော်ရွှင်ဘွယ် သစ်သီးခူးကြရဦးမှာပါ "

ရွှေမိုးရွာ

လူလိမ်မခံရအောင် ဒီ Video လေးကို အဆုံးထိ ကြည့်စေချင်ပါတယ် 19/07/2022

ကျနော်ရဲ့
လူလိမ်တွေအကြောင်း ဒုတိယမြောက် Video လေးပါ။

ကျနော်ရဲ့ Youtube channal လေးကိုလဲ Subscribe လုပ်ပေးကြပါဦး လို့......

လူလိမ်မခံရအောင် ဒီ Video လေးကို အဆုံးထိ ကြည့်စေချင်ပါတယ် ကျွန်တော်တို့ဘဝမှာ အနည်းဆုံး တစ်ကြိမ်တစ်ခါလောက်တော့ ကြီးကြီးမားမားလိမ်မဲ့ လူလိမ်တွေနဲ့ တွေဆုံရတက်ပါတယ် ဒ...

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


AYE SAY TI
Yangon