SHINE Technical Institute
29/01/2023
02/07/2018
ဒီအပတ်အတွက်Knowledge Sharing အဖြစ် Electrical Estimate ထဲမှာ ပါဝင်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မီးပိုက်(Pipe size)ရွေးချယ်ခြင်း အကြောင်းရှင်းပြရေးသားသွားပါမယ်နော်။💁💁💁
မီးပိုက်/ထရမ်းကင်း တွေရဲ့ size ရွေးချယ်တပ်ဆင်ခြင်းဟာ သာမာန်အတွေးနဲ့တွေးလိုက်ရင် ဘာမှမဟုတ်လောက်ပါဘူး...အသေးအမွှားလေးပါအခုလည်းအဆင်ပြေနေတာပဲ လို့ထင်ကောင်းထင်နိုင်ပါတယ်။
မှန်ပါတယ် အခုအဆင်ပြေနေပေမယ့် နောက်ပိုင်း လျှပ်စစ်ပစ္စည်းတွေ အကုန်အစုံသုံးမယ် အဲ့ပစ္စည်းတွေသုံးဖို့ မီးကြိုးတွေကိုလည်း ပြည့်ကြပ်နေအောင် ပိုက် (သို့မဟုတ်) ထရမ်းကင်းထဲက သွားထားမယ် ဆိုရင် မီးကြိုးတစ်ချောင်းချင်းစီမှာ လျှပ်စီးကြောင်း ( Current ) စီးနေတဲ့အတွက် အပူထွက်တာရှိပါတယ်။ အဲ့အပူဟာ ပိုက်/ထရမ်းကင်းပြည့်ကြပ်နေမှုကြောင့် အပြင်မထွက်နိုင်ဘဲ ပိုက်အတွင်းထဲမှာပဲအောင်းနေပြီး မီးကြိုးအပြင်ကာဗာ (Insulator) ဟာ အပူများလျှင် အရည်ပျော်ကာ အထဲက ကြေးကြိုး (Conductor) အချင်းချင်းထိတွေ့ကာ ရှော့(Short) ဖြစ်နိုင်ပါတယ်။
အပူကြောင့် ကြိုးရဲ့ လျှပ်စီးကြောင်းသယ်ဆောင်နိုင်မှု (Current carrying capacity) လည်းလျော့နည်းနိုင်ပါတယ်။
ထိုအခါ လုံလောက်သော လျပ်စီးပမာဏကို အပြည့်အဝ မရသည့်အတွက် လျပ်စစ်ပစ္စည်း(Electronic Device) တွေ အချိန်အတန်ခင် မပျက်စီးသင့်ဘဲပျက်စီးနိုင်ပါတယ်။
မိမိက အခုအဆင်ပြေတာပဲ အလုပ်မြန်မြန်ပြီး ပြီးတာဘဲ ပိုက်နောက်တစ်ချောင်းမပြေးရပြီးရော ဆိုပြီးလုပ်ပေးခဲ့လိုက်တဲ့ အလုပ်ဟာ အိမ်ရှင်အတွက်လည်းဆိုးကျိုးဖြစ်နိုင်တဲ့အပြင် ဒီအလုပ်ကိုလက်ခံလုပ်ပေးသူအတွက်လည်းဆိုးကျိုးဖြစ်နိုင်ပါတယ်။
နှစ်ဦးနှစ်ဖက်အတွက်အကျိုးမရှိပါဘူး။
ထို့ကြောင့် ပိုက်တွေ ထရမ်းကင်းတွေ ရွေးချယ်တဲ့အခါမှာ မှန်ကန်ပြီး ဘေးအန္တရာယ်ကင်းရှင်းစွာ ရွေးချယ်တပ်ဆင်နိုင်ဖို့
ပိုက်ရွေးချယ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။ ပိုက်တွေ ထဲမှာထည့်မယ့် ကြိုးပမာဏသည် ပိုက်ရဲ့ 60% ပဲနေရာယူရမှာပါ။
ကျန် 40% သည် လေဝင်လေထွက်ကောင်းအောင် ကြိုးထိုးလွယ်အောင် ချန်ထားပေးရမှာပါ။
💚💚💚ပိုက်ရွေးချယ်ခြင်း💚💚💚
ပိုက်ရွေးချယ်ရာတွင်
#ပိုက်ထဲမှာထည့်ပြေးမယ့်ကြိုးရဲ့အရွယ်အစား(wire size)
#ထည့်မယ့်ကြိုးအရေအတွက်
#ပိုက်သွားမည့်လမ်းကြောင်းမှာရှိမည့်အကွေးအရေအတွက်
#ပိုက်ရဲ့အရှည်
အစရှိသည်တို့ကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်
ဥပမာ
မိမိသည် 1.5 ကြိုး ၃ချောင်း ၊ 2.5 ကြိုး ၃ချောင်း ပြေးမည်ဆိုကြပါစို့။
အကွေးက၂ကွေး ရှိမည်။ ပိုက်အရှည်က ၁၀ မီတာပါ။
ကဲ စတွက်ပါပြီနော်📝📝📝
1.5 ကြိုး ၃ချောင်းဖြစ်ပြီး သူ့ရဲ့ conduit factor သည် table မှာကြည့်လိုက်ရင်22
ထို့ကြောင့်
22*3=66......eq(1)
2.5ကြိုးကလည်း ၃ချောင်းဖြစ်ပြီး သူ့ရဲ့ conduit factor သည် table မှာကြည့်လိုက်ရင် 30
ထို့ကြောင့်
30*3=90......eq(2)
eq(1)+(2)
ထို့ကြောင့်
66+90=156
ကြိုးအားလုံးပါပြီးပိုက်ထဲကြိုးထည့်ရမည့်ပမာဏသည် 156
ထို့ကြောင့် ပိုက်size ရွေးရမည့် table အရ 156 ထက်ကြီးတာရွေးရမှာဖြစ်သည့်အတွက်
Table 2 Bends မှာ 156 နဲ့ အနီးစပ်ဆုံးတူတာသည် 244 pipe size သည်
40% အပိုချန်ရမှာဖြစ်သည့်ပတွက်တစ်ဆင့်ကြီးတာရွေးတော့ 20mm pipe ကိုရွေးလိုက်ပါတယ်နော်။
👉👉👉ပုံသေနည်းကတော့
ကြိုးရဲ့ conduit factor x ကြိုးအရေအတွက် ပဲဖြစ်ပါတယ်နော်
ကြိုးအရွယ်အစားတစ်မျိုးချင်းစီအလိုက် သူ့ရဲ့ factor နဲ့မြောက်ပေးရမှာဖြစ်ပြီး တစ်ခုချင်းစီမြောက်ပြီးရင်တော့ အားလုံးကို ပေါင်းပေးရမှာဖြစ်ပါတယ်။
နောက်ဆုံးပေါင်းလဒ်ထွက်လာတဲ့အဖြေကို အကွေးအရေအတွက်အလိုက် tableမှာ ကြည့်ရွေးပြီး တစ်ဆင့်ကြီးတာကို ယူသုံးရမှာဖြစ်ပါတယ်နော်။
နောက်အပတ်မှာ ထရမ်းကင်း(Trunking) ရွေးချယ်ခြင်းကို ဆက်ရှင်းပြပေးသွားမှာဖြစ်လို့ PAGE ကို Like and Share, See first လုပ်ထားဖို့ မမေ့နဲ့ဦးနော်...
👷👍👷👍👷👍👷👍👷👍👷👍👷👍👷👍👷👍
Tag Phoopaye Kywe🙆🙆🙆
Unity Strength Electrical Engineering Group
ဒီအပတ္အတြက္Knowledge Sharing အျဖစ္ Electrical Estimate ထဲမွာ ပါဝင္တဲ့ အစိတ္အပိုင္းတစ္ခုျဖစ္တဲ့ မီးပိုက္(Pipe size)ေ႐ြးခ်ယ္ျခင္း အေၾကာင္းရွင္းျပေရးသားသြားပါမယ္ေနာ္။💁💁💁
မီးပိုက္/ထရမ္းကင္း ေတြရဲ႕ size ေ႐ြးခ်ယ္တပ္ဆင္ျခင္းဟာ သာမာန္အေတြးနဲ႔ေတြးလိုက္ရင္ ဘာမွမဟုတ္ေလာက္ပါဘူး...အေသးအမႊားေလးပါအခုလည္းအဆင္ေျပေနတာပဲ လို႔ထင္ေကာင္းထင္ႏိုင္ပါတယ္။
မွန္ပါတယ္ အခုအဆင္ေျပေနေပမယ့္ ေနာက္ပိုင္း လွ်ပ္စစ္ပစၥည္းေတြ အကုန္အစုံသုံးမယ္ အဲ့ပစၥည္းေတြသုံးဖို႔ မီးႀကိဳးေတြကိုလည္း ျပည့္ၾကပ္ေနေအာင္ ပိုက္ (သို႔မဟုတ္) ထရမ္းကင္းထဲက သြားထားမယ္ ဆိုရင္ မီးႀကိဳးတစ္ေခ်ာင္းခ်င္းစီမွာ လွ်ပ္စီးေၾကာင္း ( Current ) စီးေနတဲ့အတြက္ အပူထြက္တာရွိပါတယ္။ အဲ့အပူဟာ ပိုက္/ထရမ္းကင္းျပည့္ၾကပ္ေနမႈေၾကာင့္ အျပင္မထြက္ႏိုင္ဘဲ ပိုက္အတြင္းထဲမွာပဲေအာင္းေနၿပီး မီးႀကိဳးအျပင္ကာဗာ (Insulator) ဟာ အပူမ်ားလွ်င္ အရည္ေပ်ာ္ကာ အထဲက ေၾကးႀကိဳး (Conductor) အခ်င္းခ်င္းထိေတြ႕ကာ ေရွာ့(Short) ျဖစ္ႏိုင္ပါတယ္။
အပူေၾကာင့္ ႀကိဳးရဲ႕ လွ်ပ္စီးေၾကာင္းသယ္ေဆာင္ႏိုင္မႈ (Current carrying capacity) လည္းေလ်ာ့နည္းႏိုင္ပါတယ္။
ထိုအခါ လုံေလာက္ေသာ လ်ပ္စီးပမာဏကို အျပည့္အဝ မရသည့္အတြက္ လ်ပ္စစ္ပစၥည္း(Electronic Device) ေတြ အခ်ိန္အတန္ခင္ မပ်က္စီးသင့္ဘဲပ်က္စီးႏိုင္ပါတယ္။
မိမိက အခုအဆင္ေျပတာပဲ အလုပ္ျမန္ျမန္ၿပီး ၿပီးတာဘဲ ပိုက္ေနာက္တစ္ေခ်ာင္းမေျပးရၿပီးေရာ ဆိုၿပီးလုပ္ေပးခဲ့လိုက္တဲ့ အလုပ္ဟာ အိမ္ရွင္အတြက္လည္းဆိုးက်ိဳးျဖစ္ႏိုင္တဲ့အျပင္ ဒီအလုပ္ကိုလက္ခံလုပ္ေပးသူအတြက္လည္းဆိုးက်ိဳးျဖစ္ႏိုင္ပါတယ္။
ႏွစ္ဦးႏွစ္ဖက္အတြက္အက်ိဳးမရွိပါဘူး။
ထို႔ေၾကာင့္ ပိုက္ေတြ ထရမ္းကင္းေတြ ေ႐ြးခ်ယ္တဲ့အခါမွာ မွန္ကန္ၿပီး ေဘးအႏၲရာယ္ကင္းရွင္းစြာ ေ႐ြးခ်ယ္တပ္ဆင္ႏိုင္ဖို႔
ပိုက္ေ႐ြးခ်ယ္နည္းေလးကို မွ်ေဝေပးလိုက္ပါတယ္ေနာ္။ ပိုက္ေတြ ထဲမွာထည့္မယ့္ ႀကိဳးပမာဏသည္ ပိုက္ရဲ႕ 60% ပဲေနရာယူရမွာပါ။
က်န္ 40% သည္ ေလဝင္ေလထြက္ေကာင္းေအာင္ ႀကိဳးထိုးလြယ္ေအာင္ ခ်န္ထားေပးရမွာပါ။
💚💚💚ပိုက္ေ႐ြးခ်ယ္ျခင္း💚💚💚
ပိုက္ေ႐ြးခ်ယ္ရာတြင္
#ပိုက္ထဲမွာထည့္ေျပးမယ့္ႀကိဳးရဲ႕အ႐ြယ္အစား(wire size)
#ထည့္မယ့္ႀကိဳးအေရအတြက္
#ပိုက္သြားမည့္လမ္းေၾကာင္းမွာရွိမည့္အေကြးအေရအတြက္
#ပိုက္ရဲ႕အရွည္
အစရွိသည္တို႔ကို ထည့္သြင္းစဥ္းစားရမွာျဖစ္ပါတယ္
ဥပမာ
မိမိသည္ 1.5 ႀကိဳး ၃ေခ်ာင္း ၊ 2.5 ႀကိဳး ၃ေခ်ာင္း ေျပးမည္ဆိုၾကပါစို႔။
အေကြးက၂ေကြး ရွိမည္။ ပိုက္အရွည္က ၁၀ မီတာပါ။
ကဲ စတြက္ပါၿပီေနာ္📝📝📝
1.5 ႀကိဳး ၃ေခ်ာင္းျဖစ္ၿပီး သူ႔ရဲ႕ conduit factor သည္ table မွာၾကည့္လိုက္ရင္22
ထို႔ေၾကာင့္
22*3=66......eq(1)
2.5ႀကိဳးကလည္း ၃ေခ်ာင္းျဖစ္ၿပီး သူ႔ရဲ႕ conduit factor သည္ table မွာၾကည့္လိုက္ရင္ 30
ထို႔ေၾကာင့္
30*3=90......eq(2)
eq(1)+(2)
ထို႔ေၾကာင့္
66+90=156
ႀကိဳးအားလုံးပါၿပီးပိုက္ထဲႀကိဳးထည့္ရမည့္ပမာဏသည္ 156
ထို႔ေၾကာင့္ ပိုက္size ေ႐ြးရမည့္ table အရ 156 ထက္ႀကီးတာေ႐ြးရမွာျဖစ္သည့္အတြက္
Table 2 Bends မွာ 156 နဲ႔ အနီးစပ္ဆုံးတူတာသည္ 244 pipe size သည္
40% အပိုခ်န္ရမွာျဖစ္သည့္ပတြက္တစ္ဆင့္ႀကီးတာေ႐ြးေတာ့ 20mm pipe ကိုေ႐ြးလိုက္ပါတယ္ေနာ္။
👉👉👉ပုံေသနည္းကေတာ့
ႀကိဳးရဲ႕ conduit factor x ႀကိဳးအေရအတြက္ ပဲျဖစ္ပါတယ္ေနာ္
ႀကိဳးအ႐ြယ္အစားတစ္မ်ိဳးခ်င္းစီအလိုက္ သူ႔ရဲ႕ factor နဲ႔ေျမာက္ေပးရမွာျဖစ္ၿပီး တစ္ခုခ်င္းစီေျမာက္ၿပီးရင္ေတာ့ အားလုံးကို ေပါင္းေပးရမွာျဖစ္ပါတယ္။
ေနာက္ဆုံးေပါင္းလဒ္ထြက္လာတဲ့အေျဖကို အေကြးအေရအတြက္အလိုက္ tableမွာ ၾကည့္ေ႐ြးၿပီး တစ္ဆင့္ႀကီးတာကို ယူသုံးရမွာျဖစ္ပါတယ္ေနာ္။
ေနာက္အပတ္မွာ ထရမ္းကင္း(Trunking) ေ႐ြးခ်ယ္ျခင္းကို ဆက္ရွင္းျပေပးသြားမွာျဖစ္လို႔ PAGE ကို Like and Share, See first လုပ္ထားဖို႔ မေမ့နဲ႔ဦးေနာ္...
👷👍👷👍👷👍👷👍👷👍👷👍👷👍👷👍👷👍
Tag Phoopaye Kywe🙆🙆🙆
Unity Strength Electrical Engineering Group
Click here to claim your Sponsored Listing.
Contact the school
Telephone
Address
No (5), Parami Road, Hlaing Township
Yangon
01