Flexth Yoga
"အသက်ကြီးရင် ခါးကုန်းမယ်၊ ပြုတ်ကျရင် အရိုးကျိုးမယ်ဆိုတာ... တကယ်ပဲ ရှောင်လွှဲလို့မရတဲ့ သဘာဝတရားလား?" 🧘♀️💡
"အဘိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့ဦး... နောက်နှစ်အခါ တန်ဆောင်မုန်း Crush သောက်ပါဦး"
ငယ်ငယ်က ဒီကြော်ငြာစာသားလေးကို ကြားဖူးကြမှာပါ။ အဲ့ဒီခေတ်က အယူအဆအရ "အသက်ကြီးလာရင် ခါးကုန်းသွားတာ၊ အရိုးတွေ ဆွေးသွားတာ သဘာဝပဲ" လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း ခေတ်မီလာတဲ့အခါ အသက် ၆၀၊ ၇၀ ရောက်တဲ့အထိ ခါးမကုန်းဘဲ မတ်မတ်ရပ်နိုင်တဲ့သူတွေ အများကြီး ရှိလာပါတယ်။
တကယ်တော့ ခါးကုန်းတယ် (Dowager's Hump) ဆိုတာ အသက်ကြီးလာလို့ အလိုလို ဖြစ်သွားတာ မဟုတ်ပါဘူး။ အဓိကက ခန္ဓာကိုယ်ရဲ့ အဆစ်အမြစ် (Joints) တွေ မကောင်းတော့တာနဲ့၊ လေ့ကျင့်ခန်း မလုပ်လို့ ခန္ဓာကိုယ်ကြီး "သံချေးတက်" သွားတာပါ။
အဆစ်အမြစ်တွေ မကောင်းတော့တဲ့အခါ လက်မောင်းကို နောက်ပြန် တစ်ပတ်မပတ်နိုင်တော့ဘူး၊ အင်္ကျီချွတ်ရတာကအစ ခက်ခဲလာပါတယ်။ ကြာလာတော့ ကျောရိုးကို မတ်မတ်ထားပေးတဲ့ ကြွက်သားတွေ အားနည်းသွားပြီး ခါးကြီးက ရှေ့ကို အလိုလို ကိုင်းကျသွားပါတော့တယ်။
🧪 သိပ္ပံပညာက ဘာပြောသလဲ? ယောဂက ခါးကုန်းတာကို တားဆီးပေးနိုင်လား?
ခါးကုန်းခြင်းဟာ ဆယ်စုနှစ်ပေါင်းများစွာ ကိုယ်နေဟန်ထား မှားယွင်းခြင်း (ဖုန်းသုံးခြင်း၊ ကားမောင်းခြင်း) နဲ့ ကြွက်သားတွေ လျော့ရဲလာခြင်းကြောင့် အဓိက ဖြစ်ရတာပါ။
ဒါပေမဲ့ ဒီအခြေအနေကို ယောဂကျင့်ခြင်းဖြင့် ကာကွယ်နိုင်တယ်ဆိုတာကို Journal of the American Geriatrics Society ရဲ့ သုတေသနတစ်ခုက သက်သေပြထားပါတယ်။ အဆိုပါ လေ့လာချက်အရ ပျမ်းမျှအသက် (၇၅) နှစ်အရွယ် သက်ကြီးရွယ်အိုတွေဟာ ယောဂကို ၆ လတိတိ စနစ်တကျ လေ့ကျင့်လိုက်တဲ့အခါ သူတို့ရဲ့ ကျောရိုးအကွေးအကောက် (Thoracic curve) ဟာ ၅% အထိ သိသိသာသာ ပြန်လည်ဖြောင့်မတ်လာတာကို တွေ့ရှိခဲ့ရပါတယ်။ ယောဂဟာ ကျောရိုးရဲ့ လှုပ်ရှားနိုင်စွမ်း (Spinal Mobility) ကို မြှင့်တင်ပေးပြီး ကျောဘက်ကြွက်သားတွေကို ပြန်လည်သန်စွမ်းလာစေလို့ပါပဲ။
💥 "ယောဂကျင့်ထားရင် ချော်လဲရင်တောင် အရိုးမကျိုးလွယ်ဘူးဆိုတာ ဟုတ်လား တီချယ်?"
ဟိုတစ်ရက်က သင်တန်းသူတစ်ယောက်က သူ့အစ်မ ချော်လဲပြီး ခါးနာသွားတဲ့ အကြောင်းလေး လာပြောပြပါတယ်။ အဲ့ဒီအချိန် အတန်းထဲက တခြားသင်တန်းသူတွေက ကျွန်မကို ဝိုင်းမေးကြတယ်... "ယောဂကျင့်ထားတဲ့သူသာ ဆိုရင် ချော်လဲရင်တောင် အဲ့ဒီလောက် မနာဘူး၊ အရိုးလည်း အလွယ်တကူ မကျိုးဘူးဆိုတာ ဟုတ်လား တီချယ်" တဲ့။
ကျွန်မရဲ့ အဖြေကတော့ "တကယ်ကို ဟုတ်ပါတယ်" ပါပဲ။ ယောဂကို ပုံမှန်လေ့ကျင့်ထားသူတွေဟာ ခန္ဓာကိုယ်ရဲ့ ဟန်ချက်ထိန်းနိုင်စွမ်း (Balance) အရမ်းကောင်းပါတယ်။ ပြုတ်ကျဖို့ ဖြစ်လာရင်တောင် ခန္ဓာကိုယ်က အလိုလို အနေအထားကို ပြင်လိုက်နိုင်သလို၊ အရိုးနဲ့ ကြွက်သားတွေကလည်း ပျော့ပျောင်းကျစ်လျစ်နေတဲ့အတွက် ပြုတ်ကျတဲ့ ဒဏ်ကို ကောင်းကောင်း စုပ်ယူ (Absorb) လုပ်ပေးနိုင်လို့ အလွယ်တကူ အရိုးမကျိုးနိုင်တော့ပါဘူး။
🌿 ခန္ဓာကိုယ်ဆိုတာ သုံးတတ်ရင် ဆေး၊ ပစ်ထားရင် သံချေးပါ
"အသက်ကြီးရင် ခါးကုန်းမှာပဲ၊ ချော်လဲရင် အရိုးကျိုးမှာပဲ" ဆိုတဲ့ စိုးရိမ်စိတ်တွေကို ဖယ်ထားပြီး၊ ကိုယ့်ခန္ဓာကိုယ်ကို သံချေးမတက်အောင် အခုကတည်းက ပြန်လည်ပြုစုပျိုးထောင်ပေးဖို့ အချိန်တန်ပါပြီ။
အရိုးပွတာက မျိုးရိုးနဲ့လည်း ဆိုင်တတ်ပေမဲ့၊ မှန်ကန်တဲ့ လေ့ကျင့်ခန်းလေးတွေနဲ့ လိုအပ်တဲ့ Supplement လေးတွေ တွဲသောက်ပေးမယ်ဆိုရင် အသက်အရွယ်ကြောင့်ဖြစ်တဲ့ နာကျင်မှုတွေကို အကောင်းဆုံး ကာကွယ်နိုင်ပါတယ်။
ကိုယ့်ခန္ဓာကိုယ်ကို သေချာ ဂရုစိုက်ချင်ပေမဲ့ ဘယ်ကနေ စလုပ်ရမှန်းမသိ ဖြစ်နေရင်ဖြစ်ဖြစ်၊ ကိုယ်နဲ့ ကိုက်ညီမယ့် လေ့ကျင့်ခန်းလေးတွေကို သိချင်ရင်ဖြစ်ဖြစ် Page Messenger ကနေ အချိန်မရွေး လာရောက် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင်။
Namaste 🙏
Flexth Yoga
#2026
ချွေးထွက်တာချင်းတူပေမဲ့... မီးဖိုချောင်ထဲက ချွေးက လူကိုနွမ်းစေပြီး ယောဂကျင့်တဲ့ချွေးက ဘာလို့ လူကိုလန်းဆန်းသွားစေတာလဲ?" 🧘♀️☀️✨
"ဒီလောက် ပူနေတာ... ချွေးတွေထွက်ပြီး ပိုပင်ပန်းသွားမှာပေါ့။ အဲကွန်းအောက်မှာပဲ နားနေချင်တော့တယ်" — နွေရာသီမှာ ယောဂကျင့်ဖို့ ပြင်လိုက်တိုင်း ဒီလိုအတွေးမျိုး ဝင်လာတတ်တာ သဘာဝပါပဲ။
ဒါပေမဲ့ တကယ်တမ်းမှာ ချွေးထွက်ခြင်း (Sweating) အမျိုးအစားတွေက ခန္ဓာကိုယ်အပေါ် သက်ရောက်မှု လုံးဝမတူညီကြပါဘူး။ မီးပူထဲဝင်ပြီး ဟင်းချက်ရလို့ ထွက်တဲ့ချွေး၊ အပြင်မှာ အလုပ်လုပ်လို့ ထွက်တဲ့ချွေးနဲ့ ရာသီဥတု ပူအိုက်လို့ ထွက်တဲ့ချွေးတွေဟာ သင့်ကို ပင်ပန်းနှုံးချိသွားစေပါတယ်။ ဒါကို "Stress Sweat (ဖိစီးမှုကြောင့်ထွက်သော ချွေး)" လို့ ခေါ်ပါတယ်။
ယောဂကျင့်တဲ့အခါ ထွက်လာတဲ့ ချွေးကတော့ အဲ့ဒီလို မဟုတ်ပါဘူး။
🧪 သိပ္ပံပညာက ဘာပြောသလဲ? (The Science of Yoga & Sweat)
University of Maryland Medical Center ရဲ့ လေ့လာချက်အရ ယောဂကျင့်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ စွမ်းအင်အဆင့် (Energy Levels) ကို မြှင့်တင်ပေးပြီး ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးနိုင်ကြောင်း သက်သေပြထားပါတယ်။ ပုံမှန်အားကစားတွေက စွမ်းအင်ကို သုံးစွဲပစ်တာ (Expenditure) ဖြစ်ပေမဲ့၊ ယောဂကတော့ သွေးလည်ပတ်မှုစနစ်နဲ့ အသက်ရှူစနစ်ကို ကောင်းမွန်စေလို့ ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့် (Recharge) ပေးတာ ဖြစ်ပါတယ်။
ဒါ့အပြင် Harvard Health ရဲ့ သုတေသနတွေအရ ယောဂကျင့်တဲ့အခါ ထွက်လာတဲ့ "ချွေး" ဟာ ခန္ဓာကိုယ်တွင်းက အပုပ်အစပ်နဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ (Detox) လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ယောဂကျင့်စဉ်ရဲ့ သဘာဝကိုက ကိုယ်တွင်း အာရုံကြောစနစ် (Parasympathetic Nervous System) ကို အေးချမ်းစေပြီး၊ စိတ်ဖိစီးမှုကြောင့် ထွက်လာတဲ့ Cortisol ဟော်မုန်းတွေကို လျှော့ချပေးပါတယ်။
ဒါကြောင့် ယောဂကျင့်လို့ ချွေးထွက်သွားတဲ့အခါ ပင်ပန်းသွားတာမျိုး မဟုတ်ဘဲ၊ ခန္ဓာကိုယ်က အပုပ်အစပ်တွေ ထွက်သွားလို့ စွမ်းအင်တွေ ပြန်လည်ပြည့်ဝလာကာ (Energized) လူက ပေါ့ပါးလန်းဆန်းသွားရခြင်း ဖြစ်ပါတယ်။
☀️ နွေရာသီမှာ ယောဂကျင့်ခြင်းရဲ့ ထူးခြားတဲ့ အားသာချက်များ
၁။ အကြောအဆန့် ပိုလွယ်ကူခြင်း:
ပူနွေးတဲ့ ရာသီဥတုမှာ ကြွက်သားတွေက အလိုလို ပျော့ပြောင်းနေတတ်ပါတယ်။ ဒါကြောင့် အေးတဲ့ရာသီမှာလို ကြွက်သားတွေကို အချိန်အကြာကြီး အပူပေး (Warm-up) စရာမလိုဘဲ ပိုမိုနက်နဲတဲ့ Pose တွေကို ဒဏ်ရာရမှာ မကြောက်ရဘဲ ခပ်မြန်မြန်လေးနဲ့ ပျော့ပျော့ပြောင်းပြောင်း ကျင့်နိုင်ပါတယ်။
၂။ သဘာဝ အဲကွန်းစနစ် (Natural Cooling):
ယောဂကျင့်ပြီး ချွေးထွက်သွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းစနစ်က အလိုအလျောက် အလုပ်လုပ်သွားပါတယ်။ ဒါကြောင့် ကျင့်ပြီးသွားတဲ့အခါ ခံစားရတဲ့ အေးမြမှုနဲ့ ပေါ့ပါးမှုက သာမန်နားနေတာထက် အများကြီး ပိုပြီး အရသာရှိပါတယ်။
🌿 ဒီနွေရာသီမှာ Flexth Yoga နဲ့အတူ အိမ်မှာတင် အမောဖြေလိုက်ပါ
အပူဒဏ်ကြောင့် စိတ်ညစ်မနေပါနဲ့။ မနက်ခင်း စောစော (ဒါမှမဟုတ်) ညနေပိုင်း အေးမြတဲ့အချိန်လေးမှာ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ အင်္ကျီလေးတွေဝတ်ကာ Flexth Yoga App ကို ဖွင့်ပြီး စတင်လိုက်ပါ။
ပင်ပန်းနွမ်းနယ်မှုတွေကို ချွေးနဲ့အတူ ရှင်းထုတ်ပစ်ပြီး၊ ပိုမိုနုပျိုလန်းဆန်းတဲ့ ခန္ဓာကိုယ်ကို Flexth Yoga နဲ့အတူ တည်ဆောက်လိုက်ရအောင်လားရှင်။
📍 Flexth Yoga App ၏ သင်တန်းကြေးများ:
(၃) လစာ: ၃၂,၅၀၀ ကျပ်မှ စတင်၍
(၆) လစာ Bundle: ၆၄,၅၀၀ ကျပ်မှ စတင်၍
Unlimited Plan (၁) နှစ်စာ: ၁၁၅,၀၀၀ ကျပ် ✨💎
(အခြား Program များအပြင် ၂ နှစ်စာ၊ ၃ နှစ်စာ Unlimited အစီအစဉ်ကိုလည်း Messenger တွင် မေးမြန်းနိုင်ပါတယ်ရှင်)
အခုပဲ Flexth Yoga App ကို Download လုပ်ပြီး သင့်ရဲ့ နွေရာသီ နေ့ရက်တွေကို အကျိုးရှိရှိ ဖြတ်သန်းလိုက်ပါရှင်။ 😊💖
မေတ္တာဖြင့်...
Namaste 🙏
Flexth Yoga.
#2026
24/04/2026
Flexth Yoga ရဲ့မေလအတွက် အပြင်သင်တန်း အချိန်ဇယားလေးပါ။
မေလ မှာ ရုံးချိန်လွတ်ကျင့်ချင်သူတွေအတွက်
မနက်စောစော အချိန်လေးတွေ ရှိပါတယ်ရှင်။
အချိန်အဆင်ပြေလို့ တတ်မဲ့သူတွေနဲ့
အရင်က တတ်ဖို့မေးထားသူများလဲ
Page မှာ လာပြောပေးထားလို့ရပါပြီရှင်။
Weekend အတန်းချိန်လေးနဲ့ ရုံးချိန်လွတ်မနက်အစောလေးတွေက လူပြည့်မြန်တတ်လို့ ကြိုတင်အပ်ပေးထားဖို့လိုပါတယ်ရှင်။
Namaste 🙏🏻
Flexth Yoga.
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
No 32, Kyaut Myaung Zay Street, Tarmwe Township
Yangon
11211