G Bank
26/05/2026
ဘဏ်ပိတ်ရက် အသိပေးကြေညာခြင်း
၂၀၂၆ ခုနှစ်၊ မေလ၊ (၂၈) ရက် ၊ကြာသပတေးနေ့ သည် “အီဒုလ်အဿွဟာ” (ကုရ်ဘာနီအီးဒ်နေ့) ဖြစ်ပါသဖြင့် အဆိုပါနေ့တွင် G Bank ရုံးချုပ်နှင့် ဘဏ်ခွဲများအားလုံး ပိတ်ထားမည် ဖြစ်ပါကြောင်း ချစ်ခင်လေးစားရပါသော Customer များကို ကြိုတင်အသိပေးကြေညာအပ်ပါသည်။
20/05/2026
လူကြီးမင်းတို့ သိလိုသမျှ ဘဏ်ကိစ္စများကို ရုံးချိန်အတွင်း မေးမြန်းနိုင်သည့် Call Center
------------------------
"☎️ကလင်… ကလင်…. "
"📞ဟုတ်ကဲ့မင်္ဂလာပါ G Bank မှကြိုဆိုပါတယ်
ဘာများကူညီဆောင်ရွက်ပေးရမလဲရှင့်" ဆိုပြီး အစပြုကာ လူကြီးမင်းတို့သိလိုသမျှဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များနဲ့ပတ်သက်ပြီး သိချင်တာတွေကို မေးမြန်းဖို့ 📞 G Bank Call Center ဖုန်း 09 880 441 099 ကို အခုပဲ ဆက်သွယ်ပြီး စုံစမ်းလိုက်ပါ။
သိလိုသမျှမေးခွန်းများကို အမြန်ဆုံး ပြန်လည်ဖြေကြားပေးနိုင်ရန်အတွက် G Bank Call Center ရှိ ၀န်ထမ်းများမှ နွေးထွေးပျူငှါစွာ အဆင်သင့်စောင့်ကြိုလျက်ရှိပါတယ်။
18/05/2026
G Bank Mobile Banking နဲ့ အခြား(ပြည်တွင်း)ဘဏ်တွေကိုလွယ်ကူလျင်မြန်စွာငွေလွှဲကြမယ် 📲
-------------------
💰ငွေကြေးစီမံခန့်ခွဲမှုများကို အချိန်တိုတိုနဲ့လွယ်လွယ်ကူကူဆောင်ရွက်နိုင်ပြီးအခြား(ပြည်တွင်း)ဘဏ်များသို့ ငွေလွှဲပြောင်းချင်တဲ့သူတွေအတွက် G Bank Mobile Banking ရှိနေပါပြီနော်…
💵ငွေလွှဲပြောင်းခြင်းဝန်ဆောင်မှုများကို ဘဏ်ဖွင့်ရက်တွင်သာမက ဘဏ်ပိတ်ရက်တွေမှာလည်း အင်တာနက်ရှိရုံနဲ့ 24/7 ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အခြားပြည်တွင်းဘဏ်များဆီသို့ ငွေလွှဲပြောင်းခြင်းများကို အချိန်တိုတိုအတွင်း ဆောင်ရွက်ချင်တယ်ဆိုရင် G Bank Mobile Banking ကို အသုံးပြုနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်..
Application Download လုပ်ရန် Link
================
Android - http://bit.ly/3OPhKfo
iOS - https://apple.co/3uaQChH
www.gbank.com.mm
15/05/2026
အလွယ်တကူ မမျှဝေသင့်သော
OTP Code📲
နည်းပညာတိုးတက်လာတာနှင့်အမျှ
သတိထားရမည့်အကြောင်းအရာတွေလည်းများစွာရှိပါတယ်။
အထူးသဖြင့် Mobile Banking အသုံးပြုသူ လူကြီးသူမများအနေဖြင့် ပိုပြီးဂရုစိုက်သင့်ပါတယ်။
မသမာသူများမှ ဘဏ်ဝန်ထမ်းယောင်ဆောင်ပြီး OTP code အား လိမ်လည်ရယူကာ Customer များ၏ Mobile Banking အကောင့်အတွင်းသို့ ဝင်ရောက်ပြီး ငွေများကို လွှဲပြောင်းရယူနိုင်တာမို့ မျှဝေခြင်း မပြုလုပ်ဖို့လိုအပ်ပါတယ်။
OTP (One Time Password) ဆိုတာကတော့ Customer များ၏ ဘဏ်အကောင့်များ ပိုမိုလုံခြုံစိတ်ချမှုရှိစေဖို့အတွက် ပြုလုပ်ပေးထားသည့် (တစ်ကြိမ်သုံးလျှို့ဝှက်ဂဏန်း) ဖြစ်ပါတယ်။
ဒါကြောင့်မို့ မိမိမှလွဲ၍ အခြားမည်သူ့ကိုမှ ဝေမျှသုံးစွဲခြင်းကို မပြုလုပ်ပါနဲ့။
G Bank ဝန်ထမ်းများသည် Customer များထံသို့ Social Media Channel မှသော်လည်းကောင်း ၊ ဖုန်းဆက်၍သော်လည်းကောင်း၊ အကောင့်သစ်ဖွင့်ပေးရန် (သို့) အကောင့်အဆင့်မြှင့်တင်ရန် (သို့) အခြားသောဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များအတွက် OTP code ၊ မှတ်ပုံတင်နံပါတ်နှင့် မွေးသက္ကရာဇ် စသည့် အချက်အလက်များကို လုံးဝ (လုံးဝ)တောင်းဆိုမည်မဟုတ်ပါကြောင်းအသိပေးနှိုးဆော်အပ်ပါသည်။
အသေးစိတ်သိရှိလိုပါက G Bank Call Center – 09 880 441 099 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။
𝗚 𝗕𝗮𝗻𝗸 ဘဏ်ခွဲလိပ်စာများကို အောက်ပါ Link - bit.ly/43cxdvV မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။
Website
www.gbank.com.mm
ဂုဏ်ထူးဆောင်တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးဘဏ်
ဂုဏ်ထူးဆောင်တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးဘဏ်လီမိတက် ရန်ကုန်ရုံးချုပ် ချေးငွေဌာနတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးများအတွက် လျှောက်ထားနိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်။
လက်ထောက်မန်နေဂျာ/ကြီးကြပ်ရေးမှူး ကျား/မ
*Job Description*
- ချေးငွေ Products တစ်ခုချင်းအတွက် လိုအပ်မည့်စာချုပ်စာတမ်းများစစ်ဆေးခြင်း၊ ညှိနှိုင်းဆောင်ရွက် ခြင်းများကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရမည်။
- ဗဟိုဘဏ်သို့ပေးပို့ရမည့်အစီရင်ခံစာများကို စစ်ဆေးနိုင်ရမည်။
- ဘဏ်ခွဲများ၏ချေးငွေလုပ်ငန်းများကြီးကြပ်ကွပ်ကဲခြင်း/တင်ပြလာသောချေးငွေအမှုတွဲများကို စိစစ်ပြီး သက်ဆိုင်ရာအကြီးအကဲထံသို့ တင်ပြနိုင်ရမည်။
- ဘဏ်ချေးငွေဝန်ဆောင်မှုများနှင့်ပတ်သက်၍ကျွမ်းကျင်ပိုင်နိုင်မှုရှိပြီး အတွေ့အကြုံရှိသူကို ဦးစားပေးမည်။
- ချေးငွေနှင့်အစဉ်ထိတွေ့ဆက်ဆံပြီး ချေးငွေကောက်ခံသည့်လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ရမည်။
- အာမခံများနှင့်သက်ဆိုင်သောစာချုပ်စာတမ်းများကို အကြမ်းအားဖြင့် စိစစ်နိုင်ရမည်။
*Job Requirements*
- စီးပွားရေးတက္ကသိုလ်(သို့)တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်။
- အသက်(၂၀ မှ ၃၅)အတွင်း ဖြစ်ရမည်။
- ချေးငွေဌာနတွင် တစ်ဆက်တည်းလုပ်သက်အတွေ့အကြုံ (၃)နှစ်နှင့်အထက်ရှိရမည်။
- Banking Software အသုံးပြုနိုင်သူကို ဦးစားပေးမည်။
- အင်္ဂလိပ်စာ အရေး/အပြော ကျွမ်းကျင်သူအား ဦးစားပေးမည်။
- Microsoft Word, Excel, Power Point, Internet &Email ကောင်းမွန်စွာ အသုံးပြုနိုင်ရမည်။
- လုပ်ငန်းသဘောအရ ခရီးသွားလာနိုင်ရမည်။
လျှောက်ထားသူသည် သက်ဆိုင်ရာ ကိုယ်ရေးရာဇဝင်(၁)စုံ၊ (၆)လအတွင်းရိုက်ထားသော လိုင်စင်ပုံ(၂)ပုံ၊ ပညာ အရည်အချင်းထောက်ခံချက်၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ အခြားကျွမ်းကျင်လက်မှတ်များ၊ ယခင်လုပ်ငန်းအတွေ့အကြုံအထောက်အထားများနှင့်(၂၀.၅.၂၀၂၆)ရက်နေ့နောက်ဆုံးထား၍ အမှတ်(၂၉)၊ ကုန်း မြင့်ရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့သို့လည်းကောင်း၊ [email protected] သို့လည်းကောင်း ပေးပို့လျှောက်ထားနိုင်ပါသည်။ ဆက်သွယ်ရမည့်ဖုန်းနံပါတ် - ၀၉ ၉၆၇၈၉၀၀၃၃၊ ၀၉ ၉၆၇၈၉၀၀၄၄
G Bank ❝သင့်လုပ်ငန်းကြီးပွားဖို့ 𝗚 𝗕𝗮𝗻𝗸 နှင့် လက်တွဲစို့ ❞
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 29, Corner Of Pyay Road & Highland Avenue Street, Mayangone Township
Yangon
11061
Opening Hours
| Monday | 09:30 - 15:00 |
| Tuesday | 09:30 - 15:00 |
| Wednesday | 09:30 - 15:00 |
| Thursday | 09:30 - 15:00 |
| Friday | 09:30 - 15:00 |