Serenity -Counseling Service
06/01/2026
2026 ခုနှစ်အတွက် "You Are Not Alone" Sharing Circle အစီအစဉ်လေး ပြန်လည်ရောက်ရှိလာပါပြီ။
ကိုယ့်ရဲ့ စိတ်တွေကို လေးလံထိုင်းမှိုင်းစေတဲ့အရာတွေ၊ စိတ်ညစ်စရာတွေ နဲ့ စိတ်မသက်မသာ ဖြစ်စေတဲ့ အကြောင်းအရာတွေရှိရင် ဒီအစီအစဉ်လေးမှာ ဖွင့်ဟပြောဆိုနိုင်မှာဖြစ်ပါတယ်။
အပတ်စဉ် အင်္ဂါနေ့မှာ ပြုလုပ်တဲ့ ဒီအစီအစဉ်လေးရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပြန်လည်ကောင်းမွန်လာစေဖို့ ရည်ရွယ်ထားပါတယ်။
ကိုယ့်ရဲ့ ကြုံတွေ့ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေ နဲ့စိတ်ညစ်စရာတွေကို အပြည့်အဝ လုံခြုံစိတ်ချရပြီး သက်တောင့်သက်သာဖြစ်စွာနဲ့ ဒီ Sharing Circle လေးမှာ ရင်ဖွင့်ပြောပြကြဖို့ တိုက်တွန်းပါတယ်။
"You Are Not Alone" Sharing Circle (Group Support) ကို ဒီတစ်ပတ်အတွက် ဦးဆောင်မယ့်သူကတော့ Ms. Thuzar (MHPSS Provider) ဖြစ်ပါတယ်
စာရင်းပေးသွင်းရန်
👉 https://forms.gle/PVGpkaJEbxkV5F7p9
စာရင်းပေးသွင်းပြီးပါက Google Form တွင်ပါသော Zoom Link အား Screenshot ရိုက်၍ ထိုလင့်ခ်မှတစ်ဆင့် မြန်မာစံတော်ချိန် ည ၈ နာရီအချိန်၌ ပါဝင်တက်ရောက်နိုင်ပါပြီနော်
Telegram Link
👉 https://t.me/mudramentalhealthforall (Mudra Telegram Channel)
ရက်စွဲ - ၆ ရက် ဇန်နဝါရီလ ၂၀၂၆ ခုနှစ် (အင်္ဂါနေ့)
အချိန် - ည ၈:၀၀ မှ ၉:၀၀ (မြန်မာစံတော်ချိန်)
Platform - ZOOM Application
မှတ်ချက် - တစ်ကြိမ်လျှင် အများဆုံး ၈ ယောက်သာ ကန့်သတ်ထားသောကြောင့်၊ ရင်ဖွင့်ပြောကြားလိုသူများသာ စာရင်းပေးသွင်းဖို့ မေတ္တာရပ်ခံပါသည်။
In Mudra, We Care!
02/01/2026
နှစ်သစ်မှာ မိမိကိုယ်ကို ကြင်နာဂရုဏာထားခြင်း(Self-Compassion) နဲ့ စတင်လိုက်ပါ 🌿
နှစ်သစ်ကူးပြောင်းချိန်တိုင်း ကျွန်တော်တို့တွေဟာ ရည်မှန်းချက်အသစ်တွေကို အကောင်အထည်ဖော်ဖို့ စိတ်ကူးအိမ်မက်တွေနဲ့ အရမ်းတက်ကြွပြီး ကြိုးစားဖို့ တာဆူနေတတ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုပြောင်းလဲမှုတွေကြားမှာ ကျွန်တော်တို မေ့လျော့နေတတ်တာကတော့ "မိမိကိုယ်ကို ကြင်နာဂရုဏာထားခြင်း" ဆိုတဲ့ (Self-Compassion) ပါ။
စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုအပြည့်ဖြင့်နှစ်သစ်ကိုစတင်နိုင်ဖို့
ဒီလကို "Mindful Self-Compassion Month" အနေဖြင့် Friday Emotional Support Session တွေမှာ Self-Compassion နဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို သီအိုရီပိုင်းသာမကပဲ လက်တွေ့လေ့ကျင့်ခန်းများဖြင့်ပါ အထူးပြုဆွေးနွေးသွားမှာပဲဖြစ်ပါတယ် ။
ဒီတစ်ပတ် သောကြာနေ့မှာတော့ "သတိနှင့်ယှဥ်သော မိမိကိုယ်ကို ဂရုဏာထားခြင်း (Discovering Mindful Self-Compassion) " ခေါင်းစဥ်ဖြင့် ဆွေးနွေးသွားမှာပါ။ အဓိက ဦးဆောင်ဆွေးနွေးသွားမဲ့သူကတော့ Self-Compassion Teacher တစ်ယောက်ဖြစ်တဲ့ Ms.Agnes Mary ပဲဖြစ်ပါတယ်။ ဆရာမဟာဆိုရင် Dr.Kristin Neff တည်ထောင်ထားတဲ့ Center for Mindful Self-Compassion(CMSC) ရဲ့ Certified Teacher တစ်ယောက်လည်းဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲမှာ Mindful Self-Compassion ကို ဘယ်လိုစတင်ရှာဖွေမလဲ၊ နေ့စဥ်ဘဝမှာ ဘယ်လိုလက်တွေ့ကျင့်သုံးမလဲဆိုတာတွေကို လမ်းညွှန်ဆွေးနွေးသွားမှာဖြစ်လို့ လုံးဝ)လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးမို့ အားလုံးကို ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျ ။
🗓 နေ့ရက် - ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက် (သောကြာနေ့)
⏱️အချိန် - ည ၈:၀၀ နာရီ မှ ၉:၀၀ နာရီ အထိ (မြန်မာစံတော်ချိန်)
💻- ZOOM Application
စာရင်းပေးသွင်းရန် - https://forms.gle/k2QnrdTpcS5DBtYu5
စာရင်းပေးသွင်းပြီးပါက Google Form တွင်ပါသော Zoom Link မှတစ်ဆင့် သောကြာနေ့ ၈ နာရီအချိန်မှာ ပါဝင်ပေးနိုင်ပါတယ်ခင်ဗျ။
-Compassion
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Yangon
11211
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |