Fashion Bar
01/10/2025
ပြဿနာကို မီးမထွန်းဘဲရှာတာ “ခြတွေ” လို့ ပြောရမယ်။
ခြတက်ရင် စိတ်ညစ်စရာတွေချည်းပဲမလို့ ခြစားနေပြီ လို့ ပြောရင် လမ်းဆုံးနေပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ ☹️
❗️ ကြမ်းပြင်၊ နံရံ၊ မျက်နှာကြက်တွေ အပါအဝင် သစ်သားနဲ့လုပ်ထားတဲ့ပရိဘောဂတွေ ပျက်စီးမယ်။ ခြတွေက သစ်ကြိုက်တယ်လေ။
❗️ ခြတက်လို့ ဖယ်ထုတ်ရတာတွေက စရိတ်စက သိပ်ကုန်တယ်။ အိမ်ဆောက်တုန်းက အကောင်းစားကုန်ကြမ်းတွေ သုံးခဲ့တယ်ဆိုရင် ခြစားသွားတာ နှမြောစရာကောင်းတယ်။
❗️ တခါတလေ ခြတက်နေလို့ တက်နေမှန်းတောင် မသိရဘူး။ အတွင်းထဲက လှိုက်စားနေတာလေ။ အဲ့ဒါမျိုးဖြစ်လာရင် အချိန်နှောင်းမှ သိရတော့ အပျက်အစီးက များပြန်ရော။
❗️ အဆောက်အအုံတွေရဲ့ အုတ်မြစ်ပိုင်းတွေမှာ ခြစားနေရင် အခြေယိုင်ပြီး ဖောင်ဒေးရှင်းကို ထိပြီး အဆောက်အအုံရဲ့ ကြံ့ခိုင်ရေး ထိခိုက်သည်အထိ ဖြစ်နိုင်သေးတယ်နော်။
❗️ တန်ဖိုးကြီးတဲ့ ပရိဘောဂတွေဆိုရင်လည်း ခြနဲ့တွေ့ရင် ပျက်စီးရတာပါပဲ။
❗️ခြတွေက သူတို့ရဲ့ လိုဏ်ခေါင်းငယ်/ လမ်းကြောင်းငယ် mud tube လေးတွေကို စိုစွတ်နေအောင် ထားတော့ လျှပ်စစ်သွယ်တန်းမှုတွေမှာ သွားထိခိုက်စေပြီး ရှော့ဖြစ်/ပြတ်တောက်တာတွေ ဖြစ်လာတတ်ပါတယ်။
‼️ 🏠 အရေးကြီးတဲ့အချက်က ခြအုံရှိတဲ့၊ ခြစားနေတဲ့ အိမ်ခြံမြေတွေကို နားလည်တဲ့သူတွေက မဝယ်တတ်ကြလို့ အရေးအကြောင်း တအားရောင်းရခက်စေပါတယ်။
ပြည်တွင်း အိမ်ခြံမြေကဏ္ဍမှာ ခြနဲ့ပတ်သက်တဲ့ ဥပဒေမရှိသေးသော်ငြားလည်း ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ခြကင်းစင်ကြောင်း/ခြရှာဖွေနှိမ်နင်းထားကြောင်း certificate ပြနိုင်မှ ရောင်းနိုင်ဝယ်နိုင်အောင် ချမှတ်ထားတဲ့ ဥပဒေတွေ ရှိကြပါတယ်။
ဒီမှာ ဥပဒေမရှိသေးပေမဲ့ သေချာကြည့်တတ်သူနဲ့ဆိုရင် ခြရှိတာ ရောင်းပန်းမလှဖြစ်တတ်လို့ သတိထားသင့်ပါတယ်။ 🏡
📌 အိမ်ခြံမြေ ဝယ်ယူမယ့်သူများလည်း သတိထားစစ်ဆေးသင့်တဲ့အချက်ပါ။ 📌
❗️ လယ်ကွင်းယာခင်း၊ ဥယျာဉ်တွေထဲအထိလည်း ခြတွေတွေ့ရနိုင်တယ်နော်။ အပင်တွေကို စိတ်တိုင်းကျစားသုံးတာလေ။
❗️ ခြတွေရဲ့ ကိုယ်လက်အစိတ်အပိုင်းနဲ့ အညစ်အကြေးတွေက လေထုသန့်စင်မှုကို နှောင့်ယှက်ပါသေးတယ်။
❗️ ခြကြောင့် allergy ထပြီး ယားယံတာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာတွေဖြစ်တာအထိ ဆိုးရွားပါတယ်။
‼️ ပန်းနာရင်ကျပ် (asthma) ရောဂါရှိသူတွေ ခြရှိတဲ့အိမ်မှာ နေရင် ပိုဆိုးလာတတ်ပါတယ်။
❗️ ခြအုံရှိတဲ့ နေရာ မှိုမတက်ပေမဲ့ ခြစားခဲ့ပြီးသားနေရာတွေကတော့ မှိုမှုန်တွေ ပေါက်ပွားလာနိုင်ပါတယ်။
❗️ မျက်စိတွေထဲ ခြမှုန်တွေ ဝင်တတ်တာ အဆင်မပြေပါဘူး။ အချုပ်ပြောရရင် ခြရှိရင် ကျန်းမာရေးတွေ ထိခိုက်ကြမှာပါ။
❗️ စာမဖတ်တတ်ပေမယ့် စာရွက်တော့ကြိုက်တယ်။ အရေးကြီးစာရွက်စာတမ်းတွေ၊ စာအုပ်တွေ ပျက်စီးရတာ ခြက တရားခံပါ။
❗️ တခြားပိုးမွှားတွေ အိမ်ထဲဝင်ဖို့ကိုလည်း ကူညီလမ်းဖွင့်ပေးပါသေးတယ်။ ဆင်သွားရင် လမ်းဖြစ်သလိုပဲ၊ ခြစားသွားတဲ့နေရာမှာ တခြားပိုးမွှားတွေဝင်လို့ရတဲ့အထိ အပေါက်ကြီးတွေ ကျန်ခဲ့လို့လေ။
❗️ ပတ်ဝန်းကျင်အလှကိုလည်း တဖက်တလမ်းကနေ ဖျက်ဆီးပေးပါတယ်။ အလှစိုက်ထားတဲ့ သစ်ပင်၊ပန်းပင်တွေကို ကိုက်ရတာ သူတို့အကြိုက်ဆိုတော့။
❗️ ဆယ်စုနှစ်ရန်သူတွေလို့ ပြောရတဲ့အထိ တစ်ခါစွဲပြီးရင် အကြာကြီးနေနိုင်တာ၊ ရှင်းထုတ်ဖို့ခက်တာ ခြတွေပဲဖြစ်လို့ အိမ်ထဲကို အဝင်မခံတာ အကောင်းဆုံးပါပဲ။
ဘာကောင်းကျိုးမှမပေးတာမို့ “ခြ” တွေကို “ချ” ဖို့ အရေးကြီးပါတယ်။ ခြမတက်အောင် အစဉ်တစိုက် သတိပြုဖို့နဲ့ ပုံမှန်စစ်ဆေးနေဖို့ လိုပါမယ်။
ခြတက်ပြီဆိုရင်လည်း လုံးဝနိုင်နင်းတဲ့၊ "အခမဲ့" ကွင်းဆင်းစစ်ဆေးပေးတဲ့ Green Pest Management ကို သတိရလိုက်ပါခင်ဗျာ။ 💯 ✅
__________________
Green Pest Management သည် ၂၀၁၀ ပြည့်နှစ်ကတည်းက စတင်တည်ထောင်ခဲ့သော လုပ်ငန်းတစ်ခုဖြစ်ပြီး
⛔️ ခြ
⛔️ ကြွက်
⛔️ ခြင်
⛔️ ယင်
⛔️ ပိုးဟပ်
⛔️ ကြမ်းပိုး
⛔️ ပုရွက်ဆိတ်
⛔️ ပျားနှင့် ပိတုန်း
စသည့် ပိုးမွှားအန္တရာယ်များကို ဖြေရှင်းဝန်ဆောင်ပေးလျက်ရှိပါသည်။
🔹 Termatrac T3i
🔹 Thermal Imaging Camera ပုံရိပ်ဖမ်းစက်နှင့်
🔹 Electronic Stethoscope (အသံဖမ်းစက်)
စသည့်
✅ ခေတ်မီနည်းပညာသုံး ရှာဖွေရေးကိရိယာများ၊ ဖယ်ရှားရှင်းလင်းရေးကိရိယာများ အသုံးပြုလျက်
✅ သဘာဝပတ်ဝန်းကျင်နှင့် လူသားများ၊ အိမ်မွေးတိရစ္ဆာန်များ မထိခိုက်စေဘဲ
✅ အစွမ်းထက်ထိရောက်သော IPM နည်းစနစ်များဖြင့်
ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
🏆 လက်ရှိတွင် စီးပွားရေးလုပ်ငန်းကြီးငယ်ပေါင်း နှစ်ထောင်ကျော်နှင့် လူနေအိမ်ခြေပေါင်း တစ်သောင်းကျော်ကို ဝန်ဆောင်မှု ပေးအပ်ပြီးဖြစ်သော ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။
🚛 ရန်ကုန်နှင့် မန္တလေးမြို့တွင်းများအတွက်
အခမဲ့ ကွင်းဆင်းစစ်ဆေးပေးခြင်း ပြုလုပ်ပေးပါသည်။ 🌤️
__________________
For more information and consultation:
YGN: 09-5035634, 09-420011432, 09-255378800, 09-441988816
MDY: 09 444459845, 09 444459846
Email: [email protected]
18/06/2025
#ပုစွန်အစိမ်းသုတ်
မိုးအေးအေးမှာ ထမင်းနဲ့ တွဲစားလို့ရတဲ့ ပုစွန်အစိမ်းသုတ်ကို မင်ဆို 🍺🍺🍺နဲ့ မြည်းတာပါနော်
ပါဝင်ပစ္စည်းများ
(1)ပုစွန်အစိမ်း (ဘော့ချိတ်ပိုကောင်း)-၁၅ကျပ်သား
(2)ကြက်သွန်ဖြူ- ၈ မွှာ(ထုထောင်း)
(3)ငရုတ်သီးစိမ်း-(အစပ်ကြိုက်သလိုထည့်)
(4)ဂျင်း- လက်တစ်ဆစ် (ထုထောင်း)
(5)သံပရာရည်- ၃ ဇွန်း
(6)ငံပြာရည်- ၁ ဇွန်း
(7)နံနံပင်- အနည်းငယ်(ပင်စိမ်း, ပူစီနံလဲ ထပ်ထည့်နိုင်)
(8)ခရမ်းချဉ်သီး- ၁ လုံး (ရှစ်စိတ်ကွဲလှီး)
(9)ဆား- လက်ဖက်ရည်ဇွန်း ၁ဇွန်း
(10)သကြား-လက်ဖက်ရည်ဇွန်း၁/၂ဇွန်း
#ပြုလုပ်နည်း
1. ပုစွန်ကို ရေစင်အောင်ဆေးပါ။ အခွံခွာမယ်ဆိုရင် ဦးခေါင်းနဲ့ အမြီးကို ဖယ်ပြီး အသားယူပါ။
- အစိမ်းသုံးမယ်ဆိုရင် ပုစွန်ချီးကို ရေနဲ့ ၂-၃ ခါလှန်ဆေးကာ အညစ်အကြေးဖယ်ပါ။
2. ပုစွန်ထဲကို သံပရာရည် ၃ ဇွန်း၊ ဆား ၁ဇွန်းထည့်ပြီး ၁၅ မိနစ်ခန့် စိမ်ထားပါ။
3. ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ဂျင်းတို့ကို ထုထောင်းပါ။
- ပုစွန်ထဲကို ထုထောင်းထားသော အရာများ၊ ငံပြာရည် ၊ ကျန်သံပရာရည် အနည်းငယ်ထပ်ထည့်ပါ၊ သကြားထည့်ပါ။
- နံနံပင်၊ ခရမ်းချဉ်သီးတို့ ထည့်ကာ သမအောင်မွှေပေးပါ။
4. အအေးခံခြင်း
- ရေခဲသေတ္တာထဲ ၁၅-၂၀ မိနစ်ခန့် သိပ်ထားပါ။ ဒီလိုလုပ်ခြင်းဖြင့် အရသာပိုဝင်ပြီး ပုစွန်ကို ပိုလတ်ဆတ်စေပါတယ်။
5. ပန်းကန်ပြားတွင် လှပစွာ ပြင်ဆင်စားနိုင်ပါပြီ
မိုးရွာတဲ့ညနေခင်းမှာ ပုစွန်အစိမ်းသုတ် နဲ့ ထမင်းပူပူ တွဲစားရတာ အကောင်းဆုံးအရသာပါ😋
#ပုစွန်အစိမ်းသုတ်
#ဟင်းချက်နည်း
#အစားအစာ
18/06/2025
ထမင်းချက်တဲ့အခါ #ရှာလကာရည် (ဗီနီဂါ) အနည်းငယ်ထည့်ချက်ခြင်း** ကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ
၁။ ထမင်းအရောင်ပိုဖြူစင်စေခြင်း**
ရှာလကာရည်မှာ ပါဝင်တဲ့ **အက်ဆစ်ဓာတ်** က ဆန်မှာပါတဲ့ သဘာဝအနည်အနှစ်တွေကို ဖယ်ရှားပေးပြီး ထမင်းကို ပိုဖြူစင်စေပါတယ်။
၂။ ထမင်းပိုမိုမွှေးပျံ့စေခြင်း**
ရှာလကာရည်က ဆန်ရဲ့အမွှေးအကြိုင်တွေကို ပိုမိုထွက်ရှိစေပြီး ထမင်းကို ပိုမွှေးပျံ့စေပါတယ်။
၃။ ထမင်းပိုမိုကြာရှည်ခံစေခြင်း**
ရှာလကာရည်မှာပါတဲ့ **ဘက်တီးရီးယားတိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိ** တွေကြောင့် ထမင်းကို ပိုမိုကြာရှည်ခံစေပြီး အနံ့အသက်မထွက်အောင် ကာကွယ်ပေးပါတယ်။
၄။ ထမင်းမကပ်စေခြင်း**
ရှာလကာရည်ထည့်ချက်တဲ့ထမင်းဟာ **ပန်းကန်နဲ့ မကပ်ဘဲ** ပိုမိုစားလို့ကောင်းစေပါတယ်။
၅။ ဆန်မှာပါတဲ့ ဓာတုပစ္စည်းတွေကို လျော့ချပေးခြင်း**
ဆန်မှာ ကပ်ပါလာနိုင်တဲ့ **ပိုးသတ်ဆေး၊ မှိုသတ်ဆေးနဲ့ အခြားဓာတုပစ္စည်းတွေ** ကို ရှာလကာရည်က အနည်းငယ် ဖယ်ရှားပေးနိုင်ပါတယ်။
*ဘယ်လိုထည့်ချက်မလဲ?
- ဆန်တစ်ခွက်ကို ရှာလကာရည် **၁ ဇွန်းခန့် (သို့) လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း** ထည့်ပါ။
- ရေနဲ့ စင်အောင်ဆေးပြီးမှ ထည့်ချက်ပါ။
- အရမ်းများရင် ထမင်းအရသာ ချဉ်သွားနိုင်တာကြောင့် အနည်းငယ်သာ ထည့်သင့်ပါတယ်။
ဒီနည်းလေးကို သုံးပြီး **ဖြူစင် မွှေးပျံ့ မကပ်တဲ့ ထမင်းကောင်း** တစ်ခွက်ကို ချက်ပြုတ်နိုင်ပါစေ💙
#ထမင်းချက်နည်း
#ထမင်းကြာရှည်အထားခံအောင်ချက်နည်း
#ရှာလကာရည်
#ကျန်းမာရေး
28/03/2024
Simple Booster Serum
Price - 32000ks
Imported from UK
Simple UK စစ်စစ် ပဲသုံးချင်တယ်ဆိုတဲ့ သူလေးတွေ အတွက် မရမကရှာဝယ်ထားရတာ
Vitamin C
အသားအရေကိုကြည်လင်ဖြူဝင်းစေပီး skin tone တက်စေတယ်
အမဲစက်နဲ့ အမာရွတ်များကို သက်သာစေပါတယ်
Hyaluronic acid
ရေဓာတ်ကိုအဓိကဖြည့်ပေးပီး အသားအရေကို ကြည်လင်စေပါတယ်
ရေဓာတ်နဲ့အဆီဓာတ်ကို balance လုပ်ပေးတာမို့ ရေဓာတ်အဆီဓာတ်မမျှလို့ဖြစ်တတ်တဲ့ ဝက်ခြံ အဆီဖုတွေကိုသက်သာစေပါတယ်
super sensitive မို့ မတည့်မှာလဲကြောက်တယ်ဆိုရင် simple serum လေး try ကြည့်ပါသဲလေးတို့ရေ
ရိုးရိုးရှင်းရှင်း ပေါင်းစပ်ထားတဲ့ ingredient တွေနဲ့ သင့်တင့်တဲ့ percent ပမာဏသာပါဝင်တဲ့တွက်ကြောင့်
မတည့်မှာလုံးဝစိတ်ပူစရာမလိုဘဲ စိတ်ချလက်ချသုံးနိုင်ပါတယ်
crd
27/03/2024
Kracie ရဲ့ Naive Facial Foam
Price - 11500ks
Imported from Japan
သူက ဆယ်ကျော်သက်လေးတွေကအစ ရွေးချယ်လို့ရတယ်
Alcohol free, paraben free ပါ
Green Tea - အစိမ်းလေးက အဆီပြန်ဝက်ခြံထွက်တတ်တဲ့သူတွေအတွက်ပါအဆီပြန်တာထိန်းတယ် ဝက်ခြံထွက်တာနဲ့ ရောင်ရမ်းတာကို သက်သာစေတယ်သစ်ပြီးစိုစိုအိအိလေးကျန်ခဲ့တယ်
Peach - Normal skin သမားလေးတွေ အသားကြည်ပြီး ချောမွတ်ချင်ရင် ဒါလေးသုံးအသားအရည် ကြမ်းတမ်းခြောက်သွေ့တာတွေကိုသက်သာစေပါတယ်
Yuzu Ceramide - အသားအရည် ခြောက်သွေ့တဲ့သူတွေ သုံးလို့ရပါတယ်Yuzu ဗီတာမင်စီ ပါဝင်လို့ အမဲစက် တင်းတိတ်နဲ့ အမာရွတ်လေးတွေကို သက်သာစေပီး brightening effect ကိုရစေတယ်
နေလောင်တာ အသားမညီတာတွေကိုလည်း သက်သာစေပါတယ်
crd
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon
11421