May May Diary

May May Diary

Share

Photos from May May Diary's post 01/07/2022

အမြန်ဆုံးအရာ ကြုံဖူးကြလား

24/11/2021

မိခင်တယောက်ဖြစ်လာရင် ဘယ်အရာမှ လွယ်ကူမနေပေမဲ့
ကိုယ်ဘေးမှာ နားလည်မှုရှိတဲ့လူတွေရှိနေလို့ အဆင်ပြေပါတယ်။

23/11/2021

မေမေတို့ရဲ့ me time ကိုလည်း မျှဝေပေးသွားပါအုန်းနော်

09/11/2021

11.11 Sales ကြီးရှိတော့ အလုပ်လေးနည်းနည်းများနေလို့ပါ။ promotion ကြီးပြီးသွားရင်တော့ စာရေးနိုင်ဖို့ ကြိုးစာပါမယ်နော်။
စကားမစပ် မေမေတို့ ဝယ်မယ်စိတ်ကူးထားတာရှိရင် 11.11 Sales က promotion တွေက အရမ်းတန်တာမို့ အဲ့promotion မှာ ဝင်ဝယ်ကြနော်။

အသက်သာဆုံးဈေးနှုန်းနဲ့ ဝယ်ယူချင်တာ မေမေတို့အားလုံးရဲ့ ဆန္ဒပဲမဟုတ်လား ☺️

04/10/2021

မေမေတို့ရေ မတွေ့တာကြာပြီနော်
မတွေ့ရတဲ့အချိန်မှာ မေမေတို့အားလုံး အဆင်ပြေကြတယ်..ဟုတ်

ဒီနေ့တော့ ကျွန်မအခက်အခဲတွေကြုံရတိုင်း ကျွန်မကို ပြန်ပြီးခွန်အားဖြစ်စေတဲ့ ကဗျာလေးကို မျှဝေပေးချင်ပါတယ်။

" လေထန်တိုင်းသာ ပွင့်ကြွေပါမူ
ဘယ်မှာ ပန်းများကျန်မည်နည်း …

လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ၊
ဘယ်မှာ မြေကြီးကျန်မည်နည်း …

ကျရှုံးတိုင်းသာ ငိုရပါမူ၊
ဘယ်မှာ မျက်ရည်ကျန်မည်နည်း …

အမှောင်တဝက် လင်းတဝက်သည်၊
တရက်တခါ ကြုံမြဲသာတည့် …
ရှုံးတလှည့် နိုင်တလှည့်မှာ
မျက်လှည့်ပမာ တွေ့မြဲသာတည့် …

ဘ၀ သည်ကား၊ တိုက်ပွဲများပင်၊
လှုပ်ရှားရသော၊ လူ့ရွာတောဝယ်၊
လင်းသော မှောင်သော၊ အောင်သော ရှုံးသော၊
မုန်းသော ချစ်သော၊ သစ်သော ဟောင်းသော၊
ကောင်းသော ဆိုးသော၊ ညှိုးသော လန်းသော၊
ကြမ်းသော နုသော၊ ပူသော အေးသော၊
စောကြော စိတ်ဖြာ၊ မနေသာပဲ …

လဲရာက ထ၊ ကျရာက တက်၊
ပျက်ရာက ဆောက်၊ ရှေ့သို့လျှောက်၍၊
ရောက်ရာဘဝ၊ အားမာန်ပြရင်း၊
ရုန်းရကန်ရမည် တကား … … "

မေမေတို့ကော ခက်ခဲမှုတွေ ကြုံရတဲ့အခါ ဘယ်လို ပြန်သန်မာအောင် လုပ်ကြလဲဟင်။

ဆရာဦးအေးငွေ၏ ပန်းဝင်္ကပါစာအုပ်မှ
ရုန်းရင်းကန်ရင်း ကဗျာအား ကောက်နှုတ်ဖော်ပြပါသည်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
11111