Trust Delivery

Trust Delivery

Share

01/06/2026

🌟 Online Shop ရဲ့စီးပွားရေးကို
ကိုယ့်စီးပွားရေးလိုသဘောထားပြီး
သေချာဂရုစိုက်ပေးနေတဲ့ ကျွန်တော်တို့ Trust Delivery နဲ့ လက်တွဲဖို့ ဖိတ်ခေါ်ပါတယ်. . . .

🏆 ပါဆယ် မြန်မြန်ရောက်၊ ‌ငွေရှင်းမြန်၊ ကာစတန်မာကို အလွန် care ဒါ‌တွေကိုလက်ခံနိုင်ဖို့တော့ လိုပါတယ်ဗျ

🛎️အားမနာတမ်းမေးဖို့ Messager မှာ Hi လိုက်တော့နော် the

လုပ်ငန်း (online Shop, ဆိုင်) သီးသန့်
Trust Delivery Service

Growing Together, Delivering Your Success!

22/04/2026

📢 ပို့ဆောင်ခနှုန်းထားလေးတွေ မတတ်သာလို့ ပြောင်းခွင့်ပြုပါရှင့် 🙏

🤝 ချစ်ရတဲ့ Business Partner လုပ်ငန်းရှင်များရှင့်...

⛽ အခုတလော ဖြစ်ပေါ်နေတဲ့ စက်သုံးဆီစျေးနှုန်းတွေနဲ့ တန်ဆာခများ၊ အထွေထွေကုန်ကျစရိတ်များ တရိပ်ရိပ် မြင့်တက်လာမှုကို အားလုံးလည်း သိကြမှာပါ။

😌ကျွန်မတို့ဘက်ကလည်း ပို့ဆောင်ခတွေ ထပ်မတက်အောင် အတတ်နိုင်ဆုံး တောင့်ခံပြီး ဝန်ဆောင်မှုပေးခဲ့ပေမဲ့ ရေရှည်မှာ ဝန်ဆောင်မှုအရည်အသွေးကို ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းပြီး စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနိုင်ဖို့အတွက် အခုတစ်ခါမှာတော့ မတတ်သာတဲ့အဆုံး ပို့ဆောင်ခနှုန်းထားလေးတွေကို အနည်းငယ် ပြင်ဆင်သတ်မှတ်ခွင့်ပြုပါနော်။ တချို့မြို့လေးတွေကိုတော့ ရသလောက်တောင့်ခံပြီး မပြောင်းလဲပဲ ထားပေးထားပါတယ်ရှင့် 🥺

⏳ Online Shop လုပ်ငန်းရှင်များဘက်မှ ပြင်ဆင်ချိန်ရအောင်လို့ ချက်ချင်းကြီး စျေးမတက်သေးဘဲ ဧပြီလ (၂၇) ရက်နေ့မတိုင်ခင်အထိ pickup ကောက်ယူမှုတွေအတွက် ယခင်စျေးဟောင်းအတိုင်းပဲ ပို့ဆောင်ပေးသွားပါမယ်ရှင်။

🗓 စျေးနှုန်းအသစ် စတင်မည့်ရက် - ဧပြီလ (၂၇) ရက် (တနင်္လာနေ့) မှစတင်ပြီး နှုန်းထားအသစ်များဖြင့် ပြောင်းလဲကောက်ခံသွားပါမည်။

✨ စျေးနှုန်းလေးတွေ ပြောင်းလဲသွားတဲ့အတွက် စိတ်မကောင်းဖြစ်ရပေမဲ့ ရှေ့ဆက်ပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ အစွမ်းကုန် ကြိုးစားသွားမှာမို့လို့ နားလည်ပေးကြပါဦးနော်။

❤️ အမြဲတမ်း ယုံကြည်အားပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့်

19/04/2026

ရုန်းကန်နေကြတဲ့ လူသားအချင်းချင်း ဖေးမကူညီမှုလေးနဲ့ စတင်ခဲ့တဲ့ နှစ်သစ် ❤️
​ဘဝတိုက်ပွဲကို ကြံ့ကြံ့ခံ ရင်ဆိုင်နေရသူ ကင်ဆာဝေဒနာရှင်တွေအတွက် ကျွန်တော်တို့ Trust Express မိသားစုက တစ်ဖက်တစ်လမ်းကနေ နိုင်သမျှ ဖေးမကူညီမှု ✨
​ #လူသားချင်းစာနာမှု #ဖေးမကူညီမှု

17/04/2026

💜​"မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူး အခါသမယမှာ Trust မိသားစုမှ မိတ်ဆွေအားလုံးကို နှုတ်ခွန်းဆက်သအပ်ပါတယ် 🙏✨

🌟​နှစ်ဟောင်းက အဆိုးအညံ့များ အားလုံး ကင်းစင်လို့
🌟 နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊ စီးပွားလာဘ်လာဘများ တိုးတက်ကြပါစေ၊ ရန်သူမျိုးငါးပါးရန်မှ ကင်းလွတ်ကြပါ‌စေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

🏆လူကြီးမင်းတို့ရဲ့ အောင်မြင်မှုအသစ်တွေနဲ့ ရှေ့ဆက်မယ့် ခရီးလမ်းမှာ ကျွန်တော်တို့ Trust Delivery က အမြဲအတူရှိနေမှာပါ။ 🚚❤️

🌟Growing Together,
Delivering Your Success! 🏆
Trust Express 🌟

Photos from Trust Delivery's post 15/04/2026

⚠️လုပ်ငန်းနှင့် သက်ဆိုင်သူများ အထူးသတိပြုရန် အသိပေးချက်⚠️📢

​ကျွန်မတို့ Trust Delivery ၏ လုပ်ငန်းမိတ်ဖက်များ၊ Customer များနှင့် မိတ်ဆွေများအားလုံး ရှင်... 🙏

​ယခုအခါ ကျွန်မတို့လုပ်ငန်း၏ တာ၀န်ရှိသူတစ်ဦး၏ဓာတ်ပုံနှင့် နာမည်ကို အသုံးပြု၍ Viber တွင် အယောင်ဆောင်ကာ ငွေကြေးလိမ်လည်ရန် ကြိုးပမ်းနေမှုကို တွေ့ရှိရပါသည်။ ❌🚫

​အဆိုပါ အယောင်ဆောင်သူ အသုံးပြုနေသည့် အချက်အလက်များမှာ -
📱 Viber ဖုန်းနံပတ် - 09 972373110
👤 Wave Pay အမည် - Than Moh Moh Zaw တို့ ဖြစ်ပါသည်။

​၎င်းဖုန်းနံပတ်နှင့် အကောင့်ပိုင်ရှင်သည် ကျွန်မတို့ လုပ်ငန်းနှင့် လုံးဝ (လုံးဝ) သက်ဆိုင်ခြင်း မရှိကြောင်း အသိပေးအပ်ပါသည်။ 🙅‍♀️‼️

​ကျွန်မတို့ လုပ်ငန်းအနေဖြင့် လုပ်ငန်းကိစ္စရပ်များအတွက် သတ်မှတ်ထားသော တရားဝင်ဖုန်းနံပတ်များဖြင့်သာ ဆက်သွယ်လေ့ရှိပြီး၊ ယခုကဲ့သို့ ကိုယ်ပိုင် Viber အကောင့်များမှတစ်ဆင့် ငွေကြေးချေးငှားခြင်း၊ လွှဲခိုင်းခြင်းများကို လုံးဝ ပြုလုပ်ခြင်း မရှိပါ။ ❌💰

​သို့ဖြစ်ပါ၍ အဆိုပါဖုန်းနံပတ်မှ ဆက်သွယ်လာပါက မည်သည့်ငွေကြေးကိစ္စကိုမျှ ဆောင်ရွက်ခြင်းမပြုဘဲ အထူးသတိထား ရှောင်ကြဉ်ကြပါရန်နှင့် အလိမ်အညာ မခံရစေရန် လေးစားစွာဖြင့် အသိပေး တားမြစ်အပ်ပါသည်။ ⚠️🙏

​အခြားသူများ အလိမ်အညာမခံရစေရန်အတွက် ယခုပို့စ်ကို ဝိုင်းဝန်း Share ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 🔄🙌

[Viber တွင် ဝိုင်းဝန်း Report ပြုလုပ်ပေးကြပါရန် အကူအညီတောင်းခံခြင်း] 🚨🙏

အောက်ပါအဆင့်များအတိုင်း Report လုပ်ပေးစေလိုပါတယ် -
1️⃣ အဆိုပါ Viber Profile ထဲသို့ဝင်ပါ။
2️⃣ အစက်သုံးစက် (Menu) ကို နှိပ်ပြီး "Report" ကို ရွေးချယ်ပါ။
3️⃣ "Impersonation" (သို့မဟုတ်) "Spam" ကို ရွေးချယ်ပြီး တိုင်ကြားပေးပါ။
4️⃣ ထို့နောက် "Block" ကိုပါ တစ်ခါတည်း နှိပ်ပေးပါ။

15/03/2026

🏆အရောင်းသွက်သလောက်
ငွေပြန်ရဖို့ စောင့်နေစရာမလို!💯💰💸

Trust Delivery နဲ့ဆိုရင်တော့ ပစ္စည်းပို့ပြီး နောက်တစ်ရက်မှာတင် COD ငွေတွေ အကုန်ပြန်ရမှာပါ။

ဘယ်လိုငွေရှင်းမြန်နေလဲဆိုတာ သိဖို့
video လေးကို ကြည့်ကြည့်ပေး

​✅ ဒီနေ့ ပစ္စည်းလာယူ (Pickup)
✅ မနက်ဖြန် အရောက်ပို့ (Delivered)
✅ ညနေဆို COD စာရင်းရှင်း! (Settlement)

လုပ်ငန်း‌ရဲ့ ငွေကြေးလည်ပတ်ရတာ မြန်ဆန်စေဖို့ Trust Delivery နဲ့ လက်တွဲလိုက်ပါ။

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Address


278, Kawlia 29 Street, 13 Block, South Okkalapa Township.
Yangon
11091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00