Sanda Win
Which team do you like in the World FIFA Club ?
1. Brazil
2. Argentina
Eid Mubarak
17/04/2026
စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်ကျော် ဖမ်းဆီးအကျဥ်းချခံခဲ့ရတဲ့ သမ္မတဦးဝင်းမြင့်က သူ ပြန်လည်လွတ်မြောက်ပြီး အိမ်ပြန်ရောက်ချိန်မှာ NLD ပါတီဝင်တွေနဲ့ မိသားစုကို တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အခြေအနေကို အရင်ဆုံးမေးမြန်းတယ်လို့ သမ္မတဦးဝင်းမြင့်နဲ့ အတူရှိနေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
“အစ်မအကြောင်းဘာကြားလဲလို့ သူက မေးပါတယ်။” လို့ သူကပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ဟာ တရားရုံးချိန်းတွေပြီးသွားတဲ့နောက်ပိုင်းကတည်းက တွေ့ဆုံခြင်း မရှိတော့သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကိုလည်း မသိရဘူးလို့ ဦးဝင်းမြင့်ကပြောကြောင်း အတူရှိနေသူက ပြောပါတယ်။
ထောင်ဒဏ်ချမှတ်ခံရပြီး အကျဥ်းထောင်အတွင်း ဖမ်းဆီးခံထားရချိန်မှာ သူ့ အနေနဲ့ နိုင်ငံပိုင်သတင်းစာတွေကိုသာ ဖတ်ခွင့်ရပြီး တခြားသတင်းအချက်အလက်သိရှိတာ မရှိခဲ့တာကို ပြန်ပြောပြကြောင်း NLD ပါတီနဲ့ နီးစပ်သူက ပြောပါတယ်။
ဒီနေ့ နေပြည်တော်ကကြေညာတဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကြေညာချက်မှာတော့ သမ္မတဦးဝင်းမြင့်ကို “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၄င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ လွတ်ငြိမ်းပေးတာလို့ ဖော်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်နေပေမဲ့ နေပြည်တော်က သတင်းအတိအကျထုတ်ပြောတာ မရှိသေးပါဘူး။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon