Rev It Media
မြန်မာပြည်မှာ တစ်စီးပဲရှိပြီး ပြိုင်ကားချစ်သူတို့ရဲ့ အသဲစွဲ Nissan Skyline GTR R33 လေးတစ်စီးနဲ့ မိတ်ဆက်ပေးသွားပါမယ်။ ဒီကားလေးက ဘာကြောင့် one and only ဖြစ်နေရတာလဲ? ဘယ်လို modification တွေက ဒီကားလေးကို တစ်ခြား Skyline GTR R33 တွေနဲ့ မတူအောင် ပံ့ပိုးပေးထားလဲဆိုတာကို ဒီနေ့ Vlog လေးမှာကျွန်တော်တို့နဲ့ တူတူလိုက်ကြည့်လိုက်ရအောင်ဗျာ !
Stay Tuned with Rev It !! 🚗🚗
Tiktok - vt.tiktok.com/ZSMGyQUSK
Youtube - youtu.be/6zTBSNUycXU
03/03/2025
ဒီတစ်ပတ်မှာတော့ Nissan Company ကနေ Nissan GTR R35 အတွက် order လက်ခံမှုကို ရပ်ဆိုင်းလိုက်ပြီဆိုပြီး ကြေငြာခဲ့ပါတယ်။ ကားချစ်သူတွေအတွက် ဒီသတင်းက စိတ်ပျက်ဝမ်းနည်းစရာ တစ်ခုဖြစ်သလို GTR R35 တို့ကို အသစ် ထပ်မံမြင်တွေ့နိုင်မယ့် အလားအလာမရှိသလောက်နည်းသွားပြီဖြစ်ပါတယ်။
ဒါပေမဲ့ GTR ဟာ စီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်တွေကြောင့် ပျောက်ကွယ်သွားနိုင်ပေမဲ့ ကားချစ်သူတွေရဲ့ နှလုံးသားထဲမှာတော့ အမြဲတမ်းရှင်သန်နေမယ်ဆိုတာ ယုံကြည်ပါတယ်။ တစ်ချိန်က လူသိများပြီး Generation အစဉ်အဆက် စိတ်လှုပ်ရှားစရာ Performance တွေနဲ့ သရဖူဆောင်းခဲ့တဲ့ Nissan GTR ပြိုင်ကားတွေဟာ လမ်းမထက်မှာ ဆက်လက်ရှင်သန်နေဦးမှာတော့ အသေအချာပဲဖြစ်ပါတယ်။
Personally အရ Nissan GTR R35 က ကျွန်တော့်အကြိုက်ဆုံး ပြိုင်ကားတွေထဲက တစ်စီးပဲဖြစ်ပါတယ်။ 18 နှစ်တိုင်တိုင် ကားလောကမှာ ရုပ်ထွက်မိုက်မိုက်နဲ့ အကြမ်းစား performance တွေကြောင့် Supercar Killer ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ရပ်တည်နိုင်ခဲ့တဲ့ GTR R35 လေးကတော့ ကားချစ်သူတိုင်းရဲ့ နှလုံးသားထဲမှာ အမြဲတမ်းနေမယ်ဆိုတာ အသေအချာပါပဲ။
ပရိတ်သတ်ကြီးအနေနဲ့ရော Nissan GT-R Series တွေထဲမှာ ဘယ် Series ကိုအကြိုက်ဆုံးလဲဆိုတာ Comment မှာ ment ပေးသွားကြပါဦး 👌
Click here to claim your Sponsored Listing.
Contact the business
Telephone
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |