CB KMA Foundation
စစ်ကိုင်းမြို့အနီးတဝိုက်တို့၌ ပြိုကျပျက်စီးသွားသည့် အဆောက်အအုံများအား CB-KMA Foundation မှ စက်ယန္တရားများဖြင့်ပံ့ပိုးကူညီမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိ
မန္တလေးငလျင်ကြီးဘေးကယ်ဆယ်ကူညီပေးလှူမှုများဆောင်ရွက်လျက်ရှိသည့် CB-KMA Foundation အနေဖြင့်အင်အားပြင်းမန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် စစ်ကိုင်းမြို့မြေငလျင်ဒဏ် သင့်ဒေသများရှိ ပြိုကျပျက်စီးအဆောက်အအုံများအား စက်ယန္တရားများ၊ကျွမ်းကျင်ပညာရှင်မျာ: ဖြင့် ကူညီဆောင်ရွက်ခြင်းတို့အား CB-KMA Foundation ဥက္ကဋ္ဌ ဦးခင်မောင်အေး၏ အနီးကပ်ဦးဆောင်မှု၊လမ်းညွှန်မှုတို့ဖြင့်ဆောင်ရွက်ကြ လျက်ရှိနေပါသည်။
၂၆-၄-၂၀၂၄ ရက်နေ့တွင် CB-KMA Foundation ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ CB-KMA Foundation အဖွဲ့၀င်၊ CB Bank ဒါရိုက်တာဦးစိုးလွင်နှင့် အဖွဲ့၀င်များသည် စစ်ကိုင်းမြို့အတွင်း ပြိုကျပျက်စီးသွားသည့် အဆောက်အအုံများကို CB-KMA Foundation မှ စက်ယန္တရားများပံ့ပိုးကူညီမှုဖြင့် ရှင်းလင်းရေး လုပ်ငန်းစဥ်များဆောင်ရွက်ပေးနေသည့် နေရာများအား သွားရောက်ကြည့်ရှုခဲ့ကြပါသည်
ယင်းသို့ ဆောင်ရွက်မှုများအပြင် CB-KMA Foundation အနေဖြင့် ဥက္ကဋ္ဌ ဦးခင်မောင်အေး၏ အနီးကပ်ဦးဆောင်မှု၊ လမ်းညွှန်မှုတို့ဖြင့် မြေငလျင်ဒဏ်သင့်ဒေသများရှိရဟန်းရှင်လူဘာသာလူမျိုးမရွေး အများပြည်သူတို့အားကူညီပေးလှူရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။
မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့်ပျက်စီးဆုံးရှုံးသွားသော ရှမ်းပြည်နယ်တောင်ပိုင်း ရွှေညောင် ၊ အင်းလေး ဒေသများသို့ Kanbawza Foundation နာယက ဦးအောင်ကိုဝင်း၏ ဦးဆောင်စီစဉ်ပေးမှုဖြင့် CB-KMA Foundation ၊ ကမ္ဘောဇဘဏ်၊ Kanbawza Foundation နှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက် တို့က အလှူငွေ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း
Kanbawza Foundation နာယက ဦးအောင်ကိုဝင်း၏ ဦးဆောင်စီစဉ်ပေးမှုဖြင့် CB-KMA Foundation ဥက္ကဋ္ဌ ဦးခင်မောင်အေး နှင့် CB-KMA Foundation မိသားစုများသည် ကမ္ဘောဇဘဏ်၊ Kanbawza Foundation နှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက် အဖွဲ့နှင့်အတူ ရှမ်းပြည်နယ်တောင်ပိုင်း ရွှေညောင် ၊ အင်းလေး ဒေသများသို့ ( ၈-၄-၂၀၂၅) နေ့ ၌သွားရောက်ကြပြီး မြေငလျင်ဘေးဒဏ်သင့် ပြည်သူများကို အလှူငွေ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။
ရှေးဦးစွာ ရွှေညောင်မြို့တိုက်နယ်ဆေးရုံသို့ Kanbawza Foundation နာယက ဦးအောင်ကိုဝင်းဦးဆောင်သည့် Kanbawza Foundation ၊ ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်အဖွဲ့တို့နှင့်အတူ CB-KMA Foundation မိသားစုများသည်ရွှေညောင်တိုက်နယ်ဆေးရုံ သို့သွားရောက်ကာ CB-KMA Foundation ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဆေးရုံအတွက် ငွေကျပ်သိန်း (၂၀၀)အားပေးအပ်လှူဒါန်းခဲ့ပြီး အရေးပေါ်လိုအပ်နေသော စားနပ်ရိက္ခာ၊ ဆေး၊ လူသုံးကုန်နှင့် အိမ်သုံးပစ္စည်းများကို လည်းပေးအပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက် အင်းလေးဒေသ နန်းပန် အလိုတော်ပေါက်ဘုရားသို့ သွားရောက်၍ မြေငလျင်ဒဏ်သင့် အိမ်ထောင်စု (၄၆၁)စုအတွက် ဆန်၊ ဆီ၊ ဆား အစရှိသည့် စားနပ်ရိက္ခာများ ၊ အသင့်စား စားသောက်ကုန်ပစ္စည်းများ ၊ လူသုံးကုန်ပစ္စည်းများ ၊ အိမ်သုံးပစ္စည်းများနှင့် ဆေးဝါးများ စသဖြင့် ပစ္စည်း (၂၂)မျိုး ပါဝင်သော စားနပ်ရိက္ခာထုပ် (၄၆၁)ထုပ် တို့ကို Kanbawza Foundation နာယက ဦးအောင်ကိုဝင်းဦးဆောင်သည့် Kanbawza Foundation ၊ ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်အဖွဲ့တို့နှင့်အတူ CB-KMA Foundation မိသားစုများမှပေးအပ်လှူဒါန်းခဲ့ပါသည်။
ဆက်လက်၍ CB-KMA Foundation ဥက္ကဋ္ဌ ဦးခင်မောင်အေး နှင့် CB-KMA Foundation မိသားစုများသည် Kanbawza Foundation ၊ ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်အဖွဲ့ တို့နှင့်အတူ ဇရပ်ကြီးဒေသမြေငလျင်ဒဏ်သင့် အိမ်ထောင်စု (၁၃၅)စုအတွက် ပစ္စည်း (၂၂)မျိုး ပါဝင်သော စားနပ်ရိက္ခာထုပ် (၁၃၅)ထုပ် ပေးအပ်လှူဒါန်းခဲ့ပါသည်။
ထို့အပြင် ငလျင်ဒဏ်ကြောင့် ပြိုကျသွားခဲ့သော ဇရပ်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်း ပြန်လည်တည်ဆောက်ရန်အတွက် CB-KMA Foundation မှ ငွေကျပ်သိန်း (၁၀၀၀)နှင့် Kanbawza Foundation မှငွေကျပ်သိန်း (၁၀၀၀) စုစုပေါင်း ငွေကျပ်သိန်း (၂၀၀၀) မတည်လှူဒါန်းပေးခဲ့ကြပြီးနောက် ကေလာကျေးရွာသို့ သွားရောက်၍ မြေငလျင်ဒဏ်သင့်ပြည်သူများ အခြေအနေများကို သွားရောက်ကြည့်ရှု့ခဲ့ကြပါသည်။
ဆက်လက်၍ သလဲဦးညောင်၀န်းကျေးရွာသို့သွားရောက်ကာ သလဲဦးညောင်၀န်းကျေးရွာနှင့် သလဲဦးအင်းကျေးရွာ (၂)ရွာရှိ ငလျင်ဒဏ်သင့် အိမ်ထောင်စု (၃၆၆)စု အတွက်၊ဆေး၊ လူသုံးကုန်နှင့် အိမ်သုံးပစ္စည်းများစသဖြင့် ပစ္စည်း (၂၂)မျိုး ပါဝင်သော စားနပ်ရိက္ခာထုပ် (၃၆၆)ထုပ် ကို CB-KMA Foundation မိသားစု၊Kanbawza Foundation ၊ ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်အဖွဲ့ မှ ပေးအပ်လှူဒါန်းခဲ့ပါသည်။
လှူဒါန်းမှုအနေဖြင့် ဆေးဝါး နှင့် စားနပ်ရိက္ခာအထုပ်( ၁၀၀၀)စာအတွက် သိန်း (၁၀၀၀)၊ငွေသား အလှူ သိန်း(၁၂၀၀)ဖြစ်၍ စုစုပေါင်းလှူဒါန်းမှုမှာ သိန်း (၂၂၀၀)ဖြစ်ပါသည်။
မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့်ပျက်စီးဆုံးရှုံးရာဒေသများ၌ CB-KMA Foundation မိသားစု များသည်ကယ်ဆယ်၊ စာနာဖေးမကူညီမှုများ အချိန်နှင့်တပြေးညီဆောင်ရွက်လျက်ရှိပါသည်။
CB KMA Foundation ဥက္ကဋ္ဌ ဦးခင်မောင်အေး ဦးဆောင်မှုဖြင့်
မန္တလေးငလျင်ကြီးဒဏ်ခံစားခဲ့ရသည့် နေရာများသို့ အိမ်ထောင်စုပေါင်း နှစ်သောင်း (၂၀,၀၀၀) စာအတွက်စားနပ်ရိက္ခာ ၊ဆေး ၊ ကျန်းမာရေး နှင့် အရေးပေါ် အသုံး အဆောင် ၊ လူသုံးကုန် ၊ အိမ်သုံးကုန် ပစ္စည်းများ ထုတ်ပိုး ပြင်ဆင် ပို့ဆောင်
မန္တလေးငလျင်ကြီးဘေးဒဏ်ကြောင့်အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒေသများရှိရဟန်းရှင်လူပြည်သူများအတွက် စားနပ်ရိက္ခာ ၊ဆေး ၊ ကျန်းမာရေး နှင့် အရေးပေါ် အသုံး အဆောင် ၊ လူသုံးကုန် ၊ အိမ် သုံးကုန်ပစ္စည်းများအား
လှူဒါန်းပေးသွားရန် CB KMA Foundation ဥက္ကဋ္ဌဦးခင်မောင်အေး၏ ဦးဆောင်မှုဖြင့်ထုတ်ပိုးပြင်ဆင်ခြင်း ၊ ပို့ဆောင်ခြင်း လှူဒါန်းခြင်း လုပ်ငန်းများအား အဆက်မပြတ်ဆောက်ရွက်လျက်ရှိပါသည်။
အဆိုပါ မန္တလေးငလျင်ကြီးဘေးသင့်နေရာများရှိ အိမ်ထောင်စုပေါင်း နှစ်သောင်း (၂၀,၀၀၀) စာအတွက်စားနပ်ရိက္ခာ ၊ ဆေး နှင့် လူသုံးကုန် ၊ အိမ်သုံးကုန် ၊အသုံးအဆောင်ပစ္စည်းများ လှူဒါန်းရန် ထုတ်ပိုးပြင်ဆင်ခြင်း၌ လုပ်အားကုသိုလ် ပြုဆောင်ရွက်နေသည့် နေရာများသို့ CB KMA Foundation ဥက္ကဋ္ဌ ဦးခင်မောင်အေး ကိုယ်တိုင် သွားရောက် ကြီးကြပ် လမ်းညွှန်မှုလည်း ပြုခဲ့ပါသည်။
မန္တလေးငလျင်ကြီးဘေးဒဏ်သင့် ရဟန်းရှင်လူပြည်သူများအတွက် အရေးပေါ်လိုအပ်နေသည့် စားနပ်ရိက္ခာ ၊ဆေး ၊ ကျန်းမာရေး နှင့် အရေးပေါ် အသုံး အဆောင် ၊ လူသုံးကုန် ၊ အိမ် သုံးကုန်ပစ္စည်းများ ကို CB KMA Foundation က မန္တလေးငလျင်ကြီးဘေးဒဏ်ကြောင့်အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့ရသည့် နေရာများသို့အချိန်နှင့်တစ်ပြေးညီ ရောက်ရှိအောင် ပို့ဆောင်ခြင်း လှူဒါန်းခြင်းများ အဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။
CB KMA Foundation မှ မြေငလျင်ဒဏ်ခံစားခဲ့ရသည့် ဒေသများသို့ လှူဒါန်းမည့် စားနပ်ရိက္ခာ ၊ဆေး ၊ ကျန်းမာရေး နှင့် အရေးပေါ် အသုံးအဆောင် ၊ လူသုံးကုန် ၊ အိမ်သုံးကုန် ပစ္စည်းများအား တောင်ငူ၌လည်း ထုတ်ပိုးပြင်ဆင်လျက်ရှိ
မြေငလျင်ဘေးဒဏ်ကြောင့်အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒေသများရှိရဟန်းရှင်လူပြည်သူများအတွက် စားနပ်ရိက္ခာ ၊ဆေး ၊ ကျန်းမာရေး နှင့် အရေးပေါ် အသုံး အဆောင် ၊ လူသုံးကုန် ၊ အိမ် သုံးကုန်ပစ္စည်းများ
လှူဒါန်းပေးသွားရန် CB KMA Foundation ဥက္ကဌဦးခင်မောင်အေး၏ လမ်းညွှန်ချက်အရ အိမ်ထောင်စုပေါင်း နှစ်သောင်း
(၂၀,၀၀၀) စာအတွက် စားနပ်ရိက္ခာနှင့် လိုအပ်သည့် ပစ္စည်းများ ထုတ်ပိုးပြင်ဆင် ပို့ဆောင်ခြင်း လုပ်ငန်းများ အဆက်မပြတ်ဆောက်ရွက်လျက်ရှိပါသည်။
ဤသို့ လှူဒါန်းရန် ထုတ်ပိုးပြင်ဆင်ဆောင်ရွက်ခြင်း၌ ပရဟိတအသင်းအဖွဲ့များကလည်း လုပ်အားကုသိုလ် ပါဝင် လျက်ရှိနေပါသည်။
အဆိုပါ လုပ်အားကုသိုလ်ပြုဆောင်ရွက်မှု ၌ တောင်ငူမြို့ရှိ T.E.R.Tပရဟိတအသင်း၊ အာယုပါလပရဟိတအသင်း၊ မေတ္တာရှင်ပရဟိတအသင်း တို့မှ ပရဟိတညီကိုမောင်နှမများ ကလည်း CB -KMA Foundation မိသားစုများနှင့်အတူ KMA ကေတုမတီဟိုတယ်တွင် စားသောက်ကုန်၊ဆေး နှင့် လူသုံးကုန် ၊အိမ်သုံးပစ္စည်းများဖြစ်ကြသည့် " ဆန်၊ ဆီ၊ ဆား ၊ ရေသန့် ၊ ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ ဂျင်း ၊ လက်ဖက်နှင့်အကြော်စုံ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ အသင့်စားဟင်းအနှစ်ထုပ်၊ ဘီစကစ်၊ဓါတ်ဆားထုပ်၊ ဂလူးကို့စ်ထုပ်၊ ဆပ်ပြာ၊ သွားတိုက်ဆေးနှင့်သွားတိုက်တံ၊ အမျိုးသမီးလစဥ်သုံးပစ္စည်း၊ ဖယောင်းတိုင် ၊မီးခြစ်၊ ဖော့ဖျာ၊ ဟန်းနီးပလာစတာ၊ ဆေးနီလေး၊ အရက်ပျံပုလင်း၊ ဂွမ်းထုပ်၊ ပရုပ်ဆီဗူး၊ ဆရာခို၊ ပါတ်တီးအသေး၊ ပါရာစီတမော၊ ချောင်းဆိုးပျောက်ဆေး၊ ဝမ်းပိတ်ဆေး၊ ဇစ်ပိတ်အိတ် အစရှိသည့်လှူဒါန်းမည့် ပစ္စည်းများထုတ်ပိုးပြင်ဆင်ရာတွင် လာရောက် ကူညီ လုပ်အားပေး လုပ်ဆောင်ကြပါသည်။
CB KMA Foundation မှ မြေငလျင်ဒဏ်ခံစားခဲ့ရသည့် ဒေသများသို့ လှူဒါန်းမည့် ပစ္စည်းများအား ထုတ်ပိုးပြင်ဆင်
မြေငလျင်ဘေးဒဏ်သင့်ဒေသများရှိ ဆုံးရှုံးခဲ့ရသည့်နေရာများသို့ အိမ်ထောင်စုပေါင်း နှစ်သောင်း (၂၀,၀၀၀) စာအတွက် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ ၊အိမ်သုံးပစ္စည်းများအားလှူဒါန်းပေးအပ်သွားမည် ဖြစ်ပါသည်။
CB KMA Foundation ဥက္ကဌဦးခင်မောင်အေး၏ လမ်းညွှန်ချက်အရ ဆန်၊ ဆီ၊ ဆား ၊ ရေသန့် ၊ ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ ဂျင်း ၊ လက်ဖက်နှင့်အကြော်စုံ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ အသင့်စားဟင်းအနှစ်ထုပ်၊ မုန့်ကြွပ်၊ ဓါတ်ဆားထုပ်၊ ဂလူးကို့စ်ထုပ်၊ ဆပ်ပြာခဲ၊ဆပ်ပြာမှုန့်၊ သွားတိုက်ဆေးနှင့်သွားတိုက်တံ၊ အမျိုးသမီးလစဥ်သုံးပစ္စည်း၊ ခေါင်းလျှော်ရည်၊ ဖယောင်းတိုင် ၊မီးခြစ်၊ ကလစ် ၊ခေါင်းစည်းကြိုး၊ဘီး ၊ ဖော့ဖျာအစရှိသည့် အိမ်သုံးပစ္စည်းများပါဝင်သည့် လှူဒါန်းမည့်ပစ္စည်းများ
ထုတ်ပိုးပြင်ဆင်ခဲ့ကြပါသည်။
ယင်းသို့ လှူဒါန်းရန် ပစ္စည်းများထုတ်ပိုးပြင်ဆင်နေကြသည့် ရန်ကုန်မြို့ ၊Corporative Business Center တွင် KMA Foundation ဥက္ကဌ ဒေါ်ဝင့်ရည်အေး ၊ KMA Group of Companies MD ဦးကောင်းထက်ထွန်း နှင့်ဇနီးဒေါ်ခင်ရတနာပိုင် တို့က CB KMA Foundation မိသားစု၀န်ထမ်းများ နှင့်အတူ လှူဒါန်းရန်ပစ္စည်းများ ထုတ်ပိုးပြင်ဆင်မှု တို့ အတွက် လုပ်အားကုသိုလ်ပြုခဲ့ကြပါသည်။
05/04/2025
စစ်ကိုင်းမြို့၊ မြေငလျင်ဒဏ်သင့်နေရာများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့
စစ်ကိုင်းမြို့အတွင်း မြေငလျင်ဘေး ကယ်ဆယ် ၊ စာနာ ဖေးမ လှူဒါန်းမှုများဆောင်ရွက်နေသည့် CB-KMA Foundation ဥက္ကဌ ဦးခင်မောင်အေးနှင့်အဖွဲ့ဝင်များသည် စစ်ကိုင်းမြို့ရှိ သကျဓီတာ သီလရှင်စာသင်တိုက်ကြီး ၊ စက္ခုမှော်ကျောင်းတိုက် ၊ မြဧရာရိပ်သာ(အိမ်မဲကြီး) ၊ ရတနာသိင်္ဂီ ပရဟိတ သီလရှင်သင် ပညာရေးကျောင်း ၊မဟာသုဗောဓာရုံကျောင်း၊ IBECကျောင်းတိုက်၊ သီရိရွှေဝါသီလရှင် စာသင်တိုက် ၊ ကြံတိုင်းအောင်စာသင်တိုက်၊ အောင်မေဦး(ဘက)ကျောင်း၊ ပြည်တော်အေး (မြို့နယ် သံဃာ့နယကဥက္ကဌရွှေဟင်္သာတိုက်သစ်တို့၌ ဆွမ်းဆန်စိမ်းနှင့် နဝကမ္မ ကပ်လှူခြင်း ၊ မြို့မဗလီ၊ မြို့တော်ဗလီ ၊မိုးကျဗလီ ၊ ဂျာမေဗလီ ၊ အထက(၁)ကျောင်း၊ နှစ်(၇၀၀)အားကစားကွင်း၊ မဟာစည်းခုံကြီးဘုရား၊ အ.ထ.က (ခွဲ)(ရန်နိုင်)ကျောင်းကွင်း၊ အိုးအိမ်ကစားကွင်းတို့၌ စားနပ်ရိက္ခာအလှူပစ္စည်:နှင့်ငွေသားလှူဒါန်းခြင်းတို့ ကို ၂.၄.၂၀၂၅ရက်နေ့က ကိုယ်တိုင် ကိုယ်ကျ သွားရောက်လှူဒါန်းမှုများ နှင့်အတူ မြေငလျင်ဘေးသင့် အသက်ဆုံးပါးရသူတို့အတွက်နှင့် ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက် ကုသမှု ခံယူနေရသူများ အတွက် ပေးအပ်လှူဒါန်းခဲ့ပါသည်။
အဆိုပါလှူဒါန်းမှု၌ ရဟန်းသံဃာ ၊ သီလရှင်တို့အား ဆွမ်းဆန်စိမ်းအလှူ တပါးလျှင် ဆန် (၈) ပြည် ၊ ဆီ (၅၀)ကျပ်သားဗူးတစ်ဗူး နှင့် နဝကမ္မအလှူငွေ ငါးသောင်းကျပ် ဆက်ကပ်ခြင်း ၊ လူပုဂ္ဂိုလ်တဦးလျှင် ဆန် (၈ )ပြည် ၊ ဆီ (၅၀)ကျပ်သားတစ်ဗူး နှင့် ငွေသား ငါးသောင်းကျပ်တို့ ပေးအပ်လှူဒါန်းခြင်း ၊ အအေး နှင့် သောက်ရေသန့် များ လှူဒါန်းခြင်းတို့ကို CB KMA Foundation အဖွဲ့ က ကိုယ်တိုင်ကိုယ်ကျပေးလှူခဲ့ကြပြီး မဟာသုဗောဓာရုံကျောင်း၊ IBECကျောင်းတိုက်၊ သီရိရွှေဝါသီလရှင်စာသင်တိုက်၊ ကြံတိုင်းအောင်စာသင်တိုက်၊ အောင်မေဦး(ဘက)ကျောင်း၊ ပြည်တော်အေး (မြို့နယ် သံဃာ့နယကဥက္ကဌ၊ ရွှေဟင်္သာတိုက်သစ် ၊ အထက(၁)ကျောင်း၊ နှစ်(၇၀၀)အားကစားကွင်း၊မဟာစည်းခုံကြီးဘုရားကွင်း၊အ.ထ.က (ခွဲ)(ရန်နိုင်)ကျောင်းကွင်း၊ အိုးအိမ်ကစားကွင်းတို့ အတွက်ကိုလည်း အဖွဲ့အစည်းများက ကိုယ်စားပေးလှူပေးခဲ့ကြပါသည်။
ထိုနေ့ အတွက် အလှူပစ္စည်းနှင့် ငွေသားတန်ဖိုးလှူဒါန်းမှု စုစုပေါင်း ငွေကျပ် ၃၁၈,၀၂၂,၆၀၀ ကို လှူဒါန်းခဲ့ပါသည်။ CB-KMA Foundation အနေဖြင့် စစ်ကိုင်းမြို့၌ ၂၈.၃.၂၀၂၅ ရက်နေ့က လှုပ်ခတ်ခဲ့သော ၇.၇ ရစ်(ခ်) တာစကေး ရှိ အင်အားပြင်း ငလျင်ကြီးနှင့် နောက် ဆက်တွဲငလျင်များကြောင့် ပြိုကျပျက်စီးခဲ့သည့် သာသနိက အဆောက်အအုံ များ၊စာသင်တိုက်များ ၊ ဗလီများ ၊ လူနေအိမ်များ၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စက်ယန္တရားကြီးများ ၊ ကျွမ်းကျင်လုပ်သားများဖြင့် ကူညီဆောင်ရွက်နေသကဲ့သို့ ၊ ငလျင်ဘေးဒဏ်သင့်ရဟန်းရှင်လူ ပြည်သူများအတွက်လည်း စားနပ်ရိက္ခာနှင့်အလှူငွေများကို လှူဒါန်းလျက်ရှိပါသည်။
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
6th Floor, Sayar San Plaza, Corner Of Sayar San Road And New University Avenue Road
Yangon