St.Edward Catholic Church
19/04/2026
ပျံလွန်သွားပြီဖြစ်သော
Fr.Victor Nyan Myint ၏ ဈာပန မစ္ဆားတရားကို မနက်ဖြန် (၂၀.၄.၂၀၂၆),တနင်္လာနေ့၊
နံနက် ၆:၃၀ နာရီ အချိန်တွင် စိန့်မေရီကာသီဒြယ်၌ ပြုလုပ်မည်ဖြစ်ပါသည်။
ဈာပနမစ္ဆားတော်မြတ်သို့ သွားရောက်ပါဝင်လိုသော
စိန့်အက်ဒွက်သာသနာမှ ဘာသာသူများအတွက် ကားစီစဉ်ပေးထားပါသည်။
လိုက်ပါမည့် ဘာသာသူများအနေဖြင့် မနက်ဖြန် နံနက် ၅:၀၀ နာရီ အရောက် ဘုရားကျောင်းသို့ လာရောက်ပေးကြပါရန် အသိပေးကြေညာအပ်ပါသည်။
N
10/04/2026
စိန့်အက်ဒွက်သာသနာ၊ မင်္ဂလာဒုံမှ နွေရာသီဘုရားစကားအတန်း ကလေးသူငယ်များတွေ့ဆုံခြင်းသင်တန်းကို ဧပြီ ၆ရက်မှ၁၀ရက်နေ့အထိပြုလုပ်ရာတွင် ကလေးသူငယ်များနှင့်ငြိမ်းချမ်းရေး၊
ကလေးသူငယ်များနှင့် ရဟန္တာများ၊
ကလေးသူငယ်များနှင့်ကျမ်းစာတော်မြတ်၊
ကလေးသူငယ်များနှင့်မစ္ဆားတရား၏တန်ဖိုး၊
ကလေးသူငယ်များနှင့်ယုံကြည်ခြင်းနှင့်ယဥ်ကျေးမှု
စသည့်ခေါင်းစဥ်များဖြင့်အသီးသီးသွန်သင်ပို့ချပေးခဲ့ကြပါသည်။
ဤသင်တန်းဖြစ်မြောက်အောင်အဖက်ဖက်မှပါဝင်ကူညီပေးကြသောသူများအားလုံးကိုအထူးပင်ကျေးဇူးတင်ပါသည်။
သင်တန်းအတွင်းမှမှတ်တမ်းပုံများကိုလည်း ဝေမျှပေးလိုက်ပါသည်။
15/03/2026
စိန့်အက်ဒွက်သာသနာ ကျောင်းထိုင်ဘုန်းတော်ကြီး
Rev.Fr.Edward Win Pe ၏ ရဟန်းဝါတော် နှစ်(၃၀)ပြည့် ဂျူဘီလီပွဲတော်၊ လက်ထောက်ဘုန်းတော်ကြီး Rev.Fr.Richard Htun Htun Win ၏ ရဟန်းဝါတော် (၂၄)နှစ် နှင့် စိန့်အက်ဒွက်သာသနာမှ ဘုန်းတော်ကြီး Rev Fr.Richard Htun Thaung ၏ ရဟန်းဝါတော်(၁)နှစ်ပြည့် စုပေါင်း ကျေးဇူးတင်မစ္ဆားတရားတော်မြတ်ကို လာမည့် ၁၉.၃.၂၀၂၆(ကြာသပတေးနေ့) နံနက်(၇:၀၀)နာရီအချိန်တွင် စိန့်အက်ဒွက်သာသနာ၌ ကျင်းပပြုလုပ်ပါမည်။
သို့ဖြစ်ပါ၍ ရဟန်းတော်များ၏ ကျေးဇူးတင်မစ္ဆားတရားတော်သို့ လာရောက်ပါဝင်ဂုဏ်ပြုပေးကြပါရန် ဘာသာသူများအားလုံးကို လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
Date : 19.3.2026(Thurs)
Time : 7:00 AM
Location : St.Edward Catholic Church , Mingaladon
N
Click here to claim your Sponsored Listing.
Category
Website
Address
Pyay Road
Yangon
Opening Hours
| Tuesday | 06:30 - 07:30 |
| Wednesday | 06:30 - 07:30 |
| Thursday | 06:30 - 07:30 |
| Friday | 06:30 - 07:30 |
| Sunday | 06:30 - 07:30 |
| 08:30 - 10:00 |