Democracy today

Democracy today

Share

26/01/2021

နေပြည်တော်က ကျန်းမားရေးဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးတော့မည်
--------------------------------
နေပြည်တော်က ကျန်းမားရေးဝန်ထမ်းတွေကို မနက်ဖြန်(ဇန်နဝါရီ ၂၇ ရက်)မှာ ကိုဗစ်ကာကွယ်ဆေး စတင် ထိုးပေးသွားမယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုး ကပြောပါတယ်။ နေပြည်တော်မှာ ကျန်းမားရေးဝန်ထမ်း အယောက်(၃၀၀၀)ကျော်ရှိပြီး သက်ဆိုင်ရာ မြို့နယ်ဆေးရုံတွေမှာ ထိုးပေးသွားမယ်လို့ ဆိုပါတယ်။
“နေပြည်တော်ကိုတော့ ဒီနေ့ ဇန်နဝါရီလ(၂၆)ရက်နေ့မှာ ကာကွယ်ဆေးတွေရောက်ပါပြီ။ မနက်ဖြန်က စပြီးတော့ ကျန်းမာရေးဝန်ထမ်းတွေကို စပြီးတော့ ထိုးမယ်။ ပြီးရင် အစီအစဉ်အတိုင်း ဆက်ပြီးတော့ ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ အင်အားအားဖြင့်တော့ (၃၀၀၀)ကျော်ရှိပါတယ်။ ကျွန်တော်တို့ မြို့နယ်ဆေးရုံတွေ အထူးကုဆေးရုံတွေ အထွေထွေရောဂါကုဆေးရုံကြီးတွေ အဲဆေးရုံတွေမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အားလုံးကို ကျွန်တော်တို့ ဆေးထိုးပေးသွားမှာဖြစ်ပါတယ်”လို့ ဒေါက်တာ မြတ်ဝဏ္ဏစိုး ကပြောပါတယ်။
ကာကွယ်ဆေးထိုးပြီးလို့ ဖျားတာတို့ ခန္ဓာကိုယ်မှာ ယားယံတာတို့ ကိုက်ခဲတာတို့ ဖြစ်ရင်သတိပြုနေဖို့ လိုအပ် တယ်လို့လည်း ဆိုပါတယ်။ ကာကွယ်ဆေးထိုးပြီး ပထမဆုံး တစ်ရက်မှာတော့ အိပ်ရေးဝဝအိပ်ဖို့ ၊ ရေများများ သောက်ဖို့ ၊ အစားအစာ ပုံမှန်စားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေးရဲ့ သဘောတရားအရ ဆေးထိုး ပြီးရင် အရက်တို့ ဆေးလိပ်တို့ ရှောင်ရင်တော့ အကောင်းဆုံးဖြစ်တယ်လို့ ဒေါက်တာ မြတ်ဝဏ္ဏစိုး ကပြောပါတယ်။
“ဒီကာကွယ်ဆေးကတော့ ကိုရိုနားဗိုင်းရပ်စ်အတွက် ကိုယ်ခံအားကိုတက်စေတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။ ကာကွယ်ဆေးက (၂)ကြိမ်ထိုးရပါတယ်။ (၂)ကြိမ်ထိုးပြီးတဲ့ အခါကျတော့ ကိုယ်ခံအားကရှိလာပြီပေါ့။ ရှိလာပြီဆိုရင် တော်ရုံတန်ရုံ ဗိုင်းရပ်စ်ဝင်ရင် ကူးစက်မှုကို ဟန့်တားနိုင်တဲ့အနေအထားဖြစ်ပြီလို့ ပြောလို့ ရတယ်။ ဒီကာကွယ်ဆေးက အကျိုးရှိလားဆိုတော့ အတိုင်းအတာတစ်ခုအထိ အကျိုးရှိပါတယ်။ဒါကြောင့်မို့လို့လည်း တစ်ကမ္ဘာလုံးမှာ သုံးနေကြတာဖြစ်ပါတယ်”လို့ ဒေါက်တာ မြတ်ဝဏ္ဏစိုး ကဆိုပါတယ်။
ကာကွယ်ဆေးထိုးထားပေမယ့် ရောဂါပိုးကူးစက်နိုင်သေးတာကြောင့် သတိနဲ့ နေထိုင်ဖို့တော့ လိုအပ်တယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေးထိုးပြီးရင်တော့ ရောဂါပြင်းထန်မှု အနေအထား အသက်ဆုံးရှုံးနိုင်မှု အနေအထား တွေကနေ ထိန်းချုပ်နိုင်မယ်လို့တော့ ယူဆလို့ရကြောင်း ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။

Photos from Democracy today's post 28/12/2020

ကိုယ်ကျိုးစီးပွားနှင့် အဂတိတရားကင်းစင်ပြီး စာရိတ္တမဏ္ဍိုင် ခိုင်မာအောင်တည်ဆောက်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး မှာကြား
------------------------------------
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ထမ်းအားလုံး ကိုယ်ကျိုးစီးပွားနဲ့ အဂတိတရားကင်းစင်ပြီး စာရိတ္တ မဏ္ဍိုင်ကို ခိုင်မာအောင် တည်ဆောက်ဖို့၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတွေ နဲ့ ညီညွတ်ပြီး လူထုအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေအောင် ဂရုတစိုက်ဆောင်ရွက်ဖို့၊ ပွင့်လင်းမြင်သာတဲ့ အုပ်ချုပ်ရေးအဖွဲ့ အစည်းတစ်ရပ်ဖြစ်အောင် ကြိုးစားကြဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ ကတိုက်တွန်းပြောကြားလိုက်ပါတယ်။
ဒီဇင်ဘာ(၂၈)ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ Video Conferencing (Zoom Meeting)နဲ့ ကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။ (၂)နှစ်ပြည့်ကနေ နောင်ကာလတွေမှာ ပြည်သူ့အကျိုးကို စိတ်ရင်း စေတနာမှန်နဲ့ ဝန်ဆောင်မှုပေးနိုင်တဲ့၊ ပြည်သူနဲ့ တစ်စိတ်တစ်ဝမ်းတည်း ရပ်တည်နိုင်တဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတစ်ရပ် ဖြစ်လာဖို့ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်ပြီး ပြုပြင်ပြောင်းလဲကြဖို့လည်း ပြောကြားခဲ့ပါတယ်။
ဝန်ကြီးဌာနလက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရတဲ့ ဌာနဖြစ်တဲ့အပြင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ တခြားဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ် ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ပေးနိုင်တဲ့ စံနမူနာပြဌာနဖြစ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒီလို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်မှသာ ဖြစ်ပေါ်နေတဲ့ပြဿနာတွေကို အဖြေရှာနိုင်မှာဖြစ်ပြီး အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းကိုလည်း ရှာဖွေဖော်ထုတ်ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးအပိုင်းမှာလည်း ပြည်သူ့ဆက်ဆံရေး၊ မီဒီယာဆက်ဆံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ သင်တန်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အွန်လိုင်းကတစ်ဆင့် ဖွင့်လှစ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းကို အဆင့်မြှင့်တင်နိုင်ရေးနဲ့ နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းတွေနဲ့ ပို့ချပေးနိုင်ဖို့ ရန်ကုန်မြို့ရှိ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းကို နေပြည်တော် ပြောင်းရွှေ့ဖွင့်လှစ်နိုင်ဖို့ “မူ”အားဖြင့် သဘောတူ ခွင့်ပြုချက်ရရှိထားပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာ စတင် အကောင်အထည်ဖော်နိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ ကပြောပါတယ်။ အခမ်းအနားကိုတော့ ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့ အညီကျင်းပခဲ့တာဖြစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားရေးမှူးချုပ် တွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်၊ အခွန်အယူခံခုံအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်နဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည့်တော်တွေ တက်ရောက်ခဲ့ပါတယ်။ ဓာတ်ပုံ-Ministry of Union Government Office

Photos from Democracy today's post 27/12/2020

ပီယာလို၏ဝေဖန်မှုကို နာပိုလီအသင်းဥက္ကဋ္ဌ တုံ့ပြန်
-------------------------
ဂျူဗင်တပ်နည်းပြပီယာလိုအနေနဲ့ အကြောင်းအရာကို သေချာမသိပဲ ဝင်မပြောဖို့ နာပိုလီအသင်းဥက္ကဋ္ဌ လော်ရန်တစ်က သတိပေးပြောဆိုလိုက်ပါတယ်။ နာပိုလီအသင်းဟာ ဂျူဗင်တပ်နဲ့ကစားရမယ့်ပွဲကို ရောက်မလာတဲ့အတွက် အီတလီဘောလုံးအဖွဲ့ချုပ်က ၁ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခဲ့တာကို အယူခံ ဝင်ခဲ့ရာမှာ အယူခံ အောင်မြင်ခဲ့ပြီး အဲဒီပွဲစဉ်ကို လာမယ့် ၂၀၂၁ ခုနှစ်အတွင်း ပြန်ကစားရမှာပါ။
နာပိုလီ အသင်း အဖွဲ့ဝင်နှစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရလို့ ဒေသအာဏာပိုင်တွေက ခရီးသွားခွင့် မပြုခဲ့ တာဖြစ်ပါတယ်။ အီတလီ ဘောလုံးအဖွဲ့ချုပ်က ဂိုးသမားအပါအဝင် ကစားသမား ၁၃ ဦးရှိ ပါက ပွဲကစား ရမယ်လို့ စည်းကမ်း သတ်မှတ်ထားပါတယ်။
နာပိုလီအသင်း အယူခံအောင်မြင်ခဲ့ပြီးနောက် ဂျူဗင်တပ် နည်းပြပီယာလိုက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ကစားသမားတွေရှိလျက်နဲ့ ပွဲကစားခဲ့ရပြီး အမှတ် ဆုံးရှုံးခဲ့ရတဲ့ အသင်းတွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ဝေဖန်ခဲ့တာပါ။ ပီယာလိုရဲ့ ဝေဖန်မှု အပေါ် နာပိုလီအသင်းဥက္ကဋ္ဌ လော်ရန်တစ်က ပီယာလိုဟာ ဥပဒေအကြောင်း ဘာမှ မသိသူဖြစ်လို့ ဝင်မပြောတာ အကောင်းဆုံးလို့ တုံ့ပြန်ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

Photos from Democracy today's post 27/12/2020

တိုင်းနှင့်ပြည်နယ်၆ခုမှမြို့နယ်အချို့အားStay at Homeအဖြစ်မှပယ်ဖျက်
------------------------
ရန်ကုန်၊ပဲခူး၊မန္တလေး၊ဧရာဝတီတိုင်းဒေသကြီးတွေနဲ့ ကချင်ပြည်နယ်၊ မွန်ပြည်နယ်တွေက မြို့နယ်အချို့ကို Stay at Homeအဖြစ် သတ်မှတ်ထားတာကို ဒီဇင်ဘာ(၂၇)ရက်၊ မနက်(၈)နာရီကစပြီး ပယ်ဖျက်လိုက်ပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဆိပ်ကြီး/ခနောင်တိုမြို့နယ်၊ တွံတေးမြို့နယ်နဲ့ ကွမ်းခြံကုန်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးအတွင်းက ကဝမြို့နယ်နဲ့ သနပ်ပင်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းက အမရပူရမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ဖျာပုံနဲ့ မအူပင်မြို့နယ်၊ ကချင်ပြည်နယ်အတွင်းက ဖားကန့်မြို့နယ်၊ မွန်ပြည်နယ်အတွင်းက မော်လမြိုင်နဲ့ ဘီးလင်းမြို့နယ်တွေကို Stay at Homeအဖြစ် သတ်မှတ်ထားတာကနေ ပယ်ဖျက်လိုက်တာပါ။
အဲ့ဒီလိုပယ်ဖျက်ရာမှာ ဆိပ်ကြီး/ခနောင်တိုမြို့နယ်၊ တွံတေးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ အမရပူရမြို့နယ်နဲ့ ဖားကန့်မြို့နယ်တွေထဲက ရပ်ကွက်အချို့နဲ့ ကျေးရွာအချို့ကိုတော့ Stay at Home ဆက်လက်ထားရှိသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Stay at Homeကနေ ပယ်ဖျက်လိုက်တဲ့ နေရာဒေသတွေကတော့ ပြည်သူတွေရဲ့ COVID-19စည်းကမ်းလိုက်နာတာ၊ ပြီးခဲ့တဲ့၁၄ရက်အတွင်း ကူးစက်လူနာလျော့နည်းလာတာ၊ Stay at Homeကာလမှာလည်း ကျန်းမာရေးအသိပညာပေးလုပ်ငန်းတွေကို သက်ဆိုင်ရာဌာနဆိုင်ရာ၊ အဖွဲ့အစည်းတွေနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် အခုလို Stay at Homeကနေ ပယ်ဖျက်ပေးလိုက်တာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-MOHS

18/12/2020

ကိုဗစ်ကာကွယ်ဆေးအတွက် ချမ်းသာတဲ့နိုင်ငံတွေက ကူညီပေးဖို့ ကုလ-အကြီးအကဲတောင်းဆို
----------------------------------------
ဆင်းရဲတဲ့ နိုင်ငံတွေဆီ ကိုဗစ်ကာကွယ်ဆေး ပေးပို့နိုင်ရေးအတွက် ချမ်းသာတဲ့နိုင်ငံတွေက ဝိုင်းဝန်းကူညီကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က ဒီနေ့ (ကြာသပတေးနေ့) ထပ်မံ တိုက်တွန်းနှိုးဆော် လိုက်ပါတယ်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Heiko Maas နဲ့ တွေ့ဆုံပြီးနောက် ဘာလင်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲအတွင်း Guterres က အဲဒီလို တိုက်တွန်းခဲ့တာပါ။
ကိုယ်တိုင် ဆေးဝယ်ဖို့ အခက်အခဲရှိနေတဲ့ ဆင်းရဲတဲ့နိုင်ငံတွေဆီ ကာကွယ်ဆေးပို့ရေးအတွက် ကုလသမဂ္ဂက ဦးစီးဆောင်ရွက်နေတဲ့ COVAX အစီစဉ်ဟာ ဇန်နဝါရီလ မကုန်ခင် ဒေါ်လာ ၅ ဘီလီယံ လိုအပ်နေတယ်လို့ အတွင်းရေးမှုးချုပ်ကပြောပါတယ်။
တကမ္ဘာလုံး ဆေးဝါးဖြန့်ချီနိုင်ရေးဆောင်ရွက်ဖို့ ဖွဲစည်းထားတဲ့ ဒီအဖွဲ့ဟာ ရှေ့နှစ် ဘတ်ဂျက်လိုအပ်ချက်ကိုပြည့်မီဖို့ ဒေါ်လာ ၂၀-ဘီလီယံလိုနေသေးတယ်လို့လည်း သူက ဆိုပါတယ်။
-နိုင်ငံတိုင်းက ကာကွယ်ဆေး ထိုးချင်ကြပါတယ်။ ဘာကြောင့်လဲဆိုရင် သဘာဝတရားက အမြဲတန်း ပြန်တိုက်လေ့ရှိပါတယ်- လို့ Guterres က သတိပေးပါတယ်။
"ကမ္ဘာပေါ်ရှိ နေရာတိုင်းက လူတိုင်းဆီကို ကာကွယ်ဆေးရောက်ရေး၊ နေရာတိုင်းက လူတိုင်း အကျိုးသက်ရောက်စေရေးအတွက် ကျနော်တို့ ဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်'' လို့ အတွင်းရေးမှုးချုပ်က ပြောကြားခဲ့ပါတယ်။
Source: AP

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon
11201