Best Trip
13/10/2019
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့ မှာ ကျန်းမာရွှင်လန်း အေးချမ်းကြပါစေလို့ Best Trip မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်
21/02/2018
- မႏၱေလးမွာ အနံ႔အရသာေမႊးေမႊးေလးနဲ႔ ဖက္ထုပ္ေပါင္/ ေၾကာ္ကို စားခ်င္တယ္ဆိုရင္ေတာ့ 🏩 Home Soup Dumpling ဆိုင္ေလးကို လမ္းၫႊန္ပါတယ္။
- Home Soup Dumpling ဆိုင္ရဲ႕ အနံ႔ေမႊးေမႊးေလးနဲ႔ ထူးျခားတဲ့ အေပါင္းေလးကေတာ့ ေ႐ွာက္လံုထန္းေဘာင္းပါ။ ေ႐ွာက္လံုထန္းေဘာင္းရဲ႕ ထူးျခားခ်က္ေလးက ၾကက္သားနဲ႔ ၀က္ေခါက္ျပဳတ္ထားတဲ့ ၾကက္သားအနံ႔ ခ်ိဳခ်ိဳေမႊးေမႊးဟင္းရည္ေလးကို ဖက္ထုပ္ထဲထည့္ေပါင္းထားတာပါ။ ပုဇြန္ေ႐ွာက္လံုထန္ေပါင္းလည္း ရပါတယ္။
- Home Soup Dumplin မွာ ေ႐ွာက္လံုထန္းေဘာင္းနဲ႔ အျခားရရိွႏိုင္တဲ့ အစားအေသာက္ေလးေတြရဲ႕ ပံုနဲ႔ေစ်းႏႈန္းေလးကို ေဖာ္ျပေပးထားပါတယ္။ မႏၱေလးေရာက္ရင္ ဖက္ထုပ္ေပါင္း ေကာင္းေကာင္းေလး စားႏိုင္မယ့္ ဆိုင္တစ္ဆိုင္ တိုးလာၿပီေနာ္။
- အရသာေကာင္းၿပီး ထူးထူးျခားျခား စားစရာေလးေတြ ႀကိဳက္ႏွစ္သက္တဲ့ Best Trip ခရီးသြား မိတ္ေဆြတို႔အတြက္ ေစ်းႏႈန္းအသင့္အတင့္နဲ႔ အာဟာျပည့္၀ၿပီး ထိုင္၀မ္အစားအစာေလးေတြရႏိုင္တဲ့ Home Soup Dumpling မွာ ၀င္ေရာက္ျမည္းစမ္းၾကည့္ပါအုန္းေနာ္။
- ဆိုင္လိပ္စာကေတာ့ 🏩
31 လမ္း 80x 81 လမ္းၾကား မႏၲေလးၿမိဳ႕ပါ။
- စားသံုးသူေတြ အဆင္ေျပဖို႔အတြက္ ဆိုင္ကိုဆက္သြယ္ရမယ့္ ဖုန္းနံပါတ္ေလးက☎️
09444487919
09797557886
of
* * * * * * * * * * * * * * * * * * *
Best Trip App ကို ဒီမွာ https://goo.gl/J7mc6f အခမဲ့ Download လုပ္နိုင္ပါတယ္။
» » www.besttripmyanmar.com
******************************
[UNICODE]
- မန္တလေးမှာ အနံ့အရသာမွှေးမွှေးလေးနဲ့ ဖက်ထုပ်ပေါင်/ ကြော်ကို စားချင်တယ်ဆိုရင်တော့ 🏩 Home Soup Dumpling ဆိုင်လေးကို လမ်းညွှန်ပါတယ်။
- Home Soup Dumpling ဆိုင်ရဲ့ အနံ့မွှေးမွှေးလေးနဲ့ ထူးခြားတဲ့ အပေါင်းလေးကတော့ ရှောက်လုံထန်းဘောင်းပါ။ ရှောက်လုံထန်းဘောင်းရဲ့ ထူးခြားချက်လေးက ကြက်သားနဲ့ ဝက်ခေါက်ပြုတ်ထားတဲ့ ကြက်သားအနံ့ ချိုချိုမွှေးမွှေးဟင်းရည်လေးကို ဖက်ထုပ်ထဲထည့်ပေါင်းထားတာပါ။ ပုဇွန်ရှောက်လုံထန်ပေါင်းလည်း ရပါတယ်။
- Home Soup Dumplin မှာ ရှောက်လုံထန်းဘောင်းနဲ့ အခြားရရှိနိုင်တဲ့ အစားအသောက်လေးတွေရဲ့ ပုံနဲ့ဈေးနှုန်းလေးကို ဖော်ပြပေးထားပါတယ်။ မန္တလေးရောက်ရင် ဖက်ထုပ်ပေါင်း ကောင်းကောင်းလေး စားနိုင်မယ့် ဆိုင်တစ်ဆိုင် တိုးလာပြီနော်။
- အရသာကောင်းပြီး ထူးထူးခြားခြား စားစရာလေးတွေ ကြိုက်နှစ်သက်တဲ့ Best Trip ခရီးသွား မိတ်ဆွေတို့အတွက် ဈေးနှုန်းအသင့်အတင့်နဲ့ အာဟာပြည့်ဝပြီး ထိုင်ဝမ်အစားအစာလေးတွေရနိုင်တဲ့ Home Soup Dumpling မှာ ဝင်ရောက်မြည်းစမ်းကြည့်ပါအုန်းနော်။
- ဆိုင်လိပ်စာကတော့ 🏩
31 လမ်း 80x 81 လမ်းကြား မန္တလေးမြို့ပါ။
- စားသုံးသူတွေ အဆင်ပြေဖို့အတွက် ဆိုင်ကိုဆက်သွယ်ရမယ့် ဖုန်းနံပါတ်လေးက☎️
09444487919
09797557886
of
15/02/2018
🌳 ကန္ေတာ္ၾကီး (မႏၱေလး) လူထုအပန္းေျဖဥယ်ာဥ္ 🌳
°°°°°°°°°°°°°°°°°°°°°°°°°°
ေတာင္သူ (၇၀၀) ေက်ာ္ ၿပိဳင္ပြဲ၀င္ ျပသထားတဲ့ ကန္ေတာ္ၾကီး (မႏၱေလး) ၌ "(၁၆) ႀကိမ္ေျမာက္ ဟင္းသီးဟင္းရြက္ႏွင့္ သစ္သီး၀လံ ပန္းမန္ ျပပြဲၿပိဳင္ပြဲ" မွ ၿပိဳင္ပြဲ၀င္ အပင္ေလးေတြနဲ႔ ဆုရပံုေလးေတြကို ၾကည့္႐ႈ အားေပးၾကပါအံုးေနာ္။ 🌹🍐🍋🍆🍊
of
* * * * * * * * * * * * * * * * * * *
Best Trip App ကို ဒီမွာ https://goo.gl/J7mc6f အခမဲ့ Download လုပ္နိုင္ပါတယ္။
» » www.besttripmyanmar.com
******************************
[UNICODE]
🌳 ကန်တော်ကြီး (မန္တလေး) လူထုအပန်းဖြေဥယျာဉ် 🌳
°°°°°°°°°°°°°°°°°°°°°°°°°°
တောင်သူ (၇၀၀) ကျော် ပြိုင်ပွဲဝင် ပြသထားတဲ့ ကန်တော်ကြီး (မန္တလေး) ၌ "(၁၆) ကြိမ်မြောက် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန် ပြပွဲပြိုင်ပွဲ" မှ ပြိုင်ပွဲဝင် အပင်လေးတွေနဲ့ ဆုရပုံလေးတွေကို ကြည့်ရှု အားပေးကြပါအုံးနော်။ 🌹🍐🍋🍆🍊
of
05/02/2018
ျပင္ဦးလြင္က လိေမၼာ္ျခံ
🍊🍊🍊
ျပင္ဦးလြင္ကို လာေရာက္လည္ပတ္ၾကမယ့္ ခရီးသြားမိတ္ေဆြေတြအတြက္ ေလ့လာလည္ပတ္စရာ ေနရာေလးတစ္ခု ထပ္ၿပီးတိုးလာၿပီေနာ္။
တစ္ပင္လံုး လိေမၼာ္သီးေတြအျပည့္နဲ႔ အားရစရာေကာင္းလွတဲ့ လိေမၼာ္ပင္ေတြရိွတဲ့ ပြဲေကာက္ - ပင္လိန္ ရြာခ်ငး္ဆက္လမ္းေပၚမွာ တည္႐ွိတဲ့ Htoo လိေမၼာ္ျခံ ပါ႐ွင့္။
အခုမွစၿပီး ဧည့္သည္ေတြကို လာေရာက္ေလ့လာခြင့္ျပဳထားတ့ဲ ေနရာေလးပါ။ လိေမၼာ္ျခံထဲကို
ဝင္ေၾကးအေနနဲ႔ တစ္ဦးကို ေငြက်ပ္ ၂၀၀၀ သတ္မွတ္ထားပါတယ္။ လိေမၼာ္ျခံထဲမွာ စိ္တ္တိုင္းက် ေလ့လာလည္ပတ္ႏိုင္ၿပီး ဧည့္သည္ေတြ အေမာေျပေစဖို႔ လိေမၼာ္ျခံမွ ေရလုံးဝမေရာထားတ့ဲ သဘာဝ Organic Orange Juice စစ္စစ္ တစ္ခြက္ကို ေသာက္သံုးလို႔ရပါေသးတယ္။
လိေမၼာ္သီးေတြက္ို ကိုယ္တိုင္ကိုယ္က် ဆြတ္ခူးႏိုင္တာမို႔ က်ယ္ျပန္႔လွတ့ဲ လိေမၼာ္ျခံ ထဲမွာ ေလ့လာလည္ပတ္ အပန္းေျဖၿပီး
ပုံလွလွေလးေတြလည္း ႐ိုက္ၾကမယ္။
လိေမၼာ္ျခံရဲ႕ တည္ေနရာေလးကေတာ့ -
မန္းေလး-လား႐ိႈး လမ္းကေန ပြဲေကာက္ေရတံခြန္ ကိုဆင္းၿပီး ေရတံခြန္ကို ျဖတ္ၿပီးေနာက္ ပြဲေကာက္ရြာကို သြားတဲ့လမ္းအတိုင္း တည့္တည့္သြားရပါတယ္။ လမ္းထိပ္မွာ ရြာဦးဘုန္းႀကီးေက်ာင္းေတြ႔ရင္ ဘယ္ဘက္လမ္းအတိုင္းလိုက္သြားတဲ့အခါ ပြဲေကာက္ - ပင္လိန္ ရြာခ်င္းဆက္လမ္းကိုေရာက္ပါၿပီ။ အဲလမ္းအတိုင္း ၂မိနစ္ေက်ာ္ေက်ာ္ ေလာက္ဆက္သြားရင္ လမ္းဘယ္ဘက္မွာ Htoo လိေမၼာ္ျခံကို ေရာက္ပါၿပီ႐ွင့္။
ိေမၼာ္ျခံ of
* * * * * * * * * * * * * * * * * * *
Best Trip App ကို ဒီမွာ https://goo.gl/J7mc6f အခမဲ့ Download လုပ္နိုင္ပါတယ္။
» » www.besttripmyanmar.com
******************************
[UNICODE]
ပြင်ဦးလွင်က လိမ္မော်ခြံ
🍊🍊🍊
ပြင်ဦးလွင်ကို လာရောက်လည်ပတ်ကြမယ့် ခရီးသွားမိတ်ဆွေတွေအတွက် လေ့လာလည်ပတ်စရာ နေရာလေးတစ်ခု ထပ်ပြီးတိုးလာပြီနော်။
တစ်ပင်လုံး လိမ္မော်သီးတွေအပြည့်နဲ့ အားရစရာကောင်းလှတဲ့ လိမ္မော်ပင်တွေရှိတဲ့ ပွဲကောက် - ပင်လိန် ရွာချင်းဆက်လမ်းပေါ်မှာ တည်ရှိတဲ့ Htoo လိမ္မော်ခြံ ပါရှင့်။
အခုမှစပြီး ဧည့်သည်တွေကို လာရောက်လေ့လာခွင့်ပြုထားတဲ့ နေရာလေးပါ။ လိမ္မော်ခြံထဲကို
ဝင်ကြေးအနေနဲ့ တစ်ဦးကို ငွေကျပ် ၂၀၀၀ သတ်မှတ်ထားပါတယ်။ လိမ္မော်ခြံထဲမှာ စိတ်တိုင်းကျ လေ့လာလည်ပတ်နိုင်ပြီး ဧည့်သည်တွေ အမောပြေစေဖို့ လိမ္မော်ခြံမှ ရေလုံးဝမရောထားတဲ့ သဘာဝ Organic Orange Juice စစ်စစ် တစ်ခွက်ကို သောက်သုံးလို့ရပါသေးတယ်။
လိမ္မော်သီးတွေကို ကိုယ်တိုင်ကိုယ်ကျ ဆွတ်ခူးနိုင်တာမို့ ကျယ်ပြန့်လှတဲ့ လိမ္မော်ခြံ ထဲမှာ လေ့လာလည်ပတ် အပန်းဖြေပြီး
ပုံလှလှလေးတွေလည်း ရိုက်ကြမယ်။
လိမ္မော်ခြံရဲ့ တည်နေရာလေးကတော့ -
မန်းလေး-လားရှိုး လမ်းကနေ ပွဲကောက်ရေတံခွန် ကိုဆင်းပြီး ရေတံခွန်ကို ဖြတ်ပြီးနောက် ပွဲကောက်ရွာကို သွားတဲ့လမ်းအတိုင်း တည့်တည့်သွားရပါတယ်။ လမ်းထိပ်မှာ ရွာဦးဘုန်းကြီးကျောင်းတွေ့ရင် ဘယ်ဘက်လမ်းအတိုင်းလိုက်သွားတဲ့အခါ ပွဲကောက် - ပင်လိန် ရွာချင်းဆက်လမ်းကိုရောက်ပါပြီ။ အဲလမ်းအတိုင်း ၂မိနစ်ကျော်ကျော် လောက်ဆက်သွားရင် လမ်းဘယ်ဘက်မှာ Htoo လိမ္မော်ခြံကို ရောက်ပါပြီရှင့်။
ိမ္မော်ခြံ of
Photo Credit
31/01/2018
• တပို႔တြဲလမွာ က်င္းပတဲ့ ထူးထူးျခားျခား စစ္ကိုင္းၿမိဳ႕ရဲ႕ ဘဲဥထုပြဲေတာ္ •
တပို႔တြဲလရာသီမွာ စစ္ကိုင္းၿမိဳ႕တြင္ ထမနဲပြဲသာမက ဘဲဥထုပြဲေတာ္ကိုပါ ပူးတြဲက်င္းပေလ့႐ွိပါသည္။
စစ္ကိုင္းျမိဳ႕က ဘဲဥထုပြဲကို စစ္ကိုင္းေၾကးဘုရားႀကီးမွာႏွစ္တိုင္းမပ်က္မကြက္ တပို့တြဲလျပည့္မတိုင္ခင္တစ္ရက္ကေန လျပည့္ေန႔ နဲ႔ လျပည့္ေက်ာ္ ၁ရက္ ေန႔အထိ စုစုေပါင္း ၃ရက္ က်င္းပေလ့႐ွိပါသည္။
စစ္ကိုင္းတံတားကေနဆင္းျပီးကမ္းနားလမ္းအ
တိုင္း ဘယ္ဘက္ခ်ိဳးမီးပိြဳင့္ႏွစ္ခုေက်ာ္ရင္ေရာက္
ပါတယ္။ ဘဲဥထုပြဲက ညေန ၆ နာရီဆိုလွွ်င္စတင္
စည္ကားေနပါၿပီ။
မင္းတုန္းမင္းလက္ထက္ ေလွေတာ္သားေတြ ဧရာဝတီျမစ္ကမ္း အေရွ႕အေနာက္ ကင္းေစာင့္ၾကရင္း လျပည့္ေန႔ေတြဆို ေပ်ာ္ပြဲရႊင္ပြဲအေနနဲ႔ ဘဲဥျပဳတ္ေတြကို ထုေဆာ့ရင္းျဖစ္လာတဲ႔ပြဲလို႔လည္း ဆိုၾကပါတယ္။ အခုဆို ဘဲဥထုပြဲက်င္းပတာဟာ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ခဲ့ပါၿပီ။
ဘဲဥထုမယ္ဆိုရင္ လူႏွစ္ေယာက္ရိွရင္ ထုလို႔ရပါတယ္။ ဘဲဥသည္က ထုတ္ေပးတဲ႔ ဘဲဥေလးေတြကို အနာအဆာ ရိွမရိွ မီးေရာင္ျပျပီးၾကည့္ရပါတယ္။ အက္ေနရင္၊ အခြံပါးရင္၊ ေလခိုေနရင္ ထုရ အဆင္မေျပပါဘူး။ ထုရာမွာလည္း ဘဲဥရဲ႕ ပိုခြ်န္တဲ႔အပိုင္းျဖစ္တဲ႔ ေခါင္းပိုင္းနဲ႔ ေတ့ျပီးထုရပါတယ္။ တစ္လွည့္စီ ဘဲဥေလးေတြကိုင္ အေပၚတစ္လွည့္ ေအာက္တစ္လွည့္ ေနေပးျပီးထုရတာပါ။ ဘဲဥေလးကို လက္ဝါးနဲ႔အုပ္ကိုင္ ထိပ္ေလး လက္တစ္သစ္စာေဖာ္ျပီးထုရပါတယ္။ ကြဲတဲ႔သူက အရံွဳးပါ။ နိုင္တဲ႔သူက ရံွဴးတဲ႔သူရဲ႕ ဘဲဥအကြဲကိုရပါတယ္။ ရံွဳးတဲ႔သူက ဘဲဥသည္ကို ဘဲဥဖိုးရွင္းေပးရပါတယ္။ ဘဲဥျပဳတ္တစ္လံုးကို ႏွစ္ရာက်ပ္ေပးရပါတယ္။
ႏွစ္ေပါင္း ၁၀၀ေက်ာ္တိုင္ေအာင္ ႏွစ္စဥ္က်င္းပလာတဲ့ စစ္ကိုင္းၿမိဳ႕က ဘဲဥထုပြဲေတာ္ကို အခြင့္အခါသင့္ရင္ Best Trip မိတ္ေဆြေတြ ၀င္ေရာက္ဆင္ႏႊဲႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။
#ဘဲဥထုပြဲ of
* * * * * * * * * * * * * * * * * * * * *
Best Trip [Travel Guide App] ကို ဒီ link မွာ https://goo.gl/J7mc6f အခမဲ႔ Download ရယူႏိုင္ပါၿပီ။
* * * * * * * * * * * * * * * * * * * * *
[Unicode]
• တပို့တွဲလမှာ ကျင်းပတဲ့ ထူးထူးခြားခြား စစ်ကိုင်းမြို့ရဲ့ ဘဲဥထုပွဲတော် •
တပို့တွဲလရာသီမှာ စစ်ကိုင်းမြို့တွင် ထမနဲပွဲသာမက ဘဲဥထုပွဲတော်ကိုပါ ပူးတွဲကျင်းပလေ့ရှိပါသည်။
စစ်ကိုင်းမြို့က ဘဲဥထုပွဲကို စစ်ကိုင်းကြေးဘုရားကြီးမှာနှစ်တိုင်းမပျက်မကွက် တပို့တွဲလပြည့်မတိုင်ခင်တစ်ရက်ကနေ လပြည့်နေ့ နဲ့ လပြည့်ကျော် ၁ရက် နေ့အထိ စုစုပေါင်း ၃ရက် ကျင်းပလေ့ရှိပါသည်။
စစ်ကိုင်းတံတားကနေဆင်းပြီးကမ်းနားလမ်းအ
တိုင်း ဘယ်ဘက်ချိုးမီးပွိုင့်နှစ်ခုကျော်ရင်ရောက်
ပါတယ်။ ဘဲဥထုပွဲက ညနေ ၆ နာရီဆိုလှျှင်စတင်
စည်ကားနေပါပြီ။
မင်းတုန်းမင်းလက်ထက် လှေတော်သားတွေ ဧရာဝတီမြစ်ကမ်း အရှေ့အနောက် ကင်းစောင့်ကြရင်း လပြည့်နေ့တွေဆို ပျော်ပွဲရွှင်ပွဲအနေနဲ့ ဘဲဥပြုတ်တွေကို ထုဆော့ရင်းဖြစ်လာတဲ့ပွဲလို့လည်း ဆိုကြပါတယ်။ အခုဆို ဘဲဥထုပွဲကျင်းပတာဟာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပါပြီ။
ဘဲဥထုမယ်ဆိုရင် လူနှစ်ယောက်ရှိရင် ထုလို့ရပါတယ်။ ဘဲဥသည်က ထုတ်ပေးတဲ့ ဘဲဥလေးတွေကို အနာအဆာ ရှိမရှိ မီးရောင်ပြပြီးကြည့်ရပါတယ်။ အက်နေရင်၊ အခွံပါးရင်၊ လေခိုနေရင် ထုရ အဆင်မပြေပါဘူး။ ထုရာမှာလည်း ဘဲဥရဲ့ ပိုချွန်တဲ့အပိုင်းဖြစ်တဲ့ ခေါင်းပိုင်းနဲ့ တေ့ပြီးထုရပါတယ်။ တစ်လှည့်စီ ဘဲဥလေးတွေကိုင် အပေါ်တစ်လှည့် အောက်တစ်လှည့် နေပေးပြီးထုရတာပါ။ ဘဲဥလေးကို လက်ဝါးနဲ့အုပ်ကိုင် ထိပ်လေး လက်တစ်သစ်စာဖော်ပြီးထုရပါတယ်။ ကွဲတဲ့သူက အရံှုးပါ။ နိုင်တဲ့သူက ရံှူးတဲ့သူရဲ့ ဘဲဥအကွဲကိုရပါတယ်။ ရံှုးတဲ့သူက ဘဲဥသည်ကို ဘဲဥဖိုးရှင်းပေးရပါတယ်။ ဘဲဥပြုတ်တစ်လုံးကို နှစ်ရာကျပ်ပေးရပါတယ်။
နှစ်ပေါင်း ၁၀၀ကျော်တိုင်အောင် နှစ်စဉ်ကျင်းပလာတဲ့ စစ်ကိုင်းမြို့က ဘဲဥထုပွဲတော်ကို အခွင့်အခါသင့်ရင် Best Trip မိတ်ဆွေတွေ ဝင်ရောက်ဆင်နွှဲနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
• MICT Park • Building (19), Room-608/609, 5th Floor, Hlaing Campus
Yangon
00951