SLN Myanmar

SLN Myanmar

Share

01/05/2026

မေလ (၁) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (May Day) မှာ လုပ်ငန်းခွင်အသီးသီးမှာ နေ့စဉ် ကြိုးစားပမ်းစား တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းများနှင့် မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး ဘဝအမောတွေ ပြေပျောက်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်💛

21/04/2026

💻 ရုံးဝန်ထမ်းတိုင်း သိထားသင့်တဲ့ "စက်မနှေးအောင် လုပ်ဆောင်နည်း (၃) သွယ်"

"စက်က နှေးလိုက်တာ " ဆိုတဲ့ ညည်းတွားသံတွေ ရုံးခန်းထဲမှာ ကြားနေရပြီလား?🤦‍♂️

💯သင့် Laptop လေး ပြန်သွက်လာစေဖို့ ဒီအချက်လေးတွေကို လုပ်ကြည့်ရအောင်နော်။

၁။ မလိုအပ်တဲ့ Window တွေကို ပိတ်ပစ်ပါ
💁ကျွန်တော်တို့ အလုပ်လုပ်တဲ့အခါ Browser မှာ Tab တွေ အများကြီးဖွင့်ထားတာ၊ မသုံးတဲ့ Software တွေကို ဖွင့်ထားတာမျိုးက စက်ရဲ့ (RAM) ကို အလကား အကုန်အကျများစေပါတယ်။
👨‍💻အလုပ်ပြီးသွားတဲ့ Tab တွေနဲ့ Software တွေကို အမြဲ ပြန်ပိတ်ပေးပါ။ ဒါဟာ သင့်စက်ကို သွက်စေပါတယ်။

၂။ Startup Apps တွေကို စစ်ဆေးပါ
❗️စက်ဖွင့်လိုက်တာနဲ့ ဘာမှမနှိပ်ရသေးဘဲ သူ့အလိုလို ပွင့်လာတဲ့ Software တွေရှိနေတတ်ပါတယ်။ ဒါတွေက စက်တက်လာတဲ့အရှိန်ကို အရမ်းနှေးစေတာပါ။
✅Ctrl + Shift + Esc ကို နှိပ်ပြီး Startup ဆိုတဲ့ နေရာမှာ မလိုအပ်တဲ့ Apps တွေကို Disable လုပ်ထားလိုက်ပါ။ နောက်တစ်ခါ စက်ဖွင့်ရင် သိသိသာသာ မြန်လာတာ တွေ့ရပါလိမ့်မယ်။

၃။ SSD ပြောင်းလဲအသုံးပြုပါ (ဒါကတော့ အထိရောက်ဆုံးပဲ!)
🧐စက်ထဲမှာ အချက်အလက်သိမ်းတဲ့ Hard Disk က အဟောင်း (HDD) ဖြစ်နေမယ်ဆိုရင် ဘယ်လောက်ပဲ စက်ကို သန့်ရှင်းရေးလုပ်လုပ် နှေးနေဦးမှာပါ။
🚀SSD ဆိုတာက အချက်အလက်တွေကို လျှပ်စစ်စီးသလို မြန်မြန်ဆန်ဆန် ဖတ်နိုင်လို့ စက်ဖွင့်တာကအစ၊ ဖိုင်တွေဖွင့်တာအဆုံး ၂ ဆ၊ ၃ ဆ ပိုမြန်သွားစေမှာပါ။

💁အခုပြောပြသွားတဲ့ အချက်လေးတွေက သင့်ရဲ့ လုပ်ငန်းခွင်မှာ အချိန်ကုန်သက်သာပြီး အလုပ်ပိုတွင်ကျယ်စေမယ်လို့ ယုံကြည်ပါတယ်😍

12/04/2026

ရွှေလမင်းနဂါး မိသားစုရဲ့ တတ်အားသရွေ့ ပြုလုပ်ခဲ့တဲ့ စတုဒီသာ အလှူနေ့က ပုံရိပ်လေးတွေကို အမှတ်တရအနေနဲ့ တင်ပေးလိုက်ပါတယ်💛

ကုသိုလ်တွေလည်း ထပ်တူရရှိကြပြီး မင်္ဂလာရှိတဲ့ မြန်မာ့နှစ်သစ်ကူး အခါသမယကို ပိုင်ဆိုင်နိုင်ကြပါစေရှင်🥰

#စတုဒီသာ

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Address


No(200, 208), Room No(002) 35th Street(Upper Block) Kyauktada Township
Yangon
1181