Mobile Library
07/08/2017
Android စမတ်ဖုန်းတွေမှာ သုံးမရအောင် Hand သွားရင် ဘယ်လိုပြန်လုပ်မလဲ ???
********************************************************************
ဒီခေါင်းစဉ်နဲ့ ရေးပေးလိုက်ရတဲ့ ရည်ရွယ်ချက်ကတော့ Android User တွေအနေနဲ့ မိမိဖုန်းဟာ သုံးမရအောင် Hand သွားတဲ့အခါ ကိုယ်တိုင်ဖြေရှင်းကြည့်နိုင်ရန်အတွက် ရည်ရွယ်ပြီး ရေးပေးလိုက်ရခြင်း ဖြစ်ပါတယ်။
Android User တွေအနေနဲ့ အမြင့်ဖုန်းတွေမှာ မသိသာပေမဲ့ model အနိမ့်တွေ အလယ်အလတ်တွေမှာ တော်တော်လေးကို သိသိသာသာကြုံတွေ့နေကြရတာ တွေ့ရတယ်ဗျ။ ကျတော်တို့ သုံးနေရင်းနဲ့ မိမိဖုန်းဟာ
ဘာမှလုပ်လို့မရတော့ပဲ Hand သွားပြီဆိုပါစို့ ... ဒီလိုအခါကျရင် User တစ်ယောက်အနေနဲ့ဆိုရင် တော်တော်လေးကို အခက်တွေ့ရပါတယ်။
ဒီလိုအခါကျရင် ကျတော်တို့ User တစ်ယောက်အနေနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အရင်ဖြေရှင်းကြည့်မယ်ဗျာ ... ဒီလိုဘာမှသုံးမရအောင် Hand သွားပြီဆိုရင် အရင်ဆုံးအနေနဲ့ ဖုန်းကို Restart ချရပါမယ်။ အဲဒီအခါကျရင် User တစ်ယောက်အနေနဲ့ မေခွန်းထုတ်နိုင်ပါတယ်။
Q ; ဘာမှနှိပ်လို့မရတာကို ဘယ်လို Retart ချရမှာလဲ ???
A ; ဒါကတော့ လွယ်ပါတယ်။ ဘာမှလုပ်မရတဲ့အချိန်မှာ Restart ချတဲ့နည်းကို သိထားဖို့တော့ လိုတာပေါ့ ... :) ကဲဗျာ Android ဖုန်းတွေအားလုံးမှာ
Restart ပြုလုပ်ဖို့ အောက်ပါ Key လေးတွေကို စုံနှိပ်ပြီး ပြုလုပ်ပါ။
'' Volume Down + Volume Up + Power ''
ဒီ Key လေးတွေကို နှစ်မိနစ်လောက် ပြိုင်တူနှိပ်ပေးထားလိုက်ပါ။
နှစ်မိနစ်ဆိုတာကတော့ ကျတော် သဘောပြောတာပါ။ Key လေးတွေကို
Power ကျသွားတဲ့ထိ ပြိုင်တူလေးနှိပ်ထားပေးပါ။ Power ကျသွားပြီဆိုရင်တော့ လွှတ်လိုက်ပေါ့ ... :)
အဲလိုလေးလုပ်ပေးလိုက်ပြီးရင်တော့ Power ပြန်တက်လာပါမယ်။
အချို့ဖုန်းတွေမှာ ပြန်တက်မလာခဲ့ရင် Power Key လေးနှိပ်ပြီး ပြန်ဖွင့်ပေးလိုက်ပါ။ Home Screen ( User Mode ) ကိုပြန်ရောက်လာပါမယ်။
ပြန်ပြီးသုံးကြည့်လိုက်ပါ ... အဆင်ပြေနေတာကိုတွေ့ရပါမယ်။
ခဏခဏ Hand နေရင်တော့ Factory Reset လေးချပေးပြီး ပြန်သုံးလိုက်ပါ။ အခုပြောပေးတဲ့နည်းလမ်းလေးနဲ့ အဆင်ပြေရင်တော့ Reset ချစရာမလိုပါဘူး။ အခုပြောပေးထားတာက Reset ချဖို့လိုအပ်တဲ့အလုံးတွေဆို Data တွေအရေးကြီးတဲ့အခါ Backup ပြန်ယူဖို့ အချိန်ရတာပေါ့ဗျာ ... :D
ကျတော်တို့ Like Page လေးကိုဝင်ရောက်လေ့လာပြီးလို့ ဗဟုသုတရပြီး
အဆင်ပြေမှု့ရှိတယ်ဆိုရင်တော့ သူငယ်ချင်းတွေဆီ Share ပေးကြပါ ...
We Love Sharing ...
:D
07/08/2017
07/08/2017
Xiaomi ဖုန်းတစ်လုံးကို ဖုန်းမှာပါဝင်တဲ့ Feature အချို့ကို အသုံးပြုနည်း Xiaomi ဖုန်းတစ်လုံးကို ဖုန်းမှာပါဝင်တဲ့ User တွေအနေနဲ့ မသိသေးတဲ့ Feature အချို့ကို သိရှိနည်းလည်ပြီး ထဲထဲဝင်ဝင်အသုံးပြုနိုင်ရန် ရည်ရွယ်တင...
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
YANGON
Yangon
11051