abc Convenience Store Job Vacancy
အရောင်း၀န်ထမ်း အလိုရှိသည်။
အောက်တွင်ဖော်ပြထားသော မြို့နယ်များရှိ abc Convenience store ဆိုင်များတွင် တာ၀န်ထမ်းဆောင်ရန် အရောင်း၀န်ထမ်း(ကျား/မ)များ အလိုရှိသည်။
ရန်ကင်းမြို့နယ် ( ၁) ဦး (၁၂ လုံးတန်းအနီး ) အဆောင်ပေးမည်-ကျား ။
မြောက်ဥက္ကလာပမြို့နယ် (၂)ဦး (မေဓါဝီ၊ သုန္ဒာလမ်းဆုံ)
သာကေတမြို့နယ် (၁)ဦး (ကမာကြည်)
ဗဟန်းမြို့နယ် (၁)ဦး (မင်းလမ်း) အဆောင်ပေးမည်။ မ
ပုဇွန်တောင်မြို့နယ် (၂)ဦး (ညောင်တန်း ။လမ်း၅၀ ထိပ်) အဆောင်ပေးမည်-ကျား ၊မ ။
လသာမြို့နယ် (၁)ဦး ( ရန်ကုန်ပြည်သူဆေးရုံဝင်းအတွင်း) အဆောင်ပေးမည်။ ကျား ၊မ
ဗိုလ်၁ထောင်မြို့နယ် (၂)ဦး (ဘုရားရှေ့ ။ ၄၇ လမ်းထိပ်) ) အဆောင်ပေးမည်။ ကျား ၊မ
အင်းစိန်မြို့နယ် (၁)ဦး ( စော်ဘွားကြီးကုန်း )
လစာ ၃++,+++
သက်ဆိုင်ရာမြို့နယ်အတွင်းနေထိုင်သူကိုဦးစားပေးခန့်ထားမည်။
နယ်မှ လာသူများအတွက် ဗဟန်းမြို့နယ်၊ တာမွေမြို့နယ်၊ပုစွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ် ၊ရန်ကင်မြို့နယ် ဆိုင်အတွက် အဆောင်စီစဥ်ပေးမည်။
ရုပ်ရည်သန့်ပြန့်ရမည်။
သင်ယူလိုစိတ်ရှိရမည်။
အနဲဆုံး အထက်တန်းအဆင့်ပညာအရည်အချင်းရှိရမည်။
အဖွဲ့အစည်းနှင့်အလုပ်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
စကားပြောပြေပြစ်၍ ယဥ်ကျေးစွာစကားပြောနိုင်သူဖြစ်ရမည်။
အသက် ၄၅ နှစ်အောက်ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံရှိသူကိုဦးစားပေးခန့်ထားမည်။
အလုပ်လျှောက်ထားလိုသူများသည် ကိုယ်ရေးရာဇ၀င် (CV)၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူ၊ ဘွဲ့လက်မှတ်(သို့)ပညာအရည်အချင်းအထောက်အထားမိတ္တူ၊ပတ်စပို့ဓာတ်ပုံ (၂) ပုံနှင့်အတူ abc convenience store ဆိုင်ခွဲများတွင်ဖြစ်စေ တောင်ဥက္ကလာစက်မှုဇုန်အတွင်းရှိ ရုံးချူပ်တွင်ဖြစ်စေ၊ Viber ၀၉ ၉၈၅၆၈၁၀၅၀ မှ တဆင့်ဖြစ်စေလျှောက်ထားနိုင်သည်။
ရုံးချိန်အတွင်း Mon----Fri မနက် ၉း၀၀ မှ ညနေ ၅း၀၀ စုံစမ်းနိုင်ပါသည်။
ဆက်သွယ်စုံစမ်းရန်ဖုန်းနံပါတ်: ၀၁ ၃၅၅၀၄၀၅ Ext 109 / ၀၁၃၅၆၀၈၅၆ (Mon----Fri မနက် ၉ မှ ညနေ ၅ အထိသာ)
စုံစမ်းရန် နယ်မှ viber မှ တစ်ဆင့်လျှောက်ထားသည့်သူများအား video call ဖြင့် interview လုပ်ပါမည်။
ရုံးလိပ်စာ−အမှတ် (၁၁) စက်မှုဇုန် (၆) လမ်း ၊ (၈)ရပ်ကွက်၊တောင်ဥက္ကလာစက်မှုဇုန်၊ တောင်ဥက္ကလာမြို့နယ်၊ရန်ကုန်မြို့။
၀န်ထမ်းသစ်ခေါ်ယူခြင်း
(တောင်ဥက္ကလာစက်မှုဇုန်အတွင်းရှိရုံးချူပ်တွင်တာဝန်ထမ်းဆောင်ရန်)
ရိုးသားကြိုးစားပြီး စွမ်းဆောင်ရည်မြင့်မားကာ စိန်ခေါ်မှုများကိုရင်ဆိုင်၍ အလွန်စိတ်အားထက်သန်စွာ တာ၀န်ထမ်းဆောင် လုပ်ကိုင်လိုသူများနှင့်အတူ လက်တွဲလုပ်ဆောင်နိုင်ရန် အောက်ပါရာထူးများ လိုအပ်လျက်ရှိပါသည်။
Merchandising Manager ကျား/မ (၁)ဦး
ရောင်းကုန်ပစ္စည်းများ၀ယ်ယူရမည့်အပိုင်းတွင် တာ၀န်ထမ်းဆောင်ရန်ဖြစ်ပါသည်။ လက်ရှိလူတန်းစားအလွှာအသီးသီးတို့နှင့်သင့်လျှော်သောစားသောက်ကုန်များနှင့်လူသုံးကုန်များအကြောင်းစိတ်ပါ၀င်စား၍နားလည်သိရှိနိုင်သူဖြစ်ပါကအလွန်သင့်လျှော်ပါသည်။
လိုအပ်သောအရည်အချင်းများ:
o တက္ကသိုလ်တစ်ခုခုမှဘွဲ့ရပြီးဖြစ်ရမည်။
o စျေးကွက်ဈေးနှုန်းသတ်မှတ်ခြင်း၊ စူပါမားကတ်၊ သို့မဟုတ် လူသုံးကုန်၊ စားသောက်ကုန်များ ရောင်းချသောဆိုင်များအတွက် အ၀ယ်ပိုင်းဆိုင်ရာတွင် သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၅) နှစ်အထက် ရှိရမည်။
o ဈေးနှုန်းညှိနှိုင်းစီမံခန့်ခွဲမှု၊ ဆက်ဆံရေးနှင့် ခေါင်းဆောင်မှုအရည်အချင်း ကောင်းမွန်ရမည်။
o လျှင်မြန်စွာတိုးတက်ပြောင်းလဲနေသောပတ်၀န်းကျင်အနေအထားတွင် တစ်ကြိမ်တွင်တစ်ခုထက်ပိုသောလုပ်ငန်းများကို အချိန်နှင့်ပြေးညီ ဆောင်ရွက်စီမံခန့်ခွဲနိုင်၍ တာ၀န်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
o MS Office အသုံးပြုနိုင်ရမည်၊ Advance Excel ကိုကျွမ်းကျင်စွာအသုံးပြုနိုင်သူဖြစ်ပါကပို၍သင့်တော်သည်။
o လုပ်ငန်းအတွင်းလုပ်ဆောင်နေသောအခြားသူများနှင့်ကောင်းစွာပူးပေါင်းတာ၀န်ယူဆောင်ရွက်နိုင်သူဖြစ်ရမည်။
o ပြေပြစ်သောအသွင်အပြင်ရှိ၍ ကောင်းမွန်သောအမူအကျင့်ရှိသူဖြစ်ရမည်။
o လုပ်ငန်းမှချမှတ်ထားသော အဝယ်ပိုင်းဆိုင်ရာဝန်ထမ်းများ အထူးသတိထားလိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို လိုက်နာဆောင်ရွက်နိုင်သူဖြစ်ရမည်။
o မိမိဦးဆောင်လမ်းညွန်မှုပေးရမည့် ဝန်ထမ်းများအားကောင်းစွာသင်ပြ၍ ဦးဆောင်မှု ပေးနိုင်သူဖြစ်ရမည်။
o လုပ်ငန်းပြီးစီးမှုအတွက် တာဝန်ခံဆောင်ရွက်နိုင်သူဖြစ်ရမည်။
Senior Merchandiser ကျား/မ (၂)ဦး
လိုအပ်သောအရည်အချင်းများ
o တက္ကသိုလ်ဘွဲ့ရဖြစ်ရမည်။
o စျေးကွက်ဈေးနှုန်းသတ်မှတ်ခြင်း၊ စူပါမားကတ်၊ သို့မဟုတ် လူသုံးကုန်၊ စားသောက်ကုန်များ ရောင်းချသောဆိုင်များအတွက် အ၀ယ်ပိုင်းဆိုင်ရာတွင် အနည်းဆုံး (၃) နှစ်အတွေ့အကြုံရှိရမည်။
o ဈေးနှုန်းညှိနှိုင်းစီမံခန့်ခွဲမှု၊ ဆက်ဆံရေးနှင့် ခေါင်းဆောင်မှုအရည်အချင်း ကောင်းမွန်ရမည်။
o လျှင်မြန်စွာတိုးတက်ပြောင်းလဲနေသောပတ်၀န်းကျင်အနေအထားတွင် တစ်ကြိမ်တွင်တစ်ခုထက်ပိုသောလုပ်ငန်းများကို အချိန်နှင့်ပြေးညီ ဆောင်ရွက်စီမံခန့်ခွဲနိုင်၍တာ၀န်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
o MS Office အသုံးပြုနိုင်ရမည်။ Excel ကျွမ်းကျင်သူဖြစ်ပါကပို၍သင့်တော်သည်။
o အခြားသူများနှင့်ပူးပေါင်းတာ၀န်ဆောင်ရွက်နိုင်သူဖြစ်ရမည်။
o ပြေပြစ်သောအသွင်အပြင်ရှိ၍ ကောင်းမွန်သောအမူအကျင့်ရှိသူဖြစ်ရမည်။
Assistant Market Buyer ကျား (၃)ဦး
လိုအပ်သောအရည်အချင်းများ
o အနိမ့်ဆုံးပညာအရည်အချင်း ၁၀တန်း ဖြစ်ရမည်။
o အသက် (၃၂) နှစ်အောက်ဖြစ်ရမည်။
o လုပ်ငန်း အတွေ့အကြုံမလိုအပ်ပါ။လေ့လာသင်ယူလိုစိတ်ရှိသူဖြစ်ရမည်။
o လုပ်ငန်းတာ၀န်များကို ကောင်းမွန်စွာဆောင်ရွက်နိုင်သူဖြစ်ရမည်။
o Microsoft Excel အခြေခံကိုကောင်းစွာအသုံးပြုနိုင်သူဖြစ်ပါကပို၍သင့်တော်သည်။
o သတ်မှတ်ထားသောနေ့တွင် ဈေးဝယ်ထွက်နိုင်ရမည်။
o လူမူ့ပေါင်းသင်းဆက်ရေးကောင်းမွန်၍ ကျန်းမာရေးအထူးကောင်းမွန်သူဖြစ်ရမည်။
Office Engineer ကျား/မ (၁) ဦး
လိုအပ်သောအရည်အချင်းများ
o အသက် (၄၀) နှစ်အောက်ဖြစ်ရမည်။
o Engineer ဘွဲ့ရရှိပြီး သက်ဆိုင်ရာလုပ်ငန်းတွေ့ကြုံ အနဲဆုံး ၃ နှစ် ရှိရမည်။
o လူမူ့ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီးဆွေးနွေး ညှိနိုင်းနိုင်သူဖြစ်ရမည်။
o စိတ်ရှည်သည်းခံနိုင်သူဖြစ်ရမည်။
o Computer Microsoft Word,Excel, Power Point နှင့် Email သုံးတတ်ရမည်။
o Time Line နှင့် အလုပ်ပြီးစီးအောင် လုပ်ကိုင်နိုင်ပြီး လိုအပ်ပါက ခရီး သွားနိုင်ရမည်။
Logestic Assistant (Packing, Receiving, Delivery) ကျား (၅)ဦး
လိုအပ်သောအရည်အချင်းများ:
o ၁၀ တန်း (သို့မဟုတ်) ၁၀ တန်းအောင်ဖြစ်ရမည်။
o အသက် (၃၀) နှစ်အောက်ဖြစ်ရမည်။
o လူမူ့ပေါင်းသင်းဆက်ရေးကောင်းမွန်၍ ကျန်းမာရေးအထူးကောင်းမွန်သူဖြစ်ရမည်။
o မိမိတာ၀န်ယူရသည့် ကုန်ပစ္စည်းများကို တာဝန်ယူနိုင်သူဖြစ်ရမည်။
o အဖွဲ့လိုက်လုပ်ဆောင်နိုင်ရမည်။
o မြင်သာသောနေရာတွင် Tattoo မရှိရ။
လျှောက်ထားရန် အချက်အလက်များ:
စိတ်ပါဝင်စားသူများသည် ကိုယ်ရေးရာဇဝင်၊ လတ်တလောရိုက်ထားသည့်ဓာတ်ပုံ(၂) ပုံ၊ NRC ကဒ်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ပညာရေးအထောက်အထားမိတ္တူများနှင့် အခြားသောလိုအပ်သည့် အထောက်အထားစာရွက် မိတ္တူ များကို ပူးတွဲ၍ အောက်ပါလိပ်စာသို့တင်ပြလျှောက်ထားနိုင်ပါသည်။
ရုံးလိပ်စာ
အမှတ် (၁၁) စက်မှုဇုန် (၆) လမ်း၊ ၈ ရပ်ကွက်၊
တောင်ဥက္ကလာပ စက်မှုဇုန်၊
တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။
Viber: ၀၉ ၉၈၅၆၈၁၀၅၀
ဆက်သွယ်စုံစမ်းရန်ဖုန်းနံပါတ်: ၀၁၃၅၆၀၈၅၆
မှတ်ချက်။ ။ ပဏာမစီစစ်ရွေးချယ်ထားသူများကိုသာလူတွေ့(သို့) Viber မှတစ်ဆင့် အင်တာဗျူးပြုလုပ်ရန်ဆက်သွယ်ပါမည်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 11, 6th Street, 8 Ward, South Okkalapa Tsp
Yangon