Zabu Futsal Courts
06/04/2023
မြန်မာနှစ်သစ်ကူးအခါသမရမှာ ဘေးရန်ကင်းကွာပြီး ကိုယ်စိတ်နှလုံးအေးချမ်းကြပါစေကြောင်းZabu team မှဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာ🙏
ဧပြီလ ၈ရက်နေ့မှ ၁၇ရက်နေ့အထိZabu Futsal Court မှ Booking ပြုလုပ်ထားသောပွဲချိန် များကို သာ လက်ခံမည်ဖြစ်ေကြာင်းမိတ်ဆွေများအား လေးစားစွာဖြင့်အသိပေးအပ်ပါသည်။
18/09/2020
ဘောလုံးကစားနည်းမှာ ဘယ်နေရာမှာကစားသည်ဖြစ်စေ ကစားသမားတိုင်းနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့အရာတစ်ခုရှိတယ်။ အဲဒါ ဆုံးဖြတ်ချက်။ လက်ပစ်ဘောအစ ပင်နယ်တီအဆုံး ဆုံးဖြတ်ချက်ချရတယ်။ ဂိုးသမားအစ တိုက်စစ်မှူးအဆုံး ဆုံးဖြတ်ချက်ချရတယ်။ ဒါပေမယ့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တော့ရှိတယ်။ ကိုယ်မျှော်လင့်သလိုဖြစ်ခဲ့ရင်တော့ Right Decisions ပေါ့။ ကိုယ်မျှော်လင့်သလိုဖြစ်မလာရင်တော့ Wrong Decisions ဖြစ်သွားတယ်။
တကယ်တော့ ဆုံးဖြတ်ချက်ဆိုတာက အကြောင်းအရာသုံးခုပေါ်မှာ ဖြစ်နေတာပါ။ Anticipation , Recognition and Reactions ဆိုတဲ့အချက်သုံးချက်ပဲ။ ဆုံးဖြတ်ချက်ချရာမှာလည်း လျှပ်တပြက်ချရတဲ့ဆုံးဖြတ်ချက်မျိုးရှိသလို အေးဆေးစဉ်းစားရတဲ့ဆုံးဖြတ်ချက်မျိုးလည်းရှိတယ်။
ပထမဆုံး Anticipation ဆိုတာက ကိုယ်ပြုလုပ်မယ့်အကြောင်းအရာတစ်ခုကို ကြိုတင်မှန်းဆထားတာပါ။ Anticipation ပြီးတော့ နောက်တစ်ခုကပ်ပါလာတာက Recognition (အသိအမှတ်ပြုခြင်း )ပေါ့။ ဘာကို အသိအမှတ်ပြုတာလဲဆိုတော့ ခုန ငါဘယ်လိုလုပ်လိုက်မယ်ဆိုတဲ့ အချက်များစွာထဲက စိတ်ကြိုက်ဖြစ်ပီး သေချာစေမယ့်အချက်ကို အသိအမှတ်ပြုလိုက်တာ အတည်ပြုလိုက်တာပေါ့ဗျာ။ဒီနှစ်ချက်လုံးပြီးပြီဆိုရင်တော့ နောက်ဆုံး Reactions ပဲကျန်တော့တယ်။ ဖြစ်နိုင်မယ့်အရာတွေကို ကြိုတင်မှန်းဆထားပြီး ကိုယ်လုပ်မယ့်အရာတစ်ခုကို ရွေးချယ်ပြီးပြီးဆိုရင် အဲဒီအချက်တွေအတိုင်း ချက်ချင်းတုံ့ပြန်လိုက်ရုံပဲ ဒါ Decision ပဲ။
ဒီတော့ ဆုံးဖြတ်ချက်တစ်ခုချမယ်ဆိုရင် ကြိုတင်တွက်ဆမှန်းမျှော်ကြည့်ပါ။ နည်းလမ်းတစ်ခုကိုရွေးပါ။ ချက်ချင်းတုံ့ပြန်ပါ။ ဘာပဲလုပ်လုပ် တိကျအောင်သာလုပ်ပါ။ ကျိန်းသေ Success ဖြစ်ပါတယ်။ အခြေခံသုံးချက်တော့ လျှက်တပြက်လုပ်ပါရဲ့ မတိကျဘူးဆိုရင်တော့ Fail ဖြစ်မှာပဲ။ ဘယ်အရမဆို တိကျသေသပ်အောင်လုပ်နိုင်မှ အောင်မြင်တာပါ။
နည်းလမ်းများကိုကြိုတင်တွက်ဆမှန်းမျှော်ပါ။
အကောင်းဆုံးကိုရွေးချယ်သတ်မှတ်ပါ။ (အသိအမှတ်ပြုခြင်း)အဲဒီအရာကိုချက်ချင်းတုံ့ပြန်ပြီး လုပ်လိုက်ပါ။
ဘာပဲလုပ်လုပ် တိကျမှုရှိပါစေ။
ကျိန်းသေ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်လာပါလိမ့်မယ်။
ဒါက ဘောလုံးမှာတင်မဟုတ် တခြားလူမှုဘဝမှာလည်းအသုံးဝင်တဲ့ လမ်းညွှန်မှုလေးဖြစ်နိုင်ပါတယ်။
Zabu Futsal Courts
အမှတ် ၇၊၉၊ ဦးဝိဇာရလမ်းမကြီး၊ ၄၁ ရပ်ကွက်၊ ဟောင်ကောင်မှတ်တိုင်အနီး မြောက်ဒဂုံမြို့နယ်
09-954278181(Courts)
09-954268181(Office)
Credit - www.soccerguidesmm.com
25/08/2020
ဒီတစ်ပါတ်မှာတော့ ဖူဆယ်ကို ဘာကြောင့် ကစားသင့်တယ် ဆိုတာကို အချက်လေးတွေနဲ့ ပြောပြပေးပါမယ်
- Futsal ကစားနည်းသည် ဘောလုံးကို ထိန်းချုပ်မှု၊ ဟန်ချက်ညီစေမှု၊ သွက်လက်မှု နှင့် တီထွင် ဖန်တီးနိုင်မှု တို့ကို ပိုမို ကောင်းမွန်စေရန် လှုပ်ရှား သောကစားနည်းဖြစ်သည်။
- Futsal သည် ဘောလုံးထိတွေ့မှု များ ကို လျှင်မြန်တဲ့ အရှိန်နှုန်း နှင့် ကစားနိုင်အောင်လည်း ထောက်ပံပေးသည်။
-Futsal ကစားနည်း သည် Player များ၏ အာရုံစိုက်မှု၊ လျှင်မြန်စွာတုံပြန်နိုင်မှု နှင့် အမောခံနိုင်မှု (သက်လုံ) တို့ကို တိုးတက်စေသည်။
- Futsal ကစားနည်း ဟာ Player များ၏ ကျွမ်းကျင်မှု ၊မြန်နှုန်း၊ တိကျမှု နှင့် မြင်နိုင်စွမ်းကို လည်း တိုးတက်အောင်ကူညီပေးသည်။
-Futsal Player များသည် ဘောလုံး နည်းပညာနှင့် နည်းဗျူဟာ များ အမြဲ တိုးတက်နေသည် ။
Zabu Futsal Courts
အမှတ် ၇၊၉၊ ဦးဝိဇာရလမ်းမကြီး၊ ၄၁ ရပ်ကွက်၊ ဟောင်ကောင်မှတ်တိုင်အနီး မြောက်ဒဂုံမြို့နယ်
09-954278181(Courts)
09-954268181(Office)
09-954258181(Office)
ွင်း
21/08/2020
ဖိနပ်နဲ့ခြေထောက် Fit မဖြစ်တဲ့အခါ ဘာတွေဖြစ်တတ်သလဲ ?
ဖိနပ်ကျပ်နေရင်(1) ခြေထောက်အရေကြည်ဖုတွေ ဖြစ်လာပါမယ်… ဖနောင့်ကြောတွေ နာလာမယ်… ခြေသန်း ခြေညှိုး နဲ့ ခြေမတွေ ခေါက်တတ် နာတတ်ပါတယ်…(2) ဖနောင့်ကြောထိခဲ့ရင် အဲဒီအကြောကနေတစ်ဆင့် တံကောက်ကြောတွေ တင်းလာပါမယ်… ပေါင်ကြောပါ နာလာတတ်ပါတယ်…(3) ခြေသလုံးတွေ တင်းလာမယ်… ကြွက်တတ်နိုင်မယ်…(4) ခြေဖဝါးကျပ်တဲ့အတွက် ကျဉ်လာမယ်…ခြေချောင်းထိပ်လေးတွေ ပူးကပ်ပီး အနာဖြစ်မယ်… ခေါက်မယ်… သွေးမလျှောက်ပဲ ဖြူလာမယ်…(5) ဘောလုံးကို ကန်တဲ့အခါ ခြေထောက်နာမယ်… လိုရာမရောက်ဖြစ်မယ်… ထိချက်မမှန်ဖြစ်မယ်… ထိန်းသိမ်းရခက်မယ်… လွဲချော်မှုတွေ ဖြစ်လာမယ်… ခြေထောက် ထောက်ရတာပါ နာလာပါလိမ့်မယ်…ဖိနပ်ချောင်နေတဲ့အခါ(1) အဆိုးဆုံးအနေနဲ့ ခြေကျင်းဝတ် လည်နိုင်ပါတယ်…(2) ခြေထောက် ထောက်ချက် ရစ်သမ်လွဲမယ်…(3) ပြေးအားကျဆင်းမယ်… အထိန်းအသိမ်းအားနည်းမယ်… ကစ်ပါဝါလျော့နည်းလာမယ်… ပေးပို့မှုတွေ မတိမကျဖြစ်မယ်…(4) ဖိနပ်ဟာ စီးထားတာနဲ့မတူပဲ ခြေထောက်ကိုဆွဲထားသလို တရွတ်တိုက်ကြီးဖြစ်နေပါလိမ့်မယ်…(5) ကန်ချက်တွေမှာ ဘောလုံးနဲ့ တိုင်ပင်လွဲမယ်… Dribble လုပ်တဲ့အခါ လိုသလိုမဖြစ်ပဲ ဘောလုံးအစထွက်မယ်… ဘောလုံးကျန်မယ်…(6) ခြေဖျားပိုနေတာဆို ဖူဆယ်မှာ Toe shot ကန်တဲ့အခါ ပြင်းအားနည်းမယ်… လိုရာမရောက်ဖြစ်ပါလိမ့်မယ်…
ဒါကြောင့်မို့ ဖိနပ်ဝယ်တဲ့အခါ တံဆိပ် အရောင် ဈေးတွေ ရွေးနေမယ့်အစား ခြေကားရင် ဖိနပ်ဦးကျယ်တာဝယ်ပါ… ခြေသွယ်ရင် ဖိနပ်ထိပ်လုံးတာဝယ်ပါ… ဖနောင့်ပေါက်လေ့ရှိရင် ဖိနပ်ရဲ့ဖနောင့်နေရာမှာအစပ် ချုပ်ရိုးပါတာရှောင်စီးပါ… အထိန်းအသိမ်းတွေ သိပ်အဆင်မပြေရင် ဖိနပ်လျှာပါတာဝယ်ပါ… Stable မဖြစ်ရင် ခွာများတာဝယ်ပါ… Sprint သမားတွေဆို ခွာအစောင်းဝယ်ပါ…
ကျေးဇူးတင်ပါတယ်…
Zabu Futsal Courts
အမှတ် ၇၊၉၊ ဦးဝိဇာရလမ်းမကြီး၊ ၄၁ ရပ်ကွက်၊ ဟောင်ကောင်မှတ်တိုင်အနီး မြောက်ဒဂုံမြို့နယ်
09-954278181(Courts)
09-954268181(Office)
09-954258181(Office)
Credit Soccer Guide Page
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
7, 9 U Wisara Road, Ward 41, North Dagon
Yangon
11421
Opening Hours
| Monday | 06:00 - 20:00 |
| Tuesday | 06:00 - 20:00 |
| Wednesday | 06:00 - 20:00 |
| Thursday | 06:00 - 20:00 |
| Friday | 06:00 - 20:00 |
| Saturday | 06:00 - 20:00 |
| Sunday | 06:00 - 20:00 |