Mahar Sarpay
02/06/2026
📌ဒီ Page ကသူများ ပစ္စည်းတွေကို တဆင့်ပြန်ယူရောင်းနေတဲ့ အွန်လိုင်းရှော့ မဟုတ်ပါဘူးခင်ဗျာ📌
မဟာစာပေရဲ့ official page ကနေမှ ငွေကြိုလွှဲပြီး မှာတဲ့ ပါဆယ်တွေဆိုရင် သတ်မှတ်ချိန်အတွင်း မရောက်မှာကို မဟာစာပေအနေနဲ့ ပိုတောင်ကြောက်ပါသေးတယ်။
လူတချို့ရဲ့စိတ်ဓါတ်က ထူးဆန်းတယ်
လိုချင်လို့ မှာတုန်းက မှာပြီး
ခရီးထွက်သွားလို့
ဖုန်းမှားနေလို့
ဖုန်းစိမ်းရင် မကိုင်လို့
သွားယူဖို့မအားသေးလို့
ဖုန်းဆက်ရင် ဆက်တဲ့ဖုန်းကို ဘလော့တယ်
မက်စင်ဂျာကိုလဲ ဘလော့တယ်
အမျိုးမျိုးသော (လက်ခံပေးနိုင်စရာမရှိသော) ပေါကြောင်ကြောင် အကြောင်းပြချက်တွေနဲ့ ကိုယ်မှာထားတဲ့စာအုပ်ကို လက်ခံယူလိုက်ဖို့ ရှောင်ကြတယ်။ အဲဒီလိုနည်းနဲ့ return ပြန်ရောက်လာတဲ့ ပါဆယ်တွေ မနည်းပါ။
ဆိုတော့ အဲဒီလို လူတွေကြောင့် တချို့ပါဆယ်တွေကို ငွေကြိုရှင်းခိုင်းရတာပါ။
ငွေကြိုရှင်းဖို့ ဆိုတော့လဲ သူတို့ကြုံခဲ့ဖူးတဲ့ တချို့သော အွန်လိုင်းအလိမ်တွေလိုများဖြစ်နေမလားဆိုပြီး ရှောင်ကြပါတယ်။
စိတ်မကောင်းဖြစ်ရုံကလွဲပြီး မတတ်နိုင်ပါ။
05/05/2026
📖 ညီမလေး
🖊 မဧကံ
🗒 စာမျက်နှာ - ၁၆၈
💸 တန်ဖိုး ၉၀၀၀ ကျပ်
🛒 အိမ်အရောက် (Door to Door) စနစ်ဖြင့် မှာယူလိုသူများအတွက် ဆက်သွယ်ရန် - 09450623383 ၊ 09450623384
📌 မြို့နယ်အလိုက် ပို့ဆောင်ခ ကွာခြားနိုင်ပါသည်။ 📌
ညီမလေး …
မီးမီးရဲ့ ညီမလေး ငယ်ငယ်။
ပရလောကကို ရောက်နေတဲ့ ငယ်ငယ်။ မတော်တဆမှုကြောင့် အသက်ဆုံးရှုံးပြီး ဘဝခြားနေပေမဲ့ မီးမီးရဲ့ အနားမှာပဲ နေချင်နေတဲ့ ငယ်ငယ်။ ညီမလေး ငယ်ငယ် ပေါ့။
မီးမီးတို့က အမြွာလေ။ Identical Twins. ညီအစ်မနှစ်ယောက်က အရာရာထပ်တူလိုကို ဖြစ်တဲ့အထိ တူတာ။
ငယ်ငယ်က သိပ်သနားဖို့ ကောင်းတယ်။ အရှိန်နဲ့ သွားနေတဲ့ မြင်းလှည်းပေါ်ကနေ လမ်းပေါ်ကို ခေါင်းနဲ့ ပြုတ်ကျသွားတာ … မီးမီးတို့ မိသားစုတွေ စီးလာတဲ့ မြင်းလှည်းကို ကုန်ကားက ဝင်တိုက်တာလေ။ မီးမီးက အသက်အန္တရာယ် မရှိခဲ့ပေမဲ့ လမ်းပေါ်ကို ခေါင်းနဲ့ ပြုတ်ကျတဲ့ ညီမလေး ငယ်ငယ်က အဲ့ဒီနေရာမှာတင် ပွဲချင်းပြီးပေါ့။
မမနားကို ငယ်ငယ်မလာပါနဲ့တော့၊ မကြာခင် မမလဲ အိမ်ထောင်ပြုတော့မယ်၊ မမ ပုံမှန်ဘဝမှာ ရှင်သန်ပါရစေတော့၊ မမကို လူတွေက အရူးလို့ ထင်နေကြမှာ ငယ်ငယ် မြင်ချင်တာလားလို့ မီးမီးလဲ အော်ဟစ်ပြောဆိုလိုက်မိတယ်။
ဒီလိုနဲ့ ကိုဦးနဲ့ မီးမီးတို့ မင်္ဂလာပွဲနေ့ ကျင်းပမဲ့ နေ့ရက်ကို ရောက်ရှိလာခဲ့တယ်။
ငယ်ငယ်ရယ် … မီးမီးနဲ့ အိမ်ထောင်ပြုတော့မဲ့ အမျိုးသားကိုမှ ကိုယ်ထင်ပြ ခြောက်လှန့်ရသလား။
ဒီလိုနဲ့ ကိုဦးနဲ့ မီးမီး အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ မီးမီး ဇာတိ သန်လျင် ကနေ ကိုဦးနဲ့အတူ ၈ မိုင်မှာ ပြောင်းရွှေ့နေထိုင်ခဲ့တယ်။ ငယ်ငယ့်ကိုလဲ မီးမီး မတွေ့တော့ဘူး။ မီးမီးလဲ ဘဝသစ်မှာ အရာရာဟာ အသားတကျနဲ့ အဆင်ပြေတော့မယ့်ဟန်နဲ့ နေ့ရက်တွေက တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးခဲ့တယ်။ ဒါပေမဲ့ တစ်ရက်။ မီးမီး မေ့မရမဲ့ တစ်ရက်ပေါ့။
ညီမလေးရဲ့ စူးစူးဝါးဝါး အော်သံကို ကြားတယ်။ အိမ်တံခါးမကို ဆောင့်တွန်းဖွင့်လိုက်တော့ အပေါ်ထပ်ကနေ ‘မမ’ လို့ အာခေါင်ခြစ် အော်သံကို ကြားလိုက်ရပြန်တယ်။ အပေါ်ကို ပြေးတက်ရင်း အခန်းဝ ရောက်တော့ ပိတ်ထားတဲ့ အခန်းထဲကနေ ကြားရတာက ကြာပွတ်သံတွေ တရွှမ်းရွှမ်း နဲ့ ငယ်ငယ့် ငိုသံတွေ။
“ငါ့ကို ကယ်ပါဦး မမရယ်” တဲ့။
“ငါ့ကို ကယ်ပါဦး မမရယ်” ဆိုတာ ခုနက အိပ်မက်ထဲမှာပဲ မီးမီး ကြားခဲ့တာ မဟုတ်ဘူး။ ချွေးစေးတွေနဲ့ အိပ်မက် လန့်နိုးပြီးတဲ့အထိ အပြင်မှာပါ ဆက်ကြားနေတာ။ အိပ်မက်က ပီပြင်လိုက်တာ။ ညီမလေးနဲ့ ပတ်သက်ပြီး မမက်တာ မကြားတာ ကြာပြီ။ ဒါဆို သန်လျင်အိမ်မှာ ညီမလေး ဘာဖြစ်နေပြီလဲ … မီးမီး သိရမှ ဖြစ်မယ်။
Sarpay
#ညီမလေး
#မဧကံ
မဟာစာပေ တိုက်ထုတ်စာအုပ်လေးများကို ဝယ်ယူဖတ်ရှုဖို့ အခက်အခဲရှိသူများအတွက်
(၁) လှည်းတန်းစင်တာ ပထမထပ်မှာရှိတဲ့ Save The Library မှာ တာဝန်ယူပြီးဖွင့်လှစ်ထားတဲ့ Hledan Art Space က ဗဂျီအိမ် ရွှေ့လျားစာကြည့်တိုက် Reading Corner
(၂) ရေနီမြို့နဲ့ အနီးတဝိုက်မှ စာချစ်သူများအတွက် ရပ်ကွက်ကြီး ၃၊ ရေနီမြို့ရှိ ရေနီအလင်းတန်း စာဖတ်ခန်း
(၃) မြောက်ဒဂုံ ၄၇ ရပ်ကွက်ရှိ အောင်ဖောင်ဒေးရှင်းစာကြည့်တိုက် (Private Library)
(၄) ဓမ္မဇောတိ စာကြည့်တိုက်၊ ဖောင်းကတာ၊ မုံရွာ
တို့တွင် မည်သူမဆို အခမဲ့ ငှားရမ်းဖတ်ရှုနိုင်ပါတယ် ခင်ဗျာ
04/05/2026
🎉ရောက်လာပါပြီ🎉
📌 စာအုပ်လေးတွေ ထပ်ရောက်သေးလားလို့ မေးကြတဲ့သူအတွက်ပါ။
စာဖတ်သူများ အကြိုက်တွေ့စေမဲ့ စာအုပ်လေးတွေလဲ ပါလာတာပါခင်ဗျာ။
မကြာခင်မှာ ရနိုင်မဲ့စာအုပ်လေးတွေနဲ့ ဈေးနှုန်း update ကို တင်ပေးပါမယ်ခင်ဗျာ။
29/04/2026
😍 #ရသစာပေ ထွန်းကားပြန့်ပွါးရေး😍
လို့ ခေါင်းစဉ်တပ်ပြီး စာရေးသူတွေနဲ့ စာဖတ်သူတွေ zoom လို application ကနေတင့်
ရသစကားဝိုင်းလေးတွေ လုပ်ရင် ကောင်းမလားလို့ စဉ်းစားနေပါတယ်။
စာဖတ်သူတို့ရဲ့ အမြင်ကရော ဘယ်လိုသဘောရလဲ။
မိတ်တွေတို့ ဖြစ်စေချင်တဲ့ အချက်အလက်လေးတွေ ဝိုင်းဝန်း ဆွေးနွေးပေးခဲ့ကြပါလား
ကျေးဇူးတင်လျှက်
မဟာစာပေ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
147 Ground Floor, Zaya Thukha Street, Ka Ward, Thuwana
Yangon
11072