514 Design
17/06/2022
Graphic Design စာအုပ် တစ်အုပ်ဝယ်ယူရုံနဲ့
Photoshop & AI နဲ့ ပတ်သက်တဲ့ အခြေခံပညာတွေကို
အခမဲ့ လေ့လာနိုင်ပါပြီ...
Art Barရဲ့ ပထမဆုံး စာအုပ်လေးဖြစ်တဲ့ "Graphic Design Learning Book" က ဒီဇိုင်းပညာနဲ့ ပတ်သက်တဲ့ သီအိုရီတွေကို အချိန်တိုအတွင်း ဆရာမပါဘဲ ကိုယ်တိုင် လွယ်ကူစွာလေ့လာနိုင်အောင် စုစည်းပေးထားတာပါ။
ပေးရတဲ့ဈေးထက် ပြန်ရတဲ့ပညာတွေကပိုများတော့ ဝယ်ယူသူများစွာရှိခဲ့သလို စာအုပ်ကိုဖတ်ရင်း ဒီဇိုင်းရဲ့ အရေးကြီးတဲ့ သီအိုရီပိုင်းတွေကို ပိုပြီးနားလည်သွားတယ်ဆိုပြီး လာပြောကြတဲ့သူတွေလည်း အများကြီးပါပဲ👩🏻💻🧑🏻💻
Graphic Design စာအုပ်လေးကို အခုဝယ်ယူမယ်ဆိုရင်
အထူးအခွင့်အရေး အနေနဲ့ Ps & Ai အခြေခံအသုံးပြုနည်း သင်ခန်းစာ ဗီဒီယိုတွေ စုထားတဲ့ လင့်ခ် ကိုလည်း လက်ဆောင်အနေနဲ့ ပေးသွားဦမှာပါ။
ရက် နဲ့ လူဦးရေ ကန့်သတ်ထားတော့ အမြန်ဝယ်ယူထားနိုင်မှ စိတ်ချရမှာနော်...
စာအုပ်လည်းဝယ် ဒီဇိုင်းလောကမှာ မရှိမဖြစ်သိထားသင့်တဲ့ Photoshop & Ai ရဲ့ Functionsတွေကိုလည်း အိမ်မှာနေရင်း သင်ယူနိုင်မှာဆိုတော့ အေးဆေးဘဲပေါ့💙💙
စာအုပ်ထဲပါတဲ့အသေးစိတ်အကြောင်းအရာတွေကိုသိချင်ရင်တော့...
https://www.facebook.com/942755475812777/posts/5002227943198823/
မှတ်ချက် ။ သတ်မှတ်ရက်အတွင်း စာအုပ်ဝယ်ယူထားသူများက ငွေလွှဲဘောင်ချာ ပို့တဲ့အခါ email address လေးပါ တစ်ခါတည်း ပို့ပေးဖို့ မမေ့ပါနဲ့နော်။
18/01/2022
ခုလို ကပ်ကြီး(၃)ပါးကျ ရောက်နေတဲ့အချိန်မှာ
လုပ်ငန်းတိုင်းဟာလည်း မိမိတို့ရဲ့ လုပ်ငန်းကို ပုံမှန်လည်ပတ်နေဖို့အတွက် ကြိုးစားရုန်းကုန်နေကြရတာ အမှန်ပါဘဲ။
မိမိတို့၏ လုပ်ငန်းတိုင်းမှာလည်း မှီခိုနေကြတဲ့ ဝန်းထမ်းများစွာနဲ့ သူတို့ရဲ မိသားစုဝင်တွေအတွက် စားဝတ်နေရေးပြေလည်ဖို့ လုပ်ငန်းရှင်တိုင်း စိတ်ဖိစည်းမှုများစွာရှိနေကြမှာပါ။
ခုလိုအချိန်မှာ အားလုံးကလည် အစစအရာရာ တန်ဖိုးတွေတက်နေတဲ့ အချိန်ဖြစ်နေတော့ လုပ်ငန်းမှာ လိုအပ်နေတဲ့ Marketing Material တွေကို မဖြစ်မနေလိုအပ်မှဘဲ သုံးခြင်နေကြမှာပါ။
လူကြီးမင်းတို့ လုပ်ငန်းအတွက် ဖော်ပြပါ Marketing Material တွေကို မဖြစ်မနေလိုအပ်လာခဲ့ပါက Design မှစ Printing ပြီး၍ လိုအပ်တဲ့နေရာအရောက် MYANMAR 514 မှ တာဝန်ယူဆောင်ရွက်ပေးနေပါပြီ ခင်ဗျာ။
• Company Profile
• Pamphlet / Flyer / Brochures
• Business Card / Letterhead
• File Folder / Envelope
• Greeting Card / Invitation Card
• Voucher / Note Book
• Paper Bag / Paper Box
• CD Artwork (Cover & Sticker)
• Offset Printing
• Digital Printing
MYANMAR 514 | Graphic Design & Printing Services
Mobile: (95) 9 7956 566 74
E-mail: [email protected]
Web : www.myanmar514.net
16/11/2021
သင့်စီးပွားရေးလုပ်ငန်းအတွက်..
စဉ်းစားတွက်ချက်ရမယ့် အပိုင်း (၄) ပိုင်း
***************
✅၁။ ယခုလက်ရှိ သင့်စီးပွားရေးလုပ်ငန်းအခြေအနေ ဘယ်လို ရှိလဲ ? ( Business health)
မတိုင်းတာနိုင်ရင်.. မတိုးတက်နိုင်ပါဘူး။
တိုးတက်မှုတိုင်းက တိုင်းတာမှု နဲ့ စပါတယ်။
ပြီးတော့ နံပါတ်တွေက သင့်ကို မလိမ်တတ်ပါဘူး။
လက်ရှိ မိမိစီးပွားရေးလုပ်ငန်းရဲ့အခြေအနေတွေကို သိအောင် တိုင်းတာတွက်ချက်ရပါတယ်။ နံပါတ်တွေက စီးပွားရေးလုပ်ငန်းရဲ့လက်ရှိအခြေအနေကို အတိအကျ ပြောပါတယ်။ ဒါကြောင့်အောက်ပါ အချက်တွေကို တိုင်းတာတွက်ချက်ပြီး လက်ရှိမိမိစီးပွားရေးအခြေအနေကို အရှိအရှိအတိုင်း ဖော်ထုတ်ပါ။
1. Working capital ကို တွက်ချက်ပါ။
2. Current ratio ကို တွက်ချက်ပါ။
3. Liquidity index ကို တွက်ချက်ပါ။
4. Defensive assets ကိုတွက်ချက်ပါ။
5. Profit margin ကို တွက်ချက်ပါ။
6. ROA ကို တွက်ချက်ပါ။
✅၂။ သင့်လုပ်ငန်းဒီအတိုင်းဆက်သွားရင် ဘယ်လိုဖြစ်မလဲ ?
( Direction)
မိုင်ထောင် ချီဝေးတဲ့ခရီးကို ခြေတစ်လှမ်းနဲ့စတာဆိုပေမယ့် .. စတဲ့ခြေလှမ်းက လားရာ မှားနေရင် ဘယ်လောက်ကြိုးစားကြိုးစား ပန်းတိုင်ကို ရောက်မှာမဟုတ်ပါဘူး။
ဒါကြောင့်စကတည်းက လားရာ မှန်နေဖို့အရေးကြီးပါတယ်။ မိမိစီးပွားရေးရဲ့လက်ရှိဦးတည်နေတဲ့လားရာက ဘယ်ကိုလဲ ဆိုတာ အောက်ပါအချက်တွေကို တွက်ချက်ပြီး ဖော်ထုတ်ပါ။
1. Sale Growth
2. Horizontal Analysis
3. DCF & NPV
4. P.V Growth Rate
5. Z score Model
✅၃။ အမှန်တကယ်သင်သွားချင်တဲ့ ရည်မှန်းချက် စီးပွားရေးပန်းတိုင်က ဘာလဲ ? ( Goals)
ဘယ်သွားချင်သလဲ ဆိုတာ မသိရင် ဘယ်ရောက်ရောက် အတူတူပါပဲ၊ အဓိပ္ပါယ်မဲ့နေတတ်ပါတယ်။
လုပ်ငန်းတိုင်းမှာ ပန်းတိုင်ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ပန်းတိုင်ကို နံပါတ် တွေအဖြစ်ပြောင်းလဲဖို့မေ့နေတတ်ပါတယ်။
ရောင်းကောင်းချင်တယ် .. ဒါပေမယ့် ဘယ်လောက်ရောင်းကောင်းချင်တာလဲ ဆိုတာကို နံပါတ် သတ်မှတ်ဖို့လိုတယ်။ အမြတ်တွေအများကြီးရချင်တယ် ဒါပေမယ့် အမြတ်မာဂျင်ဘယ်လောက်နဲ့မြတ်ချင်တာလဲ ဆိုတာ သတ်မှတ်ဖို့လိုပါတယ်။ ဒါမှလဲ တိတိကျကျ ဖြစ်တဲ့ပန်းတိုင် ဆိုတာ ဖြစ်လာမှာပါ။
1. Profit to sale ကိုတွက်ချက်ပြီး sale growth သတ်မှတ်ပါ။
2. Profit Margin ကို သတ်မှတ်ပါ။
3. အရောင်းမြို့တိုင်းရဲ့Index နံပါတ်တွေသတ်မှတ်ပါ။
4. Earning growth တွက်ချက်ပါ။
5. Common Size တွက်ချက်ပြီး Vertical Analysis လုပ်ထားပါ။
✅၄။ အဲဒီ ပန်းတိုင် ကို ဘယ်လိုရောက်အောင်သွားမလဲ ?
(How)
ပန်းတိုင် တိကျပြတ်သားလေလေ.. ဘယ်လိုရောက်အောင်သွားမလဲ ဆိုတာ နည်းလမ်းပေါ်လေလေဖြစ်ပါတယ်။ အထက်ဖော်ပြပါ အချက် (၃) ချက်ကို ရှင်းလင်းပြတ်သားအောင်လုပ်နိုင်ခဲ့ပြီဆိုရင်တော့ အဲဒီကို ဘယ်လိုရောက်အောင်သွားမလဲ ဆိုတဲ့ နည်းလမ်းတွေအများကြီးပေါ်လာပါလိမ့်မယ်။ အားလုံးကို ချရေးထားပါ။ ပြီးရင် တစ်ခုချင်းစီကို လုပ်သွားပါ။
# မာသင်
အောက်ပါ Telegram မှာ Join ထားနိုင်ပါတယ်
မာသင် official
https://t.me/mar_thin_com
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Building 4, 3th Flr. , Room No. 305, Gandamar Str. , Yuzana Garden City (Block-2), 92 Quarter, Dagon Seikkan Tsp
Yangon
11141
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |