HVAC & ACMV Notes
အပိုင်း ( ၆ )
II. (1). (ii). (b). (ii) Air Side
(B) VCD / NRD / MD / PRD / ATD
Dampers တွေကိုလေ့လာကြည့်ရင်
VCD = Volume Control Damper
များသောအားဖြင့် branch duct တွေမှာတပ်တယ်, air balancing လုပ်ရတာလွယ်တယ်။ Friction Loss ကိုလျော့ချင်လို့ နောက်ပိုင်း VCD မတပ်ပဲ grilles/diffusers တွေနဲ့ ပေါင်းပြီး OBD ( Oblade damper ) အနေနဲ့ သုံးလာကြတာများတယ်။ Air Flow Rate များပြီး Duct Length ရှည်ရင်တော့ main branch duct တွေမှာ VCD တပ်ပေးသင့်တယ် ( အထူးသဖြင့် VAV သုံးတဲ့ AHU တွေအတွက်)။ Cassette unit တွေကို ပေးတဲ့ fresh air duct အတွက် collor VCD တွေသုံးတာပိုအဆင်ပြေတယ်၊ cost လည်းနည်းတယ်။
NRD = Non Return Damper
Fan / FCU / AHU နှစ်လုံး (သို့) နှစ်လုံးထက်ပိုသုံးတဲ့အခါ NRD ကိုသုံးရတယ်၊ တပ်ဆင်တဲ့အခါ သတိထားစရာ နှစ်ခုရှိတယ်။ NRD မှာပါတဲ့ air flow direction အတိုင်းတပ်ရမယ်၊ ပြောင်းပြန်တပ်ရင် air flow မရနိုင်။ NRD တပ်ဆင်တဲ့နေရာကို louvre ကနေစဉ်းစားရင် exhaust air ( after fan ) နဲ့ fresh air ( before fan) အတိုင်းတပ်သင့်တယ်။
MD = Motorized Damper
Commercial and Residential project တွေမှာ MD အနေနဲ့သုံးပြီး၊ electrical power နဲ့ အဖွင့်အပိတ်လုပ်တယ်။ LTA project တွေမှာတော့ PD ( Pneumatic Damper ) အနေနဲ့ သုံးပြီး compressor ကထုတ်တဲ့ air power (လေအား) နဲ့ အဖွင့်အပိတ်
လုပ်တယ်။ MD ကိုတပ်ဆင်တဲ့အခါ direction ကိုသတိထားရမှာဖြစ် သလို ၊ မှန်ကန် torque ( N/m ) ကိုရွေးခြယ်ဖို့လိုတယ်၊ တပ်ဆင်မယ့်နေရာကိုလိုက်ပြီး ရိုးရိုး damper လား false safe ( spring retun ) damper လားသေချာစစ်ဆေးဖို့လိုတယ်။
PRD = Pressure Relief Damper
တချို့ project အထူသဖြင်း pressurization လုပ်ရတာအပေါ်ရောအောက်ရောပါဝင်ပြီး၊ လမ်းကြောင်းရှည်လျားတဲ့အခါး pressure ကို control လုပ်ရန်အတွက် PRD ကိုသုံကြတယ်၊ gravity weight ကိုချိန်ပြီး damper ကို adjust လုပ်လို့ရတယ်။
ATD = Air Tight Damper
ဒီ damper ကိုတော့ Lab အခန်းတွေမှာ အသုံးများတယ်၊ MD ထက်ပိုပြီးလေလုံအောင် အသုံးပြုလို့ရတယ်၊ contorl ကတော့ motorized control type ပါပဲ။
HVAC & ACMV Notes
ACMV Fields မှာလုပ်လာတာ ဆယ်စုနှစ်တခုကျော်လာတော့ အရင်ကမိမိအတွေ့ အကြုံ၊ လက်ရှိ တွေ့ကြုံရတာတွေကို အချိန်ရသလို ရေးမယ်ဆိုပြီး HVAC & ACMV Notes အနေနဲ့ လုပ်ဖြစ်ခဲ့တယ်။ နည်းပညာ တွေအပြောင်းအလဲ မြန်ဆန်နေတဲ့ ခေတ်မှာ ပညာရပ်တွေဟာလည်းနေ့စဉ်နဲ့အမျှ ပြောင်းလဲတိုးတက်နေကြတယ်။
HVAC & ACMV Notes
ECS & TVS
MRT project (underground) တွေမှာ ထဲမှာသုံးတဲ့ Aircon & MV system ကို စင်္ကာပူမှာ ECS & TVS (Enviromental Control System & Tunnel Ventilation System ) ဆိုပြီးသုံးကြတယ်။ Tunnel တွေထဲက double slab လို့ခေါ်တဲ့ သီးသန့် structure ပေါ်မှာ အမြဲတမ်းအတွက်တပ်ဆင်ထားတဲ့ fan ကိုတော့ TBF (Tunnel Booster Fan)လို့သုံးလေ့ရှိတယ်။
Tunnel ဖောက်ပြီးစမှာ ယာယီလေဝင်လေထွက်အတွက် သုံးတဲ့စနစ်ကိုတော့ TTVS (Temporary Tunnel Ventilation System ) လို့သုံးပါတယ်။ TTVS အတွက်သုံးတဲ့ TTVF (Temporary Tunnel Ventilation Fan ) ကို tunnel wall မှာတပ်ဆင်ရပြီး သတ်မှတ်ထားတဲ့ Shaft တွေမပိတ်ခင် TTVFs နဲ့ cable တွေကိုTunnel ထဲက အပြီးထုတ်ယူရပါတယ်။
TVF(Tunnel Ventilation Fan) ကိုတော့ station ထဲမှာတပ်ဆင်ပြီး Forward & Reverse နှစ်ဘက်သုံးလို့ရပါတယ်။
Under Platform က exhaust air တွေအတွက်သုံးတဲ့ fan ကိုတော့ UPEF/SEF ( Under Platform Exhaust Fan / Smoke Extract Fan) ဆိုပြီးသုံးလေ့ရှိတယ်။ SEF လို့ထပ်ထည့်တာကတော့ ဒီ fan ဟာ publice fire alarm ဖြစ်တဲ့အချိန်မှာ သတ်မှတ်ထားတဲ့ public area မှ smoke တွေကို SAD/ SED (supply air duct/ smoke extract duct) နှင့် RAD/ SED ( return air duct / smoke extract duct) တို့မှစုပ်ယူပါတယ်။ MRT project တွေမှာ SAD နှင့် RAD တွေဟာ function နှစ်မျိုးကိုလုပ်ဆောင်ပါတယ်။
TVS နှင့် ECS အတွက် PD ( pneumatic damper ) နှင့် MD ( motorized damper) ဆိုပြီး pneumatic control & electrical control နှစ်မျိုးသုံးပါတယ်။
နောက်မှဆက်ပါဦးမည်...
HVAC & ACMV Notes
https://www.facebook.com/share/14Et4AdWGTJ/?mibextid=wwXIfr
HVAC & ACMV Notes About ACMV and M&E Fields in construction Industrial.
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Yangon