BST Myanmar

BST Myanmar

Share

14/08/2017

ဝိတ်မချနိုင် ပေမဲ့Fashion ကျကျတော့လှနိုင်ပါတယ်
-------------------------------------------------------------

ဝ လို့ အ၀တ်အစားရွေးရတာ အရမ်းခက်တာပဲ Fashion ကျကျ မလှပ နိုင်တော့ဘူး လို့ထင်နေတယ် ဆိုရင် ဒီစာလေးကို အဆုံးထိဖတ် သွားကြည့်ပါလို့ပြောပါရစေ ။

ဝတဲ့အတွက်အ၀တ်အစားရွေးရခက်တာ အားလုံးကြုံ ဘူးကြ မယ် ထင်ပါတယ် ။ ကျွန်မဆိုရင် အခုခေတ် SlimBody လေးတွေ Fashion ကျကျ အ၀တ်အစားလေးတွေ နဲ့ Smart ကျကျလှနေတာ လမ်းမှာတွေ့တိုင်း ထုတ်လုပ်သူတွေ က အရမ်းမျက်နှာလိုက်တာပဲ ..…ကိုယ်တွေလို Plus Size အမျိုးသမီးတွေ ကျတော့ Fashion ကျကျ အ၀တ်အစားနဲ့ မလှပနိုင်တော့ဘူးလား ? ဆိုပြိး စိတ်မသက်မသာ ဖြစ်ရတဲ့ အကြိမ်တွေမနဲပါဘူး ။

အလုပ်တစ်ဘက် သင်ယူလေ့လာမှုက တစ်ဘက်နဲ့ အချိန်ဆင်းရဲတဲ့ ကျွန်မတို့လိုအမျိုးသမီးတွေ အတွက် Shopping Center သွားမွှေဘို့ဆိုတာကလည်း တစ်နေရာနဲ့ တစ်နေရာ မနီးမဝေး ကားလမ်းကလည်း ပိတ် တာကြောင့် တစ်ခါ တစ်ခါ သွားဘို့ဆိုတာ အတော်လေးကို ကြိုးစားရပါတယ် ။

ဒါနဲ့ပဲ လွယ်ကူသက်သာတဲ့ နည်း အများသူငါ သုံးနေကျနည်း Online Shopping Page လေးတွေကို Plus Size အကျီ င်္လေးတွေ ရှိရင် ၀ယ်ချင်ကြောင်း ရှိတာလေးတွေ ပြပေးဘို့ တောင်းဆိုမိပါတယ် ။ သူတို့လည်း ကြိုးစားပမ်းရှာ ပြပေးရှာပါတယ် ဒါပေမဲ့ ကိုယ်ကပဲ ဂျီးများတာလား ဒီဇိုင်းအဆင်မပြေ ဒီဇိုင်းကြိုက်ရင်ကာလာ မကြိုက် ဆိုဒ်ကမတော် စသဖြင့် အကျီ်တစ်ထည်ဝယ်မယ်ဆို အတော်လေးကို အလုပ်ရှုပ်ခဲ့ရတယ် ။ ၀ယ်ဖြစ်တဲ့အချိန်ဆို ကိစ္စမရှိပေမဲ့ ကိုယ်နဲကိုက်ညီတာ မတွေ့လို့ မ၀ယ်ဖြစ်တဲ့အချိန်တိုင်း Online Shopping လုပ်နေတဲ့ညီမတွေကို အားနာစိတ်ဖြစ်မိတယ် ။ သူတို့အချိန်တွေကို ကိုယ်က ယူလိုက် သလိုဖြစ် သွားတာကိုး ……. နည်းလမ်းမတွေ့ ခင် ဒီအထိက “ အရာအားလုံးက ၀မိတဲ့ ကိုယ့်အပစ်ပါ “ပေါ့ ………………

ဒီလိုနဲ့ တစ်နေ့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ရာက Taobao ဆိုတဲ့ Ph Application လေးတစ်ခုအ ကြောင်းနဲ့ Plus Size ဒီဇိုင်းအလန်းတွေ အဲ့မှာ စိတ်ကြိုက်ရှာဖွေလို့ရကြောင်း တရုတ်စာမတတ်လည်းပဲ အလွယ်တကူ သုံးနိုင်ကြောင်း သိလိုက်ရတယ် ။ အစက
တော့ တရုတ်စာတွေနဲ့ပဲ အသုံးပြုရခက်ခဲမှာပဲ ဆိုပြီး
စိတ်ကထင်ခဲ့မိတယ် ။ တကယ်ဆို စမ်းတောင်မကြည့်ရသေးပဲနဲ့  ကျွန်မကကိုယ့်ဘာသာ ကိုယ်မရနိုင်ပါဘူး ဆိုပြီးကိုယ့် စိတ်ကို ကိုယ်ကန့်သတ်လိုက်တာပါ ။ Ph ရဲ့  Chrome Browser ကနေ English လို Translate လုပ်ပြီးကြည့်လဲရပါတယ် ။

Apk က တရုတ် စာတွေပေမဲ့လည်း စမ်းသပ်ကြည့်ရအောင်လိုရမယ်ရ သုံးနည်းလေး တော့ သင်ထားဦးမှာပါလေ ဆိုပြီး သုံးနည်း တစ်ခါတည်း သင်ယူခဲ့လိုက်တယ် ။ ကိုယ်တိုင် ၀င်မွှေကြည့်လိုက်တယ်ဆိုလျှင်ပဲ ကိုယ့်ရဲ့ တောက်လျှောက် ‘ ၀မိတာ ကိုယ့်အပစ်ပါလေ’ ဆိုပြီး အမြဲမသက်မသာ ဖြစ်ခဲ့ရတဲ့ ကိုယ့်ရဲ့ စိတ်ကူးက လုံးဝပျောက်သွား တဲ့အထိ ဒီနေရာမှာ စာဖတ်သူ အနေနဲ့ လည်း အဲ့လို မဖြစ်နိုင်ပါဘူး တရုတ်စာတွေပဲမို့ လို့ မသုံးတတ်လောက်ပါဘူး လို့ ထင်နေမယ်ဆိုရင် ပထမဆုံး စမ်းသပ်ကြည့်ပါ သေချာပေါက်ပြောရဲပါတယ် စာဖတ်သူ မိတ်ဆွေ
လွယ်လွယ်ကူကူပဲ ကိုယ်လိုအပ်တာကို ရှာဖွေနိုင်ပါလိမ့်မယ် ။ စိတ်ကျေနပ်မှုတစ်ခုခုကို ရစေပါလိမ့်မယ် ။

😮အိုး ! ဒီဇိုင်းတွေက လန်းမှလန်း … 👠👗 Branded လား?👡…ဈေးသင့်တာလား ?

ကာလာ ဆိုဒ် ရွေးချယ်စရာတွေကလည်း များမှများ
ကိုယ့်အတွက်တင်မကပဲ ကိုယ့်ကလေးတွေအတွက်
ကိုယ့်ခင်ပွန်းအတွက် စသဖြင့် ပစ္စည်းတွေအရမ်းစုံပါတယ် …………ဆိုင်တွေကလည်း စုံမှစုံ ………………တစ်ချို့ ပစ္စည်းတွေဆို ရန်ကုန်မှာ မရှိသေးတဲ့ပစ္စည်း အသစ်အဆန်းတွေ Taobao ထဲမှာ တွေ့ ရပါတယ် ။ အားသာချက်က ကိုယ့်မိသားစုဝင်တွေကိုလည်း သူများမသုံးသေးတဲ့ ပစ္စည်းလေးတွေနဲ့  အံ့အားသင့်အောင်လုပ်နိုင်တော့ သူတို့ တွေလည်း အရမ်းပျော်ကြတာပေါ့ ။

ခုတော့ ၀လို့ဆိုပြီး ကိုယ့်ကိုကိုယ် အပစ်မတင်တော့ပါဘူး … ၀ပေမဲ့ Style ကျကျ နဲ့လှလို့ရတဲ့ Plus Size အ၀တ်အစား တွေ Taobao ထဲမှာ များမှများ …. ဒီနေရာမှာ Taobao Apk ဆိုတာ ဘာလဲ ဆိုတဲ့ အသေးစိတ် ကိုတော့ စာအရမ်းရှည် သွားမှာ ဖြစ်တဲ့အတွက် မဖော်ပြတော့ပါဘူး ။ သီးခြား Post တစ်ခုအနေနဲ့ Sharing လုပ်ပေးပါဦးမယ် ။

ဒါကြောင့် ကျွန်မကဲ့သို့ ၀လို့ အ၀တ်အစားရွေးချယ်မှုမှာ အခက်အခဲ ဖြစ်နေတယ်ဆိုရင် Plus Size အမျိုး သမိးတွေ အားလုံးအတွက် ဒီနည်းလေးကို စမ်းသပ်ကြည့်ပါလို့ မျှဝေလိုက်ရပါတယ်ရှင် ။ Apk ကို Play Store မှာ အလွယ်တကူ Down ယူနိုင်ပါတယ် ။

အားလုံးအဆင်ပြေအောင် အသုံးပြုနည်း Video လေးပါ လုပ်ပေးထားပါတယ် ။ Translate လုက်ပြီး English လို ဆိုတော့ အားလုံးအတွက် ပိုလွယ်ကူမယ်ထင်ပါတယ် ။

Taobao မှ Plus Size ဖက်ရှင်အလန်းလေးတွေ မှာယူချင်သူများ အတွက် လည်း အဆင်ပြေအောင် ၀ယ်ပေးခြင်း ပို့ဆောင်ပေးခြင်း Service လေးတစ်ခု ကိုလည်း BST Myanmar မှ ပြုလုပ်ထားပါတယ် ဆိုတာသတင်းကောင်းပါးလိုက်ပါတယ် ။

Video link

https://m.facebook.com/story.php?story_fbid=910412542455476&id=829915393838525



Taobao Tmall 1688
Buying Agent
အသေးစိတ်ကိုထပ်မံသိရှိလိုပါက Message Box မှဖြစ်စေ
Viber No09763162961 သို့ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်

11/08/2017

သူတို့ ဘာကြောင့် Taobao ဖုံး Apk ကို နှက်သက်စွာသုံးစွဲနေကြတာပါလိမ့်!!!

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


BAHO Road (Kamayut Tsp )
Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00