Business Capacity Building Centre
10/07/2025
"အမွေအနှစ်အဖြစ် တည်တံ့စေမည့် မိသားစု စီးပွားရေး စီမံအုပ်ချုပ်မှု အလေ့အထကောင်းများ အနာဂတ်အတွက် တည်ဆောက်ခြင်း" အကြောင်း ဆွေးနွေးပွဲ ဖိတ်ကြားခြင်း
စီးပွားရေးလုပ်ငန်းရှင်များအတွက် –
မျိုးဆက်တစ်ခုမှသည် နောက်တစ်ခုဆီသို့ အနာဂတ်အတွက် မိသားစု စီမံအုပ်ချုပ်မှုအမွေအနှစ်ကို တစ်ဆက်တည်း လက်ဆင့်ကမ်းတည်ဆောက်နိုင်ရန်၊ မိသားစု စီမံအုပ်ချုပ်မှု (Family Governance) အလေ့အထကောင်းများကို သိရှိကျင့်သုံးနိုင်ရန် ရည်ရွယ်ထားသော
"𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐚 𝐋𝐞𝐠𝐚𝐜𝐲: 𝐅𝐚𝐦𝐢𝐥𝐲 𝐆𝐨𝐯𝐞𝐫𝐧𝐚𝐧𝐜𝐞 𝐟𝐨𝐫 𝐭𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞" ဆွေးနွေးပွဲ အခမ်းအနားကို မြန်မာစီးပွားစီမံ အမှုဆောင်များအသင်း (MBE) က အောက်ပါအတိုင်း စီစဉ်ကျင်းပသွားပါမည်။
𝐃𝐚𝐭𝐞 – 𝟐𝟕𝐭𝐡 𝐉𝐮𝐥𝐲 𝟐𝟎𝟐𝟓 (𝐒𝐮𝐧𝐝𝐚𝐲)
𝐓𝐢𝐦𝐞 – (𝟏:𝟑𝟎) 𝐏𝐌 𝐭𝐨 (𝟒:𝟎𝟎) 𝐏𝐌
𝐕𝐞𝐧𝐮𝐞 – 𝐘𝐒𝐗 𝐘𝐚𝐧𝐠𝐨𝐧 𝐒𝐭𝐨𝐜𝐤 𝐄𝐱𝐜𝐡𝐚𝐧𝐠𝐞, 𝐒𝐮𝐥𝐞 𝐏𝐚𝐠𝐨𝐝𝐚 𝐑𝐨𝐚𝐝, 𝐘𝐚𝐧𝐠𝐨𝐧
MBE အသင်းက ဆောင်ရွက်လျက်ရှိသော Responsible Business Development Program ၏ လုပ်ငန်းစဥ် တစ်ရပ်အဖြစ် ကျင်းပမည့် ယခု အခမ်းအနားတွင်
𝐊𝐞𝐲𝐧𝐨𝐭𝐞 𝐒𝐩𝐞𝐞𝐜𝐡 –
"City Mart, Market place နှင့် Ocean Supermarket များ အပါအဝင် City Holdings Limited" လုပ်ငန်းများကို ဦးဆောင်သူ 𝐃𝐚𝐰 𝐖𝐢𝐧 𝐖𝐢𝐧 𝐓𝐢𝐧𝐭, (𝐆𝐫𝐨𝐮𝐩 𝐂𝐄𝐎, 𝐂𝐢𝐭𝐲 𝐇𝐨𝐥𝐝𝐢𝐧𝐠𝐬 𝐋𝐢𝐦𝐢𝐭𝐞𝐝) က မိသားစု စီမံအုပ်ချုပ်မှု (Family Governance) အကြောင်း Key Note Speech ပြောကြားခြင်း၊
𝐏𝐚𝐧𝐞𝐥 𝐃𝐢𝐬𝐜𝐮𝐬𝐬𝐢𝐨𝐧 –
မိသားစု စီမံအုပ်ချုပ်မှုဆိုင်ရာ အလေ့အကျင့်ကောင်းများ လက်တွေ့ ကျင့်သုံးနေကြသော အတွေ့အကြုံရှိ ဦးဆောင် စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်ကြသည့်
𝐔 𝐊𝐲𝐚𝐰 𝐋𝐰𝐢𝐧 𝐎𝐨 – 𝐂𝐡𝐚𝐢𝐫𝐦𝐚𝐧, 𝐄𝐯𝐞𝐫 𝐅𝐥𝐨𝐰 𝐑𝐢𝐯𝐞𝐫 𝐆𝐫𝐨𝐮𝐩 𝐏𝐮𝐛𝐥𝐢𝐜 𝐂𝐨., 𝐋𝐭𝐝.
နိုင်ငံတကာ နှင့် ပြည်တွင်း ကုန်သွယ်ရေး နှင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းများကို နှစ် (၃၀) ကျော် ဦးဆောင်နေသည့် လုပ်ငန်းရှင်
𝐔 𝐊𝐲𝐚𝐰 𝐓𝐡𝐞𝐭 𝐍𝐚𝐢𝐧𝐠 – 𝐌𝐚𝐧𝐚𝐠𝐢𝐧𝐠 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫, 𝐘𝐨𝐤𝐞 𝐏𝐲𝐨 𝐂𝐨., 𝐋𝐭𝐝.
(၅၂) နှစ်ကျော် သက်တမ်းရှိ "ရုပ်ပျိုတိုင်းရင်းဆေး ထုတ်လုပ်ရေးလုပ်ငန်း" ၏ တတိယမျိုးဆက် ပဲ့ကိုင်ရှင်
𝐃𝐚𝐰 𝐍𝐲𝐨 𝐍𝐲𝐨 𝐒𝐞𝐢𝐧 – 𝐂𝐄𝐎, 𝐔 𝐊𝐚𝐫 𝐊𝐚 𝐂𝐨., 𝐋𝐭𝐝.
(၉၇) နှစ်ကျော် အောင်မြင်နေသည့် "ဦးကာက + ဒေါ်စိန် လက်ဖက်လုပ်ငန်း" ၏ တတိယမျိုးဆက် ပဲ့ကိုင်ရှင်
𝐃𝐫. 𝐌𝐲𝐢𝐧𝐭 𝐌𝐲𝐢𝐧𝐭 𝐊𝐡𝐢𝐧 – 𝐃𝐢𝐫𝐞𝐜𝐭𝐨𝐫, 𝐌𝐌𝐊 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐓𝐫𝐚𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐧𝐚𝐜𝐤𝐬 𝐂𝐨., 𝐋𝐭𝐝.
နှစ်ပေါင်း (၁၀၀) ကျော် မိသားစု အဆက်ဆက် အောင်မြင်နေသည့် "မြင့်မြင့်ခင် ထိုးမုန့် နှင့် မြန်မာ့ရိုးရာ မုန့်လုပ်ငန်း" လုပ်ငန်းရှင် တို့က အဓိက ဆွေးနွေးသူ Panelists များအဖြစ် လည်းကောင်း၊
𝐃𝐫. 𝐒𝐢 𝐓𝐡𝐮 𝐏𝐡𝐲𝐨 – 𝐂𝐄𝐎, 𝐓𝐫𝐮𝐬𝐭 𝐕𝐞𝐧𝐭𝐮𝐫𝐞 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬 𝐂𝐨., 𝐋𝐭𝐝.
MBE အသင်း၏ EC တစ်ဦးဖြစ်ပြီး (၁၀) နှစ်ကျော် Stock Exchange & Financial Advisory Services လုပ်ငန်းများ ဆောင်ရွက် နေသည့် လုပ်ငန်းရှင်က ဦးဆောင် ဆွေးနွေးသူ Moderator အဖြစ် လည်းကောင်း၊ ပါဝင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ပြည်တွင်း/ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ၊ မိသားစု စီးပွားရေး လုပ်ငန်းများကို လက်ဆင့်ကမ်း တည်ဆောက်လိုသော လုပ်ငန်းရှင်များ၊ စိတ်ဝင်စားသူများ တက်ရောက်နိုင်မည့် ယခု အခမ်းအနားတွင်
အထူး (အထူး) စိတ်ဝင်စားဖွယ် 𝐋𝐮𝐜𝐤𝐲 𝐃𝐫𝐚𝐰 အစီအစဉ်များလည်း ပါဝင်မည် ဖြစ်ရာ
𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐋𝐢𝐧𝐤
https://docs.google.com/forms/d/e/1FAIpQLSelqKWklrE34sKRQh8_5VFQQBVl5dtVTQ09o-cBO2Og26QI8w/viewform
မှာ အမြန်ဆုံး စာရင်းပေးသွင်းကြဖို့ သတင်းကောင်းပါး ဖိတ်ကြား တိုက်တွန်း လိုက်ရပါသည်။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Address
Room 602, 5th Floor, MICT Park, Thamine College Road, Hlaing Township
Yangon
11051
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |