S.SClass

S.SClass

Share

15/07/2025

"아/어 지다 " က
ပုံစံ နှစ်မျိုးသုံးပြီး ၊အ‌ဓိပ္ပါယ်နှစ်မျိုးရှိပါတယ်။

✅ပထမတစ်ခုက
-မူလရှိနေတဲ့ အနေအထားကနေ ပြောင်းလဲလာတဲ့၊ပြောင်းလဲသွားတယ်ဆိုတဲ့ သဘောကို ဖော်ပြတာဖြစ်ပြီး ၊

✅ဒုတိယတစ်ခုက
-အခြေအနေတစ်ခုကြောင့် ဒါမှမဟုတ် တစ်စုံတစ်ယောက်ရဲ့ လှုပ်ဆော်မှုကြောင့် ဖြစ်သွားတဲ့ ၊ဖြစ်လာတဲ့ သဘောကို ဖော်ပြပါတယ် ။

🧑‍🏫နဂိုမူလပုံစံကနေ ပြောင်းလဲသွား/လာတယ်ဆိုတဲ့သဘော 아/어 지다 က (형용사 - Quality Verb )
အရည်အသွေးကို ဖော်ပြတဲ့ Verb တွေနဲ့ တွဲသုံးပါတယ်။

ဥပမာ -

깨끗하다 (သန့်ရှင်းသည်)
⬇️
깨끗해 지다 (သန့်ရှင်းသွာသည်)

예쁘다 (လှပသည်)
⬇️
예뻐 지다 (လှလာသည်/လှသွားသည်)

🧑‍🏫တစ်စုံတစ်ခုကြောင့် ဖြစ်သွားရတယ် ၊ဖြစ်လာရတယ်ဆိုတဲ့ သဘော 아/어 지다 က ပြုလုပ်ခြင်းခံ
(피동 -passive Verb )လို့ခေါ်တဲ့ လှုပ်ရှားမှုပြ
Action Verb တွေနဲ့ တွဲသုံးပါတယ်။

ဥပမာ -

깨다 (ခွဲတယ် )
⬇️
깨지다 (ကွဲတယ်/ကွဲသွားတယ်)

친구랑 부딪혀서 컵이 깨졌어요.
(သူငယ်ချင်းနဲ့ တိုက်မိလို့ ခွက်က ကွဲသွားတယ်)

끊다 (ဖြတ်သည်)
⬇️
끊어 지다 (ပြတ်သွားသည်)

가위로 잘라서 줄이 끊어 졌어요.
(ကတ်ကြေးဖြင့် ညှပ်လိုက်လို့ ကြိုးက ပြတ်သွားတယ်)

Teacher Zune

14/07/2025

"아/어 있다 Vs 고 있다 ရဲ့ကွာခြားချက် "

1. V - 아 /어 있다 ရဲ့အဓိပါယ်က
(ထားတယ်)
ကာလတစ်ခုက လုပ်ပြီးသား Action တစ်ခုက
အခုထိ ဖြစ်နေသေးတယ်ဆိုတဲ့ သဘောကိုဖော်ပြပါတယ်။

2. V - 고 있다 (နေတယ်)
အခုလက်ရှိကာလမှာ Action တစ်ခုကို လုပ်နေတုန်း ၊လုပ်နေဆဲဖြစ်တယ်ဆိုတဲ့ သဘောကို ဖော်ပြပါတယ်။

ဥပမာ -

그림이 벽에 걸려 있어요 .
ပန်းချီကား နံရံမှာ ချိတ်ထားတယ် ။
(အတိတ်ကာလတစ်ခုက ချိတ်ထားတာ အခုထိလဲ ချိတ်နေဆဲ အနေအထား)

그림을 벽에 걸고 있어요 .
ပန်းချီကားကို နံရံမှာ ချိတ်နေတယ် ။
(အခု ချိတ်နေတုန်း တန်းလန်း အနေအထား)

မြန်မာလိုဘာသာပြန်ရင် အဓိပါယ်တူနေလို့ ဘယ်သဒ္ဒါနဲ့ တွဲသုံးရမလဲ ရောတတ်တဲ့ စကားလုံးကို ကြည့်ကြည့်ရအောင် !

ထိုင်နေတယ် - 앉아 있어요 .
ထိုင်နေတယ် - 앉고 있어요 .

အတိတ်ကာလတစ်ခုကနေ အခုထိ ထိုင်လျှက်အနေအထား၊ထိုင်‌‌ေနနှင့်ပြီးသား အနေအထား ဆို (앉아 있어요)

အခုမှ ထိုင်မလို့ လုပ်နေတုန်း တန်းလန်းအနေအထား ၊ ထရာကနေ ထိုင်ဖို့ လုပ်နေတာမျိုးဆို
(앉고 있어요 )

ဒီ သဒ္ဒါနှစ်ခု ကွဲအောင် (အလွယ်မှတ်မယ်ဆို)
ပြုလုပ်ခံ (피동) passive Verb တွေနဲ့ဆို
아/어 있다 နဲ့ သုံး

လုပ်ရှုးမှုပြ (동작, 사동 ) Action Verb တွေနဲ့ဆို
고 있다 နဲ့ သုံး

📌ချွင်းချက်(입다 -ဝတ်သည်)ဆိုတဲ့ Verb အသုံးကိုတော့ သတိပြုဖို့လိုပါတယ်။

အင်္ကျီ ဝတ်ထားတယ်လို့ ပြောချင်ရင်
입어 있어요 ❌ နဲ့ သုံးလို့မရပါဘူး
입고 있어요 ✅ လို့ပဲ သုံးရပါတယ်။

ဒီ grammar နဲ့ပတ်သက်ပြီး ထပ်သိချင်တာလေးတွေရှိရင် comment (သို့) CB ကနေ မေးလို့ရပါတယ်နော် ☺️

Teacher Zune

13/07/2025

하다 နဲ့ 되다 က ဘာကွာတာလဲ ?

Active , Passive လိုမျိုး
Action တစ်ခုကို ပြုလုပ်နေတယ်ဆိုတဲ့ အနေအထားကို ပြောချင်ရင် (하다 )

Action တစ်ခုက ပြုလုပ်ပြီးသွားတဲ့ အနေအထား (သို့) အရာတစ်ခုက ဖြစ်ပြီးသား အနေအထားကို ပြောချင်ရင် (되다)ကိုသုံးပါတယ်။

ဥပမာ -

시험을 시작하다 .
စာမေးပွဲ စတင်နေတယ် ။

시험을 시작되다 .
စာမေးပွဲ စတင်နေပြီ (စပြီးပြီ ၊ဖြေနေပြီ)

음식을 준비하다 .
အစားအစာတွေ ပြင်ဆင်နေတယ်။

음식을 준비되다 .
အစားအစာကို ပြင်ဆင်ပြီးပြီ ။

Teacher Zune

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon