Makeup Moza Hnin
Makeup look တစ်ခု Perfect မဖြစ်တဲ့ အခါ MUA ကိုပဲ အပြစ်မတင်ပါနဲ့
အလိမ်းခံတဲ့သူက ဂယက် တသိန်းလုပ်ရင်လဲ Makeup က အဆင်မပြေဖြစ်တတ်ကြောင်း ကျမ အကြိမ်ကြိမ်ပြောပြ ဖူးပါတယ် ။
ကိုယ်လိုချင်တဲ့အချက် မလိုချင်တဲ့ အချက်ကို ကြိုပီးပြောရပါတယ် ။ ပြောပီးရင် ရပါပီ ။ မပြောရင်တော့ MUA က သူ့ဆုံးဖြတ်ပီး အကောင်းဆုံးလိမ်းမှာပဲ
ဘယ် MUA မှ ရုပ်ဆိုးအောင် ဆေးမထိုးဘူး ။
ထိုးတဲ့သူရှိလဲ ငါမပါဘူး အဲ့ထဲ ၊ ဘာလို့ဆို ကိုယ်က ကိုယ့်လက်ရာကို Public မှာ ချပြနေတာ ၊ လှစေချင်လွန်းတာမှ ရှင်တို့ထက်တောင် ပိုသေးတယ်။
လိမ်းနေစဥ် မှန်တထောင်ထောင်နဲ့ သင်ပေးစရာ မလိုပါ။
မှန်တကြည့်ကြည့်၊ ဖုန်း camera ဖွင့်ဖွင့်ကြည့်ပီး
ဟိုလိုလေး လုပ်ပေး ဒါလေးများပေး နဲ့ နွားရှေ့ထွန်ကျူးလုပ်ပီးရင် ထွက်လာတဲ့ပုံစံ လက်ခံပါ ။ Makeup မှာ များချင်ရင် ရပါတယ် ။
များပီးမှပြန်လျှော့ချင်ရင် မရပါ ၊ ဥပမာ - Eyeliner မျိုး
Liquid type တွေက အရမ်းများသွားပီဆို လျှော့လို့မလွယ်ပါ 😌 အရမ်းတတ်နေရင် ကိုယ့်ဘာသာ လိမ်းလိုက်၊ ပီးရင် လူတေက မိတ်ကပ်ကြည့်ပီး မိတ်ကပ်ဆရာမက ဘယ်လိုလိမ်းပေးလဲ ဆိုတာ လာတာ နင်မိတ်ကပ်လိမ်းနေစဥ် မနောပျက်အောင် ဂယက်တသိန်း နဲ့ တစ်ခုချင်း စဆရက လုပ်တာကျ ဘယ်သူမှ မသိဘူး 😌
တခြားသူက ဝေဖန်ရင်လဲ သမီး အဲ့လိုလိမ်းခိုင်းလို့ MUA က လိမ်းပေးတယ်ဆိုပီး တခွန်းမဟဘူး ၊ အပေါက်ကြီးက ပိတ်နေရော အဲ့ကျရင် ၊ Makeup လိမ်းတုန်းက ရှည်တဲ့ လျှာက တိုဝင်သွားပီ ၊ လူတောင် change သွားလား မှတ်ရတယ် အကယ်ဒမီရှော့က ပန်းနုသွေး အရှုံးပေးရ 🥴
#တရေးနိုးကိုပြန်တွေးပီးစိတ်တိုလွန်းလို့😅
Click here to claim your Sponsored Listing.
Category
Website
Address
Yangon